Baydin

တနင်္လာသားသမီးများအတွက် ၁၄.၇.၂၀၂၀ မှ ၂၀.၇.၂၀၂၀ ထိ တစ်ပါတ်စာဟောစာတန်း

Written by Aung Lay

တနင်္လာသားသမီးများအတွက် ၁၄.၇.၂၀၂၀ မှ ၂၀.၇.၂၀၂၀ ထိ တစ်ပါတ်စာဟောစာတန်း

တနင်္လာသား/သမီးများအတွက်

ဒီရက်ပိုင်းအတွင်းထွက်နေတာတွေဆုံးရှုံးနေတာတွေပြန်လည်ရရှိလိမ့်မည်။

အလုပ်ဟောင်းနေရာဟောင်းပြဿနာဟောင်းတွေနဲ့ပြန်ပြီးပတ်သက်ရတတ်သည်။

ရောဂါဟောင်းတွေလည်းပေါ်လာတတ်ပါတယ်။

ဒီအချိန်မှာ မနာလိုသူတွေလည်းပေါများနေတတ်သည်။

အပြိုင်အဆိုင်တွေဖြစ်ပြီးမှအောင်မြင်မှုတွေလည်းရရှိတတ်သည်။

ရွှေနှင့်ရတနာပစ္စည်းတွေလည်းဝင်လာမည်။

အလှကုန်ကျောက်၊ကားလုပ်ငန်းတွေအထူးအကျိုးပေးပါလိမ့်မည်။

ပြည်တွင်း ပြည်ပခရီးတွေကတော့မရေရာဘူးဖြစ်နေတတ်သည်။

ရှယ်ယာအလုပ်၊စာချုပ်ရမည့်အလုပ်တွေကိုတော့သတိထား ပြီး လုပ်ပါပြဿနာပေါ်တတ်သည်။

အိမ်ထောင်ရှင်များအိမ်ထောင်နှင့်ခတ္တခဏခွဲ ခွာ ရတတ်သည်။ကောင်းသောခွဲ ခွာ ခြင်းဖြစ်သည်။

ငယ်ရွယ်သူများအချစ်ရေးမင်္ဂလာ ကိစ္စအထိတောင်အောင်မြင်ပါလိမ့်မည်။

သင့်ကျန်းမာရေးကတော့အစာအိမ်ရောဂါဖြစ်တတ်ပါတယ်။

သင့်အတွက်ကံ ကောင်း စေသောအရောင်မှာဆင်စွယ်ရောင်ဖြစ်ပါသည်။

သင်ထီထိုးမယ်ဆိုရင်ကံကောင်းစေမည့်ဂဏန်း(၂၇)အတွဲဟာသင့်အတွက်ကံကောင်းစေပါသည်။

ကံကောင်းစေရန်ယတြာ-မိမိအိမ်ဘုရားတွင်ငွေထီး(၉)လက်လှူဒါန်းပြီးမိမိလိုရာဆုတောင်းပါ။

သင်၏အခက်အခဲများအားလုံးတို့သည်ပြီးစီးအောင်မြင်ပါလိမ့်မည်ဟုကျွနု်ပ်မှယုံကြည်ပါသည်။

*သင်၏အခက်အခဲများကို 1875 Baydin Messenger တွင်မေးမြန်းနိုင်ပါသည်။

#အချစ်ရေး #အိမ်ထောင်ရေး #စီးပွားရေး #1875Baydin #ဗေဒင်

Zawgyi


















သင်၏အခက်အခဲများအားလုံးတို့သည်ပြီးစီးအောင်မြင်ပါလိမ့်မည်ဟုကျွန်ုပ်မှယုံကြည်ပါသည်။



About the author

Aung Lay

Leave a Comment