Cele News

ကြည်နူး စရာကောင်းလွန်း တဲ့ ရွှေထူး နဲ့ ရွှေမှုံရတီတို့ရဲ့ Anniversary Dinner ညလေး

Written by Aung Lay

ကြည်နူး စရာကောင်းလွန်း တဲ့ ရွှေထူး နဲ့ ရွှေမှုံရတီတို့ရဲ့ Anniversary Dinner ညလေး

ရွှေစုံတွဲလေးက အမြဲတမ်းကြည်နူးပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို ဝေမျှတတ်သူတွေပါ။ ဒီတစ်ခေါက်မှာလည်း နှစ်ယောက်သားရဲ့ Anniversary နေ့လေးမှာ ကြည်ကြည်နူးနူး ညစာသွားစားခဲ့ကြတဲ့ ပုံလေးတွေကို တင်လိုက်ပြန်ပါပြီ။ နှစ်ယောက်အတူ သရုပ်ဆောင်ထားတဲ့ ” မိုးစက်များက ပြောသော ” ဆိုတဲ့ MTV လေးမှာလည်း အသက်ပါတဲ့ သရုပ်ဆောင်ချက်တွေနဲ့ အားလုံးအကြိုက်တွေ့စေခဲ့ပါတယ်။

ဒီညနေမှာတော့ MTV တစ်ပုဒ်လုံးကို တင်ပေးမှာဖြစ်ပြီး ပရိသတ်တွေကတော့ ရင်တခုန်ခုန်နဲ့ စောင့်မျှော်နေကြပါပြီ။ အပြင်မှာတစ်ယောက် နဲ့တစ်ယောက် သိပ်ချစ်ကြပေမယ့် ဇာတ်ကားထဲ မှာတော့ သဏ္ဍာန်လုပ်သရုပ်တူခဲ့တာမို့ ကြည့်ရှုသူတွေအကြိုက်တွေ့တာတော့ မဆန်းပါဘူး။

နှစ်ယောက်သားရဲ့ ကြည်နူးစရာ ဒင်နာလေးကို ” Anniversary dinner လေးက အရမ်းပြီးပြည့်စုံ ခဲ့တယ် အချိုပွဲတွေက စားကောင်းလွန်းတယ် Thx u for everything ” ဆိုပြီး ဝေမျှခဲ့တာပါ။ အချိန်တိုင်းမှာ အချစ်တွေပြည့်နှက်နေတဲ့ အချက်ငှက်လေးနှစ်ကောင်ဟာ ဝါသနာလည်းတူ လျှောက်တဲ့လမ်းကြောင်းချင်းလည်းတူသလို အချစ်တွေလည်းထပ်တူကျခဲ့တာမို့ ပျော်စရာပါပဲ။

Credit – Happy – Cele Zone
Photo – Shwe Mhone Yati

Zawgyi





Credit – Happy – Cele Zone
Photo – Shwe Mhone Yati

About the author

Aung Lay

Leave a Comment