Cele News Video

မွေးနေ့အလှူအဖြစ် ရှင်ဥပဂုတ္တမထေရ်ကျောင်းဆောင်လှူဒါန်းပေးပြီး ရွှေမိုးငွေမိုးရွာပေးခဲ့တဲ့ ဂျွန်လွင်

Written by Aung Lay

လာမယ့် ဇူလိုင်လ(၁၅) ရက်လေးကတော့ မြန်မာနိုင်ငံရဲ့မော်ဒယ်လ်ဖခင်ကြီးဂျွန်လွင်ရဲ့ အသက်(၅၃) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဂျွန်လွင်ကတော့ မကြာသေးခင်ကမှ ဒီနှစ်မွေးနေ့လေးအတွက် မွေးနေ့အကြိုလက်ဆောင်အဖြစ် ဒေါ်လာတစ်သောင်းလက်ဆောင်ရရှိခဲ့ပါသေးတယ်။

(၅၃) နှစ်ပြည့်မွေးနေ့အလှူလေးအဖြစ် ရှင်ဥပဂုတ္တမထေရ်ကျောင်းဆောင်ကြီးကို မိသားစုနဲ့အတူ စုပေါင်းလှူဒါန်းခဲ့ရာမှာ သူ့ရဲ့အလှူအဖြစ် ငွေကျပ်သိန်း(၁၅၀) ကို ပါဝင်လှူဒါန်းခဲ့ပြီး ဒီနေမှာတော့ ကျောင်းဆောင်ရေစက်ချ အလှူမင်္ဂလာပွဲလေးကို ပြုလုပ်ခဲ့ပါတယ်။ ကြွရောက်လာတဲ့ဧည့်သည်တွေအတွက် ရွှေမိုးငွေမိုးရွာသွန်းပေးရာမှာတော့ ဂျွန်လွင်က ငွေသားအပြင် သူ့ရဲ့တန်ဖိုးကြီးစိန်နားကပ်၊စိန်လက်စွပ်နဲ့ ဒေါ်လာတွေပါထည့်သွင်းပြီး ကြဲပေးခဲ့ပါတယ် ပရိသတ်ကြီးရေ…

 

July 12, 2020 RealThadin Cele News 0

Zawgyi




About the author

Aung Lay

Leave a Comment