ၾကားသိရသမ်ွ

စိတ်ထားမွန်မြတ်တဲ့ လူငယ်လေးကြောင့် ဒုက္ခရောက်နေတဲ့ ဘဘ အဆင်သွားပါပြီ

Written by Aung Lay









Unicode

12.7.2020ရက်နေ့ကထီသည်ကြီး ဦးမိုးသီးအတွက် မဂ်လာရှိသောနေ့လေး ဖြစ်မယ်ထင်ပါတယ်ရှင်။ မှားပါသွားသော ထီလက်မှတ်အထုပ် ပြန်လည်ရရှိပါပြီ။

အထုပ်မှားရရှိသွားသော မောင်မျိုးဟန် ကားဂိတ်ရောက်တဲ့အခါ မိမိအထုပ် မဟုတ်မှန်းသိလို့ ဆက်သွယ်ရမဲ့ ph no ကားဂိတ်ကိုပေးထါးခဲ့ပါတယ်။ဦးမိုးသီး သွားစုံစမ်းချိန် အဆင်မပြေခဲ့ပါ။

ဦးမိုးသီးအကြောင်းတင်ထားတဲ့postကို မအူပင်ဟစ်တိုင်မှာဖတ်မိပြီး ပြန်ဆက်သွယ် ပေးခဲ့တာပါ။FBမှကူညီshareပေးသောသူများ/ Commentရေးပြီးဆုတောင်းပေးသူများ/ သတင်းPageမှာ တင်ပေးသော Adminများကိုလည်း ဦးမိုးသီးမှ အထူးကျေးဇူးတင်ပါတယ်။

စိတ်ရင်းစေတနာကောင်းပြီး ကိုယ်ချင်းစာစိတ်ရှိတဲ့ မောင်မျိုးဟန်လက်ထဲ အထုပ်ရောက်သွားလို့ ပြန်ရခဲ့တာပါ။မောင်မျိုးဟန်ကို ကျေးဇူးတုံ့ပြန်တဲ့ အနေဖြင့် ဦးမိုးသီးမှ ဂုဏ်ပြုငွေ(1)သိန်းနှင့် တကူးတကလာပို့ပေးတဲ့အတွက် ခရီးစရိတ်(2)သောင်းကိုလည်း ကျေးဇူးတင်စွာ ပြန်ပေးခဲ့ပါတယ်။

မောင်မျိုးဟန်သည် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ကဇင်းတောရွာကပါ။ အခု ရန်ကုန်မှာ အလုပ်သွားရောက်လုပ်နေတာပါ။ရိုးသားကြိုးစား ဧရာဝတီသားဆိုတဲ့အတိုင်း ရိုးသားသောဧရာဝတီက လူငယ်လေးပါ။

မောင်မျိုးဟန်ကဲ့သို့ ကိုယ်ကျင့်တရားကောင်းမွန်ပြီး သူတစ်ပါးပစ္စည်းကို လိုချင်လောဘမရှိဘဲ ပိုင်ရှင်လက်ထဲ မှန်ကန်စွာပြန်ပေးကြမည့်သူများဒီကမ္ဘာလောကကြီးမှာ များစွာရှိကြပါစေလို့ ဆုတောင်းရင်း🙏🙏🙏🙏🙏

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

Credit : Hnin Ei’ Fb, Source : မအူပင်ဟစ်တိုင်

About the author

Aung Lay

Leave a Comment