Cele News

” ထူးအောင် ရဲ့ အမိုက်စား ဖက်ရှင်စတိုင် ကို သဘောကျကြောင်း သွယ်ဝိုက်ပြော လာ တဲ့ “မယ်လိုဒီ”

Written by Aung Lay

” ထူးအောင် ရဲ့ အမိုက်စား ဖက်ရှင်စတိုင် ကို သဘောကျကြောင်း သွယ်ဝိုက်ပြော လာ တဲ့ “မယ်လိုဒီ”

ပရိ သတ်ကြီးရေ မယ်လိုဒီကတော့ အသားအရေ ဝင်းလက်ကြည်လင်ကာ ပြစ်မျိုးမှဲ့မတင် လှပလွန်းတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ သူမကိုယ်သူမ “မျိုး”ကလေ ဆိုတဲ့စကားပြောဆိုဟန်လေးကြောင့် ပရိသတ်တွေ အချစ်ပို နေရတဲ့သူလေးပါ။ အမြဲစကားပြောပွင့်လင်းကာ သူမ စိတ်ခံစားချက်တွေကို ပရိသတ်တွေကို ပွင့်လင်းရိုးသားစွာပြောလေ့ရှိတဲ့မင်းသမီးတစ်ဦးဖြစ်ပြီး ပရိသတ်တွေသည်းသည်းလှုပ်ချစ်ကြတဲ့ ချောမောတဲ့သားလေး သိဒ္ဓိစစ်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

မကြာသေးမီက ခင်ပွန်းသည်နဲ့ နှစ်ဦးသဘောတူလမ်းခွဲ ပြတ်စဲကြောင်းကိုကြေညာခဲ့တာဖြစ်ပြီး ခင်ပွန်းဟောင်း နဲ့ သူငယ်ချင်းလိုဆက်ဆံရေးရှိကြောင်းလည်း ပြောပြခဲ့ပါသေးတယ်နော်။ ပွင့်ပွင့်လင်းလင်း နဲ့ ပျော်ပျော်နေတတ်ကာ စနောက်တတ်တဲ့ မယ်လိုဒီ ကတော့ လက်ရှိလူမှူကွန်ရက် စာမျက်နှာမှာနှုတ်ခမ်းနီမလေးတွေအပြောများကာ သည်းသည်းလှုပ် အချစ်ပိုနေကြတဲ့ ထူးအောင် ရဲ့ အမိုက်စားဖက်ရှင် နဲ့ ပုံရိပ်လေးကို တင်ကာ ” ဒီလိုအင်္ကျီတွေဝတ်ရင် မိန်းကလေးတွေ သဘောကျလားဟင် အမျိုးသမီးထုကြီး ရဲ့ အသံလေး ကြားချင်မိတယ်” ဆိုတဲ့စာလေး နဲ့ ထူးအောင် ရဲ့ ဖက်ရှင်ကိုသဘောကျကြောင်း အရိပ်အမြွက်ပြောဆိုခဲ့တာပါ။

အနုပညာမောင်နှမတွေကို အမြဲ Support ပေးတတ်တဲ့ မယ်လိုဒီကတော့ ဒီတစ်ခါမှာလည်း ထူးအောင်ကို စနောက်ခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆု‌တောင်းလိုက်ပါတယ်နော် ….

crd : celeconnections

Zawgyi





crd : celeconnections

About the author

Aung Lay

Leave a Comment