ေက်ာက္ေျမာင္းစတိုးနဲ႔ KBZ Bank ရဲ႕ လမ္းၾကားထဲမွာ ဖရဲသီးေရာင္းတဲ့ အဖြားနဲ႔ ေတာင္းတဲ့ အဘြားက ေန႔တိုင္းနီးပါး ရွိပါတယ္။ သူတို႔ ၂ ေယာက္လုံးက မရွိဘူးဆိုရင္ေတာင္ အသက္ ၈၀ ေတာ့ ေက်ာ္ေနပါပီ။
ဖရဲသီးေရာင္းတဲ့ အဘြားက သန္လ်င္ကလာေရာင္းတာပါ။ အဘြားမွာ ေျမး ၅ ေယာက္ရွိတယ္။ သမီးအိမ္မွာ ကပ္ေနတာမို႔လို႔ ကိုယ့္ဘာသာ ရွာစားေနတာပါ။ သူက အဲ့ေျမးေလးေတြကိုလည္း ရွာေကြၽးေနတာျဖစ္ပါတယ္ တခါတေလ သူ႔ေျမးေလး တစ္ေယာက္လည္း လိုက္ကူ ေရာင္းေပးပါတယ္။ ေရာင္းတာ ႏွစ္ေတြ အရမ္းၾကာေနပါပီ။
အဲ့အဘြားက လူသာအိုတယ္ တအားသန္တာ ဖ်တ္လတ္ေနတာပဲ။ တခါတေလ ထန္းသီးေပါခ်ိန္ဆို ဖရဲသီးနဲ႔ တြဲေရာင္းတယ္။ အဲ့အဘြားက တစ္လုံးပီးမွ တစ္လုံး ခြဲေရာင္းတာမို႔ လတ္လည္း လတ္တယ္ သန္႔လည္း သန္႔ပါတယ္။
တစ္စိတ္ကို ၅၀၀ ပါ။ အစိတ္ကလည္း ပုံထဲကလို အႀကီးႀကီးပါေနာ္။ ညီမကေတာ့ ကိုယ္မစားခ်င္လည္း အဘိုး အဘြားေတြေတြ႕ရင္ ရင္ထဲ မေကာင္းလို႔ ၅ ရာ ၁ ေထာင္ဖိုးေတာ့ ေတြ႕တိုင္း အားေပးျဖစ္တယ္။
အဲ့အဖြားက အရမ္းလည္း ခ်စ္ဖို႔ေကာင္းပါတယ္။ သေဘာလည္း အရမ္းေကာင္း အလွလည္း ႀကိဳက္တယ္ ေက်ာက္ကလစ္ေလးနဲ႔။ သူတို႔က ခုခ်ိန္ထိ ကိုယ့္အားကိုယ္ကိုးပီး ေဈးေရာင္းေနၾကတာမို႔ ဒီတိုင္းေဆးဖိုးဆိုပီး ပိုက္ဆံလည္း သြားမေပးရက္ေတာ့ အဘိုးအဘြားေတြ ေတြ႕တာနဲ႔ မလိုအပ္လည္း တတ္ႏိုင္သေလာက္ေလး ၀ယ္အားေပးေစခ်င္ပါတယ္။
ေဘးက အဖြားကေတာ့ ဖရဲသီးအဖြားထက္ အသက္ႀကီးတယ္ သူက လမ္းေတာင္ သူမ်ားတြဲေလွ်ာက္ရတာ ခါးအရမ္းကုန္းေနပီ ၈၅ ႏွစ္ေက်ာ္ေလာက္ပီ သူ႔ကို ေတြ႕ရင္လည္း ေက်ာ္မသြားၾကပါနဲ႔ေနာ္။ ကိုယ့္မွာရွိတဲ့ အေႂကြ ၂၀၀ ေလာက္ျဖစ္ျဖစ္ ၅၀၀ ေလာက္ျဖစ္ျဖစ္ စြန္႔ႀကဲေစခ်င္ပါတယ္။
အဲ့နားက လူအ၀င္အထြက္ အရမ္းမ်ားပီး အဘြားေတြကို ေက်ာ္ခြပီး မျမင္ခ်င္ေယာင္ေဆာင္ သြားၾကတာ ေန႔တိုင္းသနားစဖြယ္ ေတြ႕ေနရပါတယ္။
ညီမကေတာ့ အဖိုးအဖြားေတြ ကေလးေတြ ျမင္ရင္ မေနႏိုင္လို႔ ငယ္ငယ္ထဲက လမ္းသြားရင္ အေႂကြထုပ္ေလး အၿမဲေဆာင္သြားတယ္။ လႉၿပီးသြားတဲ့ထိ စိတ္မေကာင္းျဖစ္ပီး သူတို႔နားက မခြာႏိုင္ေသးဘူး။ ပိုက္ဆံရွိလာရင္ အလုပ္ခ်င္ဆုံးက ဘိုးဘြားရိပ္သာတည္ေထာင္ခ်င္တယ္။
KBZ Bank နားကို လာရင္ပဲျဖစ္ျဖစ္ ေက်ာက္ေျမာင္းစတိုးကို လာရင္ပဲျဖစ္ျဖစ္ အဲ့အဘြား ႏွစ္ေယာက္ကို ေဆးဖိုး ဝါးခ ေလး ကူညီဖို႔ ေမတၱာရပ္ခံပါတယ္ေနာ္။
Unicode
ကျောက်မြောင်းစတိုးနဲ့ KBZ Bank ရဲ့ လမ်းကြားထဲမှာ ဖရဲသီးရောင်းတဲ့ အဖွားနဲ့ တောင်းတဲ့ အဘွားက နေ့တိုင်းနီးပါး ရှိပါတယ်။ သူတို့ ၂ ယောက်လုံးက မရှိဘူးဆိုရင်တောင် အသက် ၈၀ တော့ ကျော်နေပါပီ။
ဖရဲသီးရောင်းတဲ့ အဘွားက သန်လျင်ကလာရောင်းတာပါ။ အဘွားမှာ မြေး ၅ ယောက်ရှိတယ်။ သမီးအိမ်မှာ ကပ်နေတာမို့လို့ ကိုယ့်ဘာသာ ရှာစားနေတာပါ။ သူက အဲ့မြေးလေးတွေကိုလည်း ရှာကျွေးနေတာဖြစ်ပါတယ် တခါတလေ သူ့မြေးလေး တစ်ယောက်လည်း လိုက်ကူ ရောင်းပေးပါတယ်။ ရောင်းတာ နှစ်တွေ အရမ်းကြာနေပါပီ။
အဲ့အဘွားက လူသာအိုတယ် တအားသန်တာ ဖျတ်လတ်နေတာပဲ။ တခါတလေ ထန်းသီးပေါချိန်ဆို ဖရဲသီးနဲ့ တွဲရောင်းတယ်။ အဲ့အဘွားက တစ်လုံးပီးမှ တစ်လုံး ခွဲရောင်းတာမို့ လတ်လည်း လတ်တယ် သန့်လည်း သန့်ပါတယ်။
တစ်စိတ်ကို ၅၀၀ ပါ။ အစိတ်ကလည်း ပုံထဲကလို အကြီးကြီးပါနော်။ ညီမကတော့ ကိုယ်မစားချင်လည်း အဘိုး အဘွားတွေတွေ့ရင် ရင်ထဲ မကောင်းလို့ ၅ ရာ ၁ ထောင်ဖိုးတော့ တွေ့တိုင်း အားပေးဖြစ်တယ်။
အဲ့အဖွားက အရမ်းလည်း ချစ်ဖို့ကောင်းပါတယ်။ သဘောလည်း အရမ်းကောင်း အလှလည်း ကြိုက်တယ် ကျောက်ကလစ်လေးနဲ့။ သူတို့က ခုချိန်ထိ ကိုယ့်အားကိုယ်ကိုးပီး ဈေးရောင်းနေကြတာမို့ ဒီတိုင်းဆေးဖိုးဆိုပီး ပိုက်ဆံလည်း သွားမပေးရက်တော့ အဘိုးအဘွားတွေ တွေ့တာနဲ့ မလိုအပ်လည်း တတ်နိုင်သလောက်လေး ဝယ်အားပေးစေချင်ပါတယ်။
ဘေးက အဖွားကတော့ ဖရဲသီးအဖွားထက် အသက်ကြီးတယ် သူက လမ်းတောင် သူများတွဲလျှောက်ရတာ ခါးအရမ်းကုန်းနေပီ ၈၅ နှစ်ကျော်လောက်ပီ သူ့ကို တွေ့ရင်လည်း ကျော်မသွားကြပါနဲ့နော်။ ကိုယ့်မှာရှိတဲ့ အကြွေ ၂၀၀ လောက်ဖြစ်ဖြစ် ၅၀၀ လောက်ဖြစ်ဖြစ် စွန့်ကြဲစေချင်ပါတယ်။
အဲ့နားက လူအဝင်အထွက် အရမ်းများပီး အဘွားတွေကို ကျော်ခွပီး မမြင်ချင်ယောင်ဆောင် သွားကြတာ နေ့တိုင်းသနားစဖွယ် တွေ့နေရပါတယ်။
ညီမကတော့ အဖိုးအဖွားတွေ ကလေးတွေ မြင်ရင် မနေနိုင်လို့ ငယ်ငယ်ထဲက လမ်းသွားရင် အကြွေထုပ်လေး အမြဲဆောင်သွားတယ်။ လှူပြီးသွားတဲ့ထိ စိတ်မကောင်းဖြစ်ပီး သူတို့နားက မခွာနိုင်သေးဘူး။ ပိုက်ဆံရှိလာရင် အလုပ်ချင်ဆုံးက ဘိုးဘွားရိပ်သာတည်ထောင်ချင်တယ်။
KBZ Bank နားကို လာရင်ပဲဖြစ်ဖြစ် ကျောက်မြောင်းစတိုးကို လာရင်ပဲဖြစ်ဖြစ် အဲ့အဘွား နှစ်ယောက်ကို ဆေးဖိုး ဝါးခ လေး ကူညီဖို့ မေတ္တာရပ်ခံပါတယ်နော်။