အခု ရက္ပိုင္းထဲ တအားပူတယ္ဆိုၿပီး ၿငီးလာၾကတယ္။ ဒါကတစ္ႏိုင္ငံလုံး ေနရာအႏွံ႔ သိသာေနတာမို႔ သတိမထားတဲ့လူရယ္လို႔လည္း ရွိမွာမဟုတ္ဘူး။ ဒါေပမဲ့ ဘာေၾကာင့္ သိသိသာသာထပူေနရသလဲကိုေတာ့ မေတြးခ်င္ၾကတဲ့လူက ပိုမ်ားတယ္။
အခုလက္ရွိ ရန္ကုန္အပူခ်ိန္ဟာ 39°C ၊ Humidityလို႔ေခၚတဲ့ စိုထိုင္းဆက 35-45% ၾကား တက္လိုက္က်လိုက္ျဖစ္ေနတယ္။ Wind Gusts လို႔ ေခၚၾကတဲ့ ေလတိုက္ႏႈန္းက တစ္နာရီမွ 13 kmအထိပဲရွိတယ္။ ဒီRateေတြက ရန္ကုန္လူဦးေရနဲ႔ပါ ခ်ိန္တြက္လိုက္ရင္ ေပါ့ေသးေသးမဟုတ္ဘူး။ ရန္ကုန္ပဲလားဆိုေတာ့ ေအးပါတယ္ဆိုတဲ့ ျမန္မာအေပၚပိုင္း ကခ်င္ျပည္နယ္ Rateေတြကလည္း ျမင့္ေနတယ္။
ေခ်ာက္လိုေနရာမွာ Covidနဲ႔မေသဘဲ အပူခ်ိန္နဲ႔ေသမယ့္လူေတြ ရွိေနေတာ့မယ္။ တျခား မႏၲေလး၊ ပဲခူး၊ စစ္ကိုင္းလိုေနရာေတြလည္း Rateက အဆင္ေျပေနတဲ့ အေနအထားမဟုတ္ဘူး။ လက္ရွိျမန္မာကို Greenhouseလို႔ေခၚတဲ့ ဖန္လုံအိမ္အာနိသင္ဖက္က တြက္ခ်က္ပုံgraphထဲ ၾကည့္လိုက္ရင္လည္း အဆင္ေျပေနတဲ့ အေျခအေန ဟုတ္မေနဘူး။
ဒါေတြက ဘာေၾကာင့္ျဖစ္ရတာလဲ? ကို ခဏထားဦး။ ဒီလိုအေျခအေနမွာ သိထားသင့္တာတခ်ိဳ႕ရွိတယ္။ ဒါက Climateဖက္ကတင္မဟုတ္ဘဲ Environmental Engineering ဖက္က သဘာတရားနဲ႔ပါအေျခခံၿပီး သတိထားေစခ်င္တာေလးေတြပါ။
အရင္က လူႀကီးေတြကေျပာတယ္။ ေန႔လည္ဆိုအျပင္မထြက္နဲ႔။ ႏွစ္နာရီက အပူဆုံးအခ်ိန္ ဘာညာေပါ့။ အခုျမန္မာရဲ႕ Green Zoneေလ်ာ့နည္းလာမႈအလိုက္ ျမင့္တက္လာတဲ့ Temperature Rateအရ ေန႔လည္ႏွစ္နာရီက အပူဆုံးမဟုတ္ေတာ့ဘူး။ မနက္ ဆယ္နာရီေက်ာ္တာနဲ႔ သတိထားသင့္ေနၿပီ။
Climate Rateအရ 10:35 AM to 3:55 PM ၾကားမွာ အျပင္ထြက္ေနတဲ့လူတိုင္းဟာ အကာအကြယ္နဲ႔ သြားလာသင့္တယ္။ မဟုတ္ရင္ ေနအပူခ်ိန္ တိုက္႐ိုက္ထိေတြ႕မႈေၾကာင့္ အဆင္ေျပမွာမဟုတ္ဘူး။ ေနာက္တစ္ခုက လက္ရွိျမန္မာရဲ႕ UV Indexက 8 ေတြ 10 ေတြအထိတက္သြားတတ္တယ္။ ဒါက စံသတ္မွတ္ခ်ကိအရ ( Very High)ပါ။ အခုလိုအေျခအေနမွာ အသက္ေလးငါးဆယ္အ႐ြယ္ လူႀကီးတစ္ေယာက္ ဘယ္ေလာက္က်န္းမာေနေန ေနပူထဲ ႏွစ္နာရီေလာက္ အကာအကြယ္မဲ့ အေဆာင္းမပါဘဲ သြားလာေနရင္ ဘိုင္းခနဲပစ္လဲက်မယ့္အေနအထားပဲ။ မျဖစ္ရင္မျဖစ္ဘူး ျဖစ္ရင္လည္း ဦးေႏွာက္ေသြးေၾကာပါ ျပတ္ႏိုင္တဲ့အထိ တိုးေနတဲ့ °C အပူရွိန္ႀကီးပါ။
အခုလိုအခ်ိန္ အသက္ႀကီးသူေတြ အခ်ိန္ၾကာၾကာ ေနပူထဲသြားလာမေနသင့္ဘူး။ လက္ရွိတိုင္းတာခ်က္အရ အခုျမင့္ေနတဲ့အပူခ်ိန္က ေနာက္သုံးေလးရက္နဲ႔ မက်သြားတဲ့အျပင္ 39°C (over) ဆိုၿပီး ၫႊန္းကိန္းဇယားေတြအရ ဒီလကုန္အထိ ဆက္သြားေနမယ့္သေဘာမွာရွိပါတယ္။ 45- 48°C လို႔ တက္ႏိုင္ေျခၫႊန္းကိန္းေတြကလည္း ေပါ့ေသးေသးမဟုတ္လွဘူး။ အလကားပါကြာ အရင္ကလည္း ဒီလိုေႏြရာသီဆို ပူတာပါပဲလို႔ တခ်ိဳ႕ေျပာၾကမယ္။ အပူခ်ိန္ 1-3 တက္ဖို႔ ရက္ပိုင္းနဲ႔မရပါဘူး။ ႏွစ္ခ်ီၾကာပါတယ္။
ဒီလိုအခ်ိန္မွာ ဘာေတြလုပ္သင့္လဲ?
အခုလက္ရွိ ျမင့္ေနတဲ့အပူခ်ိန္က Short-term temperatureလို႔ေခၚတဲ့ Weather Changeကေန ျဖစ္ေပၚေနတဲ့ အပူပါ။ ျမန္မာရဲ႕ စံအပူခ်ိန္မဟုတ္ဘူး။ ဒီလိုျမင့္ေနတဲ့ အပူခ်ိန္မွာ လူသားအေနနဲ႔ လုပ္ႏိုင္တာႏွစ္မ်ိဳးပဲရွိတယ္။
ပထမအခ်က္က က်န္းမာေရးဆိုင္ရာ နည္းလမ္းေတြကို လိုက္နာဖို႔။ ဥပမာ- ေပါ့ေပါ့ပါးပါးဝတ္တာ၊ ေရမၾကာခဏ ေသာက္ေပးရတာ၊ အရိပ္ထဲေနတာ၊ အျပင္ထြက္လည္း အကာအကြယ္နဲ႔သြားလာတာ၊ အစားအေသာက္ မေသာင္းက်န္းတာ စတာေတြေပါ့။ ဒါေတြက ခင္ဗ်ားတို႔လည္း သိၿပီးသားပါ။
ေနာက္တစ္ခ်က္ကေတာ့ ျမန္မာကလူအမ်ားစု အသိနည္းတယ္။ ဘာလဲဆိုေတာ့ Environment Lawေတြကေန ျပဳလုပ္ယူတာ။ ဘာေၾကာင့္ျမန္မာမွာ ပိုပူေနရသလဲဆိုေတာ့ ျမန္မာရဲ႕ ေျမမ်က္ႏွာျပင္နဲ႔ အနီးဆုံးေလထုအလႊာ အလုပ္လုပ္ပုံႏႈန္း နိမ့္က်ေနလို႔ရယ္၊ ေနအပူကို ကာကြယ္ေပးထားတဲ့ တိမ္လႊာရဲ႕ ေတာင့္ခံႏိုင္အား ေလ်ာ့က်လာလို႔ရယ္ေၾကာင့္ပါ။ ဒီေနရာမွာ ေမးစရာက ေျမႀကီးနဲ႔ ေနပူတာ ဘာဆိုင္လဲေပါ့။
ေျမႀကီးကေန ေနအပူကိုစုတ္ေပးႏႈန္းကလည္း Environmental Procedureေတြထဲက တစ္ခ်က္ပါ။ တိမ္ကိုေက်ာ္လာတဲ့အပူလႈိင္းကို ေျပေလ်ာ့ေအာင္ ေလထုကေန သယ္ေဆာင္လႈပ္ရွားေပးတယ္။ ေလထုကိုေက်ာ္လာတဲ့ အပူလႈိင္းက ေျမႀကီးကိုထိတဲ့အခါ ေျမႀကီးက သူ႔မူအတိုင္း ႏိုင္သေလာက္စုတ္ေပးတယ္။ ကမာၻ႔ေျမထုဟာ ခင္ဗ်ားတို႔ထင္ထားတာထက္ အလုပ္လုပ္ေပးပုံ ပိုမ်ားပါတယ္။
ဒီအခါမွာ အိမ္ထဲေနတဲ့လူေတြက ေလထုကေက်ာ္လာတဲ့အပူနဲ႔ ေျမႀကီးကမခံေပးႏိုင္တဲ့အပူၾကား “ရာသီဥတုပူလိုက္တာ” လို႔ေျပာလာတယ္။ ဒါေၾကာင့္ က်န္းမာေရးဆိုင္ရာဖက္ကမဟုတ္ဘဲ Environmentalနည္းလမ္းအရ ေျမႀကီးကို ေရမၾကာခဏ ေရျဖန္းေပးထားမႈကလည္း အပူကိုေလ်ာ့က်ေစပါတယ္။ ေျမႀကီးကိုေရျဖန္းေပးရင္ ေျမႀကီးရဲ႕အလုပ္လုပ္ႏႈန္းက ျမန္ဆန္တယ္။ အပူကိုပိုစုတ္ေပးတယ္။ ဒါေၾကာင့္ မယုံရင္ ကိုယ့္အိမ္ကေျမကြက္လပ္အလြတ္ကို ေရျဖန္းေပးထားၾကည့္ပါ။ သိသိသာသာ အပူဒဏ္ခံရမႈ နိမ့္ေနတာကို ခံစားမိလိမ့္မယ္။
ဒါဆိုရင္ ေျမကြက္မရွိဘဲ ေနေနတဲ့လူေတြကေရာ? ဒီေမးခြန္းကို ဖီလစ္ပိုင္ EE Engrေတြက လြန္ခဲ့တဲ့ဆယ္စုႏွစ္သုံးစုအလြန္တည္းက ေျဖေပးခဲ့လို႔ ဖီလစ္ပိုင္နဲ႔ အာရွက အပူပိုင္းေဒသတခ်ိဳ႕မွာ က်င့္သုံးၾကတယ္။ အိမ္ရဲ႕နံရံေတြကို ေရျဖန္းေပးၾကတာေပါ့။ အမ်ားႀကီးျဖန္းစရာမလိုဘူး။ ႏွစ္နာရီျခားတစ္ခါ အပင္ေရျဖန္းသလို ကိုယ္ေနမယ့္ေနရာက နံရံ၊ ထရံေလာက္ကို ျဖန္းထားရင္ရတယ္။ ဒီနည္းေတြက အိမ္ရဲ႕ ေလဝင္ေလထြက္ျပတင္းေပါက္ေတြကို ဖြင့္ေပးထားသလို လူတိုင္းလိုက္လုပ္ႏိုင္တဲ့ သဘာဝနည္းနဲ႔ အပူဒဏ္သက္သာဖို႔ လုပ္ဖို႔ရတဲ့ နည္းေတြေပါ့။
အနည္းဆုံးေတာ့ ဒီနည္းေတြက ေတာက်ေပမယ့္ သက္သာတယ္။ ဒါက Airconခန္းထဲေနတဲ့ လူတန္းစားကိုေျပာေပးတဲ့နည္းမဟုတ္ဘူး။ ျမန္မာမွာ Airconမရွိတဲ့ မိသားစုေတြမွအမ်ားႀကီးပဲ။ ဒီနည္းေတြက ေရွးနည္းဆိုလည္းဟုတ္သလို လက္ေတြ႕အက်ိဳးရတဲ့ အပူဒဏ္ခံ Environmentalနည္းေတြပါပဲ။ ( အထင္မေသးပါနဲ႔။ EEရဲ႕ DM Courseမွာ သင္ရတဲ့နည္းေတြပါ။ ) သစ္ပင္ေတြရွိတဲ့အိမ္ကေတာ့ အခုကာလမွာ ေပ်ာ္စရာေပါ့။ ကိုယ့္အိမ္ ကိုယ့္တိုက္ခန္း ကိုယ့္အေဆာင္မွာ သစ္ပင္ေရာ၊ Airconပါမရွိရင္ေတာ့ ဒီလိုနည္းေတြ လိုက္နာရမႈေတြကပဲ အသုံးဝင္လိမ့္မယ္။ ဒါေပမဲ့ သဘာဝနည္းက Airconတို႔ ပန္ကာတို႔လို ဘာ Heat Waveမွ မလႊတ္လို႔ ပိုေတာင္အဆင္ေျပတယ္။
ရာသီဥတုပူလာတယ္ဆိုတာ ႏိုင္ငံတစ္ခုတည္း ကြက္ျဖစ္တတ္တဲ့ အရာမဟုတ္ပါဘူး။ ကမာၻလုံးဆိုင္ရာ weather patternေတြ ကေမာက္ကမျဖစ္လာမႈ၊ ဖန္လုံအိမ္အာနိသင္ ေလ်ာ့က်လာမႈေတြေၾကာင့္ ခံရတာေတြပါ။ လူေတြ ေစာက္စည္းကမ္းမရွိ မဆင္ျခင္ခဲ့လို႔ေပါ့။ ဖန္လုံအိမ္အာနိသင္ ဘာေၾကာင့္ေလ်ာ့လာသလဲဆိုရင္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္နဲ႔ မီသိန္းလို ဖန္လုံအိမ္ဓာတ္ေငြ႕မ်ိဳးေတြ ပိုထုတ္လႊတ္မႈကေန ျဖစ္ပ်က္လာတာေတြေပါ့။
အခုလက္ရွိျမန္မာမွာ အပူခ်ိန္ျမင့္ေနသလိုပဲ၊ မိုးႀကီးမွာေတြ၊ မုန္တိုင္းဝင္မယ့္ ခန္႔မွန္းခ်က္ေတြကလည္း ထြက္ေနၿပီ။ တျခားႏိုင္ငံေတြမွာလည္း အခုလို Weather အေျပာင္းအလဲေတြ ျဖစ္လာမွာပဲ။ ေလထုထဲက ဖန္လုံအိမ္ဓာတ္ေငြ႕အခ်ိဳးအစားကို အနည္းငယ္ေျပာင္းလဲမႈျဖစ္ရင္ေတာင္ ကမာၻလုံးဆိုင္ရာအတိုင္းအတာအရ သိပ္ကိုႀကီးမားတဲ့ေျပာင္းလဲမႈကို ျဖစ္ေစပါတယ္။ ဖန္လုံအိမ္အာနိသင္ စေျပာင္းလဲခဲ့တာ စက္မႈေတာ္လွန္ေရးေခတ္ကေန လက္ရွိေခတ္အထိမို႔ ၾကာခဲ့ပါၿပီ။
သမုဒၵရာ Water Patternေတြ၊ River Patternနဲ႔ Green Zoneက အခုလိုျဖစ္ပ်က္ေျပာင္းလဲလာမႈေတြကို တြန္းလွန္ေပးခဲ့ေပမယ့္ အခ်ိန္ၾကာလာေလ မဆင္ျခင္လာမႈက မ်ားလာလို႔ လက္ရွိကမာၻဟာ စိုးရိမ္စရာအမွတ္အထိ ေရာက္လာခဲ့ၿပီ။ NOAAလို႔ ေခၚတဲ့ National Oceanic and Atmospheric Administrationရဲ႕ တိုင္းတာခ်က္အရ လက္ရွိကမာၻရဲ႕ ႏွစ္ေျခာက္ဆယ္ကာလမွာ ေလထုထဲရွိလာတဲ့ Carbon Dioxide ပမာဏဟာ လြန္ခဲ့တဲ့ႏွစ္သုံးသန္းကထက္ ပိုျမန္တဲ့ အဆနဲ႔တက္လာတဲ့ ေၾကာက္စရာပမာဏျဖစ္ေနတယ္။ သေဘာက လြန္ခဲ့တဲ့ႏွစ္တစ္ရာက ကမာၻနဲ႔ လက္ရွိကမာၻက အကုန္ျခားနားေနပါၿပီ။ ရာသီဥတုေျပာင္းလဲႏႈန္းလည္း အမွတ္နဲ႔မဟုတ္ဘဲ အဆနဲ႔ေျပာင္းလဲလာေနတယ္။
အနီးစပ္ဆုံး ဥပမာတစ္ခုကို တိတိက်က်ေျပာရရင္ ၁၉၆၀တုန္းက ေလထုထဲရွိတဲ့ကာဗြန္ပမာဏဟာ ၂၀၁၀ မွာ ေလးဆနီးပါးတိုးလာတယ္။ လက္ရွိ ၂၀၂၀မွာ 416.21 ppmဆိုတာ လန္႔စရာႀကီးပါ။ NASAက EE Engrေတြ တိုင္းတာမႈအရ ဒီႏႈန္းအတိုင္းဆက္သြားရင္ ၂၀၄၀ နဲ႔ ၂၀၆၀ အတြင္း ေရခဲတုံးေပ်ာက္ေနမယ့္ အာတိတ္ေႏြရာသီကို ျမင္ၾကရလိမ့္မယ္တဲ့။ အာတိတ္သာ ပ်က္စီးသြားရင္ ကမာၻ႔သမိုင္းထဲ စာအုပ္ထဲသာျမင္ရေတာ့မယ့္ ၿမိဳ႕ႀကီးေတြရွိေနပါတယ္။ ေရခဲျမစ္ေတြ၊ ေရခဲျပင္ေတြဆိုတာ အလကားအပိုရွိေနတဲ့ေနရာေတြမဟုတ္ဘူး။ သူတို႔မရွိရင္ သူတို႔အရည္ေပ်ာ္လာေနတာကို မဆင္ျခင္ရင္ ေသေပးရမယ့္သက္ရွိက မေတြးရဲစရာပါ။
လူသားေတြဟာ တစ္မိနစ္မွာ ေဘာလုံးကြင္း ၂၇ကြင္းစာ သစ္ပင္ေတြကို ခုတ္လွဲေနတယ္။ ၂၀၁၉ ခုႏွစ္က ၂၈အထိ စံခ်ိန္တင္သြားတယ္။ ဒါဟာ တစ္ရက္ကို ေဘာလုံးကြင္းေလးေသာင္းစာ ခုတ္လွဲေနတာကို သက္ေသျပလိုက္တာပဲ။ လူေတြ ပုိက္ဆံဘယ္ေလာက္ေပါေပါ ဝယ္လို႔မရတဲ့အရာထဲ သဘာဝကေပးတဲ့ ေရသန္႔နဲ႔ ေလထုပါပါတယ္။ ဒီေရနဲ႔ေလကို သစ္ပင္ေတြကေန ျပန္ထုတ္ေပးေနတယ္။
သစ္ပင္ေတြမရွိရင္ မိုးမမွန္ဘူး။ မိုးမမွန္ရင္ Water Circulation ကေမာက္ကမျဖစ္မယ္။ ေလထုညစ္ညမ္းမႈကို သစ္ပင္ေတြကေနလည္း ျပန္ထိန္းညႇိေပးတယ္။ ဒီပမာဏအတိုင္း ဆက္ခုတ္ေနရင္ Green Zone Areaကန္႔သတ္မွတ္ကို ေက်ာ္တဲ့ႏွစ္မွာ ကမာၻ႔လူဦးေရတစ္ဝက္ဟာ တေျဖးေျဖးေသေပးရလိမ့္မယ္။ လက္ရွိ ကမာၻ႔Water Resources ကန္႔သတ္မွတ္ဟာ ၁၉၅၀ ေနာက္ပိုင္းတည္းက ေအာက္ကိုထိုးက်ေနခဲ့ပါၿပီ။
ဒါေပမဲ့ ၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္းဟာ ကမာၻ႔သမိုင္းမွာ ေၾကာက္စရာအေကာင္းဆုံး ဆယ္စုႏွစ္ေတြအေနနဲ႔စဖို႔ လူသားေတြကပဲ စလုပ္ခဲ့ၾကတယ္။ အခု ကမာၻ႔လူဦးေရရဲ႕ သန္းေပါင္း ၇၉၀ ေက်ာ္ဟာ သဘာဝေရသန္႔အရင္းအျမစခ မေသာက္သုံးရပါဘူး။ လူမႈကြန္ရက္ေတြ TV ေတြမွာ ေရတစ္ခြက္ေသာက္ရဖို႔ ခက္ခက္ခဲခဲ႐ုန္းကန္ေနရတဲ့ ႏိုင္ငံေတြကို ျမင္ၾကမွာပါ။
ခင္ဗ်ားကအိမ္မွာ ေရတစ္ပုံးစာနဲ႔ ေခါင္းေလွ်ာ္လို႔ရတာက ေလးငါးပုံးစိတ္ႀကိဳက္သုံးေနခ်ိန္၊ ပန္းကန္တစ္ခ်ပ္ကို ေရႏွစ္လီတာေလာက္သုံးၿပီး ေဆးေနခ်ိန္ တျခားေနရာမွာ ေရတစ္ခြက္ေသာက္ရဖို႔ ေမွ်ာ္လင့္ေနရတဲ့မိသားစုေတြ ေနထိုင္ေနရပါၿပီ။ ဒါပဲလားဆိုေတာ့ လူေတြရဲ႕ မဆင္ျခင္မႈေၾကာင့္ ၁၉၇၁ ခုႏွစ္ကရွိတဲ့ ကမာၻ႔ေတာ႐ိုင္းတိရစာၦန္အေကာင္ေရဟာ ႏွစ္ေလးဆယ္ေက်ာ္အတြင္းမွာတင္ 60% ေပ်ာက္ဆုံးသြားခဲ့ပါၿပီ။
ဒါကအားလုံးနားလည္ေအာင္ ဘာဘိုစကားမွ ထည့္မညႇပ္ဘဲ ႐ိုး႐ိုးေလးေရးျပတာပါ။ လက္ရွိျမန္မာဟာ အရင္အစိုးရ အဆက္ဆက္ရဲ႕ မဆင္မျခင္လုပ္ခဲ့မႈေတြေၾကာင့္ ကိုယ္ေတြ႕ခံစားေနရၿပီ။ ဒီလိုေျပာလို႔ NLD ေရွ႕ အရင္အစိုးရကို ေလာ္ဘီလုပ္တယ္မထင္နဲ႔။ က်ဳပ္က Environmentalကိုပဲ စိတ္ဝင္စားသူပါ။ ဒါေပမဲ့ အရင္အစိုးရအဆက္ဆက္ လုပ္ခဲ့တဲ့အက်ိဳးဆက္ေတြက လက္ရွိကာလကို ႐ိုက္ခတ္ေနျခင္းရဲ႕ ျပယုဂ္ပဲ။
ကမာၻလုံးဆိုင္ရာ ကိစၥေပမယ့္ အပူခ်ိန္အနိမ့္အျမင့္ ကြာျခားမႈဟာ ႏိုင္ငံတစ္ခုခ်င္းအလိုက္ Green Zone Areaေပၚမွာလည္း မူတည္ေနတယ္။ ကမာၻ႔ Environmental ပညာရွင္ေတြရဲ႕ေထာက္ျပမႈအရ လက္ရွိကမာၻကို ျပန္က်န္းမာလာေစဖို႔ စီးပြားေရးလုပ္ငန္းေတြကို သဘာဝနဲ႔ပတ္သက္တဲ့ Lawေတြထဲကေန စီစစ္ခြင့္ျပဳမႈ၊ အစိုးရနဲ႔ ပုဂၢလိကစီးပြားေရးလုပ္ငန္းရွင္ေတြၾကားက အက်ိဳးအျမတ္ရွာေဖြမႈမွာ ေျပာင္းလဲသတ္မွတ္ရမယ့္ ဥပေဒေတြအလိုက္ လုပ္ေဆာင္မႈနဲ႔ 3R Systemကို အသုံးျပဳမႈေတြကပဲ အေထာက္အကူျဖစ္လိမ့္မယ္။
လက္ရွိျမန္မာမွာ ႏိုင္ငံျခားသားကို လုပ္ကြက္ေပးထားတဲ့ Projectတိုင္းမွာ Environmental Lawတို႔ GZLတို႔ဆိုတာ ေခ်ာင္ကပ္ေနတဲ့ ဥပေဒေတြပါ။ ျမစ္ဆုံတို႔၊ ဖားကန္႔တို႔၊ ျမန္မာရဲ႕အလယ္ပိုင္းနဲ႔ အေပၚပိုင္းမွာ ျပန္႔က်ဲေနတဲ့ တ႐ုတ္ပိုင္ သခြားေမႊးခင္း၊ ရာဘာခင္းတို႔နဲ႔ တျခား တြင္းထြက္ Projectေတြက သက္ေသေပါ့။ သဘာဝတရားဆိုတာ ျဖစ္လာမွ ခ်က္ခ်င္းထျပင္လို႔ရတဲ့အရာ မဟုတ္ပါဘူး။ ႏွစ္အဆက္ဆက္ ထိန္းသိမ္းလုပ္ေဆာင္မွ ျပင္လို႔ရတဲ့ကိစၥပါ။
အခုျမန္မာမွာ ငါးႏွစ္အတြင္း °C Rate ျမင့္တက္လာမႈက သိသာလြန္းတဲ့ ဂဏန္းကိုျပေနၿပီ။ ဒါေတြက ၿပီးခဲ့တာေတြရဲ႕ အက်ိဳးဆက္ကိုခံရတာေပမယ့္ ေနာက္ျဖစ္လာမယ့္ အက်ိဳးဆက္အတြက္ေတာ့ ျပင္ဆင္မွရပါလိမ့္မယ္။ ဒီလိုႏိုင္ငံေရး၊ သဘာဝအေရးကို ထည့္မေျပာရင္ေတာင္ လက္ရွိကာလမွာ ဆင္ဆင္ျခင္ျခင္နဲ႔ ေနထိုင္သင့္တယ္။ အသက္အ႐ြယ္ႀကီးသူေတြက ပိုဂ႐ုစိုက္သင့္သလို၊ လူငယ္ေတြကလည္း ေပါ့ဆလို႔မရဘူး။ အပူရွိန္ေၾကာင့္ ထိခိုက္ျဖစ္ပ်က္မႈမွာ လူငယ္လူႀကီး မခြဲထားပါဘူး။
က်န္းမာေရးနည္းအရ ေပါ့ေပါ့ပါးပါးနဲ႔ ေလဝင္ေလထြက္ေကာင္းတာကိုဝတ္မယ္၊ ေရမၾကာခဏ ေသာက္ေပးမယ္၊ အကာအကြယ္မဲ့အျပင္ထြက္တာေတြကို ေရွာင္မယ္၊ Airconခန္းထဲေနတာဆိုၿပီး ဖင္ယားစြာနဲ႔ Energy Wasteျဖစ္မႈေတြကို ဆင္ျခင္မယ္၊ ပူလို႔ဆိုၿပီး ပန္ကာဖြင့္အိပ္တဲ့ Suicideနည္းေတြကိုေရွာင္မယ္၊ သဘာဝနည္းေရာ က်န္းမာေရးနည္းေတြကိုပါ အေလးထားမယ္ဆိုရင္ေတာ့ အဆင္ေျပပါတယ္။
မသိနားမလည္တဲ့ လူႀကီးေတြ ကိုယ့္အိမ္မွာရွိရင္လည္း ေျပာျပရင္း ဆင္ျခင္ၾကေပါ့ဗ်ာ။ မဆင္ျခင္လို႔ကေတာ့ ပန္ကာနဲ႔ေနေန Aircon ခန္းထဲေနေန အေသဆိုးနဲ႔ေသမယ့္အပူခ်ိန္ပါ။ Aircon ခန္းထဲက Room Temperatureနဲ႔ အျပင္က Temperature ကို ခ်က္ခ်င္းေျပာင္းမိရင္ Body Temperatureရဲ႕အေျပာင္းအလဲေၾကာင့္ မ်ိဳးကန္းတတ္ပါတယ္။
ဒါေၾကာင့္ Airconခန္းထဲေနၿပီး မဆင္မျခင္နဲ႔ အျပင္တန္းမထြက္သင့္သလို အျပင္ကျပန္လာတာနဲ႔ Airconကို ဂိတ္ဆုံးတင္ၿပီး အေအးခံပစ္တာမ်ိဳးက ဆင္ျခင္သင့္တယ္။ ဒါကဆရာႀကီးလုပ္ေျပာတယ္မထင္ပါနဲ႔။ ကိုယ္က EEဖက္ကျဖစ္လို႔ ဒီလိုေျပာင္းလဲလာတဲ့ အပူခ်ိန္ျမင့္ေနတဲ့ျမန္မာမွာ Environmentalနဲ႔ပတ္သက္ၿပီး သိသေလာက္ကို ဆင္ဆင္ျခင္ျခင္ေနေစခ်င္လို႔ ျပန္မွ်ေဝ႐ုံပါ။
Htet Wa Na
Unicode
အခု ရက်ပိုင်းထဲ တအားပူတယ်ဆိုပြီး ငြီးလာကြတယ်။ ဒါကတစ်နိုင်ငံလုံး နေရာအနှံ့ သိသာနေတာမို့ သတိမထားတဲ့လူရယ်လို့လည်း ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ဘာကြောင့် သိသိသာသာထပူနေရသလဲကိုတော့ မတွေးချင်ကြတဲ့လူက ပိုများတယ်။
အခုလက်ရှိ ရန်ကုန်အပူချိန်ဟာ 39°C ၊ Humidityလို့ခေါ်တဲ့ စိုထိုင်းဆက 35-45% ကြား တက်လိုက်ကျလိုက်ဖြစ်နေတယ်။ Wind Gusts လို့ ခေါ်ကြတဲ့ လေတိုက်နှုန်းက တစ်နာရီမှ 13 kmအထိပဲရှိတယ်။ ဒီRateတွေက ရန်ကုန်လူဦးရေနဲ့ပါ ချိန်တွက်လိုက်ရင် ပေါ့သေးသေးမဟုတ်ဘူး။ ရန်ကုန်ပဲလားဆိုတော့ အေးပါတယ်ဆိုတဲ့ မြန်မာအပေါ်ပိုင်း ကချင်ပြည်နယ် Rateတွေကလည်း မြင့်နေတယ်။
ချောက်လိုနေရာမှာ Covidနဲ့မသေဘဲ အပူချိန်နဲ့သေမယ့်လူတွေ ရှိနေတော့မယ်။ တခြား မန္တလေး၊ ပဲခူး၊ စစ်ကိုင်းလိုနေရာတွေလည်း Rateက အဆင်ပြေနေတဲ့ အနေအထားမဟုတ်ဘူး။ လက်ရှိမြန်မာကို Greenhouseလို့ခေါ်တဲ့ ဖန်လုံအိမ်အာနိသင်ဖက်က တွက်ချက်ပုံgraphထဲ ကြည့်လိုက်ရင်လည်း အဆင်ပြေနေတဲ့ အခြေအနေ ဟုတ်မနေဘူး။
ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲ? ကို ခဏထားဦး။ ဒီလိုအခြေအနေမှာ သိထားသင့်တာတချို့ရှိတယ်။ ဒါက Climateဖက်ကတင်မဟုတ်ဘဲ Environmental Engineering ဖက်က သဘာတရားနဲ့ပါအခြေခံပြီး သတိထားစေချင်တာလေးတွေပါ။
အရင်က လူကြီးတွေကပြောတယ်။ နေ့လည်ဆိုအပြင်မထွက်နဲ့။ နှစ်နာရီက အပူဆုံးအချိန် ဘာညာပေါ့။ အခုမြန်မာရဲ့ Green Zoneလျော့နည်းလာမှုအလိုက် မြင့်တက်လာတဲ့ Temperature Rateအရ နေ့လည်နှစ်နာရီက အပူဆုံးမဟုတ်တော့ဘူး။ မနက် ဆယ်နာရီကျော်တာနဲ့ သတိထားသင့်နေပြီ။
Climate Rateအရ 10:35 AM to 3:55 PM ကြားမှာ အပြင်ထွက်နေတဲ့လူတိုင်းဟာ အကာအကွယ်နဲ့ သွားလာသင့်တယ်။ မဟုတ်ရင် နေအပူချိန် တိုက်ရိုက်ထိတွေ့မှုကြောင့် အဆင်ပြေမှာမဟုတ်ဘူး။ နောက်တစ်ခုက လက်ရှိမြန်မာရဲ့ UV Indexက 8 တွေ 10 တွေအထိတက်သွားတတ်တယ်။ ဒါက စံသတ်မှတ်ချကိအရ ( Very High)ပါ။ အခုလိုအခြေအနေမှာ အသက်လေးငါးဆယ်အရွယ် လူကြီးတစ်ယောက် ဘယ်လောက်ကျန်းမာနေနေ နေပူထဲ နှစ်နာရီလောက် အကာအကွယ်မဲ့ အဆောင်းမပါဘဲ သွားလာနေရင် ဘိုင်းခနဲပစ်လဲကျမယ့်အနေအထားပဲ။ မဖြစ်ရင်မဖြစ်ဘူး ဖြစ်ရင်လည်း ဦးနှောက်သွေးကြောပါ ပြတ်နိုင်တဲ့အထိ တိုးနေတဲ့ °C အပူရှိန်ကြီးပါ။
အခုလိုအချိန် အသက်ကြီးသူတွေ အချိန်ကြာကြာ နေပူထဲသွားလာမနေသင့်ဘူး။ လက်ရှိတိုင်းတာချက်အရ အခုမြင့်နေတဲ့အပူချိန်က နောက်သုံးလေးရက်နဲ့ မကျသွားတဲ့အပြင် 39°C (over) ဆိုပြီး ညွှန်းကိန်းဇယားတွေအရ ဒီလကုန်အထိ ဆက်သွားနေမယ့်သဘောမှာရှိပါတယ်။ 45- 48°C လို့ တက်နိုင်ခြေညွှန်းကိန်းတွေကလည်း ပေါ့သေးသေးမဟုတ်လှဘူး။ အလကားပါကွာ အရင်ကလည်း ဒီလိုနွေရာသီဆို ပူတာပါပဲလို့ တချို့ပြောကြမယ်။ အပူချိန် 1-3 တက်ဖို့ ရက်ပိုင်းနဲ့မရပါဘူး။ နှစ်ချီကြာပါတယ်။
ဒီလိုအချိန်မှာ ဘာတွေလုပ်သင့်လဲ?
အခုလက်ရှိ မြင့်နေတဲ့အပူချိန်က Short-term temperatureလို့ခေါ်တဲ့ Weather Changeကနေ ဖြစ်ပေါ်နေတဲ့ အပူပါ။ မြန်မာရဲ့ စံအပူချိန်မဟုတ်ဘူး။ ဒီလိုမြင့်နေတဲ့ အပူချိန်မှာ လူသားအနေနဲ့ လုပ်နိုင်တာနှစ်မျိုးပဲရှိတယ်။
ပထမအချက်က ကျန်းမာရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဖို့။ ဥပမာ- ပေါ့ပေါ့ပါးပါးဝတ်တာ၊ ရေမကြာခဏ သောက်ပေးရတာ၊ အရိပ်ထဲနေတာ၊ အပြင်ထွက်လည်း အကာအကွယ်နဲ့သွားလာတာ၊ အစားအသောက် မသောင်းကျန်းတာ စတာတွေပေါ့။ ဒါတွေက ခင်ဗျားတို့လည်း သိပြီးသားပါ။
နောက်တစ်ချက်ကတော့ မြန်မာကလူအများစု အသိနည်းတယ်။ ဘာလဲဆိုတော့ Environment Lawတွေကနေ ပြုလုပ်ယူတာ။ ဘာကြောင့်မြန်မာမှာ ပိုပူနေရသလဲဆိုတော့ မြန်မာရဲ့ မြေမျက်နှာပြင်နဲ့ အနီးဆုံးလေထုအလွှာ အလုပ်လုပ်ပုံနှုန်း နိမ့်ကျနေလို့ရယ်၊ နေအပူကို ကာကွယ်ပေးထားတဲ့ တိမ်လွှာရဲ့ တောင့်ခံနိုင်အား လျော့ကျလာလို့ရယ်ကြောင့်ပါ။ ဒီနေရာမှာ မေးစရာက မြေကြီးနဲ့ နေပူတာ ဘာဆိုင်လဲပေါ့။
မြေကြီးကနေ နေအပူကိုစုတ်ပေးနှုန်းကလည်း Environmental Procedureတွေထဲက တစ်ချက်ပါ။ တိမ်ကိုကျော်လာတဲ့အပူလှိုင်းကို ပြေလျော့အောင် လေထုကနေ သယ်ဆောင်လှုပ်ရှားပေးတယ်။ လေထုကိုကျော်လာတဲ့ အပူလှိုင်းက မြေကြီးကိုထိတဲ့အခါ မြေကြီးက သူ့မူအတိုင်း နိုင်သလောက်စုတ်ပေးတယ်။ ကမ္ဘာ့မြေထုဟာ ခင်ဗျားတို့ထင်ထားတာထက် အလုပ်လုပ်ပေးပုံ ပိုများပါတယ်။
ဒီအခါမှာ အိမ်ထဲနေတဲ့လူတွေက လေထုကကျော်လာတဲ့အပူနဲ့ မြေကြီးကမခံပေးနိုင်တဲ့အပူကြား “ရာသီဥတုပူလိုက်တာ” လို့ပြောလာတယ်။ ဒါကြောင့် ကျန်းမာရေးဆိုင်ရာဖက်ကမဟုတ်ဘဲ Environmentalနည်းလမ်းအရ မြေကြီးကို ရေမကြာခဏ ရေဖြန်းပေးထားမှုကလည်း အပူကိုလျော့ကျစေပါတယ်။ မြေကြီးကိုရေဖြန်းပေးရင် မြေကြီးရဲ့အလုပ်လုပ်နှုန်းက မြန်ဆန်တယ်။ အပူကိုပိုစုတ်ပေးတယ်။ ဒါကြောင့် မယုံရင် ကိုယ့်အိမ်ကမြေကွက်လပ်အလွတ်ကို ရေဖြန်းပေးထားကြည့်ပါ။ သိသိသာသာ အပူဒဏ်ခံရမှု နိမ့်နေတာကို ခံစားမိလိမ့်မယ်။
ဒါဆိုရင် မြေကွက်မရှိဘဲ နေနေတဲ့လူတွေကရော? ဒီမေးခွန်းကို ဖီလစ်ပိုင် EE Engrတွေက လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးစုအလွန်တည်းက ဖြေပေးခဲ့လို့ ဖီလစ်ပိုင်နဲ့ အာရှက အပူပိုင်းဒေသတချို့မှာ ကျင့်သုံးကြတယ်။ အိမ်ရဲ့နံရံတွေကို ရေဖြန်းပေးကြတာပေါ့။ အများကြီးဖြန်းစရာမလိုဘူး။ နှစ်နာရီခြားတစ်ခါ အပင်ရေဖြန်းသလို ကိုယ်နေမယ့်နေရာက နံရံ၊ ထရံလောက်ကို ဖြန်းထားရင်ရတယ်။ ဒီနည်းတွေက အိမ်ရဲ့ လေဝင်လေထွက်ပြတင်းပေါက်တွေကို ဖွင့်ပေးထားသလို လူတိုင်းလိုက်လုပ်နိုင်တဲ့ သဘာဝနည်းနဲ့ အပူဒဏ်သက်သာဖို့ လုပ်ဖို့ရတဲ့ နည်းတွေပေါ့။
အနည်းဆုံးတော့ ဒီနည်းတွေက တောကျပေမယ့် သက်သာတယ်။ ဒါက Airconခန်းထဲနေတဲ့ လူတန်းစားကိုပြောပေးတဲ့နည်းမဟုတ်ဘူး။ မြန်မာမှာ Airconမရှိတဲ့ မိသားစုတွေမှအများကြီးပဲ။ ဒီနည်းတွေက ရှေးနည်းဆိုလည်းဟုတ်သလို လက်တွေ့အကျိုးရတဲ့ အပူဒဏ်ခံ Environmentalနည်းတွေပါပဲ။ ( အထင်မသေးပါနဲ့။ EEရဲ့ DM Courseမှာ သင်ရတဲ့နည်းတွေပါ။ ) သစ်ပင်တွေရှိတဲ့အိမ်ကတော့ အခုကာလမှာ ပျော်စရာပေါ့။ ကိုယ့်အိမ် ကိုယ့်တိုက်ခန်း ကိုယ့်အဆောင်မှာ သစ်ပင်ရော၊ Airconပါမရှိရင်တော့ ဒီလိုနည်းတွေ လိုက်နာရမှုတွေကပဲ အသုံးဝင်လိမ့်မယ်။ ဒါပေမဲ့ သဘာဝနည်းက Airconတို့ ပန်ကာတို့လို ဘာ Heat Waveမှ မလွှတ်လို့ ပိုတောင်အဆင်ပြေတယ်။
ရာသီဥတုပူလာတယ်ဆိုတာ နိုင်ငံတစ်ခုတည်း ကွက်ဖြစ်တတ်တဲ့ အရာမဟုတ်ပါဘူး။ ကမ္ဘာလုံးဆိုင်ရာ weather patternတွေ ကမောက်ကမဖြစ်လာမှု၊ ဖန်လုံအိမ်အာနိသင် လျော့ကျလာမှုတွေကြောင့် ခံရတာတွေပါ။ လူတွေ စောက်စည်းကမ်းမရှိ မဆင်ခြင်ခဲ့လို့ပေါ့။ ဖန်လုံအိမ်အာနိသင် ဘာကြောင့်လျော့လာသလဲဆိုရင် ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မီသိန်းလို ဖန်လုံအိမ်ဓာတ်ငွေ့မျိုးတွေ ပိုထုတ်လွှတ်မှုကနေ ဖြစ်ပျက်လာတာတွေပေါ့။
အခုလက်ရှိမြန်မာမှာ အပူချိန်မြင့်နေသလိုပဲ၊ မိုးကြီးမှာတွေ၊ မုန်တိုင်းဝင်မယ့် ခန့်မှန်းချက်တွေကလည်း ထွက်နေပြီ။ တခြားနိုင်ငံတွေမှာလည်း အခုလို Weather အပြောင်းအလဲတွေ ဖြစ်လာမှာပဲ။ လေထုထဲက ဖန်လုံအိမ်ဓာတ်ငွေ့အချိုးအစားကို အနည်းငယ်ပြောင်းလဲမှုဖြစ်ရင်တောင် ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာအရ သိပ်ကိုကြီးမားတဲ့ပြောင်းလဲမှုကို ဖြစ်စေပါတယ်။ ဖန်လုံအိမ်အာနိသင် စပြောင်းလဲခဲ့တာ စက်မှုတော်လှန်ရေးခေတ်ကနေ လက်ရှိခေတ်အထိမို့ ကြာခဲ့ပါပြီ။
သမုဒ္ဒရာ Water Patternတွေ၊ River Patternနဲ့ Green Zoneက အခုလိုဖြစ်ပျက်ပြောင်းလဲလာမှုတွေကို တွန်းလှန်ပေးခဲ့ပေမယ့် အချိန်ကြာလာလေ မဆင်ခြင်လာမှုက များလာလို့ လက်ရှိကမ္ဘာဟာ စိုးရိမ်စရာအမှတ်အထိ ရောက်လာခဲ့ပြီ။ NOAAလို့ ခေါ်တဲ့ National Oceanic and Atmospheric Administrationရဲ့ တိုင်းတာချက်အရ လက်ရှိကမ္ဘာရဲ့ နှစ်ခြောက်ဆယ်ကာလမှာ လေထုထဲရှိလာတဲ့ Carbon Dioxide ပမာဏဟာ လွန်ခဲ့တဲ့နှစ်သုံးသန်းကထက် ပိုမြန်တဲ့ အဆနဲ့တက်လာတဲ့ ကြောက်စရာပမာဏဖြစ်နေတယ်။ သဘောက လွန်ခဲ့တဲ့နှစ်တစ်ရာက ကမ္ဘာနဲ့ လက်ရှိကမ္ဘာက အကုန်ခြားနားနေပါပြီ။ ရာသီဥတုပြောင်းလဲနှုန်းလည်း အမှတ်နဲ့မဟုတ်ဘဲ အဆနဲ့ပြောင်းလဲလာနေတယ်။
အနီးစပ်ဆုံး ဥပမာတစ်ခုကို တိတိကျကျပြောရရင် ၁၉၆၀တုန်းက လေထုထဲရှိတဲ့ကာဗွန်ပမာဏဟာ ၂၀၁၀ မှာ လေးဆနီးပါးတိုးလာတယ်။ လက်ရှိ ၂၀၂၀မှာ 416.21 ppmဆိုတာ လန့်စရာကြီးပါ။ NASAက EE Engrတွေ တိုင်းတာမှုအရ ဒီနှုန်းအတိုင်းဆက်သွားရင် ၂၀၄၀ နဲ့ ၂၀၆၀ အတွင်း ရေခဲတုံးပျောက်နေမယ့် အာတိတ်နွေရာသီကို မြင်ကြရလိမ့်မယ်တဲ့။ အာတိတ်သာ ပျက်စီးသွားရင် ကမ္ဘာ့သမိုင်းထဲ စာအုပ်ထဲသာမြင်ရတော့မယ့် မြို့ကြီးတွေရှိနေပါတယ်။ ရေခဲမြစ်တွေ၊ ရေခဲပြင်တွေဆိုတာ အလကားအပိုရှိနေတဲ့နေရာတွေမဟုတ်ဘူး။ သူတို့မရှိရင် သူတို့အရည်ပျော်လာနေတာကို မဆင်ခြင်ရင် သေပေးရမယ့်သက်ရှိက မတွေးရဲစရာပါ။
လူသားတွေဟာ တစ်မိနစ်မှာ ဘောလုံးကွင်း ၂၇ကွင်းစာ သစ်ပင်တွေကို ခုတ်လှဲနေတယ်။ ၂၀၁၉ ခုနှစ်က ၂၈အထိ စံချိန်တင်သွားတယ်။ ဒါဟာ တစ်ရက်ကို ဘောလုံးကွင်းလေးသောင်းစာ ခုတ်လှဲနေတာကို သက်သေပြလိုက်တာပဲ။ လူတွေ ပိုက်ဆံဘယ်လောက်ပေါပေါ ဝယ်လို့မရတဲ့အရာထဲ သဘာဝကပေးတဲ့ ရေသန့်နဲ့ လေထုပါပါတယ်။ ဒီရေနဲ့လေကို သစ်ပင်တွေကနေ ပြန်ထုတ်ပေးနေတယ်။
သစ်ပင်တွေမရှိရင် မိုးမမှန်ဘူး။ မိုးမမှန်ရင် Water Circulation ကမောက်ကမဖြစ်မယ်။ လေထုညစ်ညမ်းမှုကို သစ်ပင်တွေကနေလည်း ပြန်ထိန်းညှိပေးတယ်။ ဒီပမာဏအတိုင်း ဆက်ခုတ်နေရင် Green Zone Areaကန့်သတ်မှတ်ကို ကျော်တဲ့နှစ်မှာ ကမ္ဘာ့လူဦးရေတစ်ဝက်ဟာ တဖြေးဖြေးသေပေးရလိမ့်မယ်။ လက်ရှိ ကမ္ဘာ့Water Resources ကန့်သတ်မှတ်ဟာ ၁၉၅၀ နောက်ပိုင်းတည်းက အောက်ကိုထိုးကျနေခဲ့ပါပြီ။
ဒါပေမဲ့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းဟာ ကမ္ဘာ့သမိုင်းမှာ ကြောက်စရာအကောင်းဆုံး ဆယ်စုနှစ်တွေအနေနဲ့စဖို့ လူသားတွေကပဲ စလုပ်ခဲ့ကြတယ်။ အခု ကမ္ဘာ့လူဦးရေရဲ့ သန်းပေါင်း ၇၉၀ ကျော်ဟာ သဘာဝရေသန့်အရင်းအမြစခ မသောက်သုံးရပါဘူး။ လူမှုကွန်ရက်တွေ TV တွေမှာ ရေတစ်ခွက်သောက်ရဖို့ ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ နိုင်ငံတွေကို မြင်ကြမှာပါ။
ခင်ဗျားကအိမ်မှာ ရေတစ်ပုံးစာနဲ့ ခေါင်းလျှော်လို့ရတာက လေးငါးပုံးစိတ်ကြိုက်သုံးနေချိန်၊ ပန်းကန်တစ်ချပ်ကို ရေနှစ်လီတာလောက်သုံးပြီး ဆေးနေချိန် တခြားနေရာမှာ ရေတစ်ခွက်သောက်ရဖို့ မျှော်လင့်နေရတဲ့မိသားစုတွေ နေထိုင်နေရပါပြီ။ ဒါပဲလားဆိုတော့ လူတွေရဲ့ မဆင်ခြင်မှုကြောင့် ၁၉၇၁ ခုနှစ်ကရှိတဲ့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်အကောင်ရေဟာ နှစ်လေးဆယ်ကျော်အတွင်းမှာတင် 60% ပျောက်ဆုံးသွားခဲ့ပါပြီ။
ဒါကအားလုံးနားလည်အောင် ဘာဘိုစကားမှ ထည့်မညှပ်ဘဲ ရိုးရိုးလေးရေးပြတာပါ။ လက်ရှိမြန်မာဟာ အရင်အစိုးရ အဆက်ဆက်ရဲ့ မဆင်မခြင်လုပ်ခဲ့မှုတွေကြောင့် ကိုယ်တွေ့ခံစားနေရပြီ။ ဒီလိုပြောလို့ NLD ရှေ့ အရင်အစိုးရကို လော်ဘီလုပ်တယ်မထင်နဲ့။ ကျုပ်က Environmentalကိုပဲ စိတ်ဝင်စားသူပါ။ ဒါပေမဲ့ အရင်အစိုးရအဆက်ဆက် လုပ်ခဲ့တဲ့အကျိုးဆက်တွေက လက်ရှိကာလကို ရိုက်ခတ်နေခြင်းရဲ့ ပြယုဂ်ပဲ။
ကမ္ဘာလုံးဆိုင်ရာ ကိစ္စပေမယ့် အပူချိန်အနိမ့်အမြင့် ကွာခြားမှုဟာ နိုင်ငံတစ်ခုချင်းအလိုက် Green Zone Areaပေါ်မှာလည်း မူတည်နေတယ်။ ကမ္ဘာ့ Environmental ပညာရှင်တွေရဲ့ထောက်ပြမှုအရ လက်ရှိကမ္ဘာကို ပြန်ကျန်းမာလာစေဖို့ စီးပွားရေးလုပ်ငန်းတွေကို သဘာဝနဲ့ပတ်သက်တဲ့ Lawတွေထဲကနေ စီစစ်ခွင့်ပြုမှု၊ အစိုးရနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေကြားက အကျိုးအမြတ်ရှာဖွေမှုမှာ ပြောင်းလဲသတ်မှတ်ရမယ့် ဥပဒေတွေအလိုက် လုပ်ဆောင်မှုနဲ့ 3R Systemကို အသုံးပြုမှုတွေကပဲ အထောက်အကူဖြစ်လိမ့်မယ်။
လက်ရှိမြန်မာမှာ နိုင်ငံခြားသားကို လုပ်ကွက်ပေးထားတဲ့ Projectတိုင်းမှာ Environmental Lawတို့ GZLတို့ဆိုတာ ချောင်ကပ်နေတဲ့ ဥပဒေတွေပါ။ မြစ်ဆုံတို့၊ ဖားကန့်တို့၊ မြန်မာရဲ့အလယ်ပိုင်းနဲ့ အပေါ်ပိုင်းမှာ ပြန့်ကျဲနေတဲ့ တရုတ်ပိုင် သခွားမွှေးခင်း၊ ရာဘာခင်းတို့နဲ့ တခြား တွင်းထွက် Projectတွေက သက်သေပေါ့။ သဘာဝတရားဆိုတာ ဖြစ်လာမှ ချက်ချင်းထပြင်လို့ရတဲ့အရာ မဟုတ်ပါဘူး။ နှစ်အဆက်ဆက် ထိန်းသိမ်းလုပ်ဆောင်မှ ပြင်လို့ရတဲ့ကိစ္စပါ။
အခုမြန်မာမှာ ငါးနှစ်အတွင်း °C Rate မြင့်တက်လာမှုက သိသာလွန်းတဲ့ ဂဏန်းကိုပြနေပြီ။ ဒါတွေက ပြီးခဲ့တာတွေရဲ့ အကျိုးဆက်ကိုခံရတာပေမယ့် နောက်ဖြစ်လာမယ့် အကျိုးဆက်အတွက်တော့ ပြင်ဆင်မှရပါလိမ့်မယ်။ ဒီလိုနိုင်ငံရေး၊ သဘာဝအရေးကို ထည့်မပြောရင်တောင် လက်ရှိကာလမှာ ဆင်ဆင်ခြင်ခြင်နဲ့ နေထိုင်သင့်တယ်။ အသက်အရွယ်ကြီးသူတွေက ပိုဂရုစိုက်သင့်သလို၊ လူငယ်တွေကလည်း ပေါ့ဆလို့မရဘူး။ အပူရှိန်ကြောင့် ထိခိုက်ဖြစ်ပျက်မှုမှာ လူငယ်လူကြီး မခွဲထားပါဘူး။
ကျန်းမာရေးနည်းအရ ပေါ့ပေါ့ပါးပါးနဲ့ လေဝင်လေထွက်ကောင်းတာကိုဝတ်မယ်၊ ရေမကြာခဏ သောက်ပေးမယ်၊ အကာအကွယ်မဲ့အပြင်ထွက်တာတွေကို ရှောင်မယ်၊ Airconခန်းထဲနေတာဆိုပြီး ဖင်ယားစွာနဲ့ Energy Wasteဖြစ်မှုတွေကို ဆင်ခြင်မယ်၊ ပူလို့ဆိုပြီး ပန်ကာဖွင့်အိပ်တဲ့ Suicideနည်းတွေကိုရှောင်မယ်၊ သဘာဝနည်းရော ကျန်းမာရေးနည်းတွေကိုပါ အလေးထားမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။
မသိနားမလည်တဲ့ လူကြီးတွေ ကိုယ့်အိမ်မှာရှိရင်လည်း ပြောပြရင်း ဆင်ခြင်ကြပေါ့ဗျာ။ မဆင်ခြင်လို့ကတော့ ပန်ကာနဲ့နေနေ Aircon ခန်းထဲနေနေ အသေဆိုးနဲ့သေမယ့်အပူချိန်ပါ။ Aircon ခန်းထဲက Room Temperatureနဲ့ အပြင်က Temperature ကို ချက်ချင်းပြောင်းမိရင် Body Temperatureရဲ့အပြောင်းအလဲကြောင့် မျိုးကန်းတတ်ပါတယ်။
ဒါကြောင့် Airconခန်းထဲနေပြီး မဆင်မခြင်နဲ့ အပြင်တန်းမထွက်သင့်သလို အပြင်ကပြန်လာတာနဲ့ Airconကို ဂိတ်ဆုံးတင်ပြီး အအေးခံပစ်တာမျိုးက ဆင်ခြင်သင့်တယ်။ ဒါကဆရာကြီးလုပ်ပြောတယ်မထင်ပါနဲ့။ ကိုယ်က EEဖက်ကဖြစ်လို့ ဒီလိုပြောင်းလဲလာတဲ့ အပူချိန်မြင့်နေတဲ့မြန်မာမှာ Environmentalနဲ့ပတ်သက်ပြီး သိသလောက်ကို ဆင်ဆင်ခြင်ခြင်နေစေချင်လို့ ပြန်မျှဝေရုံပါ။
Htet Wa Na