News

ဘတ်သန်း ၉၀ ပေါက်ခဲ့သူအမျိုးသမီး မွေးနေ့မှာ ဘတ် ၃ သိန်းဖိုး ရွှေဆွဲကြိုးအကုံး ၃၀ နှင့် ဘတ်ငွေများ ဝေဟင်မှ ကြဲချ

Written by Aung Lay

ထိုင်းထီ ပထမဆုကြီး ဘတ်သန်း (၉၀) ပေါက်ခဲ့သူအမျိုးသမီး မွေးနေ့မှာ ဘတ် ၃ သိန်းဖိုး ရွှေဆွဲကြိုး အကုံး (၃၀) နှင့် ဘတ်ငွေများ PARAMOTOR (၁၀) စီးဖြင့်

ဇူလိုင်လ ၁၃ ရက် ထိုင်းနိုင်ငံ အူဒွန်ဌာနနီခရိုင် ကုမ္ဖဝါပီမြို့နယ် နောင်ဝါ့ကျေးရွာ အုပ်စု ဘန့်နောင် ဟိယ တွင်နေ ထိုင် သူ Miss. Wannaree Panyasai သည် ယနေ့မှာ ကျရောက်တဲ့ သူမ၏ အသက် ၄၈ နှစ်ပြည့်မွေးနေ့တွင် သူမနေထိုင် သည့် ရပ်ကွက်သူ ရွပ်ကွက်သား ၃၀၀၀ ခန့် ကို ဖိတ်ကြားကာကြွေးမွေး ဧည့် ခံခဲ့ ပြီး ဝေဟင်မှေ န ၍ Paramotor ၁၀ စီးဖြင့် သူမလက်မှတ်ပါသော ရွှေတစ်မတ်သား ဆွဲကြိုး ၃၀ ကုံးရဲ ့ဘောက်ချာ နှင့် ဘတ်ငွေ ၂၀ တန် များ ကို ကြဲချပေး ခဲ့ပါတယ် ။

သူမဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်နိုဝင် ဘာလ ၁ ရက်နေ့က ထွက်သွား တဲ့ ထိုင်းထီ ပထမဆုကြီး ၁၅ စောင်တွဲ ၊ ဘတ်သန်း ၉၀ ပေါက်ခဲ့ သူဖြစ်ပြီး ယခုလို သူမရဲ့မွေးနေ့မှာ အမှတ်တရအဖြင့် Hilight အဖြင့် အမျာပြည်သူ ကို သူ့လို ကံကောင်းစေချင်လို့ဆိုပါတယ် ။

မွေးနေ့လာကြသူ အများပြည်သူများ ကို မြို့နယ်ကျမ္မာရေးဌာနမှ တစ်ဦးချင်း ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးမှုများပြုလုပ်ေ ပးခဲ့ပြီး Mask များလည်းပေးဝေခဲ့ ပါတယ် ၊ မြို့နယ်ရဲတပ်ဖွဲ့ မှ ရဲမှူး Suraphon Thoung Ngean ကိုယ်တိုင်ဦးစီးကာ အင်အား ၁၀ ဦး အပါ အခြားအဖွဲ့ဝင်များမှလုံခြုံရေးစောင့်ရှောက်မှုပေးခဲ့တယ် လို့ဆိုပါတယ် ။

ရွှေဘောက်ချာ ကောက်ရသူတွေအနေ နဲ့ သူမထံမှာ လာရောက်ပြီး ရွှေတစ်မတ်သား နဲ့ လဲလှာ်ထုတ်ယူရကြ ပါတယ် ၊ သူတို့တွေပျော်ရွှင်ကြည်နူးမှုလေးတွေ ကိုမြင်ရတာပီတိဖြစ်မိတယ် လို့ဆိုပါတယ် ၊ စုစုပေါင်း တန်ဘိုး ဘတ် ၃ သိန်းရှိ ပါတယ် ။

Zawgyi






About the author

Aung Lay

Leave a Comment