News

ပြည်မြို့မှာ ပြည်တော်ပြန် တစ်ဦး ကွာရန်တင်းမဝင် ဘဲ ရှောင်တိမ်းနေသဖြင့် လိုက်လံ ရှာဖွေ

Written by Aung Lay

သတင်းရရှိချိန် ဇူလိုင် ၁၀ ရက်နေ့ကတည်းက ၎င်းနေထိုင်ရာ နေအိမ်ကို ချက်ချင်း သွားရောက်ပြီး ကွာရန်တင်း ဝင်ဖို့ ခေါ်ဆောင်ခဲ့ ချိန်မှာ ထွက်ပြေးသွားတာဖြစ်ပါတယ်။ပြည်မြို့က ပြည်တော်ပြန် တစ်ဦး ကွာရန်တင်းမဝင်ဘဲ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေ လိုက်လံ ရှာဖွေနေပါတယ်။

ပြည်မြို့နယ်၊ပေါင်း တလည်မြို့အပိုင်ထဲက ကျေးရွာတစ်ရွာကဖြစ်ပြီး အသက် ၃၅ ဝန်းကျင်အရွယ် အမျိုးသားဖြစ်ပါတယ်။သူဟာ နေအိမ်ကို ပြန်လည်ရောက်ရှိနေတာ ၃ ရက်ရှိနေပြီလို့ သိရပါတယ်။

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ
“စုံစမ်းဆဲပါ၊ခုလည်း ငါးခူအိုင် ကရှာဖွေပြန်လာတယ်အဲ့ဒီမှာရောက်နေတယ်သတင်းရလိုသွားတော့သတင်းကနည်းနည်းမှားသွားတယ်။သူက အဲ့ဒီရွာသားကိုး။

သူက ပြည်ပပြန်ဆိုတာ ကိုတော့ တထစ်ချပြောလို့မရသေးဘူး။ဒါပေမယ့် ကျတော်တို့ရထားတာက တရုတ်ပြန်လို့သိထားရတယ်။ ပထမတခါ ကျန်းမာရေးက မေးထားတာက လားရှိုးပြန်၊ သူ့မိသားစုကတော့ မူဆယ်ပြန်လို့ပြောတယ်။သတင်းကဘယ်ဟာ အမှန်မှန်းတော့ လက်ရှိအချိန်အထိ အတိအကျ မသိသေးဘူး။ အခု သူကQ မဝင်ပဲထွက်ပြေးနေတာပေါ့။”လို့ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ဒုတိယဦးစီးမှူးဦး ထက်အောင်လွင်ကပြောပါတယ်။

သတင်းရရှိချိန် ဇူလိုင် ၁၀ ရက်နေ့ကတည်းက ၎င်းနေထိုင်ရာ နေအိမ်ကို ချက်ချင်းသွားရောက်ပြီး ကွာရန်တင်း ဝင်ဖို့ ခေါ်ဆောင်ခဲ့ချိန်မှာ ထွက်ပြေးသွားတာဖြစ်ပါတယ်။လက်ရှိမှာ ဆက်စပ်ကျေးရွာတွေ ကို လိုက်လံရှာဖွေနေ ဆဲဖြစ်ပါတယ်။ နောက်ဆုံးအချိန်အထိ ရှာဖွေမတွေ့ခဲ့ဘူးဆိုရင်တော့ ဥပဒေနဲ့အညီ ဆက်လက်အရေးယူမှုလုပ်ဆောင်သွားရမယ် လို့သိရပါတယ်။လက်ရှိ ပြည်ခရိုင်အတွင်းမှာပြည်ပကနေပြန်လာသူ မြန်မာနိုင်ငံသား၂၂၁ဦးကို အသွားအလာ ကန့်သတ်စောင့်ကြည့်ထားပါတယ်။

Zawgyi

သတင္းရရွိခ်ိန္ ဇူလိုင္ ၁၀ ရက္ေန႔ကတည္းက ၎ေနထိုင္ရာ ေနအိမ္ကို ခ်က္ခ်င္း သြားေရာက္ၿပီး ကြာရန္တင္း ဝင္ဖို႔ ေခၚေဆာင္ခဲ့ ခ်ိန္မွာ ထြက္ေျပးသြားတာျဖစ္ပါတယ္။ျပည္ၿမိဳ႕က ျပည္ေတာ္ျပန္ တစ္ဦး ကြာရန္တင္းမဝင္ဘဲ ထြက္ေျပးတိမ္းေရွာင္ေနတာေၾကာင့္ သက္ဆိုင္ရာ တာဝန္ရွိသူေတြ လိုက္လံ ရွာေဖြေနပါတယ္။

ျပည္ၿမိဳ႕နယ္၊ေပါင္း တလည္ၿမိဳ႕အပိုင္ထဲက ေက်း႐ြာတစ္႐ြာကျဖစ္ၿပီး အသက္ ၃၅ ဝန္းက်င္အ႐ြယ္ အမ်ိဳးသားျဖစ္ပါတယ္။သူဟာ ေနအိမ္ကို ျပန္လည္ေရာက္ရွိေနတာ ၃ ရက္ရွိေနၿပီလို႔ သိရပါတယ္။

လူအမ်ားနဲ႔ ဆက္ဆံတဲ့ေနရာမွာ သင့္ကို လက္ခံဖို႔ ခ်စ္ခင္ဖို႔ ဆိုတာ အလြန္အေရးႀကီးပါတယ္- မလိုအပ္ဘူးထင္ၿပီး သင့္ ရဲ့ဆက္ဆံပုံ ဆက္ဆံနည္း လြဲမွားသြားခဲ့ရင္ေတာ့ သင္ မိတ္ပ်က္ပါၿပီ- ဒါေၾကာင့္ ဒီ ဗီဒီယိုေလးကိုသာ ၾကည့္ျဖစ္ေအာင္ၾကည့္လိုက္ပါ
“စုံစမ္းဆဲပါ၊ခုလည္း ငါးခူအိုင္ ကရွာေဖြျပန္လာတယ္အဲ့ဒီမွာေရာက္ေနတယ္သတင္းရလိုသြားေတာ့သတင္းကနည္းနည္းမွားသြားတယ္။သူက အဲ့ဒီ႐ြာသားကိုး။ သူက ျပည္ပျပန္ဆိုတာ ကိုေတာ့ တထစ္ခ်ေျပာလို႔မရေသးဘူး။ဒါေပမယ့္ က်ေတာ္တို ႔ရထားတာက တ႐ုတ္ျပန္လို႔သိထားရတယ္။ ပထမတခါ က်န္းမာေရးက ေမးထားတာက လားရႈိးျပန္၊ သူ႔မိသားစုကေတာ့ မူဆယ္ျပန္လို႔ေျပာတယ္။သတင္းကဘယ္ဟာ အမွန္မွန္းေတာ့ လက္ရွိအခ်ိန္အထိ အတိအက် မသိေသးဘူး။ အခု သူကQ မဝင္ပဲထြက္ေျပးေနတာေပါ့။”လို႔ ျပည္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး၊ဒုတိယဦးစီးမႉးဦး ထက္ေအာင္လြင္ကေျပာပါတယ္။

သတင္းရရွိခ်ိန္ ဇူလိုင္ ၁၀ ရက္ေန႔ကတည္းက ၎ေနထိုင္ရာ ေနအိမ္ကို ခ်က္ခ်င္းသြားေရာက္ၿပီး ကြာရန္တင္း ဝင္ဖို႔ ေခၚေဆာင္ခဲ့ခ်ိန္မွာ ထြက္ေျပးသြားတာျဖစ္ပါတယ္။လက္ရွိမွာ ဆက္စပ္ေက်း႐ြာေတြ ကို လိုက္လံရွာေဖြေန ဆဲျဖစ္ပါတယ္။ ေနာက္ဆုံးအခ်ိန္အထိ ရွာေဖြမေတြ ႕ခဲ့ဘူးဆိုရင္ေတာ့ ဥပေဒနဲ႔အညီ ဆက္လက္အေရးယူမႈလုပ္ေဆာင္သြားရမယ္ လို႔သိရပါတယ္။လက္ရွိ ျပည္ခ႐ိုင္အတြင္းမွာျပည္ပကေနျပန္လာသူ ျမန္မာႏိုင္ငံသား၂၂၁ဦးကို အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ထားပါတယ္။

Credit

About the author

Aung Lay

Leave a Comment