News
အမေ က‌တော့ အကွက်စေ့တယ် (၁)ချက် ခုတ် (၃)ချက် ပြတ် ပဲ
Written by Aung Lay
အမေ က‌တော့ အကွက်စေ့တယ် (၁)ချက် ခုတ် (၃)ချက် ပြတ် ပဲ
ရပ် ရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဝင်ရောက် ဆောင်ရွက်ရင်း ကျေးရွာသားများ အလုပ်အကိုင်ရရှိမည့်CashForWorkစီမံကိန်းစတင်မည် ကျေးရွာ ၂၄၈၈ ရွာရှိ ကျေးရွာလုပ်သား ၂ ဒသမ ၇ သန်း အလုပ်အကိုင် ဖော်ဆောင် ပေးမည်
ကိုဗစ်၁၉ကူးစက်ရောဂါဖြစ်ပွားစဉ်ကာလအတွင်းတွေ့ကြုံရသောအခက်အခဲများအတွက်နိုင်ငံတော်ကရေးဆွဲဆောင်ရွက်လျက်ရှိသော ကိုဗစ်ကာလစီးပွားရေး ကုစားမှုအစီအစဉ် (COVID19EconomicReliefPlanCERP)အရစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကိုဗစ်ကာလ အရေးပေါ်တုံ့ပြန်ရေးအစီအစဉ် (Contingency Emergency Response Component) တစ်ခုအဖြစ် Cash for Work စီမံကိန်းကို ရေးဆွဲဆောင် ရွက်လျက်ရှိပါသည်။
CashforWorkစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့်နိုင်ငံတော်၏ကိုဗစ်၁၉စီးပွားရေးကုစားမှုအစီအစဉ်ကိုအထောက်အကူပြုခြင်း၊ပြည်သူများချက်ချင်းဝင်ငွေရရှိခြင်း၊ကျေးရွာဖွံ့ဖြိုးရေးအတွက်လိုအပ်သောအခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုန်ထုတ် လုပ်မှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် လယ်ယာ၊ သားငါးကဏ္ဍ ဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း စသည့်အကျိုး ကျေးဇူးများရရှိမည်ဖြစ်သည်ဟုသိရသည်။ စီမံကိန်းကာလသည်သုံးလတာကြာမြင့်မည်ဖြစ်သည်။
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကိုကျေးရွာနေ လူထုကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ကြရမည်။ ကျေးရွာလမ်းများပြုပြင်ခြင်း၊သောက်သုံးရေကန် များမွန်းမံပြုပြင်ခြင်း၊ရေဆိုးစွန့်ပစ်မြောင်းများတူးဖော်ခြင်းစသဖြင့်ရပ်ရွာစီးပွားရေးအခြေခံအဆောက်အဦးများဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဦးစားပေးရွေးချယ်သွားကြရမည်။
စီမံကိန်းတွင်ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း၁၀၀ထိထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ထောက်ပံ့ငွေကျပ်သိန်း၁၀၀အနက်စီမံကိန်းအကောင်အထည်ဖော်ရာတွင် ၄၀ရာခိုင်နှုန်းကိုပစ္စည်းဝယ်ယူရာမှာအသုံးပြုရမည်ဖြစ်ပြီးကျန်၆၀ရာခိုင်နှုန်း ကိုလုပ်အားခအတွက်အသုံးပြုသွားရ မည်ဖြစ်သည်။ လုပ်အားခပေးချေရာတွင် အနိမ့်ဆုံး၄၈၀၀ကျပ် မှ၆၀၀၀ကျပ်ထိသတ်မှတ်ထားပြီး၊ကျွမ်းကျင်လုပ်သားများအနေဖြင့် ဒေသပေါက်ဈေးအတိုင်းအကျိုးခံစားခွင့် ရရှိကြမည်ဖြစ်သည်။ကျေးရွာလုပ်သားအရေအတွက်၂.၇သန်းထိလုပ်သားအင်အားအသုံးပြုနိုင်ရန် မျှော်မှန်းထားပြီး၊ လုပ်အားခစုစုပေါင်း ငွေကျပ် ၁၄၉၂၈ သန်းခန့်ထိ အကျိုးခံစားခွင့် ရရှိနိုင်ရန် မျှော်မှန်းထားသည်။Cash forWork စီမံချက်အတွက် တစ်အိမ်ထောင်လျှင် လုပ်သား အင်အားတစ်ဦး ပျမ်းမျှပါဝင်ဆောင်ရွက်နိုင်ရန် စီစဉ်ထားသည်။
အခြေခံကျသောရွေးချယ်ရေးစံနှုန်းများဖြစ်သည့် ဆင်းရဲနွမ်းပါးသောအိမ်ထောင်စု၊အမျိုးသမီးဦးဆောင်သော အိမ်ထောင်စု၊မသန်စွမ်းသူများ၊နာတာရှည်ရောဂါသည်နှင့်သက်ကြီးရွယ်အိုများပါဝင်သောမိသားစု၊ပုံမှန်အလုပ်အကိုင်မရှိသောအိမ်ထောင်စုဝင်များမှလုပ်သားများကိုဦးစားပေးရွေးချယ်မည်ဖြစ်သည်ဟုသိရပါသည်။CashforWorkဆိုသည်မှာကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအကျိုးဆက်သက်ရောက် ခြင်းခံနေရသောကျေးလက်ဒေသများရှိမိသားစုများ၏ ဝင်ငွေရရှိရေးလုပ်ငန်းများထိခိုက်မှုဖြစ်ပေါ်လျက်ရှိသည့် အတွက်ကျေးလက်နေပြည်သူများအား၎င်းတို့ကျေးရွာ၏ကုန်ထုတ်လုပ်ငန်းနှင့်အခြေခံအဆောက်အအုံဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို၎င်းတို့ကိုယ်တိုင်ဆောင်ရွက်စေပြီးလုပ်အားခငွေပေးချေခြင်းဖြင့်ကျေးလက်နေပြည်သူများဝင်ငွေရရှိစေရုံသာမကကျေးရွာအခြေခံ အဆောက်အအုံများဖွံ့ဖြိုးတိုးတက် စေသည့် စီမံကိန်း အမျိုးအစားဟု သိရပါသည်။
CashforWorkစီမံကိန်းကာလသုံးလအတွင်းစီမံကိန်းစက်ဝန်းလုပ်ငန်းစဉ်များဖြစ်သောကျေးရွာအဆင့်တွင်“(၁)စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ (၂) ကော်မတီ ဖွဲ့စည်းခြင်းနှင့် သင်တန်းပို့ချခြင်း၊ (၃) စီမံကိန်းလုပ်ငန်း၊ စီမံကိန်းလုပ်ငန်းခွဲ ရွေးချယ်ခြင်းနှင့် မြို့နယ်စီမံကိန်း ရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေး ကော်မတီအားတင်ပြခြင်း၊(၄)အကျိုး ခံစားခွင့်အိမ်ထောင်စုများရွေးချယ်ခြင်း၊(၅)စီမံကိန်း လုပ်ငန်းများအတည်ပြုခြင်းနှင့်ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း၊(၆)လုပ်သားများအားစီမံခန့်ခွဲခြင်း၊(၇)စီမံကိန်းလုပ်ငန်းအကောင်အထည်ဖာ်ဆောင်ရွက်ခြင်း၊(၈)စောင့်ကြည့်ခြင်း၊စစ်ဆေးခြင်းနှင့်စီမံကိန်းပိတ်သိမ်းခြင်း”စသည့်အဆင့်များပါဝင်သည်ဟုသိရသည်။စီမံချက်ကိုအကောင်အထည်ဖော်ရာ တွင်စောင့်ကြည့်ကြီးကြပ်ရေးလုပ်ငန်းများ အပါအဝင်လုပ်ငန်းတိုးတက်မှုအစီရင်ခံစာပြုစုခြင်းများကိုပါ စနစ်တကျဆောင်ရွက်သွားမည်။ဤစီမံချက်ကိုကျေးရွာလူထု အတွင်းပွင့်လင်းမြင်သာစွာချပြအကောင်အထည်ဖော်သွားမည့်အပြင်အကြံပြုတိုင်ကြားရေး စနစ်ပါ ထည့်သွင်းရေးဆွဲထားသည်။
နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက် ရှိသော ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic ReliefPlanCERP) အစိတ်အပိုင်းတစ်ရပ်အနေဖြင့်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည် CashforWorkစီမံကိန်းကို ထိရောက်အောင်မြင်မှုရှိစေရန် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည် သိရသည်။
ဒီလင်းဝေ
Zawgyi
ဒီလင်းဝေ
About the author
Aung Lay
Leave a Comment