News

ရဲမေ တစ်ဦး ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ခြောက်ခြားဖွယ် မန္တလေးည တစ်ည…

Written by Aung Lay

ရဲမေ တစ်ဦး ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ခြောက်ခြားဖွယ် မန္တလေးည တစ်ည…

ညကြီး မိုးချူပ် အဆောင်က ဂျူနီယာ ညီမလေး ခွင့်ပြန်လို့ ကယ်ရီနဲ့ သွားရလာရတာ စိတ်မချလို့ ကိုယ်တိုင်သွားကြိုသွားပို့ လုပ်ပေးတယ် . . အပြန် တစ်ယောက်တည်း အုပ်စုဖွဲ့ လိုက်ခံရတယ်။လက်ထဲကဖုန်း နာရီကြည့်မိတော့ ၁၀နာရီ ၅မိနစ် ကိုယ့်နောက် လိုက်လာကြတာလား သူတို့ခရီး သူတို့ရှေ့ဆက်ကြ တာလား..? သေချာအောင် ကိုယ့်ဆိုင်ကယ်ကို အရင်အရှိန်တင်တယ် . .ဒီကောင်တွေ လိုက်ကပ်တယ်ပြန်ပြီး အရှိန်လျော့ပစ်တယ် . .ကျော်သွားပြီး ကိုယ့်ဘေးပြန်ကပ်ကြတယ် . . ဘောဂသီရိကနေ.နှင်းဆီဝိုင်းအကျော်၊ လူသူကလည်းပြတ် ကားလေးကတစ်စီးစ နှစ်စီးစ..ဆိုင်ကယ်နဲ့ ပတ်ပြေးရအောင်လည်း ဒင်းတို့က စူပါဖိုး ၂စီး ၁စီးက မခေါ်တတ်ဘူး. ဆိုင်ကယ်ယှဉ်စီးတောင် ကိုယ့်စကေး အ့လောက် မညံ့ဘူး . .ငယ်ငယ်ကတည်းက ရွာလမ်း လယ်ကွင်း ဘောင်ပြားလေးကို လေဗာကုန် သုတ်ခဲ့တာကိုခက်တာက… အ့ဒီစူပါဖိုးတွေကို ကိုယ့် 110 လေးက မပြေးပါနဲ့ မလွတ်ဘူးဆိူတာ ပြောနေသယောင်ယောင် ကွကိုယ် ” ရဲ “မကလို့ နီနေနေ. . .အကြမ်းဖက်ဆင်းမကလို့ အနုဖက်ဆင်းနေနေ…ဆိုင်ကယ်၃စီး လူ၆ယောက်ကို မှောက်သွားအောင် ဖိုက်ရအောင် ကိုယ်က ရုပ်ရှင်ထဲက ဂျက်မမှ မဟုတ်တာ ဖြစ်ပြီဟေ့ ဆိုရင်လည်း..သူသေ ကိုယ်ကြေ ချဖို့ သတိကလည်း..ကပ်နေရသေးတယ်အနိုင်အရှူံးက လေ့ကျင့်ရေးထဲက ကြိုးဝိုင်းမှာလို ဒဏ်ရာရဖူးယောင်နဲ့ မပြီးနိုင်ဘူး. . . ရှူံးရင် အချိန်ကာလနဲ့ နေရာဒေသ အရ လူသတ်လုယက်မုဒိန်းမှုတော့ ဖြစ်မှာပဲ. . .ဖြစ်သွားရင်လည်း ငါလည်း ဘဝတုံး . . ရဲမေဟ ရဲတပ်ဖွဲ့ဟနဲ့ ငါ့ကြောင့် ငါ့တပ်ဖွဲ့လည်း သိက္ခာကျရဦးမယ်။

တာဝန်နဲ့ထွက်လာတာမဟုတ်တဲ့ အတွက် ပြသာနာဖြစ်ရင်တောင် ဟိုကောင်တွေက မှောက်ကုန်ပါပြီတဲ့. . .ကိုယ်လည်း မပြီးသေးဘူး . . .ကိုယ်ကအရေးထပ်ယူခံရဦးမယ်. . .ဘာမှစဉ်းစားမနေနဲ့. . ဘယ်နိုင်ငံမှာမှမရှိတဲ့ဥပဒေ ဒီနိုင်ငံမှာ ရှိနေတယ်..”ရဲစည်း ကမ်းထိန်းသိမ်းရေးဥပဒေ”တွေးလည်းတွေး စိုးလည်းစိုးရိမ်နဲ့ . လူမပြတ်မီးမပြတ်တဲ့လမ်းပ ဲပတ်မောင်းနေမိတာ . . ဆီကတော့ ဖြည့်ပြီးသားမို့ ၃၀၀၀ဖိုးက ကမ္ဘာပတ် ..ရသေးတယ်..မီးပွိုင့်ကျ..ဘေးကယှဉ်စီးတဲ့ သူတောင်းစားက..မျက်စိမှိတ်ပြတယ်. . . ကြည့်မိတာကိုက ငါ့အမှား.စိတ်ထဲကနေ ကျိတ်ဆဲမိတယ် ”သဒေါင်းစားကြီး”ဘုရားကြီးမီးပွိုင့်ကနေ ညာကွေ့ပန်းခင်းလမ်းထိပ်…ရှေ့ဆို ညာချိုးရင် ရဲတိုင်းရုံးထဲရောက်ပြီ . . .ဒါပေမယ့် မရောက်ခင် မီတာ ၇၀၀ ၁၀၀၀ ခန့်က မီးပြတ်လူပြတ်လမ်းကြီး ကွေ့မဝင်ရဲဘူး.မလိုလားအပ်တဲ့ပြသာနာတွေ .ဖြစ်သွားနိုင်တယ်ကိုယ့်ရုံးရှိရာ မကွေ့ဘူး . . ဆက်မောင်းလာတယ် . . .ဒီကောင်တွေကို ငါဘယ်လိုထားခဲ့ရမလဲ? . သူတို့ဘက်က စ လာရင် ငါ ဘယ်လိုကာကွယ်ရမလဲ? . ငါ ဘယ်လိုတွေ ပြင်ဆင်သင့်လဲ? ငါ ဘယ်လိုချမလဲ? . . ကိုယ်ခံပညာတွေ မှတ်မိသ လောက် လည်း စဉ်းစားတယ်.. တွေးနေတာလည်း..ရင်တဒိန်းဒိန်းနဲ့ ဘုရားစာလည်း ရွတ်နေတာပဲ. . .သံဗုဒ္ဓေ ရော ဂုဏ်တော်ကိုးပါးရော . . .သရဏဂုံလည်းရွတ် . .ရသမျှဂါထာ အကုန်ရွတ်ဆို ရုပ်ပေါက်တွေကလည်း..မာဖီးယားဂိုဏ်းက ဘယ်လက်ရုံးညာလက်ရုံးဆိုဒ်နဲ့ . . .ဆေးမှင်ကြောင်တွေရောပဲ ကားတစ်စီးလာတော့..ကိုယ်က . .အ့ကားနား ကပ်လိုက် မီးပွိုင့်မိတော့..သကောင့်သားတွေနဲ့ ယှဉ်ရပ်မိပြန်ပြီ.. ဒီတစ်ခါ.. ဒင်းတို့ကို.မကြည့်ဘူး . . .ခပ်တည်တည်ပဲ… အဲ့မှာ.လက်က . . .ဖုန်းပါဝါခလုတ်နှိပ်မိတော့ အဟီး ကိုယ့်အခွက်ကြီးပေါ်လာတယ်။ ယူနီဖောင်းကြီးနဲ့.. အ့မှာ. တစ်ကောင်က ဒါကို မျက်လုံးရောက်တော့ . .ကိုယ်က စပြီ

ခပ်တည်တည်ပဲ ဖုန်းတွေကောက်ခေါ် ”ဟယ် လို ဗိုလ်ကြီး.ပေါ်တာဆွဲဖို့က လူဘယ် နှစ်ယောက်လဲ ၃၀ ဟုတ်လား ဗိုလ်ကြီး..အခု ဒီထောင့်က ကင်းပုန်းထွက်လာလိုက်တော့.ပန်းခင်းလမ်းမှာ ၂ယောက်တွေ့တယ် . .ဆွဲလို့ရပြီ..ပီးရင် မြင်းရုပ်ဘေးနားမှာ မှောင်ရိပ်ခိုနေတာ ၁ယောက်..အ့နားက ကင်းပုန်းလည်း ထွက် ဆွဲလိုက် တော့ ဗိုလ်ကြီး..ကျွန်တော် ပတ်လိုက်ဦးမယ်. . . ဟုတ် ဗိုလ်ကြီး..ကျန်တဲ့ ကင်းပုန်းတွေလည်း ဆွဲဖို့ထုတ်ဖို့ ထပ်ပြောမယ် ဗိုလ်ကြီး..ဟုတ်ဗိုလ်ကြီး လေးစား..” မီးမစိမ်းခင် ရှေ့ကကားလည်းရှိတုန်း လိုရင်းကို မြန်မြန်ပြောရသေး . . မဟုတ်..ဖုန်းတောင် လုသွားနိုင်တယ်.. ”ဟာ အမက ရဲမေလား..” စလာပါပြီ..မာဖီယားဂိုဏ်းစတားရုပ်နဲ့ကောင်က မီးကလည်းမစိမ်းသေးဘူး။”ဟုတ်တယ်..ပေါ်တာ ဆွဲဖို့ လူလိုက်စုနေတာ ခင်ဗျားတို့ဝင်မလား..လစာ၂သိန်းနီးပါးရတယ် ထောက်ပံ့ကြေးတွေရော .ရတယ်..စားရိတ်ငြိမ်းခေါ်ပါ့မယ်ဗျာ ရဲထဲဝင်ပါ့လား.ကျွန်တော်တောင် ရဲမေလုပ်ရတာ အဆင်ပြေတယ်ဗျ . . .အခုဒီနားမှာ ကင်းပုန်း ချထားတဲ့ ကျွန်တော့်တပ်စိတ်ရှိတယ် စိတ်ဝင်စားရင် အကိုတို့ တစ်ခါတည်းလိုက်ခဲ့လို့ရတယ်”ခပ်တည်တည်ပဲ ဖောရတာပေါ့..မီးလည်းအစိမ်း ”မလုပ်ချင်ပါဘူး..အမရာ . . အ့မို့ မရီးကို မြင်ဖူးလို့ ကြည့်နေတာ . .လတ်စသတ်တော့ မကြီးက ရဲမေကိုး . .ကျွန်တော့်ဦးလေးလည်း ရဲပဲ မကြီး အ့တိုင်းရုံးထဲမှာပဲနေတာ. .ရဲအုပ်အေးမောင် လေ မကြီးသိလား”

မကြားဖူးတာတော့အမှန်ပါ ”ရလား..မကြီး သားတို့ လိုက်ပို့ပေးရမလား . . ပေါ်တာက ဘယ်လိုနေ့တွေဆွဲတာလဲ မကြီး . .ဘယ်နေရာတွေ ကင်းပုန်းချတာလဲ…ဟီး” ရူးကြောင်မူးကြောင်တွေနဲ့..စိတ်လေတယ်။ ”ခဏလေး..ငါ့ဗိုလ်ကြီးဆီ ငါဖုန်းဆက် လိုက်ဦးမယ်။ ပန်းခင်း လမ်းထောင့်က ၂ယောက်ရလားဆိုတာ””ဟုတ်..ဟုတ်..မကြီး..သားတို့ကို ခွင့်ပြုဦးနော်.. သွားရအောင်ဟျောင့်ဒေ..မကြီး နောက်တွေ့ရင် သားတို့ကိုနုတ်ဆက်နော်..”ဟူး………ကျန်နေခဲ့တဲ့ ဆိုင်ကယ်မီးခိုးတွေနောက်မှ ပြေးထွက်သွားတဲ့ ဆိုင်ကယ်၃စီးနဲ့ မာဖီးယား ဂိုဏ်းသားတွေ မျက်စိရှေ့က ပျောက်သွားမှပဲ . .ရင်ထဲက အလုံးကြီးကျသွားပါရောတယ်။အဲ့ကနေ..အဆောင်ကို လီဗာကုန် သုတ်လာတာ . .နောက်တစ်ခါ ဒီကောင်တွေ ပြန်ကပ်မှာကြောက်လို့လေ . .နောက်က မီးမြင်ရင် ကို..ဟာ လမ်းသွားလမ်းလာ အဖော်ရတယ်ဟဆိုပြီး.ဝမ်းမသာပဲ . . ဒီကောင်တွေ ထင်ပြီး အသကုန်သုတ်တော့ တာပဲ . . .ဖုန်းလေးဖွင့်လို့ ပေါ်လာတဲ့ပုံမြင်တိုင်း ”ရုပ်ဆိုးကြီး ကို တင်ထားတယ်” ”ဆိုးလိုက်တဲ့ အခွက်ကြီး” .”ဂျစ်တိဂျစ်ကန်ရုပ်နဲ့” စတဲ့. ကောင်းချီးအဖြာဖြာနဲ့ . .ထောပနာအပြုခံရတဲ့ ကိုယ့်အခွက်ကြီးက ဒီတစ်ခါတော့ ကိုယ့်ဘဝကို ကယ်တင်နိုင်ခဲ့တယ်။ပြသာနာလည်းမဖြစ် . . . လူလည်းဘေးဒုက္ခမရောက်ရဘဲ အဆောင်ကို ချောချောမွေ့မွေ့ပြန်ရောက် ခဲ့တယ်။

Zawgyi

ရဲေမ တစ္ဦး ကိုယ္တိုင္ ႀကဳံေတြ႕ခဲ့ရတဲ့ ေျခာက္ျခားဖြယ္ မႏၲေလးည တစ္ည…

ညႀကီး မိုးခ်ဴပ္ အေဆာင္က ဂ်ဴနီယာ ညီမေလး ခြင့္ျပန္လို႔ ကယ္ရီနဲ႔ သြားရလာရတာ စိတ္မခ်လို႔ ကိုယ္တိုင္သြားႀကိဳသြားပို႔ လုပ္ေပးတယ္ . . အျပန္ တစ္ေယာက္တည္း အုပ္စုဖြဲ႕ လိုက္ခံရတယ္။လက္ထဲကဖုန္း နာရီၾကည့္မိေတာ့ ၁၀နာရီ ၅မိနစ္ ကိုယ့္ေနာက္ လိုက္လာၾကတာလား သူတို႔ခရီး သူတို႔ေရွ႕ဆက္ၾက တာလား..? ေသခ်ာေအာင္ ကိုယ့္ဆိုင္ကယ္ကို အရင္အရွိန္တင္တယ္ . .ဒီေကာင္ေတြ လိုက္ကပ္တယ္ျပန္ၿပီး အရွိန္ေလ်ာ့ပစ္တယ္ . .ေက်ာ္သြားၿပီး ကိုယ့္ေဘးျပန္ကပ္ၾကတယ္ . . ေဘာဂသီရိကေန.ႏွင္းဆီဝိုင္းအေက်ာ္၊ လူသူကလည္းျပတ္ ကားေလးကတစ္စီးစ ႏွစ္စီးစ..ဆိုင္ကယ္နဲ႔ ပတ္ေျပးရေအာင္လည္း ဒင္းတို႔က စူပါဖိုး ၂စီး ၁စီးက မေခၚတတ္ဘူး. ဆိုင္ကယ္ယွဥ္စီးေတာင္ ကိုယ့္စေကး အ့ေလာက္ မညံ့ဘူး . .ငယ္ငယ္ကတည္းက ႐ြာလမ္း လယ္ကြင္း ေဘာင္ျပားေလးကို ေလဗာကုန္ သုတ္ခဲ့တာကိုခက္တာက… အ့ဒီစူပါဖိုးေတြကို ကိုယ့္ 110 ေလးက မေျပးပါနဲ႔ မလြတ္ဘူးဆိူတာ ေျပာေနသေယာင္ေယာင္ ကြကိုယ္ ” ရဲ “မကလို႔ နီေနေန. . .အၾကမ္းဖက္ဆင္းမကလို႔ အႏုဖက္ဆင္းေနေန…ဆိုင္ကယ္၃စီး လူ၆ေယာက္ကို ေမွာက္သြားေအာင္ ဖိုက္ရေအာင္ ကိုယ္က ႐ုပ္ရွင္ထဲက ဂ်က္မမွ မဟုတ္တာ ျဖစ္ၿပီေဟ့ ဆိုရင္လည္း..သူေသ ကိုယ္ေၾက ခ်ဖို႔ သတိကလည္း..ကပ္ေနရေသးတယ္အႏိုင္အရႉံးက ေလ့က်င့္ေရးထဲက ႀကိဳးဝိုင္းမွာလို ဒဏ္ရာရဖူးေယာင္နဲ႔ မၿပီးႏိုင္ဘူး. . . ရႉံးရင္ အခ်ိန္ကာလနဲ႔ ေနရာေဒသ အရ လူသတ္လုယက္မုဒိန္းမႈေတာ့ ျဖစ္မွာပဲ. . .ျဖစ္သြားရင္လည္း ငါလည္း ဘဝတုံး . . ရဲေမဟ ရဲတပ္ဖြဲ႕ဟနဲ႔ ငါ့ေၾကာင့္ ငါ့တပ္ဖြဲ႕လည္း သိကၡာက်ရဦးမယ္။

တာဝန္နဲ႔ထြက္လာတာမဟုတ္တဲ့ အတြက္ ျပသာနာျဖစ္ရင္ေတာင္ ဟိုေကာင္ေတြက ေမွာက္ကုန္ပါၿပီတဲ့. . .ကိုယ္လည္း မၿပီးေသးဘူး . . .ကိုယ္ကအေရးထပ္ယူခံရဦးမယ္. . .ဘာမွစဥ္းစားမေနနဲ႔. . ဘယ္ႏိုင္ငံမွာမွမရွိတဲ့ဥပေဒ ဒီႏိုင္ငံမွာ ရွိေနတယ္..”ရဲစည္း ကမ္းထိန္းသိမ္းေရးဥပေဒ”ေတြးလည္းေတြး စိုးလည္းစိုးရိမ္နဲ႔ . လူမျပတ္မီးမျပတ္တဲ့လမ္းပ ဲပတ္ေမာင္းေနမိတာ . . ဆီကေတာ့ ျဖည့္ၿပီးသားမို႔ ၃၀၀၀ဖိုးက ကမာၻပတ္ ..ရေသးတယ္..မီးပြိဳင့္က်..ေဘးကယွဥ္စီးတဲ့ သူေတာင္းစားက..မ်က္စိမွိတ္ျပတယ္. . . ၾကည့္မိတာကိုက ငါ့အမွား.စိတ္ထဲကေန က်ိတ္ဆဲမိတယ္ ”သေဒါင္းစားႀကီး”ဘုရားႀကီးမီးပြိဳင့္ကေန ညာေကြ႕ပန္းခင္းလမ္းထိပ္…ေရွ႕ဆို ညာခ်ိဳးရင္ ရဲတိုင္း႐ုံးထဲေရာက္ၿပီ . . .ဒါေပမယ့္ မေရာက္ခင္ မီတာ ၇၀၀ ၁၀၀၀ ခန႔္က မီးျပတ္လူျပတ္လမ္းႀကီး ေကြ႕မဝင္ရဲဘူး.မလိုလားအပ္တဲ့ျပသာနာေတြ .ျဖစ္သြားႏိုင္တယ္ကိုယ့္႐ုံးရွိရာ မေကြ႕ဘူး . . ဆက္ေမာင္းလာတယ္ . . .ဒီေကာင္ေတြကို ငါဘယ္လိုထားခဲ့ရမလဲ? . သူတို႔ဘက္က စ လာရင္ ငါ ဘယ္လိုကာကြယ္ရမလဲ? . ငါ ဘယ္လိုေတြ ျပင္ဆင္သင့္လဲ? ငါ ဘယ္လိုခ်မလဲ? . . ကိုယ္ခံပညာေတြ မွတ္မိသ ေလာက္ လည္း စဥ္းစားတယ္.. ေတြးေနတာလည္း..ရင္တဒိန္းဒိန္းနဲ႔ ဘုရားစာလည္း ႐ြတ္ေနတာပဲ. . .သံဗုေဒၶ ေရာ ဂုဏ္ေတာ္ကိုးပါးေရာ . . .သရဏဂုံလည္း႐ြတ္ . .ရသမွ်ဂါထာ အကုန္႐ြတ္ဆို ႐ုပ္ေပါက္ေတြကလည္း..မာဖီးယားဂိုဏ္းက ဘယ္လက္႐ုံးညာလက္႐ုံးဆိုဒ္နဲ႔ . . .ေဆးမွင္ေၾကာင္ေတြေရာပဲ ကားတစ္စီးလာေတာ့..ကိုယ္က . .အ့ကားနား ကပ္လိုက္ မီးပြိဳင့္မိေတာ့..သေကာင့္သားေတြနဲ႔ ယွဥ္ရပ္မိျပန္ၿပီ.. ဒီတစ္ခါ.. ဒင္းတို႔ကို.မၾကည့္ဘူး . . .ခပ္တည္တည္ပဲ… အဲ့မွာ.လက္က . . .ဖုန္းပါဝါခလုတ္ႏွိပ္မိေတာ့ အဟီး ကိုယ့္အခြက္ႀကီးေပၚလာတယ္။ ယူနီေဖာင္းႀကီးနဲ႔.. အ့မွာ. တစ္ေကာင္က ဒါကို မ်က္လုံးေရာက္ေတာ့ . .ကိုယ္က စၿပီ

ခပ္တည္တည္ပဲ ဖုန္းေတြေကာက္ေခၚ ”ဟယ္ လို ဗိုလ္ႀကီး.ေပၚတာဆြဲဖို႔က လူဘယ္ ႏွစ္ေယာက္လဲ ၃၀ ဟုတ္လား ဗိုလ္ႀကီး..အခု ဒီေထာင့္က ကင္းပုန္းထြက္လာလိုက္ေတာ့.ပန္းခင္းလမ္းမွာ ၂ေယာက္ေတြ႕တယ္ . .ဆြဲလို႔ရၿပီ..ပီးရင္ ျမင္း႐ုပ္ေဘးနားမွာ ေမွာင္ရိပ္ခိုေနတာ ၁ေယာက္..အ့နားက ကင္းပုန္းလည္း ထြက္ ဆြဲလိုက္ ေတာ့ ဗိုလ္ႀကီး..ကြၽန္ေတာ္ ပတ္လိုက္ဦးမယ္. . . ဟုတ္ ဗိုလ္ႀကီး..က်န္တဲ့ ကင္းပုန္းေတြလည္း ဆြဲဖို႔ထုတ္ဖို႔ ထပ္ေျပာမယ္ ဗိုလ္ႀကီး..ဟုတ္ဗိုလ္ႀကီး ေလးစား..” မီးမစိမ္းခင္ ေရွ႕ကကားလည္းရွိတုန္း လိုရင္းကို ျမန္ျမန္ေျပာရေသး . . မဟုတ္..ဖုန္းေတာင္ လုသြားႏိုင္တယ္.. ”ဟာ အမက ရဲေမလား..” စလာပါၿပီ..မာဖီယားဂိုဏ္းစတား႐ုပ္နဲ႔ေကာင္က မီးကလည္းမစိမ္းေသးဘူး။”ဟုတ္တယ္..ေပၚတာ ဆြဲဖို႔ လူလိုက္စုေနတာ ခင္ဗ်ားတို႔ဝင္မလား..လစာ၂သိန္းနီးပါးရတယ္ ေထာက္ပံ့ေၾကးေတြေရာ .ရတယ္..စားရိတ္ၿငိမ္းေခၚပါ့မယ္ဗ်ာ ရဲထဲဝင္ပါ့လား.ကြၽန္ေတာ္ေတာင္ ရဲေမလုပ္ရတာ အဆင္ေျပတယ္ဗ် . . .အခုဒီနားမွာ ကင္းပုန္း ခ်ထားတဲ့ ကြၽန္ေတာ့္တပ္စိတ္ရွိတယ္ စိတ္ဝင္စားရင္ အကိုတို႔ တစ္ခါတည္းလိုက္ခဲ့လို႔ရတယ္”ခပ္တည္တည္ပဲ ေဖာရတာေပါ့..မီးလည္းအစိမ္း ”မလုပ္ခ်င္ပါဘူး..အမရာ . . အ့မို႔ မရီးကို ျမင္ဖူးလို႔ ၾကည့္ေနတာ . .လတ္စသတ္ေတာ့ မႀကီးက ရဲေမကိုး . .ကြၽန္ေတာ့္ဦးေလးလည္း ရဲပဲ မႀကီး အ့တိုင္း႐ုံးထဲမွာပဲေနတာ. .ရဲအုပ္ေအးေမာင္ ေလ မႀကီးသိလား”

မၾကားဖူးတာေတာ့အမွန္ပါ ”ရလား..မႀကီး သားတို႔ လိုက္ပို႔ေပးရမလား . . ေပၚတာက ဘယ္လိုေန႔ေတြဆြဲတာလဲ မႀကီး . .ဘယ္ေနရာေတြ ကင္းပုန္းခ်တာလဲ…ဟီး” ႐ူးေၾကာင္မူးေၾကာင္ေတြနဲ႔..စိတ္ေလတယ္။ ”ခဏေလး..ငါ့ဗိုလ္ႀကီးဆီ ငါဖုန္းဆက္ လိုက္ဦးမယ္။ ပန္းခင္း လမ္းေထာင့္က ၂ေယာက္ရလားဆိုတာ””ဟုတ္..ဟုတ္..မႀကီး..သားတို႔ကို ခြင့္ျပဳဦးေနာ္.. သြားရေအာင္ေဟ်ာင့္ေဒ..မႀကီး ေနာက္ေတြ႕ရင္ သားတို႔ကိုႏုတ္ဆက္ေနာ္..”ဟူး………က်န္ေနခဲ့တဲ့ ဆိုင္ကယ္မီးခိုးေတြေနာက္မွ ေျပးထြက္သြားတဲ့ ဆိုင္ကယ္၃စီးနဲ႔ မာဖီးယား ဂိုဏ္းသားေတြ မ်က္စိေရွ႕က ေပ်ာက္သြားမွပဲ . .ရင္ထဲက အလုံးႀကီးက်သြားပါေရာတယ္။အဲ့ကေန..အေဆာင္ကို လီဗာကုန္ သုတ္လာတာ . .ေနာက္တစ္ခါ ဒီေကာင္ေတြ ျပန္ကပ္မွာေၾကာက္လို႔ေလ . .ေနာက္က မီးျမင္ရင္ ကို..ဟာ လမ္းသြားလမ္းလာ အေဖာ္ရတယ္ဟဆိုၿပီး.ဝမ္းမသာပဲ . . ဒီေကာင္ေတြ ထင္ၿပီး အသကုန္သုတ္ေတာ့ တာပဲ . . .ဖုန္းေလးဖြင့္လို႔ ေပၚလာတဲ့ပုံျမင္တိုင္း ”႐ုပ္ဆိုးႀကီး ကို တင္ထားတယ္” ”ဆိုးလိုက္တဲ့ အခြက္ႀကီး” .”ဂ်စ္တိဂ်စ္ကန္႐ုပ္နဲ႔” စတဲ့. ေကာင္းခ်ီးအျဖာျဖာနဲ႔ . .ေထာပနာအျပဳခံရတဲ့ ကိုယ့္အခြက္ႀကီးက ဒီတစ္ခါေတာ့ ကိုယ့္ဘဝကို ကယ္တင္ႏိုင္ခဲ့တယ္။ျပသာနာလည္းမျဖစ္ . . . လူလည္းေဘးဒုကၡမေရာက္ရဘဲ အေဆာင္ကို ေခ်ာေခ်ာေမြ႕ေမြ႕ျပန္ေရာက္ ခဲ့တယ္။

About the author

Aung Lay

Leave a Comment