News

ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ပြနေ တဲ့ ကျန်းမာခြင်း နှင့် ဘဝနေထိုင်နည်း

Written by Aung Lay

ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ပြနေ တဲ့ ကျန်းမာခြင်း နှင့် ဘဝနေထိုင်နည်း

ဦးဇင်းကျော်ဟိန်းဟာ အဆုတ်ရောဂါ၊ နှလုံးရောဂါ တွေနဲ့ ပျံလွန် တော်မူတယ်လို့ သူ့သမီးပြောတာ နားထောင်ရပါတယ်။ ငယ်ငယ်က ဆေးလိပ်အရမ်းသောက်လို့ သူ့အဆုတ်က ၂၀ ရာခိုင်နှုန်းပဲ အလုပ်လုပ်တော့တာမို့ အောက်ဆီဂျင်နဲ့ နေ နေရတာ၊ လေဖြတ်ထားလို့ ဘီးတပ်ကုလားထို င်နဲ့ နေရတာ သုံးနှစ်လောက် ရှိပြီ ဆိုတာလည်း သိရပါတယ်။

ဒီတစ်လနီးပါး အတွင်း အသက် ၇၀ ကျော် လူ သုံးယောက် ရဲ့ မတူညီတဲ့ ဘဝတွေ၊ သူတို့ ကျန်းမာရေးနဲ့ သက်တမ်းတွေကို မြင်ခွင့်ရခဲ့ပါတယ်။ ဇွန်လ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် အသက် ၇၅ နှစ် ပြည့်ပါတယ်။ သူ့အိမ်ထဲမှာ သွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ် လှုပ်ရှားနေပုံကလေးတွေကို ရုပ်သံဖိုင်တွေကနေ မြင်ရပါတယ်။

ဇွန်လ ၂၈ ရက်နေ့က ရုပ်ရှင် နှစ်တစ်ရာပြည့် အတွက် ရိုက်ကူးရေး လုပ်နေတဲ့ ရုပ်ရှင် မင်းသမီးကြီး ဒေါ်ခင်သန်းနု ကို မြင်ရပါတယ်။ ၁၉၄၅ ခုဖွား ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွယ်တူ (လပိုင်းပဲ ကွာတဲ့) ဒေါ်ခင်သန်းနုကို သွက်သွက်လက်လက် မရှိတာ၊ လှေကား နှစ်ထစ်လောက်ကို လူတွဲပြီး တက်ရတာ မြင်ရပါတယ်။

ဇူလိုင်လ ၁၁ ရက်မှာ အသက် ၇၃ နှစ်အရွယ် ဦးဇင်းကျော်ဟိန်း ပျံလွန်တော် မူတဲ့ အကြောင်းသိရပါတယ်။ လူတစ်ချို့ ပြောကြတာ ရှိတယ်။ သူက မင်းသား မင်းသမီးကိုး နုမှာပေါ့ သက်တောင့်သက်သာ နေရတာကိုး ကျန်းမာမှာပေါ့ ဆိုပြီး ပြောတတ်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ စိတ်ဆန္ဒသာ ရှိရင် ဘယ်လူမဆို ကျန်းမာ အောင် နေနိုင်ကြောင်း ခနခန ပြောတတ်ပါတယ်။ ကြုံတုန်း ဒေါ်အောင်ဆန်းစုကြည် ပြောထားတာကို ပြန်ပြီး မျှဝေလိုက်ပါရစေ။

“ရောဂါမဖြစ်စေဖို့ ကိုယ်ခံအားကောင်းဖို့ လိုပါတယ်။ ကိုယ်ခံအားကောင်းခြင်း ဆိုတာ အခြေခံကျန်းမာရေးကောင်းခြင်းလို့ ပြောလို့ရမယ် ထင်ပါတယ်။ အခြေခံကျန်းမာရေးက မျိုးရိုးဗီဇနဲ့ စားသောက်နေထိုင်မှု ပုံစံတို့အပေါ် မူတည်ပါတယ်။ မျိုးရိုးဗီဇကတော့ ပြောင်းလို့မရပါဘူး။ (အချို့သိပ္ပံပညာရှင်တွေကတော့ လူ့သက်တမ်းတစ်ခု အတွင်းမှာပဲ DNA ကိုတောင် ပြောင်းနိုင်တယ်လို့ ဆိုပါတယ်။) အစားအသောက်၊ အနေအထိုင်တို့ကိုတော့ ပြောင်းချင်တဲ့ ဆန္ဒရှိရင် ပြောင်းဖို့ လွယ်ပါတယ်။

ကိုယ့်ကျန်းမာရေး ကို ကိုယ်တိုင်အများကြီး ထိန်းသိမ်းနိုင်ပါတယ်။ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး ရှောင်ရန်၊ ဟင်းသီးဟင်းရွက် များများစားရန်၊ ဆား၊ အဆီ၊ သကြားဓါတ် များများပါတဲ့ အစာများ ရှောင်ရန်၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ရန်၊ စသဖြင့် လိုက်နာရန် မခက်ခဲတဲ့ ကျန်းမာရေး ကောင်းစေမဲ့ အလေ့အကျင့်လေး တွေကို လေ့လာကြပါ၊ လိုက်နာကြပါ။

ကိုယ့်ရဲ့ရောဂါ ကာကွယ်နိုင် စွမ်းအား ကိုယ်သာ ပြုစုပျိုးထောင် နိုင်မှာပါ။ ”

AriesTO

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္ လမ္းၫႊန္ျပေန တဲ့ က်န္းမာျခင္း ႏွင့္ ဘဝေနထိုင္နည္း

ဦးဇင္းေက်ာ္ဟိန္းဟာ အဆုတ္ေရာဂါ၊ ႏွလုံးေရာဂါ ေတြနဲ႔ ပ်ံလြန္ ေတာ္မူတယ္လို႔ သူ႔သမီးေျပာတာ နားေထာင္ရပါတယ္။ ငယ္ငယ္က ေဆးလိပ္အရမ္းေသာက္လို႔ သူ႔အဆုတ္က ၂၀ ရာခိုင္ႏႈန္းပဲ အလုပ္လုပ္ေတာ့တာမို႔ ေအာက္ဆီဂ်င္နဲ႔ ေန ေနရတာ၊ ေလျဖတ္ထားလို႔ ဘီးတပ္ကုလားထို င္နဲ႔ ေနရတာ သုံးႏွစ္ေလာက္ ရွိၿပီ ဆိုတာလည္း သိရပါတယ္။

ဒီတစ္လနီးပါး အတြင္း အသက္ ၇၀ ေက်ာ္ လူ သုံးေယာက္ ရဲ႕ မတူညီတဲ့ ဘဝေတြ၊ သူတို႔ က်န္းမာေရးနဲ႔ သက္တမ္းေတြကို ျမင္ခြင့္ရခဲ့ပါတယ္။ ဇြန္လ ၁၉ ရက္ေန႔က ေဒၚေအာင္ဆန္းစုၾကည္ အသက္ ၇၅ ႏွစ္ ျပည့္ပါတယ္။ သူ႔အိမ္ထဲမွာ သြက္သြက္လက္လက္ ဖ်တ္ဖ်တ္လတ္လတ္ လႈပ္ရွားေနပုံကေလးေတြကို ႐ုပ္သံဖိုင္ေတြကေန ျမင္ရပါတယ္။

ဇြန္လ ၂၈ ရက္ေန႔က ႐ုပ္ရွင္ ႏွစ္တစ္ရာျပည့္ အတြက္ ႐ိုက္ကူးေရး လုပ္ေနတဲ့ ႐ုပ္ရွင္ မင္းသမီးႀကီး ေဒၚခင္သန္းႏု ကို ျမင္ရပါတယ္။ ၁၉၄၅ ခုဖြား ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ႐ြယ္တူ (လပိုင္းပဲ ကြာတဲ့) ေဒၚခင္သန္းႏုကို သြက္သြက္လက္လက္ မရွိတာ၊ ေလွကား ႏွစ္ထစ္ေလာက္ကို လူတြဲၿပီး တက္ရတာ ျမင္ရပါတယ္။

ဇူလိုင္လ ၁၁ ရက္မွာ အသက္ ၇၃ ႏွစ္အ႐ြယ္ ဦးဇင္းေက်ာ္ဟိန္း ပ်ံလြန္ေတာ္ မူတဲ့ အေၾကာင္းသိရပါတယ္။ လူတစ္ခ်ိဳ႕ ေျပာၾကတာ ရွိတယ္။ သူက မင္းသား မင္းသမီးကိုး ႏုမွာေပါ့ သက္ေတာင့္သက္သာ ေနရတာကိုး က်န္းမာမွာေပါ့ ဆိုၿပီး ေျပာတတ္ၾကပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ စိတ္ဆႏၵသာ ရွိရင္ ဘယ္လူမဆို က်န္းမာ ေအာင္ ေနႏိုင္ေၾကာင္း ခနခန ေျပာတတ္ပါတယ္။ ႀကဳံတုန္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာထားတာကို ျပန္ၿပီး မွ်ေဝလိုက္ပါရေစ။

“ေရာဂါမျဖစ္ေစဖို႔ ကိုယ္ခံအားေကာင္းဖို႔ လိုပါတယ္။ ကိုယ္ခံအားေကာင္းျခင္း ဆိုတာ အေျခခံက်န္းမာေရးေကာင္းျခင္းလို႔ ေျပာလို႔ရမယ္ ထင္ပါတယ္။ အေျခခံက်န္းမာေရးက မ်ိဳး႐ိုးဗီဇနဲ႔ စားေသာက္ေနထိုင္မႈ ပုံစံတို႔အေပၚ မူတည္ပါတယ္။ မ်ိဳး႐ိုးဗီဇကေတာ့ ေျပာင္းလို႔မရပါဘူး။ (အခ်ိဳ႕သိပၸံပညာရွင္ေတြကေတာ့ လူ႔သက္တမ္းတစ္ခု အတြင္းမွာပဲ DNA ကိုေတာင္ ေျပာင္းႏိုင္တယ္လို႔ ဆိုပါတယ္။) အစားအေသာက္၊ အေနအထိုင္တို႔ကိုေတာ့ ေျပာင္းခ်င္တဲ့ ဆႏၵရွိရင္ ေျပာင္းဖို႔ လြယ္ပါတယ္။

ကိုယ့္က်န္းမာေရး ကို ကိုယ္တိုင္အမ်ားႀကီး ထိန္းသိမ္းႏိုင္ပါတယ္။ ေဆးလိပ္၊ အရက္၊ မူးယစ္ေဆးဝါး ေရွာင္ရန္၊ ဟင္းသီးဟင္း႐ြက္ မ်ားမ်ားစားရန္၊ ဆား၊ အဆီ၊ သၾကားဓါတ္ မ်ားမ်ားပါတဲ့ အစာမ်ား ေရွာင္ရန္၊ ကိုယ္လက္လႈပ္ရွားမႈ ပုံမွန္ လုပ္ရန္၊ စသျဖင့္ လိုက္နာရန္ မခက္ခဲတဲ့ က်န္းမာေရး ေကာင္းေစမဲ့ အေလ့အက်င့္ေလး ေတြကို ေလ့လာၾကပါ၊ လိုက္နာၾကပါ။

ကိုယ့္ရဲ႕ေရာဂါ ကာကြယ္ႏိုင္ စြမ္းအား ကိုယ္သာ ျပဳစုပ်ိဳးေထာင္ ႏိုင္မွာပါ။ ”

AriesTO

About the author

Aung Lay

Leave a Comment