ၾကားသိရသမ်ွ

စော်ကားချင်တိုင်း စော်ကားခွင့်ရသွားပီလား ဗုဒ္ဓဘာသာ၊ ကျောင်းဆရာတစ်ဦးရဲ့ ပြောပြချက် (ရုပ်သံဖိုင်)

Written by Aung Lay

စော်ကားချင်တိုင်း စော်ကားခွင့်ရသွားပီလား ဗုဒ္ဓဘာသာ၊ ကျောင်းဆရာတစ်ဦးရဲ့ ပြောပြချက်ရုပ်သံဖိုင်။ ကောင်းလွန်းလို့တင်ပေးလိုက်တယ်ဗျာ

ကမ္ဘာမှာ အကောင်းဆုံးဘာသာအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဗုဒ္ဓဘာသာ။ ဘာသာကြီးလေးခုမှာ ဘာဝင်အရေအတွက် အနည်းဆုံးမှာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာတရားရဲ့ အဓိက အနှစ်သာရမှာ သစ္စာလေးပါးပဲဖြစ်ပါတယ် ။ အင်မတန်နူညံ့သိမ်မွေးနက်နဲတဲ့ဘာသာတရားဖြစ်ပီး လက်တွေ့သိပ္ပံပညာရှင်တွေကိုတိုင် လက်ခံထားတဲ့ဘာသာတရားဖြစ်ပါတယ်။

မြတ်ဗုဒ္ဓကိုယ်တော်တိုင်ကလည်း သူ့အယူဝါဒ သူ့တရားတော်တွေကို လာပါ လေ့လာပါ ကျင့်ကြံကြည့်ပါ ကိုယ့်အတွက်အမှန်တကယ်အကျိုးရှိမှ ယုံကြည်လက်ခံပါလို့ ကာလာမသုတ်မှာဟောကြားခဲ့ပါတယ်။

ယနေ့မျက်မှောက်ခေတ်အချိန်အခါမှာတော့ ဗုဒ္ဓဘာသာသာဟာ ကလေးကလား အပေါစားဆန်နေသလားလို့တောင် ထင်မှတ်ရပါတယ်။ ဒီလောက်မြင့်မြတ်ကောင်းမွန်တဲ့ ဘာသာတရားတစ်ခုကို ပန်းချီဆရာဆိုသူတချို့လည်း စိတ်ကူးပေါက်ရာ ရေးခြစ်ကြ၊

ပန်းပု ဆရာဆိုသူများလည်း စိတ်ကူးပေါက်ရာထုလုပ်ကြ၊ လူပျက်တွေလည်း မပျက်သင့်တာတွေကို ပျက်လုံးထုတ်ကြ၊ အွန်လိုင်းပေါ်မှာလည်း အမျိုးစုံပျက်ရယ်ပြု ပြစ်မှားနေကြတာ ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာဝင်တို့အဖို့ များစွာ စိတ်နှလုံးညှိုးနွမ်းရပါတယ်။

ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာအားအကောင်းဆုံးနိုင်ငံဆိုလို့ မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာ ရှိပါတော့တယ်။ လွတ်လပ်စွာပြောဆိုခွင့် လွတ်စွာ… လွတ်စွာ… ဆိုတာကို တွင်တွင်အသုံးပြုလျှက် အများသူငှါ ယုံကြည်ကိုးစားတဲ့ဘာသာတရားတစ်ခုကို ရည်ရွယ်ချက်ရှိလျှက်ဖြစ်စေ ဘာကြောင့်ဖြစ်စေ မလျှော်မကန် မပြုလုပ်ရဘူးဆိုတာ လူဆိုရင် သိပီးဖြစ်ပါလိမ့်မယ်။

အဲဒီစော်ကားတဲ့ ပညာရှင်ဆိုသူကြီးတွေနဲ့ အပေါင်းအပါများကို မေးကြည့်ချင်တာက တစ်ခြားသောဘာသာများကိုအခုလိုလုပ်ရဲပါသလား ဆိုတာပါ။ ဒီလိုပြောလို့ စော်ကားခိုင်းတာမဟုတ်ပါဘူးနော်……..။

ဗုဒ္ဓဘာသာကိုတော့ လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုတဲ့ သဘောကိုပြောချင်တာပါ။ လူအခွင့်ရေးဆိုတဲ့သူများအနေဖြင့်လည်းလူအခွင့်အရေးအပြည့်အဝရပါတယ်ဆိုတဲ့ ခင်များတို့အရမ်းအထင်ကြီးလေးစား အမွှန်တင်တဲ့နိုင်ငံတွေမှာ သူတို့နိုင်ငံရဲ့ ဘာသာမဟုတ်ရင် ဘယ်လိုနေရထိုင်ရတယ်ဆိုတာ အရင်လေ့လာစေချင်ပါတယ်။

ဘယ်လောက် ဘာသာရေးလွတ်လပ်ခွင့်ပေးထားသလဲဆိုတာ လေ့လာစေချင်ပါတယ်။ နောက်တစ်ခုက အခုအချိန်မှာ ဗုဒ္ဓဘာသာဝင်အချင်းချင်း စည်းလုံးညီညွတ်နေရမယ့် အချိန်ဖြစ်ပေမယ့်လည်း ဘာသာဝင်အချင်းချင်း ရဟန်းအချင်းချင်း စောင်းမြှောင်းပုတ်ခတ် စော်ကားနေတာနဲ့ပဲအချိန်ကုန်နေခဲ့ကြပါတယ်။

အဲဒီအတွက်ရလာဒ်ကတော့ ဒီနေ့ ဒီလိုအခြေအနေတွေဖြစ်ပေါ်လာခဲ့တာပါပဲ။ အဲဒါကြောင့် ဘာသာဝင်အချင်းချင်း စည်းလုံးကြဖို့၊ ဗုဒ္ဓဘာသာကို အတွင်းအပြင် နည်းပေါင်းစုံနဲ့ စော်ကား တိုက်ဖျက် အားနည်းအောင်လုပ်တဲ့အရာမှန်သမျှကို ညီညွတ်စွာ တွန်းလှန်ကြဖို့ အချိန်တန်ပါပီဆိုတာကို သတိပေးချင်ပါတယ်။

ဖာသိဖာသာနေခဲ့မယ်ဆိုရင်တော့ သင့်ရဲ့သားသမီး သင့်ရဲ့မြေးမြစ်လေးတွေ နောင်တစ်ချိန်မှာ ဘာသာခြားဖြစ်ပီး ဗုဒ္ဓဘာသာဆိုတာ ပြတိုက်ထဲသွားကြည့်ရမယ့်အခြေအနေရောက်သွားနိုင်ပါတယ်ဆိုတာ ပြောကြားရင်း ဗွီယိုဖိုင်လေးကို ကြည့်ကြည့်ပါမိတ်ဆွေ……။

မှတ်ချက်ပေးလိုတာရှိပါကလည်း မှတ်ချက်ပေးခဲ့ဖို့နဲ့ ဒီပို့ကို ဗုဒ္ဓဘာသာကို ချစ်မြတ်နိုးတယ်ဆိုရင် ရှဲပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်ဗျာ ။

writer – သာဂိ

Zawgyi














 

writer – သာဂိ

About the author

Aung Lay

Leave a Comment