News

မြေစာပုံပြိုကျ ကွယ်လွန်သူများအတွက် ရည်စူးပြီး သီတဂူဆရာတော်ဘုရားကြီးမှ တရားတော်များ ဟောကြားမည်

Written by Aung Lay

မြေစာပုံပြိုကျကွယ်လွန်သူများအတွက် ရည်စူးပြီး သီတဂူဆရာတော်ဘုရားကြီးမှ အန္တရာယ်ကင်း ပရိတ်နှင့် ပဌာန်းတရားတော်များ ဟောကြားမည်။

သီတဂူဆရာတော်ဘုရားကြီး ဇူလိုင် ၁၃ ရက်နေ့တွင် ဖားကန့် ဝှေခါမှော်သို့ ကြွရောက်ကာ အန္တရာယ်ကင်း ပရိတ်နှင့် ပဌာန်းဒေသနာတော်များ ဟောကြားပေးမှာဖြစ်ကြောင်း သာသနာ့လင်္ကာရ ကျောင်းတိုက်၊ ဂျမ်ခါမှ သိရပါတယ်။

ဆရာတော်ဘုရားကြီး သည်မြေစာပုံပြိုကျပြီး ကွယ်လွန်သွားသူများအတွက် ရည်စူးကာ မေတ္တာပို့ခြင်း၊ ရည်စူးလှူဒါန်းပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရသည် စစ်ကိုင်းမှ မြစ်ကြီးနားသို့ ဇူလိုင် ၁၂ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ပြီး (၁၃) ရက်နေ့ တနင်္လာနေ့ တွင် ဝှေခါ၊ မှော်သစ်ကုန်း သို့ ကြွရောက် ပြီး ဂရုဏာ အလှူတော် အန္တရာယ်ကင်းပရိတ် ပဌာန်း တရားတော်များကို ဟောကြားချီးမြှင့် သွားမှာ ဖြစ်တယ် လို့ လည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ ယနေ့ ဇူလိုင် ၁၂ ရက်နေ့နံနက်ပိုင်းမှ စတင်ပြီး ဘက်ဟိုးများဖြင့် မြေနေရာများကို ရှင်းလင်းလျှက်ရှိပြီး ဆရာတော်ဘုရားကြီး တရားဟောကြားချီးမြှင့်မည့်နေရာ ထိုင်ခင်း၊ တရားဟောမဏ္ဍပ် ဆောက်လုပ်ရန်နေရာများကို ဆရာတော်ဘုရားကြီးရဲ့ တပည့်ဒါယကာများက သွားရောက်ကြည့်ရှု စစ်ဆေး ပြင်ဆင်နေကြကြောင်း သိရပါတယ်။

သာသနာ့လင်္ကာရကျောင်း၊ ဂျမ်ခါ

Zawgyi

ေျမစာပုံၿပိဳက်ကြယ္လြန္သူမ်ားအတြက္ ရည္စူးၿပီး သီတဂူဆရာေတာ္ဘုရားႀကီးမွ အႏၲရာယ္ကင္း ပရိတ္ႏွင့္ ပဌာန္းတရားေတာ္မ်ား ေဟာၾကားမည္။

သီတဂူဆရာေတာ္ဘုရားႀကီး ဇူလိုင္ ၁၃ ရက္ေန႔တြင္ ဖားကန႔္ ေဝွခါေမွာ္သို႔ ႂကြေရာက္ကာ အႏၲရာယ္ကင္း ပရိတ္ႏွင့္ ပဌာန္းေဒသနာေတာ္မ်ား ေဟာၾကားေပးမွာျဖစ္ေၾကာင္း သာသနာ့လကၤာရ ေက်ာင္းတိုက္၊ ဂ်မ္ခါမွ သိရပါတယ္။

ဆရာေတာ္ဘုရားႀကီး သည္ေျမစာပုံၿပိဳက်ၿပီး ကြယ္လြန္သြားသူမ်ားအတြက္ ရည္စူးကာ ေမတၱာပို႔ျခင္း၊ ရည္စူးလႉဒါန္းေပးျခင္းမ်ား ျပဳလုပ္ေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္။

သီတဂူဆရာေတာ္ဘုရားႀကီး ေဒါက္တာ အရွင္ဉာဏိႆရသည္ စစ္ကိုင္းမွ ျမစ္ႀကီးနားသို႔ ဇူလိုင္ ၁၂ ရက္ေန႔တြင္ ေရာက္ရွိမည္ျဖစ္ၿပီး (၁၃) ရက္ေန႔ တနလၤာေန႔ တြင္ ေဝွခါ၊ ေမွာ္သစ္ကုန္း သို႔ ႂကြေရာက္ ၿပီး ဂ႐ုဏာ အလႉေတာ္ အႏၲရာယ္ကင္းပရိတ္ ပဌာန္း တရားေတာ္မ်ားကို ေဟာၾကားခ်ီးျမႇင့္ သြားမွာ ျဖစ္တယ္ လို႔ လည္း သိရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ယေန႔ ဇူလိုင္ ၁၂ ရက္ေန႔နံနက္ပိုင္းမွ စတင္ၿပီး ဘက္ဟိုးမ်ားျဖင့္ ေျမေနရာမ်ားကို ရွင္းလင္းလွ်က္ရွိၿပီး ဆရာေတာ္ဘုရားႀကီး တရားေဟာၾကားခ်ီးျမႇင့္မည့္ေနရာ ထိုင္ခင္း၊ တရားေဟာမ႑ပ္ ေဆာက္လုပ္ရန္ေနရာမ်ားကို ဆရာေတာ္ဘုရားႀကီးရဲ႕ တပည့္ဒါယကာမ်ားက သြားေရာက္ၾကည့္ရႈ စစ္ေဆး ျပင္ဆင္ေနၾကေၾကာင္း သိရပါတယ္။

သာသနာ့လကၤာရေက်ာင္း၊ ဂ်မ္ခါ

About the author

Aung Lay

Leave a Comment