Health

နှင်းဆီပန်းကြိုက်သူများအတွက် နှင်းဆီ၏ အံ့ဖွယ် ကျန်းမာရေးအရအသုံးဝင်မှုများ

Written by Aung Lay

နှင်းဆီRoseရဲ့ကျန်းမာရေးအရအသုံးဝင်ပုံများ

Generic Name: Rose (နှင်းဆီပန်း)

နှင်းဆီပန်းကကျန်းမာရေးကိုအထောက်အကူဖြစ်စေလိမ့်မယ်၊လို့တစ်ခါလေးတောင်မစဉ်းမိခဲ့ပါဘူး။

ဒါပေမယ့်နှင်းဆီပန်းရဲ့ အဆီအနှစ်တွေက ရှေးယခင်ခေတ်ကာလတွေကတည်းက ကိုယ်ခန္ဓာ၊ စိတ်နဲ့အရေပြားတို့အတွက် ကောင်းကျိုးပြုတာတွေအများအပြားရှိခဲ့တာ ဖြစ်ပါတယ်။ နှင်းဆီပန်းကို အလှအပအတွက်အသုံးပြုနိုင်တယ်လို့တော်တော်များများသိပြီးဖြစ်ပေမယ့်

နှင်းဆီပန်းရဲ့ပွင့်ချပ်လေးတွေက လိင်မှုဘဝကို အားဖြည့်ပေးသလို စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေနိုင်တယ်ဆိုတာကို တော့သိပ်မသိကြသေးပါဘူး။

နှင်းဆီကမျိုးစိတ်ပေါင်း ၁၀၀ ကျော်ရှိပြီး အရောင်အသွေးအမျိုးမျိုးရှိပါတယ်။ နှင်းဆီပင်ဟာ အာရှမျိုးရင်းပင်ဖြစ်ပြီး နောက်ပိုင်းမှာမှ မြောက်အမေရိက၊ ဥရောပ နဲ့မြောက်အာဖရိကတို့လိုမျိုး ကမ္ဘာ့နိုင်ငံတော်တော်များများမှာရှင်သန်ပေါက်ရာက်လာတာဖြစ်ပါတယ်။

နှင်းဆီပန်းကနေ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

ကိုယ်အလေးချိန်ကျစေနိုင်ခြင်း

နှင်းဆီပန်းရဲ့ ပွင့်ချပ်ထဲမှာပါတဲ့ ဒြပ်ပေါင်းတွေက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကိုလည်း တိုးတက်စေနိုင်စွမ်းရှိပါတယ်။

နှင်းဆီပွင့်ချပ်လက်တစ်ဆုပ်စာလောက်ကိုစားသုံးပေးမယ် ဆိုရင် စိတ်ကျေနပ်မှုရရှိစေပြီး အဆာခံနိုင်စေမှာဖြစ်တာကြောင့် သဘာဝအတိုင်းကိုယ်အလေးချိန်လျှော့ချစေနိုင်မယ့် နည်းတစ်ရပ်ပါ။

သဘာဝကာမအားတိုးဆေးတစ်ရပ်

နှင်းဆီပန်းဟာ အချစ်သင်္ကေတတစ်ရပ်ဖြစ်ရုံသာမက သဘာဝကာမအားတိုးဆေးတစ်ရပ်လည်း ဖြစ်ပါတယ်။ နှင်းဆီရဲ့ပွင့်ချပ်တွေက လိင်စိတ်တက်ကြွလာအောင်လှုံ့ဆော်ရာမှာ တော်တော်လေးထိရောက်ပါတယ်။ နှင်းဆီပွင့်ချပ်တွေက နှလုံးခုန်သံကို စည်းချက်မျန်အောင်ထိန်းညှိပေးနိုင်သလို စိတ်ခံစားမှုနဲ့အာရုံကြောစနစ်တွေကိုကောင်းမွန်စေပါတယ်။

စိတ်ဖိစီးမှုနဲ့စိတ်ဓာတ်ကျမှုတွေကိုပြေလျော့စေခြင်း

ပင်ပန်းနွမ်းလျတာနဲ့စိတ်ဖိစီးမှုများတာကြောင့် အိပ်မပျော်တာနဲ့စိတ်ဂနာမငြိမ်တာတွေဖြစ်စေပြီး အဆိုပါအကျိုးဆက်တွေကြောင့် စိတ်ဆိုးလွယ်တာနဲ့ အမျိုးသမိးတွေမျာ လိင်စိတ်ကုန်ခမ်းတာမျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ နှင်းဆီပွင့်ချပ်တွေနဲ့ ပွင့်ချပ်တွေရဲ့ အဆီက အဆိုပါ လက္ခဏာတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။

Paraíba-Caixa တက္ကသိုလ် Physiology and Pathology/LTF ဌာနက လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာ နှင်းဆီပန်းရဲ့အဆီက စိတ်ငြိမ်စေနိုင်စွမ်းရှိတယ်။လို့တွေ့ရှိခဲ့ပါတယ်။

လိပ်ခေါင်းလက္ခဏာတွေကိုသက်သာအောင်အထောက်အပံ့ပေးနိုင်ခြင်း

နှင်းဆီပွင့်ချပ်တွေက လိပ်ခေါင်းကိုကုသနိုင်တဲ့ သဘာဝ ဆေးတစ်မျိုးပါ။ နှင်းဆီပန်းမှာ အမျှင်ဓာတ်နဲ့ရေဓာတ်ကြွယ်ဝစွာပါဝင်သလို ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်းအားဖြင့် အစာကြေညက်အောင်ထောက်ပံ့ပေးပါတယ်။ နှင်းဆီရဲ့ အဆိုပါအစွမ်းတွေက လိပ်ခေါင်းကြောင့်သွေးကျတာကို သက်သာစေသလို နာကျင်မှုကိုလည်း လျော့ပါးစေပါတယ်။

ဝက်ခြံပျောက်စေနိုင်ခြင်း

ဝက်ခြံတွေအများကြီးထွက်နေရင် နှင်းဆီပန်းကို သဘာဝဝက်ခြံပျောက်ဆေးတစ်ရပ်အနေနဲ့အသုံးပြုနိုင်ပါတယ်။ rosewater ကိုလည်း ဝက်ခြံပျောက်အောင်အသုံးပြုနိုင်ပါတယ်။ အစိုဓာတ်ကိုထိန်းပေးပြီး နှင်းဆီပွင့်ချပ်မှာပါတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းက ဝက်ခြံတွေကို ညှိုးခြောက်သွားအောင်လုပ်ဆောင်ပေးပါတယ်။

ပိုးမွှားတွေကိုသေစေနိုင်တဲ့ phenyl ethanol ပါရှိမှုကြောင့် rosewater ကဝက်ခြံတွေကိုထိထိရောက်ရောက်နှိမ်နှင်းပေးနိုင်ပါတယ်။

နှုတ်ခမ်းကိုအရောင်တက်စေနိုင်ခြင်း

နှုတ်ခမ်းကိုအရောင်တက်စေဖို့အတွက် နှင်းဆီပန်းကိုအသုံးပြုပေးနိုင်ပါတယ်။ နှင်းဆီပန်းက နှုတ်ခမ်းကိုပန်းရောင်သွေးသန်းစေရုံသာမက နူးညံ့စေပါတယ်။ အရေပြားကိုလည်း အစိုဓာတ်ထိန်းပေးပြီး ဝင်းလက်တောက်ပစေပါတယ်။ နှင်းဆီပန်းက နှုတ်းခမ်းပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးပြီး နှုတ်ခမ်းသားကိုပြည့်စေနိုင်ပါတယ်။

နှင်းဆီရေနွေးကြမ်းက ကူးစက်ရောဂါတွေကိုကုသနိုင်ခြင်း

နှင်းဆီပွင့်ချပ်တွေနဲ့လုပ်ထားရေနွေးကြမ်းက အသည်းကနေ သည်းခြေရည် ထွက်အောင်လှုံ့ဆော်ပေးနိုင်ပြီး သည်းခြေအိတ်ကိုလည်း သန့်စင်အောင်အထောက်အကူပြုပေးပါတယ်။ လေပြွန်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါလက္ခဏာတွေကိုလျော့ကျစေနိုင်သလို လည်ချောင်းနာတာကိုလည်းသက်သာစေပါတယ်။

နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကိုသက်သာစေခြင်း

နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကို သက်သာစေသလို သွေးကိုလည်းသန့်စေပါတယ်။ စိတ်ခံစားမှုကိုလည်းကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ ရေကျောက်နဲ့ဝက်သက်ရောဂါတွေကုသရာမှာလည်း နှင်းဆီပေါင်းခံရည်ကို အသုံးပြုနိုင်ပါတယ်။ အသေးစားဖျားနာမှုတွေအတွက် နှင်းဆီပေါင်းခံရည်ကိုအသုံးပြုနိုင်ပါတယ်။

နှင်းဆီရေနွေးကြမ်းက ဝမ်းချုပ်တာကိုသက်သာစေခြင်း

နှင်းဆီပွင့်ချပ်၊ အရွက်၊ နှင်းဆီပွင့်ခံရွက်တွေနဲ့လုပ်ထားတဲ့ရေနွေးကြမ်းက အဖျားကိုကျစေနိုင်ပါတယ်။ အဆိုပါရေနွေးကြမ်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလိုအရေပြားပေါ်က နီမြန်းမှုတွေကိုလည်းလျော့ကျစေနိုင်ပါတယ်။

နှင်းဆီပန်းရေနွေးကြမ်းမှာပါတဲ့ ဖလေဗာနွိုက်က ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်အောင် အထောက်အပံ့ပေးပါတယ်။ နှာစေးတာနဲ့ချွဲကြပ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

သတိပြုဖွယ်ရာမျာ

နှင်းဆီပန်းရေနွေးကြမ်းကို ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေမသောက်သင့်ပါဘူး။

ဆီးချို (သို့) သွေးအားနည်းရောဂါရှိသူတွေအနေနဲ့ နှင်းဆီရေနွေးကြမ်းမသောက်သင့်ပါဘူး။

ဆေးဝါးတွေမှီဝဲနေရတယ်ဆိုရင်လည်း ဆေးဝါးတွေနဲ့ ဓာတ်ပြုတာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ဆွေးနွေးပြီးမှသာ သောက်သုံးသင့်ပါတယ်။

ပန်းနှင်းဆီ ရဲ့အလှနဲ့ အနံ့ ကိုဆူးတွေနဲ့ကာရံထားတဲ့ မာန်ကြောင့် …..ပို၍ကြိုက်မိစေလားမသိခဲ့ပါ ။

ပန်းထဲမှာအကြိုက်ဆုံးပါပဲရှင်နေ့စဉ်သူ့ကိုမမြင်ရရင်မနေနိူင်ပေါ့..။ အိပ်ရာကနိူးသူအလှသူ့အနံ့ရလိုက်မှပို၍လန်းဆန်းပြီးအားမာန်တွေပိုရသလိုပါပဲ။ချစ်တဲ့…

Dr. Thurein Hlaing Win.

Zawgyi

ႏွွင္းဆီRoseရဲ႕က်န္းမာေရးအရအသံုးဝင္ပံုမ်ား

Generic Name: Rose (ႏွင္းဆီပန္း)

ႏွွင္းဆီပန္းကက်န္းမာေရးကုိအေထာက္အကူျဖစ္ေစလိိမ့္မယ္၊လို႔တစ္ခါေလးေတာင္မစဥ္းမိခဲ့ပါဘူး။

ဒါေပမယ့္ႏွွင္းဆီပန္းရဲ႕ အဆီအႏွစ္ေတြက ေရွးယခင္ေခတ္ကာလေတြကတည္းက ကိုယ္ခႏၶာ၊ စိိတ္နဲ႔အေရျပားတိုိ႔အတြက္ ေကာင္းက်ိဳးျပဳတာေတြအမ်ားအျပားရွိခဲ့တာ ျဖစ္ပါတယ္။ ႏွင္းဆီပန္းကို အလွအပအတြက္အသံုးျပဳနိုင္တယ္လို႔ေတာ္ေတာ္မ်ားမ်ားသိျပီးျဖစ္ေပမယ့္

ႏွင္းဆီပန္းရဲ႕ပြင့္ခ်ပ္ေလးေတြက လိင္မႈဘဝကို အားျဖည့္ေပးသလို စိတ္ဖိစီးမႈေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့အျပင္ ကိုယ္အေလးခ်ိန္ကိုလည္းက်ဆင္းေစႏိုင္တယ္ဆိုတာကို ေတာ့သိပ္မသိၾကေသးပါဘူး။

ႏွင္းဆီကမ်ိုးစိတ္ေပါင္း ၁၀၀ ေက်ာ္ရွိျပီး အေရာင္အေသြးအမ်ိဳးမ်ိဳးရွိပါတယ္။ ႏွင္းဆီပင္ဟာ အာရွမ်ိဳးရင္းပင္ျဖစ္ျပီး ေနာက္ပိုင္းမွာမွ ေျမာက္အေမရိက၊ ဥေရာပ နဲ႔ေျမာက္အာဖရိကတို႔လိုမ်ိဳး ကမာၻ႔ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာရွင္သန္ေပါက္ရာက္လာတာျဖစ္ပါတယ္။

ႏွွင္းဆီပန္းကေန ဘယ္လိုက်န္းမာေရးအက်ိုးေက်းဇူးေတြရရွိႏိုင္မလဲဲ

ကိုိယ္အေလးခ်ိန္က်ေစႏိုင္ျခင္း

ႏွွင္းဆီပန္းရဲ႕ ပြင့္ခ်ပ္ထဲမွာပါတဲ့ ျဒပ္ေပါင္းေတြက ကိုယ္တြင္းကအဆိိပ္အေတာက္ေတြကို ဖယ္ရွားေပးတဲ့အျပင္ ဇီဝတြင္းျဖစ္ပ်က္ေျပာင္းလဲမႈကိုလည္း တိုးတက္ေစႏိုင္စြမ္းရွိပါတယ္။

ႏွင္းဆီပြင့္ခ်ပ္လက္တစ္ဆုပ္စာေလာက္ကိုစားသံုးေပးမယ္ ဆိုရင္ စိတ္ေက်နပ္မႈရရွိေစျပီး အဆာခံႏိုင္ေစမွာျဖစ္တာေၾကာင့္ သဘာဝအတိုင္းကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေစႏိုင္မယ့္ နည္းတစ္ရပ္ပါ။

သဘာဝကာမအားတိုးေဆးတစ္ရပ္္

ႏွွင္းဆီပန္းဟာ အခ်စ္သေကၤတတစ္ရပ္ျဖစ္ရံုသာမက သဘာဝကာမအားတိုးေဆးတစ္ရပ္လည္း ျဖစ္ပါတယ္။ ႏွင္းဆီရဲ႕ပြင့္ခ်ပ္ေတြက လိိင္စိတ္တက္ၾကြလာေအာင္လႈံ႔ေဆာ္ရာမွာ ေတာ္ေတာ္ေလးထိေရာက္ပါတယ္။ ႏွင္းဆီပြင့္ခ်ပ္ေတြက ႏွလံုးခုန္သံကို စည္းခ်က္မ်န္ေအာင္ထိန္းညွိေပးႏိုင္သလို စိတ္ခံစားမႈနဲ႔အာရံုေၾကာစနစ္ေတြကိုေကာင္းမြန္ေစပါတယ္။

စိတ္ဖိစီးမႈနဲ႔စိတ္ဓာတ္က်မႈေတြကိုေျပေလ်ာ့ေစျခင္း

ပင္ပန္းႏြမ္းလ်တာနဲ႔စိတ္ဖိစီးမႈမ်ားတာေၾကာင့္ အိပ္မေပ်ာ္တာနဲ႕စိတ္ဂနာမျငိမ္တာေတြျဖစ္ေစျပီး အဆိုပါအက်ိဳးဆက္ေတြေၾကာင့္ စိတ္ဆိုးလြယ္တာနဲ႔ အမ်ိဳးသမိးေတြမ်ာ လိင္စိတ္ကုန္ခမ္းတာမ်ိဳးေတြကိုျဖစ္ေပၚေစႏိုင္ပါတယ္။ ႏွင္းဆီပြင့္ခ်ပ္ေတြနဲ႔ ပြင့္ခ်ပ္ေတြရဲ႕ အဆီက အဆိုပါ လကၡဏာေတြကို တိုက္ဖ်က္ေပးႏိုင္စြမ္းရွိပါတယ္။

Paraíba-Caixa တကၠသိုလ္ Physiology and Pathology/LTF ဌာနက လုပ္ေဆာင္ခဲ့တဲ့ေလ့လာမႈတစ္ရပ္မွာ ႏွင္းဆီပန္းရဲ႕အဆီက စိတ္ျငိမ္ေစနိုင္စြမ္းရွိတယ္။လို႔ေတြ႔ရွိခဲ့ပါတယ္။

လိပ္ေခါင္းလကၡဏာေတြကိုသက္သာေအာင္အေထာက္အပံ့ေပးႏိုင္ျခင္း

ႏွင္းဆီပြင့္ခ်ပ္ေတြက လိပ္ေခါင္းကိုကုသႏိုင္တဲ့ သဘာဝ ေဆးတစ္မ်ိုးပါ။ ႏွွင္းဆီပန္းမွာ အမွ်င္ဓာတ္နဲ႔ေရဓာတ္ၾကြယ္ဝစြာပါဝင္သလို ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးျခင္းအားျဖင့္ အစာေၾကညက္ေအာင္ေထာက္ပံ့ေပးပါတယ္။ ႏွင္းဆီရဲ႕ အဆိုပါအစြမ္းေတြက လိပ္ေခါင္းေၾကာင့္ေသြးက်တာကို သက္သာေစသလို နာက်င္မႈကိုလည္း ေလ်ာ့ပါးေစပါတယ္။

ဝက္ျခံေပ်ာက္ေစႏိုင္ျခင္း

ဝက္ျခံေတြအမ်ားၾကီးထြက္ေနရင္ ႏွင္းဆီပန္းကို သဘာဝဝက္ျခံေပ်ာက္ေဆးတစ္ရပ္အေနနဲ႔အသံုးျပဳႏိုင္ပါတယ္။ rosewater ကိုိလည္း ဝက္ျခံေပ်ာက္ေအာင္အသံုးျပဳနိုင္ပါတယ္။ အစိုဓာတ္ကိုထိန္းေပးျပီး ႏွင္းဆီပြင့္ခ်ပ္မွာပါတဲ့ ဘက္တီးရီးယားေတြကို ေသေစနိုင္တဲ့အစြမ္းက ဝက္ျခံေတြကို ညိႈးေျခာက္သြားေအာင္လုပ္ေဆာင္္ေပးပါတယ္။

ပိုးမႊားေတြကိုေသေစႏိုင္တဲ့ phenyl ethanol ပါရွိမႈေၾကာင့္ rosewater ကဝက္ျခံေတြကိုထိထိေရာက္ေရာက္ႏွိမ္ႏွင္းေပးနိုင္ပါတယ္။

ႏႈတ္ခမ္းကိုအေရာင္တက္ေစႏိုင္ျခင္း

ႏႈတ္ခမ္းကိုအေရာင္တက္ေစဖို႔အတြက္ ႏွင္းဆီပန္းကိုအသံုးျပဳေပးႏိုင္ပါတယ္။ ႏွင္းဆီပန္းက ႏႈတ္ခမ္းကိုပန္းေရာင္ေသြးသန္းေစရံုသာမက ႏူးညံ႔ေစပါတယ္။ အေရျပားကိုလည္း အစိုဓာတ္ထိန္းေပးျပီး ဝင္းလက္ေတာက္ပေစပါတယ္။ ႏွင္းဆီပန္းက ႏႈတ္းခမ္းေပၚကဆဲလ္ေသေတြကိုဖယ္ရွားေပးျပီး ႏႈတ္ခမ္းသားကိုျပည့္ေစနိုင္ပါတယ္။

ႏွင္းဆီေရေႏြးၾကမ္းက ကူးစက္ေရာဂါေတြကိုကုသႏိုင္ျခင္း

ႏွင္းဆီပြင့္ခ်ပ္ေတြနဲ႔လုပ္ထားေရေႏြးၾကမ္းက အသည္းကေန သည္းေျခရည္ ထြက္ေအာင္လႈ႔ံေဆာ္ေပးႏိုင္ျပီး သည္းေျခအိိတ္ကိုလည္း သန္႔စင္ေအာင္အေထာက္အကူျပဳေပးပါတယ္။ ေလျပြန္နဲ႔ပတ္သက္တဲ့ ကူးစက္ေရာဂါလကၡဏာေတြကိုေလ်ာ့က်ေစႏိုင္သလို လည္ေခ်ာင္းနာတာကိုလည္းသက္သာေစပါတယ္။

ႏွင္းဆီေပါင္းခံရည္က ဝမ္းခ်ဳပ္တာကိုသက္သာေစျခင္း

ႏွင္းဆီေပါင္းခံရည္က ဝမ္းခ်ဳပ္တာကို သက္သာေစသလို ေသြးကိုလည္းသန္႔ေစပါတယ္။ စိိတ္ခံစားမႈကိုလည္းေကာင္းမြန္ေအာင္လုပ္ေဆာင္ေပးပါတယ္။ ေရေက်ာက္နဲ႔ဝက္သက္ေရာဂါေတြကုသရာမွာလည္း ႏွင္းဆီေပါင္းခံရည္ကို အသံုးျပဳႏိုင္ပါတယ္။ အေသးစားဖ်ားနာမႈေတြအတြက္ ႏွင္းဆီေပါင္းခံရည္ကိုအသံုးျပဳနိုင္ပါတယ္။

ႏွင္းဆီေရေႏြးၾကမ္းက ဝမ္းခ်ဳပ္တာကိုသက္သာေစျခင္း

ႏွင္းဆီပြင့္ခ်ပ္၊ အရြက္၊ ႏွင္းဆီပြင့္ခံရြက္ေတြနဲ႔လုပ္ထားတဲ့ေရေႏြးၾကမ္းက အဖ်ားကိုိက်ေစႏိုင္ပါတယ္။ အဆိုပါေရေႏြးၾကမ္းက ခႏၶာကိုယ္ထဲက အဆိိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္သလိုအေရျပားေပၚက နီျမန္းမႈေတြကိုလည္းေလ်ာ့က်ေစႏိုင္ပါတယ္။

ႏွင္းဆီပန္းေရေႏြးၾကမ္းမွာပါတဲ့ ဖေလဗာႏိြဳက္က ကိုယ္ခံအားစနစ္တိုးတက္ေကာင္းမြန္ေအာင္ အေထာက္အပံ့ေပးပါတယ္။ ႏွာေစးတာနဲ႔ခၽြဲၾကပ္တာေတြကိုလည္း သက္သာေစနိုင္ပါတယ္။

သတိျပဳဖြယ္ရာမ်ာ

ႏွွင္းဆီပန္းေရေႏြးၾကမ္းကို ကိုယ္ဝန္ေဆာင္နဲ႔ႏို႔တိုက္မိခင္ေတြမေသာက္သင့္ပါဘူး။

ဆီးခ်ိဳ (သို႔) ေသြးအားနည္းေရာဂါရွိသူေတြအေနနဲ႔ ႏွင္းဆီေရေႏြးၾကမ္းမေသာက္သင့္ပါဘူး။

ေဆးဝါးေတြမွီဝဲေနရတယ္ဆိုရင္လည္း ေဆးဝါးေတြနဲ႔ ဓာတ္ျပဳတာမ်ိဳးျဖစ္နိုိင္တာေၾကာင့္ ဆရာဝန္နဲ႔ေဆြးေႏြးျပီးမွသာ ေသာက္သံုးသင့္ပါတယ္။

ပန္းႏွင္းဆီ ရဲ႕အလွနဲ႔ အနံ႔ ကိုဆူးေတြနဲ့ကာရံထားတဲ့ မာန္ေၾကာင့္ …..ပို၍ႀကိဳက္မိိေစလားမသိခဲ့ပါ ။

ပန္းထဲမွာအႀကိဳက္ဆံုးပါပဲ႐ွင္ေန႔စဥ္သူ႔ကိုမျမင္ရရင္မေနႏိူင္ေပါ့..။ အိိပ္ရာကႏိူးသူအလွသူ႔အနံ႔ရလိုက္မွပို၍လန္းဆန္းျပီးအားမာန္ေတြပိုရသလိုပါပဲ။ခ်စ္တဲ့…

Dr. Thurein Hlaing Win.

About the author

Aung Lay

Leave a Comment