Cele News

အလုပ်ဖြုတ်ခံရတာကြောင့် အခုလို အောင်မြင်တဲ့ဘဝကို ရရှိခဲ့တဲ့ သူမဘဝရဲ့ အတက်အကျတွေကို ပြောပြခဲ့တဲ့ ဖြူဖြူထွေး

Written by Aung Lay

ပရိတ်သတ်အားပေးမှုကို အခိုင်အမာရရှိနေတဲ့ ဖြူဖြူထွေးကတော့ အခုချိန်မှာဆိုရင် အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိနေပါပြီနော်။ သူမရဲ့ အိမ်မှာပဲ ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ရိုက်ကူးမှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ အလှူအတန်းများမှာလည်း လက်မနှေးတဲ့သူ ဖြစ်တာကြောင့် ပရိတ်သတ်တွေက အချစ်ပိုနေရတာပါ။

တက်သစ်စ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပေမဲ့လည်း ဇာတ်ပို့ ဇာတ်ရံ နဲ့ ဟာသ လူရွှင်တော်ကြီးများကိုလည်း ပေးကန်းလှူတန်းကာ သိတတ်နေသူလေးပါနော်။ လွန်ခဲ့တဲ့ ရက်ပိုင်းက သူမအနေနဲ့ ကမ္ဘာကျော် အနုပညာရှင်ကြီးများကို ကျော်လွန်ပြီး ဆိုရှယ်မီဒီယာမှာ တစ်ရက်တာ ပရိတ်သတ်အများဆုံးရရှိခဲ့တာနဲ့ပက်သက်ပြီး မီဒီယာတွေမှာ အခုလိုပဲ ဖြေဆိုခဲ့ပါတယ်။

ဖြူဖြူထွေး ပြောခဲ့တာကတော့ ” ပရိတ်သတ်တွေ အခုလို များနေတယ်ဆိုတာ မသိခဲ့ဘုးပေါ့နော်။ ဒီအတိုင်း ကိုယ့်ဘာသာ ကြိုးစားပြီး နေတယ် အလုပ်ကိုလည်း သေသေချာချာလေး လုပ်တယ် အဲ့လိုကနေ ဖြစ်သွားတာပေါ့နော်။ ကိုယ်ရိုက်ထားတဲ့ ဗီဒီယိုလေးတွေကိုတော့ ညကျရင် ပြန်ကြည့်ဖြစ်တယ် ။ အားဆေးတစ်ခွက်လိုပါပဲ ။ Fan Meeting တော့ မလုပ်တော့ဘူး ပရိတ်သတ်တွေကို တခြားနည်းနဲ့ပဲ ကျေးဇူးဆပ်မယ်။ လုပ်လည်း လာမှာမဟုတ်ဘူး အလုပ်တွေ ရှုပ်နေမှာဆိုးလို့လေ ။ အပြင်မှာ ကိုယ့်ဘာသာဆိုရင်တောင် အရမ်းတွေ ရှက်နေတာ .. fan meeting သာလုပ်ရင် မျက်နှာတောင် ဖော်ရဲမှာ မဟုတ်တော့ဘူး။ ”

အနုပညာလောကထဲကို မရောက်ခင် ကျောင်းသူဘဝက ကျောင်းကပွဲမှာ မြန်မာဝတ်စုံနဲ့ ဂျွမ်းထိုးခဲ့တဲ့ အဖြစ်အပျက်လေးနဲ့ ပက်သက်ပြီးတော့လည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။ ” အရင်တုန်းက မီဒီယာမှာ အနုပညာရှင်တွေကို လိုက်ပြီး အင်တာဗျူးရတဲ့ ဝန်ထမ်းလုပ်ခဲ့ရတာပေါ့နော်။ အဲ့ချိန်က ရုပ်ရှင်အစည်းအရုံးမှာ ပွဲတစ်ပွဲလုပ်တာ ..ကိုယ်ကလည်း သွက်သွက်လက်လက်ဆိုတော့ သူဌေးက ဖြူဖြူထွေး နင်သွားပြီး အင်တာဗျူးပေါ့နော်။ အနုပညာရှင်တွေ အကုန်လုံးကို ကိုယ်က လိုက်ပြီး အင်တာဗျူးခဲ့တာ ..

နောက်နေ့လည်း ရောက်ရော ရုံးခန်းက ခေါ်ပြီး ၂ သိန်းပေးလိုက်မယ် မနက်ဖြန်ကစပြီး အလုပ်မဆင်းတော့နဲ့တဲ့ ကိုယ်ကလည်း ဝန်ထမ်းတွေကို အလုပ်ထုတ်ရင် ၆ လစာ ပေးရတာ မဟုတ်ဘူးလားဟင်နဲ့ ပြောတော့ သူဌေးကလည်း ၂ သိန်းရတာတောင် ကံကောင်းဆိုပြီး ပြောတာပေါ့နော်။ ဘာလို့ အလုပ်ပြုတ်လဲဆိုတော့ အနုပညာရှင်တွေကို လိုက်ပြီးအင်တာဗျူးတဲ့ ဗီဒီယိုဖိုင်မှာ အသံတွေက မပါလာဘူးလေ

အဲ့ဒါနဲ့ အလုပ်ပြုတ်တော့ စိတ်ညစ်နေတုန်း သူငယ်ချင်းက ဖြူထွေး ကျောင်းကပွဲမှာ ကပါလားဆိုပြီး ဝင်ကပြီး ဇာတ်စင်ပေါ်မှာ ဂျွမ်းထိုးဖြစ်သွားတာ ..တကယ်က စိတ်ညစ်နေတာ အလုပ်ပြုတ်မှန်း အိမ်ကသိရင် အဆူခံရမှာလေ စိတ်ညစ်ညစ်နဲ့ မျက်နှာကြီးကတော့ ပြုံးပြီး စင်ပေါ်မှာ ဂျွမ်းတွေထိုးတာ..မြန်မာဆန်ဆန်ကြီးနဲ့ ဂျွမ်းထိုးတော့ ဆဲကြတာပေါ့နော်။ အမှန်က ကိုယ်ကလည်း မှားတာပါ။ အဲ့ချိန်မှာ ပရိတ်သတ်တွေက ဆဲရော ဖြူဖြူထွေးဆိုတာနဲ့ကို ဆဲကြတာ..အဲ့ချိန်မှာ ကိုယ်ကလည်း ဘာလို့ဆဲတာလဲဆိုပြီး ရွဲ့ပြီး ကလိုက်ရင် ဇောက်ထိုးမိုးမျှော်တွေ ကတာ .. မန်ယူဝတ်စုံကြီး ဝတ်ပြီး ဇီးလေ့ ဇီးလေ့ ဆိုတဲ့ သီချင်းနဲ့တောင် ကလိုက်သေးတယ်။

အဲ့ဒါနဲ့ နောက်ဆုံးကျမှ ကိုယ့်ဘာသာ ပြုပြင်ပြောင်းလဲလိုက်တာ .. ဒီအတိုင်းဆို သူတို့က ဆဲလိုက် ကိုယ်က မုန်းအောင်လုပ်လိုက်နဲ့ အဆင်မပြေဘူးဆိုပြီး ကိုယ့်ဘာသာ ပြုပြင်ပြောင်းလဲလိုက်တာပေါ့နော်။ပရိတ်သတ်စကား နားထောင်တဲ့အထဲလည်း ပါသွားတာပေါ့။ ဘဝဆိုတာ အဲ့လို အတက်အကျနဲ့ပဲ ထင်ပါတယ် ” ဆိုကာ အနုပညာလမ်းကြောင်းပေါ်စတင်ရောက်ရှိလာခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

Zawgyi

ပရိတ္သတ္အားေပးမႈကို အခိုင္အမာရရွိေနတဲ့ ျဖဴျဖဴေထြးကေတာ့ အခုခ်ိန္မွာဆိုရင္ ေအာင္ျမင္တဲ့ အႏုပညာလမ္းေၾကာင္းေပၚကို ေရာက္ရွိေနပါၿပီေနာ္။ သူမရဲ႕ အိမ္မွာပဲ ကိုယ္တိုင္ဇာတ္ၫႊန္းေရးၿပီး ကိုယ္တိုင္႐ိုက္ကူးမႈေတြ ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။ အလႉအတန္းမ်ားမွာလည္း လက္မေႏွးတဲ့သူ ျဖစ္တာေၾကာင့္ ပရိတ္သတ္ေတြက အခ်စ္ပိုေနရတာပါ။

တက္သစ္စ ေအာင္ျမင္တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ေနေပမဲ့လည္း ဇာတ္ပို႔ ဇာတ္ရံ နဲ႔ ဟာသ လူ႐ႊင္ေတာ္ႀကီးမ်ားကိုလည္း ေပးကန္းလႉတန္းကာ သိတတ္ေနသူေလးပါေနာ္။ လြန္ခဲ့တဲ့ ရက္ပိုင္းက သူမအေနနဲ႔ ကမာၻေက်ာ္ အႏုပညာရွင္ႀကီးမ်ားကို ေက်ာ္လြန္ၿပီး ဆိုရွယ္မီဒီယာမွာ တစ္ရက္တာ ပရိတ္သတ္အမ်ားဆုံးရရွိခဲ့တာနဲ႔ပက္သက္ၿပီး မီဒီယာေတြမွာ အခုလိုပဲ ေျဖဆိုခဲ့ပါတယ္။ျဖဴျဖဴေထြး ေျပာခဲ့တာကေတာ့ ” ပရိတ္သတ္ေတြ အခုလို မ်ားေနတယ္ဆိုတာ မသိခဲ့ဘုးေပါ့ေနာ္။ ဒီအတိုင္း ကိုယ့္ဘာသာ ႀကိဳးစားၿပီး ေနတယ္ အလုပ္ကိုလည္း ေသေသခ်ာခ်ာေလး လုပ္တယ္ အဲ့လိုကေန ျဖစ္သြားတာေပါ့ေနာ္။ ကိုယ္႐ိုက္ထားတဲ့ ဗီဒီယိုေလးေတြကိုေတာ့ ညက်ရင္ ျပန္ၾကည့္ျဖစ္တယ္ ။ အားေဆးတစ္ခြက္လိုပါပဲ ။ Fan Meeting ေတာ့ မလုပ္ေတာ့ဘူး ပရိတ္သတ္ေတြကို တျခားနည္းနဲ႔ပဲ ေက်းဇူးဆပ္မယ္။ လုပ္လည္း လာမွာမဟုတ္ဘူး အလုပ္ေတြ ရႈပ္ေနမွာဆိုးလို႔ေလ ။ အျပင္မွာ ကိုယ့္ဘာသာဆိုရင္ေတာင္ အရမ္းေတြ ရွက္ေနတာ .. fan meeting သာလုပ္ရင္ မ်က္ႏွာေတာင္ ေဖာ္ရဲမွာ မဟုတ္ေတာ့ဘူး။ ”

အႏုပညာေလာကထဲကို မေရာက္ခင္ ေက်ာင္းသူဘဝက ေက်ာင္းကပြဲမွာ ျမန္မာဝတ္စုံနဲ႔ ဂြၽမ္းထိုးခဲ့တဲ့ အျဖစ္အပ်က္ေလးနဲ႔ ပက္သက္ၿပီးေတာ့လည္း အခုလိုပဲ ေျပာျပခဲ့ပါတယ္။ ” အရင္တုန္းက မီဒီယာမွာ အႏုပညာရွင္ေတြကို လိုက္ၿပီး အင္တာဗ်ဴးရတဲ့ ဝန္ထမ္းလုပ္ခဲ့ရတာေပါ့ေနာ္။ အဲ့ခ်ိန္က ႐ုပ္ရွင္အစည္းအ႐ုံးမွာ ပြဲတစ္ပြဲလုပ္တာ ..ကိုယ္ကလည္း သြက္သြက္လက္လက္ဆိုေတာ့ သူေဌးက ျဖဴျဖဴေထြး နင္သြားၿပီး အင္တာဗ်ဴးေပါ့ေနာ္။ အႏုပညာရွင္ေတြ အကုန္လုံးကို ကိုယ္က လိုက္ၿပီး အင္တာဗ်ဴးခဲ့တာ .

.ေနာက္ေန႔လည္း ေရာက္ေရာ ႐ုံးခန္းက ေခၚၿပီး ၂ သိန္းေပးလိုက္မယ္ မနက္ျဖန္ကစၿပီး အလုပ္မဆင္းေတာ့နဲ႔တဲ့ ကိုယ္ကလည္း ဝန္ထမ္းေတြကို အလုပ္ထုတ္ရင္ ၆ လစာ ေပးရတာ မဟုတ္ဘူးလားဟင္နဲ႔ ေျပာေတာ့ သူေဌးကလည္း ၂ သိန္းရတာေတာင္ ကံေကာင္းဆိုၿပီး ေျပာတာေပါ့ေနာ္။ ဘာလို႔ အလုပ္ျပဳတ္လဲဆိုေတာ့ အႏုပညာရွင္ေတြကို လိုက္ၿပီးအင္တာဗ်ဴးတဲ့ ဗီဒီယိုဖိုင္မွာ အသံေတြက မပါလာဘူးေလ

အဲ့ဒါနဲ႔ အလုပ္ျပဳတ္ေတာ့ စိတ္ညစ္ေနတုန္း သူငယ္ခ်င္းက ျဖဴေထြး ေက်ာင္းကပြဲမွာ ကပါလားဆိုၿပီး ဝင္ကၿပီး ဇာတ္စင္ေပၚမွာ ဂြၽမ္းထိုးျဖစ္သြားတာ ..တကယ္က စိတ္ညစ္ေနတာ အလုပ္ျပဳတ္မွန္း အိမ္ကသိရင္ အဆူခံရမွာေလ စိတ္ညစ္ညစ္နဲ႔ မ်က္ႏွာႀကီးကေတာ့ ၿပဳံးၿပီး စင္ေပၚမွာ ဂြၽမ္းေတြထိုးတာ..ျမန္မာဆန္ဆန္ႀကီးနဲ႔ ဂြၽမ္းထိုးေတာ့ ဆဲၾကတာေပါ့ေနာ္။ အမွန္က ကိုယ္ကလည္း မွားတာပါ။ အဲ့ခ်ိန္မွာ ပရိတ္သတ္ေတြက ဆဲေရာ ျဖဴျဖဴေထြးဆိုတာနဲ႔ကို ဆဲၾကတာ..အဲ့ခ်ိန္မွာ ကိုယ္ကလည္း ဘာလို႔ဆဲတာလဲဆိုၿပီး ႐ြဲ႕ၿပီး ကလိုက္ရင္ ေဇာက္ထိုးမိုးေမွ်ာ္ေတြ ကတာ .. မန္ယူဝတ္စုံႀကီး ဝတ္ၿပီး ဇီးေလ့ ဇီးေလ့ ဆိုတဲ့ သီခ်င္းနဲ႔ေတာင္ ကလိုက္ေသးတယ္။​

အဲ့ဒါနဲ႔ ေနာက္ဆုံးက်မွ ကိုယ့္ဘာသာ ျပဳျပင္ေျပာင္းလဲလိုက္တာ .. ဒီအတိုင္းဆို သူတို႔က ဆဲလိုက္ ကိုယ္က မုန္းေအာင္လုပ္လိုက္နဲ႔ အဆင္မေျပဘူးဆိုၿပီး ကိုယ့္ဘာသာ ျပဳျပင္ေျပာင္းလဲလိုက္တာေပါ့ေနာ္။​ပရိတ္သတ္စကား နားေထာင္တဲ့အထဲလည္း ပါသြားတာေပါ့။ ဘဝဆိုတာ အဲ့လို အတက္အက်နဲ႔ပဲ ထင္ပါတယ္ ” ဆိုကာ အႏုပညာလမ္းေၾကာင္းေပၚစတင္ေရာက္ရွိလာခဲ့တဲ့အေၾကာင္းကို ေျပာျပခဲ့ပါတယ္။

About the author

Aung Lay

Leave a Comment