Cele News

ပရိတ်သတ် တွေ ရင်ထဲ မှာ ဘယ်တော့မှ ပျောက်ကွယ် မသွားဘဲစွဲထင် ကျန်ရစ်နေရတဲ့ တချိန်က အကယ်ဒမီပိုင်ရှင် “ဒွေး” (VIDEO)

Written by Aung Lay

ပရိတ်သတ် တွေ ရင်ထဲ မှာ ဘယ်တော့မှ ပျောက်ကွယ် မသွားဘဲစွဲထင် ကျန်ရစ်နေရတဲ့ တချိန်က အကယ်ဒမီပိုင်ရှင် “ဒွေး” (Video)

ဒွေး၏ ဖခင် ဦးတင်ထွန်းမောင်နဲ့ မိခင် ဒေါ်အေးအေးသင်း တို့ မှ မွေးဖွားပြီး မွေးချင်းများအနက် သားဦးဖြစ်ပါတယ်။

အမည်အရင်းကတော့ ထင်လင်း (ခ) သားကြီး ဖြစ်ပါတယ် ။.

ကိုသားကြီးက Y.I.T မှ အင်ဂျင်နီယာဘွဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။

စက်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ကိုသားကြီးဟာ ဘွဲ့မရခင် ကတည်းက အနုပညာလောကထဲကို စတင်အခြေချခဲ့တာ ဖြစ်ပါတယ်။

မမျှော်လင့်ဘဲ ဦးလေးဖြစ်သူ ဦးကျော်ဟိန်းကြောင့် ရုပ်ရှင်ရိုက် ဖြစ်ခဲ့ပါတယ်။..

ရုပ်ရှင်လောကထဲကို နာမည်ရင်း ထင်လင်းအမည်နဲ့ ပထမဆုံး ဝင်ရိုက်ခဲ့ပြီး နောက်ပိုင်းမှာ ဒွေး အမည်သို့ပြောင်းလဲခဲ့ပါတယ်။

၁၉၉၃ ခုနှစ်မှာ ဒါရိုက်တာ ဦးကျော်ဟိန်းရဲ့ “ဒုက္ခကို အရောင်ဆိုးတယ်” စတဲ့ မူးယစ်ဆေးဝါးပညာပေး ဗီဒီယိုကားနဲ့ “ဝေလည်းမွှေး၊ ကြွေလည်းမွှေး” ရုပ်ရှင်ဇာတ်ကားမှာ ပရိတ်သတ်အသိများပြီး စတင်အောင်မြင်ခဲ့ပါတယ်။

ကိုသားကြီးက ဦးလေးဖြစ်သူ ဦးကျော်ဟိန်းရဲ့ လမ်းညွှန်ဆွဲခေါ်မှုကြောင့် ရုပ်ရှင်လောကထဲမှာ အောင်မြင်ခဲ့ပါတယ်။

ဒီပုံလေးကတော့ ကိုသားကြီးရဲ့ ဦးလေးနှစ်ယောက်နဲ့ ညီဖြစ်သူ ကိုသားညီ ပုံလေးဘဲဖြစ်ပါတယ်။

အမှတ်တရတွေများစွာ ကျန်ရစ်ခဲ့တဲ့ ဓာတ်ပုံတွေကို ကြည့်ရင်း စိတ်မကောင်းဖြစ်ရပါတယ်။

ဗီဒီယိုကားပေါင်းများစွာနဲ့ ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ စူပါ မင်းသား တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ရုပ်ရှင်ကြီးပေါင်းများစွာ ၊ ဗီဒီယိုကားပေါင်းများစွာ ၊ ကြော်ငြာများကိုလည်း ရိုက်ကူးခဲ့ပြီး ၊ ရုပ်ရှင်လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို ဂီတလောကမှာလည်း အောင်မြင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ “အမေ့ခြေရာ” ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီရရှိခဲ့ပါတယ်။

ကိုသားကြီးက သီချင်းပေါင်း အပုဒ်ရေ ၃၀ ကျော်ကို သီဆိုခဲ့ပါတယ်။

သီချင်းများက ကိုယ်ပိုင်အယ်လ်ဘမ်တစ်ခွေနဲ့ အတွဲခွေများ၊ လူစုံတေးစီးရီးများတွင် ပါဝင်ခဲ့ပါတယ်။

ကိုသားကြီး ကိုယ်တိုင်ဒါရိုက်တာ အဖြစ် နောက်ဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ “နှင်းဆီမိုးတိမ်” ဖြစ်ပါတယ်။

အောင်မြင်ချိန် ကာလမှာဘဲ ကိုသားကြီးက မမျှော်လင့်ဘဲ နှလုံးရောဂါနဲ့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက် ၊ ညနေ (၅) နာရီ အချိန်မှာ နေအိမ်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။

ကိုသားကြီး (ခ) ဒွေး ရဲ့ ပုံတူ ရုပ်ထုနဲ့ သူရရှိခဲ့တဲ့ အကယ်ဒမီရွှေစင်ဆု ကို သူဆောက်လုပ်လှူဒါန်းခဲ့သော ချောင်းဝဘုန်းကြီးကျောင်းမှာ အမှတ်တရထားရှိထားပါတယ်။

ကိုသားကြီး မကွယ်လွန်ခင် နောက်ဆုံးရိုက် လက်စ ရုပ်ရှင်ဇာတ်ကားက ဒါရိုက်တာ ချိုတူးဇော် ရိုက်ကူးတဲ့ “ကမ္ဘာတစ်ခြမ်း” စတဲ့ ဇာတ်ကားဖြစ်ပါတယ်။

ကိုသားကြီး မကွယ်လွန်ခင် ဆွဲခဲ့တဲ့ ပန်းချီ လက်ရာများကို ကွယ်လွန်သည့် (၂) နှစ်ပြည့် အမှတ်တရအဖြစ် ရန်ကုန်မြို့ ၃၄ လမ်းရှိ Azada ခန်းမှာ ၂၀၀၉ ဇွန်လ ၁ရက်နေ့မှ စတင်ပြီး ၅ရက် ပြသရောင်းချခဲ့ပါတယ်။

သူ့ရဲ့ ဆန္ဒတွေ အကောင်အထည် မဖော်ရသေးခင်အချိန်၊ သူ့ရဲ့ ပရိတ်သတ်များကို အနုပညာဖြင့် ပေးဆပ်ရင်း၊ အနုပညာလုပ်ငန်းများကို တစိုက်မတ်မတ်လုပ်ကိုင်ရင်း အားလုံးကို စောစီးစွာ ကျောခိုင်းသွားခဲ့ပါတယ်။

လင်းလတ်နေတဲ့ ပြည်သူချစ်တဲ့ အနုပညာ ကြယ် တစ်ပွင့် အကြွေစောခဲ့ရပါတယ်။

အားလုံးရဲ့ ဝမ်းနည်း ပူဆွေးမှု၊ နှမြောတသယူကျုံးမရဖြစ်မှုတွေက ကိုသားကြီး ပျောက်ကွယ်သွားသည့်တိုင် ယနေ့အထိ ကျန်ရှိနေဆဲပါ။

ကိုသားကြီးကို လွမ်းဆွတ်တမ်းတဖွယ် တင်ဆက်လိုက်ရင်း အမှားတစ်စုံတစ်ရာ ပါရှိခဲ့ပါက နားလည်ခွင့်လွတ်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်…

Zawgyi

ပရိတ္သတ္ ေတြ ရင္ထဲ မွာ ဘယ္ေတာ့မွ ေပ်ာက္ကြယ္ မသြားဘဲစြဲထင္ က်န္ရစ္ေနရတဲ့ တခ်ိန္က အကယ္ဒမီပိုင္ရွင္ “ေဒြး” (Video)

ေဒြး၏ ဖခင္ ဦးတင္ထြန္းေမာင္နဲ႔ မိခင္ ေဒၚေအးေအးသင္း တို႔ မွ ေမြးဖြားၿပီး ေမြးခ်င္းမ်ားအနက္ သားဦးျဖစ္ပါတယ္။

အမည္အရင္းကေတာ့ ထင္လင္း (ခ) သားႀကီး ျဖစ္ပါတယ္ ။

ကိုသားႀကီးက Y.I.T မွ အင္ဂ်င္နီယာဘြဲ႕ ရရွိခဲ့တာ ျဖစ္ပါတယ္။

စက္မႈအင္ဂ်င္နီယာတစ္ေယာက္ျဖစ္တဲ့ ကိုသားႀကီးဟာ ဘြဲ႕မရခင္ ကတည္းက အႏုပညာေလာကထဲကို စတင္အေျခခ်ခဲ့တာ ျဖစ္ပါတယ္။

မေမွ်ာ္လင့္ဘဲ ဦးေလးျဖစ္သူ ဦးေက်ာ္ဟိန္းေၾကာင့္ ႐ုပ္ရွင္႐ိုက္ ျဖစ္ခဲ့ပါတယ္။

႐ုပ္ရွင္ေလာကထဲကို နာမည္ရင္း ထင္လင္းအမည္နဲ႔ ပထမဆုံး ဝင္႐ိုက္ခဲ့ၿပီး ေနာက္ပိုင္းမွာ ေဒြး အမည္သို႔ေျပာင္းလဲခဲ့ပါတယ္။

၁၉၉၃ ခုႏွစ္မွာ ဒါ႐ိုက္တာ ဦးေက်ာ္ဟိန္းရဲ႕ “ဒုကၡကို အေရာင္ဆိုးတယ္” စတဲ့ မူးယစ္ေဆးဝါးပညာေပး ဗီဒီယိုကားနဲ႔ “ေဝလည္းေမႊး၊ ေႂကြလည္းေမႊး” ႐ုပ္ရွင္ဇာတ္ကားမွာ ပရိတ္သတ္အသိမ်ားၿပီး စတင္ေအာင္ျမင္ခဲ့ပါတယ္။

ကိုသားႀကီးက ဦးေလးျဖစ္သူ ဦးေက်ာ္ဟိန္းရဲ႕ လမ္းၫႊန္ဆြဲေခၚမႈေၾကာင့္ ႐ုပ္ရွင္ေလာကထဲမွာ ေအာင္ျမင္ခဲ့ပါတယ္။

ဒီပုံေလးကေတာ့ ကိုသားႀကီးရဲ႕ ဦးေလးႏွစ္ေယာက္နဲ႔ ညီျဖစ္သူ ကိုသားညီ ပုံေလးဘဲျဖစ္ပါတယ္။

အမွတ္တရေတြမ်ားစြာ က်န္ရစ္ခဲ့တဲ့ ဓာတ္ပုံေတြကို ၾကည့္ရင္း စိတ္မေကာင္းျဖစ္ရပါတယ္။

ဗီဒီယိုကားေပါင္းမ်ားစြာနဲ႔ ႐ုပ္ရွင္ကားေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့တဲ့ စူပါ မင္းသား တစ္ေယာက္ျဖစ္လာခဲ့ပါတယ္။

႐ုပ္ရွင္ႀကီးေပါင္းမ်ားစြာ ၊ ဗီဒီယိုကားေပါင္းမ်ားစြာ ၊ ေၾကာ္ျငာမ်ားကိုလည္း ႐ိုက္ကူးခဲ့ၿပီး ၊ ႐ုပ္ရွင္ေလာကမွာ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့သလို ဂီတေလာကမွာလည္း ေအာင္ျမင္ခဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။

၁၉၉၇ ခုႏွစ္မွာ “အေမ့ေျခရာ” ဇာတ္ကားနဲ႔ အမ်ိဳးသားဇာတ္ေဆာင္ဆု အကယ္ဒမီရရွိခဲ့ပါတယ္။

ကိုသားႀကီးက သီခ်င္းေပါင္း အပုဒ္ေရ ၃၀ ေက်ာ္ကို သီဆိုခဲ့ပါတယ္။

သီခ်င္းမ်ားက ကိုယ္ပိုင္အယ္လ္ဘမ္တစ္ေခြနဲ႔ အတြဲေခြမ်ား၊ လူစုံေတးစီးရီးမ်ားတြင္ ပါဝင္ခဲ့ပါတယ္။

ကိုသားႀကီး ကိုယ္တိုင္ဒါ႐ိုက္တာ အျဖစ္ ေနာက္ဆုံး႐ိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားကေတာ့ “ႏွင္းဆီမိုးတိမ္” ျဖစ္ပါတယ္။

ေအာင္ျမင္ခ်ိန္ ကာလမွာဘဲ ကိုသားႀကီးက မေမွ်ာ္လင့္ဘဲ ႏွလုံးေရာဂါနဲ႔ ၂၀၁၇ ခုႏွစ္၊ ဇူလိုင္လ ၁၁ ရက္ ၊ ညေန (၅) နာရီ အခ်ိန္မွာ ေနအိမ္တြင္ ႐ုတ္တရက္ ကြယ္လြန္သြားခဲ့ပါတယ္။

ကိုသားႀကီး (ခ) ေဒြး ရဲ႕ ပုံတူ ႐ုပ္ထုနဲ႔ သူရရွိခဲ့တဲ့ အကယ္ဒမီေ႐ႊစင္ဆု ကို သူေဆာက္လုပ္လႉဒါန္းခဲ့ေသာ ေခ်ာင္းဝဘုန္းႀကီးေက်ာင္းမွာ အမွတ္တရထားရွိထားပါတယ္။

ကိုသားႀကီး မကြယ္လြန္ခင္ ေနာက္ဆုံး႐ိုက္ လက္စ ႐ုပ္ရွင္ဇာတ္ကားက ဒါ႐ိုက္တာ ခ်ိဳတူးေဇာ္ ႐ိုက္ကူးတဲ့ “ကမာၻတစ္ျခမ္း” စတဲ့ ဇာတ္ကားျဖစ္ပါတယ္။

ကိုသားႀကီး မကြယ္လြန္ခင္ ဆြဲခဲ့တဲ့ ပန္းခ်ီ လက္ရာမ်ားကို ကြယ္လြန္သည့္ (၂) ႏွစ္ျပည့္ အမွတ္တရအျဖစ္ ရန္ကုန္ၿမိဳ႕ ၃၄ လမ္းရွိ Azada ခန္းမွာ ၂၀၀၉ ဇြန္လ ၁ရက္ေန႔မွ စတင္ၿပီး ၅ရက္ ျပသေရာင္းခ်ခဲ့ပါတယ္။

သူ႔ရဲ႕ ဆႏၵေတြ အေကာင္အထည္ မေဖာ္ရေသးခင္အခ်ိန္၊ သူ႔ရဲ႕ ပရိတ္သတ္မ်ားကို အႏုပညာျဖင့္ ေပးဆပ္ရင္း၊ အႏုပညာလုပ္ငန္းမ်ားကို တစိုက္မတ္မတ္လုပ္ကိုင္ရင္း အားလုံးကို ေစာစီးစြာ ေက်ာခိုင္းသြားခဲ့ပါတယ္။

လင္းလတ္ေနတဲ့ ျပည္သူခ်စ္တဲ့ အႏုပညာ ၾကယ္ တစ္ပြင့္ အေႂကြေစာခဲ့ရပါတယ္။

အားလုံးရဲ႕ ဝမ္းနည္း ပူေဆြးမႈ၊ ႏွေျမာတသယူက်ဳံးမရျဖစ္မႈေတြက ကိုသားႀကီး ေပ်ာက္ကြယ္သြားသည့္တိုင္ ယေန႔အထိ က်န္ရွိေနဆဲပါ။

ကိုသားႀကီးကို လြမ္းဆြတ္တမ္းတဖြယ္ တင္ဆက္လိုက္ရင္း အမွားတစ္စုံတစ္ရာ ပါရွိခဲ့ပါက နားလည္ခြင့္လြတ္ေပးၾကဖို႔ ေမတၱာရပ္ခံအပ္ပါတယ္…

 

Credit – Original

About the author

Aung Lay

Leave a Comment