ေမလ (၁၃) ရက္ေန႔မွစတင္ကာ လူ ၅ ဦးထက္ပိုစုပါက ေထာင္ ၆ လက်ႏိုင္မည့္ ဥပေဒျဖင့္ အေရးယူမည္မနက္ျဖန္ ေမလ (၁၃) ရက္ေန႔မွစတင္ကာ ရန္ကုန္တိုင္းေဒသႀကီးတြင္ သတ္မွတ္ထားေသာ ကိစၥရပ္ (၁၀) ခုမွအပ လူ ၅ ဦးႏွင့္အထက္ ပို၍စုေဝးေနပါက
ေထာင္ဒဏ္ (၆) လ က်ႏိုင္မည့္ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရး ဥပေဒသစ္ျဖင့္ စတင္အေရးယူသြားမည္ျဖစ္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။ထိုေၾကညာခ်က္ဟာ အမ်ားျပည္သူအက်ိဳးအတြက္ ထုတ္ျပန္လိုက္ျခင္းျဖစ္ၿပီး
ေမလ (၁၃) ရက္ေန႔မွစတင္ကာ ေနာက္ထပ္ အမိန႔္တစ္စုံတစ္ရာ မထုတ္ျပန္မျခင္း အတည္ျဖစ္သည္ဟု ကို႐ိုနာဗိုင္းရပ္ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရးေကာ္မတီက ေျပာၾကားထားပါတယ္။
ယခုဆိုလွ်င္ ျမန္မာႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ခံထားရသူ စုစုေပါင္း (၁၈၀) ဦးရွိၿပီး ရန္ကုန္တိုင္းေဒသႀကီးမွ ၿမိဳ႕နယ္ ၂၈ ၿမိဳ႕နယ္တြင္ လူဦးေရ (၁၄၅) ဦးဟာ ေရာဂါကူးစက္ခံထားရတာျဖစ္ပါတယ္။
ထို႔ေၾကာင့္ ရန္ကုန္တိုင္းရွိ ၿမိဳ႕နယ္ႀကီး ၁၀ ခုကိုလည္း Home Stay ေနထိုင္ရန္ ၫႊန္ၾကားခ်က္ထုတ္ထားၿပီး ယခုလည္း ျပည္သူမ်ားအျပင္ထြက္ပါက Mask တပ္ရန္ႏွင့္ ကိစၥရပ္ (၁၀) ခုမွအပ လူ ၅ ဦးထက္ ပိုမစုရန္ ေၾကညာခ်က္အသစ္ ထပ္ထုတ္လိုက္တာျဖစ္ပါတယ္။
သတ္မွတ္ထားသည့္ ကိစၥရပ္ ၁၀ ခုကေတာ့-
(၁)အစိုးရဌာနႏွင့္ အစိုးရအဖြဲ႕အစည္းမ်ားတြင္ တာဝန္ထမ္းေဆာင္ရန္ လုပ္ငန္းခြင္ သြားျခင္း/ျပန္ျခင္း၊
(၂)ကုမၸဏီ၊ စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ တာဝန္ထမ္းေဆာင္ရန္ လုပ္ငန္းခြင္ သြားျခင္း/ျပန္ျခင္း၊
(၃)မရွိမျဖစ္ လိုအပ္ေသာလုပ္ငန္း၊ ဝန္ေဆာင္မႈမ်ားႏွင့္အမ်ားျပည္သူအတြက္လိုအပ္ေသာ လုပ္ငန္းမ်ားသို႔ သြားျခင္း/ျပန္ျခင္း၊
(၄)ခြင့္ျပဳထားေသာ ေဈး၊ ကုန္တိုက္မ်ားတြင္ ေဈးအေရာင္းအဝယ္ျပဳျခင္း၊
(၅)ခြင့္ျပဳထားေသာ ကုန္စည္ သယ္ယူပို႔ေဆာင္ျခင္း၊
(၆)တရားစီရင္ျခင္း၊
(၇)COVID-19 ကာကြယ္ႏွိမ္ႏွင္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ျခင္း၊
(၈)အေရးေပၚကယ္ဆယ္ေရးႏွင့္ အေရးေပၚလုပ္ငန္းမ်ားေဆာင္႐ြက္ျခင္း၊
(၉)ေဆး႐ုံး၊ေဆးခန္းသြားျခင္းႏွင့္
(၁၀)နာေရးကိစၥေဆာင္႐ြက္ျခင္းတို႔ျဖစ္သည္။
ထိုကိစၥရပ္ (၁၀) ခုမွအပ က်န္ကိစၥရပ္မ်ားတြင္ လူ ၅ ဦးထက္ ပိုစုပါက ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္ႏွင္းေရး ဥပေဒျဖင့္ အေရးယူသြားမွာျဖစ္ၿပီး တားျမစ္ခ်က္မ်ားကို ေဖာက္ဖ်က္ပါက ေထာင္ဒဏ္ ၆ လျဖစ္ေစ၊ ေငြဒဏ္ ၁၀၀၀၀ ျဖစ္ေစ သို႔မဟုတ္ ျပစ္ဒဏ္ ၂ ရပ္လုံးကို ခ်မွတ္ႏိုင္ေၾကာင္း သိရွိရသည္။
Credit Original Writer
Unicode
မေလ (၁၃) ရက်နေ့မှစတင်ကာ လူ ၅ ဦးထက်ပိုစုပါက ထောင် ၆ လကျနိုင်မည့် ဥပဒေဖြင့် အရေးယူမည်မနက်ဖြန် မေလ (၁၃) ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးတွင် သတ်မှတ်ထားသော ကိစ္စရပ် (၁၀) ခုမှအပ လူ ၅ ဦးနှင့်အထက် ပို၍စုဝေးနေပါက
ထောင်ဒဏ် (၆) လ ကျနိုင်မည့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေသစ်ဖြင့် စတင်အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ထိုကြေညာချက်ဟာ အများပြည်သူအကျိုးအတွက် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး
မေလ (၁၃) ရက်နေ့မှစတင်ကာ နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မခြင်း အတည်ဖြစ်သည်ဟု ကိုရိုနာဗိုင်းရပ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ပြောကြားထားပါတယ်။
ယခုဆိုလျှင် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရသူ စုစုပေါင်း (၁၈၀) ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ် ၂၈ မြို့နယ်တွင် လူဦးရေ (၁၄၅) ဦးဟာ ရောဂါကူးစက်ခံထားရတာဖြစ်ပါတယ်။
ထို့ကြောင့် ရန်ကုန်တိုင်းရှိ မြို့နယ်ကြီး ၁၀ ခုကိုလည်း Home Stay နေထိုင်ရန် ညွှန်ကြားချက်ထုတ်ထားပြီး ယခုလည်း ပြည်သူများအပြင်ထွက်ပါက Mask တပ်ရန်နှင့် ကိစ္စရပ် (၁၀) ခုမှအပ လူ ၅ ဦးထက် ပိုမစုရန် ကြေညာချက်အသစ် ထပ်ထုတ်လိုက်တာဖြစ်ပါတယ်။
သတ်မှတ်ထားသည့် ကိစ္စရပ် ၁၀ ခုကတော့-
(၁)အစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင် သွားခြင်း/ပြန်ခြင်း၊
(၂)ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင် သွားခြင်း/ပြန်ခြင်း၊
(၃)မရှိမဖြစ် လိုအပ်သောလုပ်ငန်း၊ ဝန်ဆောင်မှုများနှင့်အများပြည်သူအတွက်လိုအပ်သော လုပ်ငန်းများသို့ သွားခြင်း/ပြန်ခြင်း၊
(၄)ခွင့်ပြုထားသော ဈေး၊ ကုန်တိုက်များတွင် ဈေးအရောင်းအဝယ်ပြုခြင်း၊
(၅)ခွင့်ပြုထားသော ကုန်စည် သယ်ယူပို့ဆောင်ခြင်း၊
(၆)တရားစီရင်ခြင်း၊
(၇)COVID-19 ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊
(၈)အရေးပေါ်ကယ်ဆယ်ရေးနှင့် အရေးပေါ်လုပ်ငန်းများဆောင်ရွက်ခြင်း၊
(၉)ဆေးရုံး၊ဆေးခန်းသွားခြင်းနှင့်
(၁၀)နာရေးကိစ္စဆောင်ရွက်ခြင်းတို့ဖြစ်သည်။
ထိုကိစ္စရပ် (၁၀) ခုမှအပ ကျန်ကိစ္စရပ်များတွင် လူ ၅ ဦးထက် ပိုစုပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေဖြင့် အရေးယူသွားမှာဖြစ်ပြီး တားမြစ်ချက်များကို ဖောက်ဖျက်ပါက ထောင်ဒဏ် ၆ လဖြစ်စေ၊ ငွေဒဏ် ၁၀၀၀၀ ဖြစ်စေ သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်လုံးကို ချမှတ်နိုင်ကြောင်း သိရှိရသည်။