Cele News
ငယ်ငယ်တုန်းက စားဝတ်နေရေး ခက်ခဲလွန်းတာကြောင့် ရပ်ကွက်ထဲမှာ မုန့်လိုက်ရောင်းခဲ့ဖူးတဲ့အကြောင်း ရင်ဖွင့်ပြောပြလာတဲ့ တန်ခွန်ကျော်
Written by Aung Lay
Source-Tan Khun Kyaw
Unicode
ပရိသတ်ကြီးရေ နာဂတိုင်းရင်းသားလေး တန်ခွန်ကျော်ကတော့ Myanmar Idol Season(4)ရဲ့ ပြိုင်ပွဲဝင်တစ်ဦးပါ။သူကတော့ ပြိုင်ပွဲဝင်ချိန်မှာလည်း ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့ပြီး Myanmar Idol Wild Card Winnerဆုကို ဆွတ်ခူးရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ပင်ကိုယ်အသံကာလာအေးအေးလေးနဲ့ သီချင်းတွေကိုအမှားအယွင်းနည်းစွာ သီဆိုနိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကိုရရှခဲ့သူဆိုလဲ မမှားပါဘူးနော်။
တန်ခွန်ကျော်ကတော့ ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ချိန်မှာ ကိုယ်ပိုင်ဂီတခရီးလမ်းကိုလျှောက်လှမ်းနေပြီဖြစ်ပါတယ်။အခုဆိုရင်တော့ တန်ခွန်ကျော်က လတ်တလောမှာဖြစ်ပွားနေတဲ့ ကူးစက်ရောဂါပိုးတွေကြောင့် ဖျော်ဖြေပွဲတွေရပ်နားထားပြီး မွေးရပ်မြေဖြစ်တဲ့ ခန္တီးမြို့ကိုသွားရောက်နေထိုင်နေတာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ တန်ခွန်ကျော်က သူ့ရဲ့ ငယ်ဘဝအကြောင်းတွေကို အခုလိုပဲပြောပြလာခဲ့ပါတယ်။
သူကတော့ “အညာသားကျောကုန်း ရောင်းပါသည်။တစ်ထုပ် ၁ထောင်ကျပ်ပါ စားချင်စားမစားချင်နေ ကြိုက်ရင်ဝယ် မကြိုက်ရင်မဝယ်ပါနဲ့ လျော့စေးမရှိပါ ငယ်ငယ်တုန်းက ဒီမုန့်လေး ရပ်ကွက်ထဲ ပတ်ရောင်းခဲ့ဖူးတယ် ဆန်ဝယ်ဖို့ပေါ့ ခက်ခဲလွန်းခဲ့တယ်”ဆိုပြီးငယ်ဘဝအကြောင်းလေးကို သူ့ရဲ့လူမုှကွန်ရက်စာမျက်နှာကနေရေးသားထားတာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ……။
About the author
Aung Lay
Leave a Comment