Cele News
ခွဲစိတ်ပြုပြင် စရာမလိုပဲ သဘာဝအတိုင်းရိုးရှင်း အေးချမ်းတဲ့အလှတွေကို ပိုင်ဆိုင် ထားတဲ့ ပိုးမမှီသာ
Written by Aung Lay
ခွဲစိတ်ပြုပြင် စရာမလိုပဲ သဘာဝအတိုင်းရိုးရှင်း အေးချမ်းတဲ့အလှတွေကို ပိုင်ဆိုင် ထားတဲ့ ပိုးမမှီသာ
ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ပိုးမမှီသာ ကတော့ ဆွဲဆောင်မှု ရှိပြီး ချစ်စရာကောင်းသူလေးမို့ ယောကျ်ားလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်နေကြသူလေးပဲ ဖြစ်ပါတယ်။ ပရိသတ်အချစ်တွေ အခိုင်အမာနဲ့ အနုပညာ လမ်းကြောင်းမှာ ရပ်တည်လျှောက်လှမ်းနေသလို ပညာရေးပိုင်းမှာ ထူးချွန်ထက်မြက်တဲ့ ဆရာဝန်မလေးတစ်ယောက်လည်း ဖြစ်ပြီး အေးချမ်းပြီးချိုသာအပြုံးလှလှလေးတွေနဲ့ မြင်သူတကာကို အမြင် အေးချမ်းစေသူလေးလည်းဖြစ်ပါတယ်နော်..။
ပိုးမမှီသာက အနုပညာလောကမှာ အချိန်အတိုတွင်းအောင်မြင်မှုတွေရရှိခဲ့ပြီး နေရာတစ်နေရာကို အကောင်းဆုံးရပ်တည်နေခဲ့ပြီလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကာကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာကို တွေ့ရပါတယ်။ ယခုတစ်မှာလည်း ပိုးမမှီသာလေးက မြင်သူတိုင်းချစ်အားတွေပိုစေလောက်မယ့် သူမရဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပြန်ပါပြီနော်…..။
တုနှိုင်းမမှီတဲ့ အလှတွေနဲ့ ပြုပြင်ပြောင်းလဲစရာမလိုပဲ ပြစ်ချက်မရှိလှပလွန်းတဲ့ သူမရဲ့ ပုံလေးတွေကို တင်ပေးလါတာပါ။ ပိုးရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ပိုးရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေက စောင့်မျှော်အားပေးလိုက်ကြပါအုန်းနော်……။
Photo credit – Poe Mamhe Thar’s FB account
Zawgyi
About the author
Aung Lay
Leave a Comment