COVID-19 ကပ္ေဘးကာလ အၾကပ္အတည္းျဖစ္ခ်ိန္မွာ အစိုးရက အသုံးျပဳဖို႔ဝယ္ယူထားတဲ့ ၂ ပတ္စာ အေရးေပၚရိကၡာေတြကို တိုင္းနဲ႔ ျပည္နယ္အသီးသီးကို ျဖန႔္ေဝသြားဖို႔ လ်ာထား ေဆာင္႐ြက္ေနၿပီလို႔ သိရပါတယ္။
ေမလ ၁၂ ရက္ေန႔က Video Conferencing စနစ္နဲ႔ ျပဳလုပ္တဲ့ ညႇိႏႈိင္းေဆြးေႏြးပြဲမွာ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က ေျပာၾကားခဲ့တာပါ။
အစိုးရက တစ္ႏိုင္ငံလုံးကို လိုအပ္တဲ့အခ်ိန္မွာ ျဖန႔္ခ်ိေပးႏိုင္ဖို႔အတြက္ ၂ ပတ္စာ အေရးေပၚ ရိကၡာဆန္ တန္ခ်ိန္ ၅၀၀၀၀ နဲ႔ စားအုန္းဆီတန္ခ်ိန္ ၁၂၀၀၀ တို႔ကို လိုအပ္တဲ့အခ်ိန္မွာ ျဖန႔္ခ်ိႏိုင္ဖို႔ ဝယ္ယူဖို႔ေဆာင္႐ြက္ခဲ့တာျဖစ္တယ္လို႔ ျပည္ေထာင္စုဝန္ႀကီးက အစည္းအေဝးမွာ ေျပာပါတယ္။
အရံဆန္ ဝယ္ယူရာမွာ ေဈးကြက္တည္ၿငိမ္ေစဖို႔အတြက္ ျပည္ပဆန္ တင္ပို႔မႈပမာဏရဲ႕ ၁၀ ရာခိုင္ႏႈန္းကို ျပည္ပတင္ပို႔တဲ့ ကုမၸဏီေတြဆီကေန ဝယ္ယူခဲ့ၿပီးေတာ့ အရန္စားသုံးဆီကိုေတာ့
ေဈးႏႈန္းသင့္ေတာ္တဲ့ စားအုန္းဆီကို ျပည္ပကေန တင္သြင္းဝယ္ယူခဲ့တာပါ။ျပည္တြင္းမွာ စားအုန္းဆီ သိုေလွာင္ဖို႔ ဆီသိုေလွာင္ကန္လုံေလာက္မႈ မရွိတာေၾကာင့္ Jerry Can ပုံးေတြနဲ႔ သိုေလွာင္ထားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။
Credit DVB
Unicode
COVID-19 ကပ်ဘေးကာလ အကြပ်အတည်းဖြစ်ချိန်မှာ အစိုးရက အသုံးပြုဖို့ဝယ်ယူထားတဲ့ ၂ ပတ်စာ အရေးပေါ်ရိက္ခာတွေကို တိုင်းနဲ့ ပြည်နယ်အသီးသီးကို ဖြန့်ဝေသွားဖို့ လျာထား ဆောင်ရွက်နေပြီလို့ သိရပါတယ်။
မေလ ၁၂ ရက်နေ့က Video Conferencing စနစ်နဲ့ ပြုလုပ်တဲ့ ညှိနှိုင်းဆွေးနွေးပွဲမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့တာပါ။
အစိုးရက တစ်နိုင်ငံလုံးကို လိုအပ်တဲ့အချိန်မှာ ဖြန့်ချိပေးနိုင်ဖို့အတွက် ၂ ပတ်စာ အရေးပေါ် ရိက္ခာဆန် တန်ချိန် ၅၀၀၀၀ နဲ့ စားအုန်းဆီတန်ချိန် ၁၂၀၀၀ တို့ကို လိုအပ်တဲ့အချိန်မှာ ဖြန့်ချိနိုင်ဖို့ ဝယ်ယူဖို့ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးမှာ ပြောပါတယ်။
အရံဆန် ဝယ်ယူရာမှာ ဈေးကွက်တည်ငြိမ်စေဖို့အတွက် ပြည်ပဆန် တင်ပို့မှုပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကို ပြည်ပတင်ပို့တဲ့ ကုမ္ပဏီတွေဆီကနေ ဝယ်ယူခဲ့ပြီးတော့ အရန်စားသုံးဆီကိုတော့
ဈေးနှုန်းသင့်တော်တဲ့ စားအုန်းဆီကို ပြည်ပကနေ တင်သွင်းဝယ်ယူခဲ့တာပါ။ပြည်တွင်းမှာ စားအုန်းဆီ သိုလှောင်ဖို့ ဆီသိုလှောင်ကန်လုံလောက်မှု မရှိတာကြောင့် Jerry Can ပုံးတွေနဲ့ သိုလှောင်ထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။