Funny
ကြက်ကို တနေ့တကောင် မရမကလာဝယ်နေလို့ နေ့တိုင်း ရောင်းပေးနေရင်းမှ စုံစမ်းကြည့်လိုက်သောအခါ…
Written by Aung Lay
Unicode
ဖြစ်စဉ်မှာ…..ပဲခူးမြို့ မဟာစေတီဘုရားအနား ငါးရပ်ကွပ် ထဲရှိ ကုန်းပေါ်ဈေးထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည် ကြက်သားရောင်းသူမှာ..မတင်ဝင်း..အမည်ရှိဈေးသည်တစ်ဦးဖြစ်သည်…ဈေးဝယ်သူသည် မတ် လ ၁၁ရက်နေ့မှစ၍ ကုန်းပေါ်ဈေးသို့ လာရောက်ခဲ့ပေသည် သူရောက်ရှိခဲ့သော အသားရောင်းသည့်ဈေးတမ်း၌…ကြက်သားသည်များရှိပါသော်လည်း. အိမ်ကြက် ရောင်းသည့်ဆိုင်ကို ရှာမတွေ့ပေ…
ထိုစဉ် ကြက်သည်မတင်ဝင်းသည်. ..သူ၏ဈေးဗန်းထဲ၌ ထို့နေ့တွင်ရှားရှားပါးပါး ပါလာခဲ့ခြင်းမျိုးဖြစ်သည်… သူသည်ထိုနေ့ဈေးရောင်းမကောင်းသည့်ရက်လဲဖစ်သည်အလျောက်အနဲငယ်လည်းမှိုင်တွေနေခဲ့ပေသည်. ထိုစဉ်ဈေးဝယ်သူက သူ့ဆိုင်ရှေ့သိုရက်၍ အမဆိုင်အိမ်ကြက်သားရှိလားဟု မေးလိုက်ရာ ဝယ်သူ၏ မျက်နှာတောင်မကြည့်အားပဲရှိတယ် ရှိတယ်ဟု…. ကဗျာကရာပြောရွေ့သူ့၏ကြက်ကို ကောက်ကိုင်လိုက်သည် ထိုနောက်မှဝယ်သူ၏မျက်နှာကို မော့ကြည့်လိုက်ရာ အသက် ၄၀. ဝန်းကျင်ခန့်ရှိသည့်အမျိုးသမီးတစ်ဦးဖြစ်နေသည်
ထိုအမျိုးသမီး မျက်နှာသ ည်လဲ အနဲငယ်ဖျော့တော့နေသည်ကို မတင်ဝင်း သတိထားမိလိုက်သည် သို့သော် ကြက်ရောင်းဖို့ကိုပဲ အာရုံစိုက်၍ အ မ ဘယ်လောက်သားလဲဟု ပျော်ရွှင်သော် အသံသဲ့သဲ့ဖြင့်မေးလိုက်သည် ဈေးဝယ်သူက ဘယ်လောက်ဖိုးရှိလဲဟုမေးရာ တကောင်လုံးယူ၇၀၀၀ထောင်သာပေးရန်ပြောသောအခါ ဈေးမစစ်ပဲ ဝယ်ယူခဲ့သည် နောက်နေ့များမှာလည်းတကောင်တကောင်ချန်ထားဖို့ပြော၍ဈေးကို ၂ဆပိုပေး၍ဝယ်မည်ဟု ပြောသွားခဲ့သော ကြောင့် မတင်ဝင်းပျော်ရွှင်စွာုဖစ်နောက့်နေများ အိမ်ကြက်မရမကရှာ၍ဈေးဝယ်သူအလာကိုမျော်နေခဲသည် ဈေးဝယ်သူလဲ နေ့တိုင်းလာဝယ်၍ ကတိတိုင်းဈေးကို၂ဆပေး ဝယ်ယူခဲ့သည်
ထိုနေ့ များသည် ဈေးဝယ်သူရော ရောင်းသူ မတင်ဝင်းပါ ပျော်ရွှင်ခဲ့သောနေ့ရက်များဖြစ်ခဲ့ပေသည်။ တနေ့တွင် မတင်ဝင်း စိတ်ညစ်စရာတခုကြုံခဲ့သည် အကြောင်းမှာ အိမ်ကြက်ရှာ၍မရသောကြောင့်ဖြစ်သည်။ ထိုနေ့တွင်ဈေးဝယ်သူရောက်လာခဲ့သော်လည်း ရောင်းစရာကြက်မရှိသည့်တွက် ဈေးဝယ်သူ အလွန်မင်းစိတ်ဆိုးသွားသည်။ မတင်ဝင်းလဲ မတန်မရာကြက်ကို၂ဆပေးဝယ်သော ဖောက်သည်လွတ်မည်ဆိုးသောကြောင့် နောက်နေ့ကြက်မရရအောင်ရှာပေးမည်ဟု ကတိပေးချော့၍ပြန်လွှတ်ခဲ့သည်။ နောက်နေ့သိုရောက်သော အခါ ဈေးဝယ်သူ ရောက်လာရာ ကြက်ကိုရောင်းပေး လိုက်မှ ပျော်ရွှင်စွာ ထွက်သွားပေသည်။
မတင်းဝင်းလဲ မသင်ကာ ဖြစ်သောကြောင့်နောက်နေ့ဈေးမထွက်ပဲ ဈေးဝယ်သူအလာကို အကွယ်မှချောင်းနေခဲ့သည် ဈေးဝယ်သူ သည့်သူ၏ဆိုင်ရှိရာသို့တန်းတန်းမတ်မတ်သွား၍ ဆိုင်ရှေ့ရောက်သောအခါ ဒေါသထွက်သော အကြည့်တစုံဖြင့်တောက်ခေါက်ခါ ဆိုင်ရှေ့ကလှည့်ထွက်သွားလေသည် မတင်ဝင်းလဲ ဈေးဝယ်သူနောက်မှ လိုက်သွားရာ အိမ်ရှေ့ထိသို့ပါသွားခဲ့ပေသည် ထိုသို့လိုက်လာသည်ကို ဈေးဝယ်သူသိသွား၍အိမ်ထဲအလည်ခေါ်သွင်းခဲ့သည်။
မတင်ဝင်းလဲ လန့်လန့်ဖြင့် အိမ်ထဲသို့အလည်ဝင်တော့မှ မိသားစု၇ယောက်ရှိသည့် အိမ်ထောင်စုဖြစ်နေသည် ထိုအခါ မတင်ဝင်း သည် တင်းမာသောလေသံဖြင့် အိမ်ကြက်သားကိုဘာ့ကြောင့်တနေတကောင်မရမကဝယ်သလဲ ဟုမေးရာ ဈေးဝယ်သူက တည်ကြည်သော မျက်နှာဘေးဖြင့်ကြိုက်လို့ဟု ပြန်ဖြေလိုက်တော့သည်။ The end
ယခုလို Stay Home ကာလမှာ ပြုံးပျော်နိုင်ကြပါစေ…. မူရင်းရေးသူအား လေးစားစွာဖြင့် ခရက်ဒစ်။
About the author
Aung Lay
Leave a Comment