Health

ဖက်လုံးနဲ့ အိပ်တတ်သူတွေသာသိတဲ့ ရင်တွင်းဖြစ် ခံစားမှုလေးတွေ

Written by Aung Lay

အိပ်စက်ခြင်းက လူတိုင်းအတွက် အရေးပါပါတယ်။ အိပ်စက်တဲ့အခါမှာ လုပ်လေ့ ရှိတဲ့ အကျင့်တွေကလည်း အိပ်စက်မှုအတွက် အရေးပါနေတတ်ပါတယ်။

အိပ်ရာကို ခင်တွယ်လွန်းတဲ့သူတွေ ရှိသလို အိပ်ရာနဲ့ ပတ်သတ်ရင် တစ်ခုခုကို စွဲလမ်းနေတတ်တဲ့သူတွေ ရှိပါတယ်။ ဒီလို အိပ်တဲ့အခါ ဖက်လုံးနဲ့ အိပ်တတ်သူတွေကတော့ ဖက်လုံး မရှိတာနဲ့ အဆင်မပြေ ဖြစ်နေတတ်ပါတယ်။

သူတို့တွေကတော့ ဖက်လုံးနဲ့ ပတ်သတ်ရင် အခုလို အမြဲ ခံစားနေရတတ်ပါသေးတယ်။

အဖော်တစ်ယောက် ဖြစ်တယ်

ဖက်လုံးနဲ့မှ အိပ်တတ်တဲ့ သူတွေအတွက်တော့ ဖက်လုံးက သူတို့အတွက် အိပ်ဖော်အိပ်ဖက်ပါပဲ။ ဖက်လုံးမရှိရင် အထီးကျန်သလို ဖြစ်နေတတ်ပြီး ဟာတာတာ ဖြစ်နေတတ်ပါတယ်။

ဖက်လုံးကတော့ သူတို့ကို အဖော်ဖြစ်ပေးပြီး ခွလို့လည်း ရ၊ ခြေထောက်လည်း တင်လို့ ရတဲ့အပြင် ခေါင်းအုံးလိုက်လည်း ရတဲ့ အရာမို့ သူတို့ရဲ့ အိပ်စက်ခြင်းအတွက် သဘောအကျဆုံး အရာပါပဲ။

နွေးထွေးမှု ပေးတယ်

အေးတဲ့အခါ အထီးကျန်ပြီး ပတ်ဝန်းကျင်က အေးစက်နေတယ်လို့ ခံစားရတဲ့အခါ ဖက်လိုက်တာက ကိုယ့်ကို နွေးထွေးမှု ဖြစ်စေပါတယ်။ ဒီလိုအချိန်တွေအတွက်လည်း ဖက်လုံးက နွေးထွေးစေပါသေးတယ်။

ဖက်လုံးကို အားပါးတရ ဖက်ထားလိုက်တဲ့အခါ ဝမ်းနည်းနေရင်တောင်မှာ နေသာထိုင်သာ ရှိစေပါသေးတယ်။

တစ်ခုခု လိုနေတတ်တယ်

ဖက်လုံးနဲ့ အိပ်တတ်တဲ့ သူတွေကတော့ ခရီးသွားတဲ့အခါမှာ အခက်တွေ့နေတတ်ပါတယ်။ ဖက်လုံး မရှိဘဲ အိပ်ရတဲ့ ညက တကယ့်ကို တစ်ခုခု လိုနေတဲ့ ညပါပဲ။

တော်တော်နဲ့ အိပ်မပျော်တာမျိုးတွေ ဖြစ်တဲ့အပြင် ရင်ဘတ်ထဲမှာပါ ဟာနေတတ်ပါသေးတယ်။ ဒါကတော့ ဖက်လုံးချစ်သူတွေပဲ သိတဲ့ ခံစားချက်လည်း ဖြစ်ပါတယ်။

အိပ်ပျော်စေတယ်

ဒီလို ဖက်လုံးရှိမှ အိပ်တတ်တဲ့သူတွေအတွက်ကတော့ ဖက်လုံးက အိပ်ဆေး တစ်မျိုး ပါပဲ။ ဖက်လုံး မရှိရင် အိပ်ဖို့ ခက်ခဲနေပြီး ဖက်လုံး ရှိရင် စိတ်ချလက်ချ အိပ်ပျော်နေတတ်ပါတယ်။

အိပ်ပျော်ခြင်းအတွက် ဖက်လုံးက မဖြစ်မနေ လိုအပ်တာကို သူတို့တွေကလွဲရင် တခြားသူတွေ ခံစားနားလည်နိုင်ကြမယ် မထင်ပါဘူး။

Kham

Zawgyi

အိပ္စက္ျခင္းက လူတိုင္းအတြက္ အေရးပါပါတယ္။ အိပ္စက္တဲ့အခါမွာ လုပ္ေလ့ ရွိတဲ့ အက်င့္ေတြကလည္း အိပ္စက္မႈအတြက္ အေရးပါေနတတ္ပါတယ္။

အိပ္ရာကို ခင္တြယ္လြန္းတဲ့သူေတြ ရွိသလို အိပ္ရာနဲ႔ ပတ္သတ္ရင္ တစ္ခုခုကို စြဲလမ္းေနတတ္တဲ့သူေတြ ရွိပါတယ္။ ဒီလို အိပ္တဲ့အခါ ဖက္လုံးနဲ႔ အိပ္တတ္သူေတြကေတာ့ ဖက္လုံး မရွိတာနဲ႔ အဆင္မေျပ ျဖစ္ေနတတ္ပါတယ္။

သူတို႔ေတြကေတာ့ ဖက္လုံးနဲ႔ ပတ္သတ္ရင္ အခုလို အၿမဲ ခံစားေနရတတ္ပါေသးတယ္။

အေဖာ္တစ္ေယာက္ ျဖစ္တယ္

ဖက္လုံးနဲ႔မွ အိပ္တတ္တဲ့ သူေတြအတြက္ေတာ့ ဖက္လုံးက သူတို႔အတြက္ အိပ္ေဖာ္အိပ္ဖက္ပါပဲ။ ဖက္လုံးမရွိရင္ အထီးက်န္သလို ျဖစ္ေနတတ္ၿပီး ဟာတာတာ ျဖစ္ေနတတ္ပါတယ္။

ဖက္လုံးကေတာ့ သူတို႔ကို အေဖာ္ျဖစ္ေပးၿပီး ခြလို႔လည္း ရ၊ ေျခေထာက္လည္း တင္လို႔ ရတဲ့အျပင္ ေခါင္းအုံးလိုက္လည္း ရတဲ့ အရာမို႔ သူတို႔ရဲ႕ အိပ္စက္ျခင္းအတြက္ သေဘာအက်ဆုံး အရာပါပဲ။

ေႏြးေထြးမႈ ေပးတယ္

ေအးတဲ့အခါ အထီးက်န္ၿပီး ပတ္ဝန္းက်င္က ေအးစက္ေနတယ္လို႔ ခံစားရတဲ့အခါ ဖက္လိုက္တာက ကိုယ့္ကို ေႏြးေထြးမႈ ျဖစ္ေစပါတယ္။ ဒီလိုအခ်ိန္ေတြအတြက္လည္း ဖက္လုံးက ေႏြးေထြးေစပါေသးတယ္။

ဖက္လုံးကို အားပါးတရ ဖက္ထားလိုက္တဲ့အခါ ဝမ္းနည္းေနရင္ေတာင္မွာ ေနသာထိုင္သာ ရွိေစပါေသးတယ္။

တစ္ခုခု လိုေနတတ္တယ္

ဖက္လုံးနဲ႔ အိပ္တတ္တဲ့ သူေတြကေတာ့ ခရီးသြားတဲ့အခါမွာ အခက္ေတြ႕ေနတတ္ပါတယ္။ ဖက္လုံး မရွိဘဲ အိပ္ရတဲ့ ညက တကယ့္ကို တစ္ခုခု လိုေနတဲ့ ညပါပဲ။

ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္တာမ်ိဳးေတြ ျဖစ္တဲ့အျပင္ ရင္ဘတ္ထဲမွာပါ ဟာေနတတ္ပါေသးတယ္။ ဒါကေတာ့ ဖက္လုံးခ်စ္သူေတြပဲ သိတဲ့ ခံစားခ်က္လည္း ျဖစ္ပါတယ္။

အိပ္ေပ်ာ္ေစတယ္

ဒီလို ဖက္လုံးရွိမွ အိပ္တတ္တဲ့သူေတြအတြက္ကေတာ့ ဖက္လုံးက အိပ္ေဆး တစ္မ်ိဳး ပါပဲ။ ဖက္လုံး မရွိရင္ အိပ္ဖို႔ ခက္ခဲေနၿပီး ဖက္လုံး ရွိရင္ စိတ္ခ်လက္ခ် အိပ္ေပ်ာ္ေနတတ္ပါတယ္။

အိပ္ေပ်ာ္ျခင္းအတြက္ ဖက္လုံးက မျဖစ္မေန လိုအပ္တာကို သူတို႔ေတြကလြဲရင္ တျခားသူေတြ ခံစားနားလည္ႏိုင္ၾကမယ္ မထင္ပါဘူး။

Kham

About the author

Aung Lay

Leave a Comment