News

ရန်ကုန် မှာ မိုးကြီး လို့ မြို့နယ် တချို့ရေကြီးရေလျှံ

Written by Aung Lay

ရန်ကုန် မှာ မိုးကြီး လို့ မြို့နယ် တချို့ရေကြီးရေလျှံ

အခုတွေ့မြင်ရတဲ့ ဓာတ်ပုံတွေက စမ်းချောင်း နဲ့ ဗိုလ်တထောင်က ရေကြီးရေလျှံမြင်ကွင်းတချို့ဖြစ်ပါတယ်။

ရန်ကုန်မှာ ဒီကနေ့ ဇူလိုင် ၁၂ ရက် ညနေပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် စမ်းချောင်း၊ ဗိုလ်တထောင်၊ ပန်းဘဲတန်းစတဲ့ မြို့နယ်တချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပါတယ်။

စမ်းချောင်းမှာဆို အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းနောက်ဘက်ထဲက ဘုန်းကြီးကျောင်းဝင်းတွင်း အုန်းပင်တစ်ပင် လဲကျခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ ဒေသခံအမတ်က ပြောပါတယ်။

ဒါ့အပြင် စမ်းချောင်း၊ အောင်ချမ်းသာ ရပ်ကွက်၊ သုခလမ်းထဲက အိမ်တချို့ထဲ ရေဝင်တာတွေရှိပြီး ပြည်သူတွေအနေနဲ့ အသွားအလာသတိထားကြဖို့လည်း ဒေသခံအမတ် ဦးဘိုဘိုဦးက တိုက်တွန်းထားပါတယ်။

Photo credit
popolay

Zawgyi

ရန္ကုန္ မွာ မိုးႀကီး လို႔ ၿမိဳ႕နယ္ တခ်ိဳ႕ေရႀကီးေရလွ်ံ

အခုေတြ႕ျမင္ရတဲ့ ဓာတ္ပုံေတြက စမ္းေခ်ာင္း နဲ႔ ဗိုလ္တေထာင္က ေရႀကီးေရလွ်ံျမင္ကြင္းတခ်ိဳ႕ျဖစ္ပါတယ္။

ရန္ကုန္မွာ ဒီကေန႔ ဇူလိုင္ ၁၂ ရက္ ညေနပိုင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းတာေၾကာင့္ စမ္းေခ်ာင္း၊ ဗိုလ္တေထာင္၊ ပန္းဘဲတန္းစတဲ့ ၿမိဳ႕နယ္တခ်ိဳ႕မွာ ေရႀကီးေရလွ်ံမႈျဖစ္ပြားခဲ့ပါတယ္။

စမ္းေခ်ာင္းမွာဆို အမွတ္ (၄) အေျခခံပညာအထက္တန္းေက်ာင္းေနာက္ဘက္ထဲက ဘုန္းႀကီးေက်ာင္းဝင္းတြင္း အုန္းပင္တစ္ပင္ လဲက်ခဲ့ေပမယ့္ ထိခိုက္ဒဏ္ရာရရွိမႈမရွိဘူးလို႔ ေဒသခံအမတ္က ေျပာပါတယ္။

ဒါ့အျပင္ စမ္းေခ်ာင္း၊ ေအာင္ခ်မ္းသာ ရပ္ကြက္၊ သုခလမ္းထဲက အိမ္တခ်ိဳ႕ထဲ ေရဝင္တာေတြရွိၿပီး ျပည္သူေတြအေနနဲ႔ အသြားအလာသတိထားၾကဖို႔လည္း ေဒသခံအမတ္ ဦးဘိုဘိုဦးက တိုက္တြန္းထားပါတယ္။

Photo credit
popolay

About the author

Aung Lay

Leave a Comment