Knowledge

ဝက္ၿခံ အခ်ိဳ႕မွာ ဝက္ မ်ား အာဖရိက ဝက္အျပင္း ဖ်ား ေရာဂါျဖစ္ပြားေန

Written by Aung Lay

ဒီရောဂါကြောင့် ဝက် အကောင်ရေ ၂၀၀ ခန့်သေဆုံးခဲ့ရပါတယ်။ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပီကင်း‌ကောခူကျေးရွာက ဝက်မွေးမြူရေးခြံတချို့မှာ အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားမှုတွေရှိနေပြီး ဝက်အကောင် ၂၀၀ ဝန်းကျင်သေဆုံးခဲ့တယ် လို့ လွိုင်ကော်မြို့နယ် ‌မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကနေ သိရတယ်။

ဒါကြောင့် လတ်တလောမှာ ဝက်မွေးမြူရေးခြံတွေ ကို အသွား အလာ ကန့်သတ်တဲ့အနေနဲ့ ခြံနဲ့ သုံးကီလိုမီတာဝန်းကျင်ကို ရောဂါထိန်းချုပ်နယ်မြေသတ်မှတ်ပြီး အဝင်အထွက်ပိတ်ပင်ထားလိုက်ပြီဖြစ်ပါတယ်။ဒါ့အပြင် မွေးမြူရေးခြံမှာ နောက်ထပ် ခြောက်လအတွင်း ဝက်မွေးမြူခွင့်မရှိဘူးလို့လည်း သိရပါတယ်။” မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရဲ့ စစ်ဆေးချက်များ အရ အာဖရိကဝက်အပြင်းဖျားရောဂါလို့ သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ တုပ်ကွေးမဟုတ်ပါဘူး ” လို့ လွိုင်ကော်မြို့နယ် ‌မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာစိုးညွန့်ကပြောပါတယ်။

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ

ဇွန်လ ၂၆ ရက်နေ့က စတင်ပြီး ပီကင်း‌ကောခူ ကျေးရွာက ဝက်ခြံတချို့မှာ ဝက်တွေ ရာဂဏန်းအထိသေဆုံးမှုရှိခဲ့တာကြောင့်ဝက်ခြံကနေ ဓာတ်နမူနာရယူပြီး မန္တလေးကိုပေးပို့ စစ်ဆေးခဲ့ရာ အဲ့ဒီဝက်တွေမှာ အာဖရိကဝက်အပြင်းဖျားရောဂါ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးရိုးဗီဇ တွေ့ရှိခဲ့ရတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကလည်း တရားဝင်ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အာဖရိက ဝက်အပြင်းဖျားရောဂါကူစက်ခံရပြီး သေဆုံးသွား တဲ့ဝက်တွေကို မြေကြီး ၆ ပေအနက်တူးပြီး မြေမြုပ်လိုက်တယ်လို့လည်းသိရပါတယ်။အာဖရိက ဝက်အပြင်းဖျားရောဂါ မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ် တို့မှာအဓိက ဖြစ်ပွားနေပြီး ဒီရောဂါ က လူ ကိုတော့ လုံးဝမ ကူးစက်နိုင်ကြောင်းလည်းသိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေး ပို့သောသတင်းဖြစ်ပါသည်။

Credit Duwun

Zawgyi

ဒီေရာဂါေၾကာင့္ ဝက္ အေကာင္ေရ ၂၀၀ ခန႔္ေသဆုံးခဲ့ရပါတယ္။ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕၊ ပီကင္း‌ေကာခူေက်း႐ြာက ဝက္ေမြးျမဴေရးၿခံတခ်ိဳ႕မွာ အာဖရိကဝက္အျပင္းဖ်ားေရာဂါျဖစ္ပြားမႈေတြရွိေနၿပီး ဝက္အေကာင္ ၂၀၀ ဝန္းက်င္ေသဆုံးခဲ့တယ္ လို႔ လြိဳင္ေကာ္ၿမိဳ႕နယ္ ‌ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနကေန သိရတယ္။

ဒါေၾကာင့္ လတ္တေလာမွာ ဝက္ေမြးျမဴေရးၿခံေတြ ကို အသြား အလာ ကန႔္သတ္တဲ့အေနနဲ႔ ၿခံနဲ႔ သုံးကီလိုမီတာဝန္းက်င္ကို ေရာဂါထိန္းခ်ဳပ္နယ္ေျမသတ္မွတ္ၿပီး အဝင္အထြက္ပိတ္ပင္ထားလိုက္ၿပီျဖစ္ပါတယ္။ဒါ့အျပင္ ေမြးျမဴေရးၿခံမွာ ေနာက္ထပ္ ေျခာက္လအတြင္း ဝက္ေမြးျမဴခြင့္မရွိဘူးလို႔လည္း သိရပါတယ္။” ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနရဲ႕ စစ္ေဆးခ်က္မ်ား အရ အာဖရိကဝက္အျပင္းဖ်ားေရာဂါလို႔ သတ္မွတ္လိုက္ၿပီျဖစ္ပါတယ္။ တုပ္ေကြးမဟုတ္ပါဘူး ” လို႔ လြိဳင္ေကာ္ၿမိဳ႕နယ္ ‌ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးမႉး ေဒါက္တာစိုးၫြန႔္ကေျပာပါတယ္။

လူအမ်ားနဲ႔ ဆက္ဆံတဲ့ေနရာမွာ သင့္ကို လက္ခံဖို႔ ခ်စ္ခင္ဖို႔ ဆိုတာ အလြန္အေရးႀကီးပါတယ္- မလိုအပ္ဘူးထင္ၿပီး သင့္ ရဲ့ဆက္ဆံပုံ ဆက္ဆံနည္း လြဲမွားသြားခဲ့ရင္ေတာ့ သင္ မိတ္ပ်က္ပါၿပီ- ဒါေၾကာင့္ ဒီ ဗီဒီယိုေလးကိုသာ ၾကည့္ျဖစ္ေအာင္ၾကည့္လိုက္ပါ

ဇြန္လ ၂၆ ရက္ေန႔က စတင္ၿပီး ပီကင္း‌ေကာခူ ေက်း႐ြာက ဝက္ၿခံတခ်ိဳ႕မွာ ဝက္ေတြ ရာဂဏန္းအထိေသဆုံးမႈရွိခဲ့တာေၾကာင့္ဝက္ၿခံကေန ဓာတ္နမူနာရယူၿပီး မႏၲေလးကိုေပးပို႔ စစ္ေဆးခဲ့ရာ အဲ့ဒီဝက္ေတြမွာ အာဖရိကဝက္အျပင္းဖ်ားေရာဂါ ဗိုင္းရပ္စ္ပိုးရဲ႕ မ်ိဳး႐ိုးဗီဇ ေတြ႕ရွိခဲ့ရတယ္လို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနကလည္း တရားဝင္ထုတ္ျပန္ထားပါတယ္။

ဒါေၾကာင့္ အာဖရိက ဝက္အျပင္းဖ်ားေရာဂါကူစက္ခံရၿပီး ေသဆုံးသြား တဲ့ဝက္ေတြကို ေျမႀကီး ၆ ေပအနက္တူးၿပီး ေျမျမဳပ္လိုက္တယ္လို႔လည္းသိရပါတယ္။အာဖရိက ဝက္အျပင္းဖ်ားေရာဂါ ျမန္မာႏိုင္ငံမွာ ၂၀၁၉ ခုႏွစ္က စတင္ေတြ႕ရွိခဲ့တာျဖစ္ၿပီး ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္ တို႔မွာအဓိက ျဖစ္ပြားေနၿပီး ဒီေရာဂါ က လူ ကိုေတာ့ လုံးဝမ ကူးစက္ႏိုင္ေၾကာင္းလည္းသိရပါတယ္။

အလြတ္တန္းသတင္းေထာက္ ခ်စ္ခြန္းခ်ိဳေပး ပို႔ေသာသတင္းျဖစ္ပါသည္။

Credit Duwun

About the author

Aung Lay

Leave a Comment