ၾကားသိရသမ်ွ

ကိုဗစ် ရောဂါဖြစ်ပွားနေမှုကြောင့် မူဆယ်နယ်စပ်မှ ပြောင်းဖူးများအား တရုတ်ပြည်တွင်းသို့ တင်သွင်းခွင့်မရ၍ ဖျက်ဆီး၊ စွန့်ပစ်ရမည့်အတူတူ…

Written by Aung Lay


၂၀၂၀ မေလ (၁၂)


စွန့်ပစ်ရမည့်အတူတူ








Unicode

ပြောင်းဖူး အာဟာရဒါန မွန်မြတ်အလှူ

၂၀၂၀ မေလ (၁၂)

COVID-19 ရောဂါဖြစ်ပွားနေမှုကြောင့် မြန်မာနိုင်ငံ မူဆယ်နယ်စပ်မှ ပြောင်းဖူးများအား တရုပ်ပြည်တွင်းသို့ တင်သွင်းခွင့်မရ၍ ဖျက်ဆီး၊ စွန့်ပစ်ရမည့်အတူတူ

အများပြည်သူလူထုတို့အားပေးကမ်းလှူဒါန်းခြင်းက

မြတ်၏ဟူသော စေတနာဖြင့် အခင်းပိုင်ရှင်များကလှူဒါန်း၍

ကိုမောင်မောင်+မတင့်တင့်လှိုင်(ခ)မုံရွာသူ

သမီး – မဝင်းလဲ့ရွှေရည်မောင်၊ သား-မောင်ရှိုင်းမန်အောင် မိသားစုနှင့်

မိတ်ဆွေများဖြစ်သော ဦးယုစန်း ၊ ဦးဝင်းလှိုင်တိုး တို့မှ ကားနှင့် ဆီစိုက်၍ ရန်ကုန် နှင့် မန္တလေးမြို့များအရောက်သယ်ဆောင် ကုသိုလ်ယူလှူဒါန်းခဲ့ပါသည်။

ယနေ့ နံနက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြောင်းဖူး (၄၂၀၀)ဖူး တို့အား မွန်မြတ်စွာ လာရောက်လှူဒါန်းပေးခဲ့ပါသည်။

အလှူရှင်မိသားစုများ စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာဖြင့် ရောဂါကပ်ဘေးမှ အမြန်ဆုံးလွတ်မြောက်၍ ပျော်ရွှင်စရာနေ့သစ်များကို ပိုင်ဆိုင်နိုင်ကြပါစေ …

About the author

Aung Lay

Leave a Comment