Knowledge

ဘုန်းကြီးကျောင်းတွေ မှာ ဆွမ်းဘုန်းပေး ခါနီး အုန်းမောင်းခေါက် ရ တဲ့ အကြောင်း အရင်း

Written by Aung Lay

ဂျပန်ခေတ်က ဖြစ်သည် စစ်ကိုင်းတောင်ရိုး မင်္ဂလာစေတီချောင် သို့ဂျပန်အရာ ရှိတစ်ဦးနှင့် စကားပြန် တစ်ဦးရောက်လာ ၏ ဆွမ်းစားချိန်ဖြစ်သောကြောင့် ကြေးမောင်း ထိုးတုံးခေါက်ရာ ဂျပန်အရာ ရှိက ဘာလုပ်တာလဲ ဟုမေး၏

စကားပြန်က ဆွမ်းစားမှာမို့ ကြေးမောင်းထိုး တုံးခေါက်ခြင်းဖြစ်ကြောင်း ရှင်းပြရာဂျပန်အရာရှိကြီးက ” ဒဘုန်းကြီးတွေ သူများလှူတဲ့ဆွမ်းစားတာတောင် ဒီလို ကြေးမောင်းတွေတုံးတွေခေါက်ပြီးစားရင် ကိုယ့်ဖာသာရှာစားရင်တော့ အမြောက်ဖောက်ပြီးများ စားမလား မသိဘူး” ဟု မှတ်ချက်ပြုသတဲ့

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ

ထို မှတ်ချက် ကို စကားပြန်က မင်္ဂလာစေတီဆရာတော်ကြီးအား လျှောက်ထားရာဆရာတော်ကြီးက ” ဘုန်းကြီးတို့ ဒီလိုကြေးမောင်းထိုး တုံးတွေ ခေါက်ပြီးစားတာဟာ ကြွားချင်လို့ မဟုတ်ဘူးဒီအနီးအနားမှာ ဘုရားဖူး ခရီးသွားသံဃာတော်တွေ ဆွမ်းမပြည့်စုံသေးရင်ဒီနေရာမှာ ဆွမ်း ဆွမ်းဟင်းအပြည့်အစုံ ရှိပါတယ် ဆွမ်းစားကြွတော်မူကြပါ လို့ အသိပေးဖိတ်ကြားတာ ဖြစ်တဲ့အပြင် နောက်ပြီးတော့ ရွာတွေက ဆွမ်း ဆွမ်းဟင်း လောင်းလှူကြသော ဆွမ်ဒါယိကာ ဆွမ်းဒါယိကာမ များအနေဖြင့်မိမိတို့လှူလိုက်တဲ့ ဆွမ်း ခဲဘွယ်တို့ကို ဆရာတော် သံဃာတော်များ ဘုန်းပေးသုံးဆောင် တော့မှာဖြစ်တဲ့အတွက်အလှူရှင်များအနေဖြင့် ကောင်းမှုကုသိုလ် အစုစု အတွက် သာဓုအနုမောဒနာ ခေါ် ဆိုနိုင် ဘို့ဖြစ် တယ် တကာဟု ရှင်းပြ၏

ဆရာတော်ကြီး ရှင်းပြတာကို နားထောင်၍ ဂျပန်အရာရှိကြီးက နားလည်သဘောကျ သည့်အနေဖြင့် အကြိမ်ကြိမ် အလေးပြုသွားသည်ဟူ ၏ပေးလိုသည့် မှတ်ချက်မှာ ခရီးသွား ဆရာတော်သံဃာတော်တို့အနေဖြင့် ဆွမ်းဘုဉ်းချိန်ရောက်လျှင် စားသောက်ဆိုင်များဝင်၍ အကုန်အကျ ခံဘုဉ်းပေးတော်မမူကြပါနှင့်သိသိ မသိသိ ဆွမ်းစားချိန် ကြေးမောင်းထိုး တုံးခေါက်သော ကျောင်း တိုက်များ သို့သာဝ င်ရောက် ဘုဉ်းပေးတော်မူကြပါ၎င်းကြေးမောင်းသံ တုံးခေါက်သံ တို့ သည်အရှင်ဘုရားတို့အား ဆွမ်းစားပင့်ခြင်း ပင်ဖြစ်ပါပေ၏

 

Zawgyi

ဂ်ပန္ေခတ္က ျဖစ္သည္ စစ္ကိုင္းေတာင္႐ိုး မဂၤလာေစတီေခ်ာင္ သို ႔ဂ်ပန္အရာ ရွိတစ္ဦးႏွင့္ စကားျပန္ တစ္ဦးေရာက္လာ ၏ ဆြမ္းစားခ်ိန္ျဖစ္ေသာေၾကာင့္ ေၾကးေမာင္း ထိုးတုံးေခါက္ရာ ဂ်ပန္အရာ ရွိက ဘာလုပ္တာလဲ ဟုေမး၏

စကားျပန္က ဆြမ္းစားမွာမို႔ ေၾကးေမာင္းထိုး တုံးေခါက္ျခင္းျဖစ္ေၾကာင္း ရွင္းျပရာဂ်ပန္အရာရွိႀကီးက ” ဒဘုန္းႀကီးေတြ သူမ်ားလႉတဲ့ဆြမ္းစားတာေတာင္ ဒီလို ေၾကးေမာင္းေတြတုံးေတြေခါက္ၿပီးစားရင္ ကိုယ့္ဖာသာရွာစားရင္ေတာ့ အေျမာက္ေဖာက္ၿပီးမ်ား စားမလား မသိဘူး” ဟု မွတ္ခ်က္ျပဳသတဲ့

လူအမ်ားနဲ႔ ဆက္ဆံတဲ့ေနရာမွာ သင့္ကို လက္ခံဖို႔ ခ်စ္ခင္ဖို႔ ဆိုတာ အလြန္အေရးႀကီးပါတယ္- မလိုအပ္ဘူးထင္ၿပီး သင့္ ရဲ့ဆက္ဆံပုံ ဆက္ဆံနည္း လြဲမွားသြားခဲ့ရင္ေတာ့ သင္ မိတ္ပ်က္ပါၿပီ- ဒါေၾကာင့္ ဒီ ဗီဒီယိုေလးကိုသာ ၾကည့္ျဖစ္ေအာင္ၾကည့္လိုက္ပါ

ထို မွတ္ခ်က္ ကို စကားျပန္က မဂၤလာေစတီဆရာေတာ္ႀကီးအား ေလွ်ာက္ထားရာဆရာေတာ္ႀကီးက ” ဘုန္းႀကီးတို႔ ဒီလိုေၾကးေမာင္းထိုး တုံးေတြ ေခါက္ၿပီးစားတာဟာ ႂကြားခ်င္လို႔ မဟုတ္ဘူးဒီအနီးအနားမွာ ဘုရားဖူး ခရီးသြားသံဃာေတာ္ေတြ ဆြမ္းမျပည့္စုံေသးရင္ဒီေနရာမွာ ဆြမ္း ဆြမ္းဟင္းအျပည့္အစုံ ရွိပါတယ္ ဆြမ္းစားႂကြေတာ္မူၾကပါ လို႔ အသိေပးဖိတ္ၾကားတာ ျဖစ္​တဲ့အျပင္​ ေနာက္​ၿပီး​ေတာ့ ႐ြာ​ေတြက ဆြမ္း ဆြမ္​းဟင္​​း ​ေလာင္​းလႉ​ၾကေသာ ဆြမ္​ဒါယိကာ ဆြမ္​းဒါယိကာမ မ်ားအ​ေနျဖင့္​့မိမိတို႔လႉလိုက္​တဲ့ ဆြမ္​း ခဲဘြယ္တို႔ကို ​ဆရာ​ေတာ္​ သံဃာ​ေတာ္​မ်ား ဘုန္​း​ေပးသုံး​ေဆာင္​ ​ေတာ့မွာျဖစ္​တဲ့အတြက္​အလႉရွင္​မ်ားအ​ေနျဖင္​့ ​ေကာင္​းမႈကုသိုလ္​ အစုစု အတြက္​ သာဓုအႏု​ေမာဒနာ ​ေခၚ ဆိုႏိုင္ ​ဘို႔ျဖစ္​ တယ္​ တကာဟု ရွင္းျပ၏

ဆရာေတာ္ႀကီး ရွင္းျပတာကို နားေထာင္၍ ဂ်ပန္အရာရွိႀကီးက နားလည္သေဘာက် သည့္အေနျဖင့္ အႀကိမ္ႀကိမ္ အေလးျပဳသြားသည္ဟူ ၏ေပးလိုသည့္ မွတ္ခ်က္မွာ ခရီးသြား ဆရာေတာ္သံဃာေတာ္တို႔အေနျဖင့္ ဆြမ္းဘုဥ္းခ်ိန္ေရာက္လွ်င္ စားေသာက္ဆိုင္မ်ားဝင္၍ အကုန္အက် ခံဘုဥ္းေပးေတာ္မမူၾကပါႏွင့္သိသိ မသိသိ ဆြမ္းစားခ်ိန္ ေၾကးေမာင္းထိုး တုံးေခါက္ေသာ ေက်ာင္း တိုက္မ်ား သို႔သာဝ င္ေရာက္ ဘုဥ္းေပးေတာ္မူၾကပါ၎ေၾကးေမာင္းသံ တုံးေခါက္သံ တို႔ သည္အရွင္ဘုရားတို႔အား ဆြမ္းစားပင့္ျခင္း ပင္ျဖစ္ပါေပ၏

Credit

About the author

Aung Lay

Leave a Comment