ၾကားသိရသမ်ွ

ဝေဠုကျော် ငါ့ကိုသတ်နေပြီဟု အော်သံကြား၍ ထကြည့်ရာသောအခါ…

Written by Aung Lay

ေဝ႒ဳေက်ာ္ ငါ့ကိုသတ္ေနၿပီဟု ေအာ္သံၾကား၍ ထၾကည့္ရာ သူခိုးတစ္ဦးျဖစ္ေန

အင္းေတာ္ႀကီး၊ ဇူလိုင္ ၁၅

မိုးညႇင္းခရိုင္၊ အင္းေတာ္ႀကီးေဒသ မမုန္ကိုင္ေက်းရြာတြင္ ေနအိမ္တစ္အိမ္တြင္ ယမန္ေန႔ညက သူခိုးတစ္ဦး ဝင္ေရာက္ခဲ့ၿပီး အိမ္ရွင္ျဖစ္သူ၏ လည္ပင္းအား ဓါးျဖင့္ လွီးသည့္ အမွုတစ္ခုျဖစ္ပြားခဲ့သည္။

အဆိုပါျဖစ္စဥ္သည္ ဇူလိုင္လ ၁၃ ရက္ ညသန္ေခါင္ယံပိုင္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္ အိမ္ရွင္ ဦးသန္းေအာင္က ၎၏ ျမင္ေတြ႕ခဲ့ရပုံကို ယခုကဲ့သို့ ေျပာျပသည္။

“ ေဝ႒ဳေက်ာ္ ငါ့ကိုသတ္ေနၿပီလို့ ဇနီးျဖစ္သူက ေအာ္လို့ ထၾကည့္ေတာ့ လူတစ္ေယာက္ အိမ္ေနာက္ေဖး ၿခံစည္းရိုးကို ေက်ာ္ၿပီး ထြက္ေျပးသြားတာကို ေတြ႕လိုက္တယ္” ဟု ၎က ဆိုသည္။

အဆိုပါ ထြက္ေျပးသြားသူမွာ မမုန္ကိုင္ေက်းရြာေနထိုင္သူ ေဝသူေက်ာ္ (ခ) ေဝ႒ဳေက်ာ္ ဆိုသူျဖစ္ၿပီး ၎သည္ ယင္းည သန္းေခါင္ယံ အခ်ိန္ခန႔္ တြင္ ဦးသန္းေအာင္ႏွင့္ ေဒၚလွဝင္းတို့ ေနအိမ္တို့ ဝင္ေရာက္ကာ ေသတၱာ တစ္လုံးအား ဖြင့္ေနစဥ္ ေဒၚလွဝင္းမွ ျမင္ေတြ႕ခဲ့ၿပီး ေဝသူေက်ာ္ ဟု ေအာ္ဟစ္ေခၚစဥ္ ေဝသူေက်ာ္က ေဒၚလွဝင္း၏ ရင္ဘတ္ကို ဒူးႏွင့္ေထာက္၊ ပါးစပ္ကို လက္ႏွင့္ပိတ္ကာ လည္ပင္းကို ဓါးႏွင့္လွီးခဲ့ေၾကာင္း၊ ေဒၚလွဝင္း၏ ခင္ပြန္းျဖစ္သူ ေရာက္ရွိလာသျဖင့္ အိမ္ေနာက္ေဖးၿခံစည္းရိုးကို ေက်ာ္ကာ ထြက္ေျပးသြားေၾကာင္း ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး လုံးတုံ နယ္ေျမ ရဲစခန္းသို့ အမွုဖြင့္ တိုင္ၾကားထားေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါ ေဝ႒ဳေက်ာ္(ခ) ေဝသူေက်ာ္၊ ၂၂ ႏွစ္၊ မမုန္ကိုင္ ေက်းရြာ၊ အင္းေတာ္ႀကီးေဒသ၊ မိုးညႇင္းၿမိဳ့နယ္ေနသူအား လုံးတုံနယ္ေျမ ရဲစခန္းက (ပ)အမွတ္ ၃၀ /၂၀၂၀ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၄၅၂/ ၃၂၄ ဥပေဒအရ အမွုဖြင့္ အေရးယူ ေဆာင္ရြက္လၽွက္ရွိေၾကာင္း သိရသည္။

ေနၾကာ

Credit : Zin Moe

Unicode

ဝေဋ္ဌုကျော် ငါ့ကိုသတ်နေပြီဟု အော်သံကြား၍ ထကြည့်ရာ သူခိုးတစ်ဦးဖြစ်နေ

အင်းတော်ကြီး၊ ဇူလိုင် ၁၅

မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ မမုန်ကိုင်ကျေးရွာတွင် နေအိမ်တစ်အိမ်တွင် ယမန်နေ့ညက သူခိုးတစ်ဦး ဝင်ရောက်ခဲ့ပြီး အိမ်ရှင်ဖြစ်သူ၏ လည်ပင်းအား ဓါးဖြင့် လှီးသည့် အမှုတစ်ခုဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်သည် ဇူလိုင်လ ၁၃ ရက် ညသန်ခေါင်ယံပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည် အိမ်ရှင် ဦးသန်းအောင်က ၎င်း၏ မြင်တွေ့ခဲ့ရပုံကို ယခုကဲ့သို့ ပြောပြသည်။

“ ဝေဋ္ဌုကျော် ငါ့ကိုသတ်နေပြီလို့ ဇနီးဖြစ်သူက အော်လို့ ထကြည့်တော့ လူတစ်ယောက် အိမ်နောက်ဖေး ခြံစည်းရိုးကို ကျော်ပြီး ထွက်ပြေးသွားတာကို တွေ့လိုက်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ထွက်ပြေးသွားသူမှာ မမုန်ကိုင်ကျေးရွာနေထိုင်သူ ဝေသူကျော် (ခ) ဝေဋ္ဌုကျော် ဆိုသူဖြစ်ပြီး ၎င်းသည် ယင်းည သန်းခေါင်ယံ အချိန်ခန့် တွင် ဦးသန်းအောင်နှင့် ဒေါ်လှဝင်းတို့ နေအိမ်တို့ ဝင်ရောက်ကာ သေတ္တာ တစ်လုံးအား ဖွင့်နေစဉ် ဒေါ်လှဝင်းမှ မြင်တွေ့ခဲ့ပြီး ဝေသူကျော် ဟု အော်ဟစ်ခေါ်စဉ် ဝေသူကျော်က ဒေါ်လှဝင်း၏ ရင်ဘတ်ကို ဒူးနှင့်ထောက်၊ ပါးစပ်ကို လက်နှင့်ပိတ်ကာ လည်ပင်းကို ဓါးနှင့်လှီးခဲ့ကြောင်း၊ ဒေါ်လှဝင်း၏ ခင်ပွန်းဖြစ်သူ ရောက်ရှိလာသဖြင့် အိမ်နောက်ဖေးခြံစည်းရိုးကို ကျော်ကာ ထွက်ပြေးသွားကြောင်း ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး လုံးတုံ နယ်မြေ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဝေဋ္ဌုကျော်(ခ) ဝေသူကျော်၊ ၂၂ နှစ်၊ မမုန်ကိုင် ကျေးရွာ၊ အင်းတော်ကြီးဒေသ၊ မိုးညှင်းမြို့နယ်နေသူအား လုံးတုံနယ်မြေ ရဲစခန်းက (ပ)အမှတ် ၃၀ /၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၂/ ၃၂၄ ဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

နေကြာ

Credit : Zin Moe

About the author

Aung Lay

Leave a Comment