Cele News

နေ့စား အလုပ်ကြမ်းနဲ့ ပန်းရံသမားတွေကို မုန့်ဖိုးတွေ ပေးဝေပြီး အလှူပြုလုပ်ခဲ့တဲ့ စည်ဖြိုးတို့ မိသားစု

Written by Aung Lay

အလှူရေစက် လက်နဲ့မကွာ ရောက်လေရာနေရာတိုင်းမှာ လှူဒါန်းပေးတတ်တဲ့ စည်ဖြိုးတို့ မိသားစုလေးရဲ့ မွန်မြတ်တဲ့အလှူဒါနတွေကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ ။ မေတ္တာဓာတ်ကြီးမားလွန်းတဲ့ စည်ဖြိုးရဲ့မိခင်ဒေါ်သီသီဝင်းကတော့ သာသနာရေးဘက်မှာလည်း လက်မနှေးတဲ့အပြင် လောကီရေးရာဘက်မှာလည်း မလစ်ဟင်းအောင် လှူဒါန်းလေ့ရှိသူပါ။

အလုပ်သမားတွေကိုလည်း မိသားစုဝင်တွေလို သဘောထားပြီး ကူညီလေ့ရှိတဲ့စည်ဖြိုးတို့မိသားစုလေးကတော့ တကယ့်ကို မေတ္တာဓာတ်တွေနဲ့ ထုံမွမ်းထားတဲ့မိသားစုလေးပါပဲ။ ဒီတစ်ခေါက်မှာလည်း မိသားစုလိုက် ကျိုက်မရောဆရာတော်ဘုရားထံမှာ

လှူဖွယ်ပစ္စည်းတွေနဲ့ ဝတ္ထုငွေတို့ကို ဆက်ကပ်လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် စည်ဖြိုးအမေဒေါ်သီသီဝင်းကတော့ ဘုန်းကြီးကျောင်းဝင်းထဲက နေ့စားအလုပ်သမားတွေအတွက်ပါ တစ်လက်စတည်း ငွေကြေးဒါန ပြုခဲ့ပါသေးတယ်။

မရည်ရွယ်ထားဘဲ ပြုလုပ်ဖြစ်ခဲ့တဲ့အလှူလေးကြောင့် လှူဒါန်းပေးသူရော လက်ခံသူတွေမှာ ဖြစ်ပေါ်လာတဲ့ပီတိအပြုံးလေးတွေကတော့ အမှန်တကယ်ကြည်နူးစရာပါပဲ ပရိသတ်ကြီးရေ… လှူဖို့ဆို ဘယ်တော့မှလက်မနှေးတဲ့ စည်ဖြိုးတို့မိသားစုလေးရဲ့ ဒီနေ့ပြုလုပ်ဖြစ်တဲ့အလှူလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ကြည်နူးစရာအလှူလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦး။

Zawgyi

အလႉေရစက္ လက္နဲ႔မကြာ ေရာက္ေလရာေနရာတိုင္းမွာ လႉဒါန္းေပးတတ္တဲ့ စည္ၿဖိဳးတို႔ မိသားစုေလးရဲ႕ မြန္ျမတ္တဲ့အလႉဒါနေတြကိုေတာ့ ပရိသတ္ေတြလည္း သိရွိၿပီးျဖစ္မွာပါ ။ ေမတၱာဓာတ္ႀကီးမားလြန္းတဲ့ စည္ၿဖိဳးရဲ႕မိခင္ေဒၚသီသီဝင္းကေတာ့ သာသနာေရးဘက္မွာလည္း လက္မေႏွးတဲ့အျပင္ ေလာကီေရးရာဘက္မွာလည္း မလစ္ဟင္းေအာင္ လႉဒါန္းေလ့ရွိသူပါ။

အလုပ္သမားေတြကိုလည္း မိသားစုဝင္ေတြလို သေဘာထားၿပီး ကူညီေလ့ရွိတဲ့စည္ၿဖိဳးတို႔မိသားစုေလးကေတာ့ တကယ့္ကို ေမတၱာဓာတ္ေတြနဲ႔ ထုံမြမ္းထားတဲ့မိသားစုေလးပါပဲ။ ဒီတစ္ေခါက္မွာလည္း မိသားစုလိုက္ က်ိဳက္မေရာဆရာေတာ္ဘုရားထံမွာ

လႉဖြယ္ပစၥည္းေတြနဲ႔ ဝတၳဳေငြတို႔ကို ဆက္ကပ္လႉဒါန္းေပးခဲ့ပါတယ္။ ဒါ့အျပင္ စည္ၿဖိဳးအေမေဒၚသီသီဝင္းကေတာ့ ဘုန္းႀကီးေက်ာင္းဝင္းထဲက ေန႔စားအလုပ္သမားေတြအတြက္ပါ တစ္လက္စတည္း ေငြေၾကးဒါန ျပဳခဲ့ပါေသးတယ္။

မရည္႐ြယ္ထားဘဲ ျပဳလုပ္ျဖစ္ခဲ့တဲ့အလႉေလးေၾကာင့္ လႉဒါန္းေပးသူေရာ လက္ခံသူေတြမွာ ျဖစ္ေပၚလာတဲ့ပီတိအၿပဳံးေလးေတြကေတာ့ အမွန္တကယ္ၾကည္ႏူးစရာပါပဲ ပရိသတ္ႀကီးေရ… လႉဖို႔ဆို ဘယ္ေတာ့မွလက္မေႏွးတဲ့ စည္ၿဖိဳးတို႔မိသားစုေလးရဲ႕ ဒီေန႔ျပဳလုပ္ျဖစ္တဲ့အလႉေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။ ၾကည္ႏူးစရာအလႉေလးအတြက္ သာဓုေခၚေပးခဲ့ၾကပါဦး။

About the author

Aung Lay

Leave a Comment