နိုင္ငံေတာ္ကခ်မွတ္ထား သည့္သတ္မွတ္ခ်က္မ်ား ကိုေမလ ၁၅ရက္ေန႔ ေနာက္ပိုင္းတြင္ ေျဖေလၽွာ့ေပးမည္ဆိုပါက အေျခခံပညာေက်ာင္းမ်ားကို မူလေက်ာင္းဖြင့္ခ်ိန္ ဇြန္လ ၁ရက္ေန႔ထက္ ရက္အနည္းငယ္ေနာက္က်ၿပီးမွ ဖြင့္လွစ္နိုင္မည္ ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာနမွ ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေမ ၁၀ရက္တြင္ ျမန္မာတိုင္းမ္ကို ေျပာသည္။
၎က “ကၽြန္ေတာ္တို႔လုပ္တဲ့လုပ္ငန္းေတြက စလုပ္ခြင့္ရၿပီ ဆိုရင္ေတာင္မွ ႏွစ္ပတ္ နဲ႔ၿပီးဖို႔ဆိုတာနည္းနည္းခက္နိုင္တယ္၊ ဒါေၾကာင့္မို႔ မူလအတိုင္းဖြင့္ခ်င္လည္း ဖြင့္နိုင္မယ္မူလထက္ေနာက္က်ၿပီးမွလည္းဖြင့္နိုင္ပါတယ္။
ဥပမာ ႏွစ္ပတ္ေနာက္က်မယ္ တစ္ပတ္ေနာက္က်မယ္ တို႔ သုံးပတ္ေနာက္က်မယ္ တို႔ ဒါေတြကေတာ့လုပ္ငန္းေပၚမွာမူတည္ၿပီးေတာ့ ဗဟိုေကာ္မတီရဲ့လမ္းညႊန္ခ်က္ေပၚမွာမူတည္ၿပီးေဆာင္ရြက္သြားဖို႔လုပ္ေနပါတယ္” ဟု ေျပာသည္။
ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္မည္ ဆိုပါကလည္း ယခင္း အတိုင္းဖြင့္လွစ္၍ မရဘဲ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန က သတ္မွတ္ခ်က္မ်ားျဖစ္သည့္ ႏွာေခါင္းစည္းတပ္ဆင္ျခင္း တစ္ဦးႏွင့္တစ္ဦးသတ္မွတ္ထားသည့္ အကြာအေဝးအတိုင္းေနထိုင္ေစျခင္း စသည့္အခ်က္မ်ားႏွင့္ ကိုက္ညီေအာင္ေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း သိရသည္။
ဦးကိုေလးဝင္းက “ ဖြင့္ရင္ေတာင္မွ ဒီအတိုင္းႀကီးပဲ အရင္တုန္း ကလည္း ပုံမွန္အတိုင္းႀကီးဖြင့္လို႔မရပါဘူး။ေကာ္မတီရဲ့ ညႊန္ၾကားခ်က္ေတြလိုက္နာရဦးမွာျဖစ္ပါတယ္။ ေက်ာင္းသားေက်ာင္းသူတိုင္း ႏွာေခါင္းစည္းတပ္ရမယ္ဆိုတာမ်ိဳးျဖစ္မယ္။
ေနာက္တစ္ခု Social Distancing ေပါ့။ အနည္းဆုံး ၆ ေပကြာ သို႔မဟုတ္ ၃ေပကြာဆိုတဲ့ အခ်က္ေတြ လုပ္ဖို႔လိုပါမယ္”ဟု ေျပာသည္။
ယင္းအတြက္လည္းႀကိဳတင္လုပ္ေဆာင္မႈမ်ားျပဳလုပ္ သည့္အေနျဖင့္ ေက်ာင္းသားေက်ာင္းသူမ်ားကို ႏွာေခါင္းစည္းမ်ားႏွင့္ Face Shield မ်ားေပးနိုင္ေရး ေဆာင္ရြက္ေနေၾကာင္းႏွင့္ ေက်ာင္းခ်ိန္မ်ားကိုလည္း ယခင္တစ္ခ်ိန္ ေက်ာင္းမ်ား ႏွစ္ခ်ိန္ခြဲတက္ နိုင္ဖို႔ေဆာင္ရြက္ေနေၾကာင္း ၎က ေျပာသည္။
၎က“ေက်ာင္းသားနည္းတဲ့ေက်ာင္းေလးေတြရွိမယ္။ အဲဒီလိုေက်ာင္းေလးေတြ ကေတာ့ တစ္ခ်ိန္ေက်ာင္းအေနနဲ႔ ပဲသြားမယ္။ ေက်ာင္းသားမ်ားရင္ေတာ့ Social Distancing အတြက္ ႏွစ္သုတ္ တက္နဲ႔ သြားဖို႔စီစဥ္ေနတယ္။
ေနာက္ ကေလးေတြ အတြက္ ကေတာ့ ႏွာေခါင္းစည္းေတြေပါ့။ တစ္ခါသုံးေတြေတာ့ မေပးနိုင္ဘူး။ တစ္ခါသုံးၿပီးေန႔တိုင္း ေန႔ တိုင္းေပးေနဖို႔အတြက္က ေတာ့ကၽြန္ေတာ္တို႔မွာ ပိုက္ဆံမရွိပါဘူး။
အဲဒီေတာ့ျပန္ေလ်ာ္ၿပီးသုံးလို႔ရတဲ့ အဝတ္ Mask ေလးေတြကို ဒီဇိုင္းဆြဲၿပီးေတာ့ အဲဒီ ဒီဇိုင္းကိုလုပ္ငန္းရွင္ကိုအပ္ၿပီးေတာ့ ေက်ာင္းဖြင့္ခ်ိန္အမီေဝနိုင္ဖို႔အတြက္လုပ္ေနတယ္။ ေနာက္တစ္ခုက Face Shield ေပါ့။
အထူးသျဖင့္ေတာ့ကေလးေတြ အကုန္လုံးကို ေဝနိုင္ဖို႔အတြက္လုပ္ေနတယ္။ဆရာ ဆရာမေတြအတြက္ကလည္း လိုအပ္ရင္လုပ္ေပးသြားမွာျဖစ္ပါတယ္” ဟု ေျပာသည္။
ကိုဗစ္-၁၉ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ကုသေရး ဗဟိုေကာ္မတီ၏ ေမလ ၁၅ရက္ေန႔ မတိုင္မီထြက္ရွိလာမည့္ေကာ္မတီ ၏ သတင္းထုတ္ျပန္ခ်က္ေပၚမူတည္ေဆာင္ရြက္ရမည္ျဖစ္ၿပီး အေျခခံေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ခြင့္ရမည္ဆိုပါက ခ်က္ခ်င္းျပန္လည္ဖြင့္လွစ္ျခင္း မ်ိဳးေဆာင္ရြက္၍မရပဲ ႀကိဳတင္ျပင္ဆင္မႈမ်ားေဆာင္ရြက္ရမည္ျဖစ္ၿပီး ယင္းအတြက္ ပညာေရးဝန္ႀကီးဌာန အေနႏွင့္ အဆင္သင့္ျဖစ္ေအာင္ေဆာင္ရြက္ ေနေၾကာင္း ဦးကိုေလးဝင္းက ေျပာသည္။
၎က “ ေက်ာင္းဖြင့္ဖို႔အတြက္ ျပင္ဆင္ရမွာေတြက ၄တန္း ၈တန္း ေအာင္စာရင္းမထုတ္ရေသးဘူး။ ေက်ာင္းတြင္း စစ္ေတြေတာင္တခ်ိဳ႕ ေအာင္စာရင္းမထုတ္ရေသးဘူး။ မၿပီးေသးဘဲနဲ႔ က်န္ေနတဲ့ေက်ာင္းတြင္းစစ္ေတြကို ထပ္ၿပီးေတာ့မွ အေျဖလႊာစစ္ဖို႔ က်န္ေနတဲ့ ျပည္နယ္နဲ႔တိုင္းအနည္းငယ္က်န္ေနေသးတယ္။အကုန္လုံးေတာ့ ေတာ္ေတာ္မ်ားမ်ားၿပီးေနၿပီ။
၄တန္း ၈တန္းက တခ်ိဳ႕ ျပည္နယ္တိုင္းက ၿပီးၿပီ တခ်ိဳ႕ ျပည္နယ္တိုင္းေတြက တစ္ဝက္ေလာက္ ပဲက်န္ တယ္။ ၿပီးေတာ့ တကၠသိုလ္ဝင္တန္း စာေမးပြဲကလည္း အေျဖလႊာစစ္ဖို႔လုပ္ေနရင္း တန္းလန္းပဲ ရပ္လိုက္တာ ျဖစ္တဲ့အတြက္အဲဒါကလည္းျပန္ၿပီးေတာ့ ကုတ္လုပ္တာတို႔ အေျဖလႊာစစ္ေဆးတာတို႔ ေအာင္စာရင္းအတြက္ျပင္ဆင္ရဦးမယ္။ အဲဒါေတြၿပီးမွ ေက်ာင္းကဖြင့္နိုင္ မွာျဖစ္ပါတယ္” ဟု ေျပာသည္။
တကၠသိုလ္ဝင္တန္း စာေမးပြဲအေျဖလႊာစစ္ေဆးျခင္း လုပ္ငန္းမ်ားကို ပုံမွန္အားျဖင့္ဧၿပီလ ၁ ရက္ေန႔ စတင္စစ္ ေဆးခ်ိန္ မွ ေအာင္စာရင္းထြက္ခ်ိန္အထိ တစ္လခြဲေလာက္အခ်ိန္ယူေဆာင္ရြက္ေလ့ရွိေသာ္လည္း ယခုတစ္ႀကိမ္တြင္ ပိုမိုျမန္ဆန္ေအာင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဦးကိုေလးဝင္းက ဆိုသည္။
၎က ”အခုအေျခအေနအရဆိုရင္ ခါတိုင္းပုံမွန္ ၁၀တန္းေအာင္စာရင္းကို ထုတ္နိုင္ဖို႔လုပ္တာထက္ပိုၿပီးေတာ့ ျမန္ေအာင္လုပ္ရမွာေပါ့။ အရင္တုန္းကေတာ့ေအးေဆးလုပ္လို႔ရတယ္။အခုေတာ့မရဘူး။ေနာက္တစ္ခုက ကိုဗစ္-၁၉ရဲ့ ကန႔္သတ္ခ်က္ေတြအတိုင္းလိုက္နာေဆာင္ရြက္ သြားဖို႔လိုသလို မူလႏႈန္းထက္ေတာ့ျမန္ေအာင္လည္း လုပ္ရမယ္။ဘာျဖစ္လို႔လဲဆိုရင္ေက်ာင္းဖြင့္ရက္အမ်ားႀကီးေနာက္က်သြားမွာလည္းစိုးတယ္” ဟု ေျပာသည္။
ယင္းအျပင္ ဗဟိုေကာ္မတီက လက္ရွိထုတ္ျပန္ထားသည့္ ေၾကညာခ်က္ လမ္းညႊန္ခ်က္မ်ားကိုသက္တမ္းတိုး လိုက္မည္ဆိုပါက အေျခခံပညာေက်ာင္းမ်ားကို ဇြန္လ အတြင္းဖြင့္လွစ္နိုင္ရန္ အခက္အခဲရွိနိုင္ေၾကာင္းကိုလည္း ဦးကိုေလးဝင္းက ဆိုသည္။
ယခုအခါ ေက်ာင္းဖြင့္ခ်ိန္မ်ားႏွင့္ ပတ္သက္၍ အမ်ိဳးမ်ိဳးေျပာဆိုေဝဖန္မႈမ်ား ရွိေနေသာ္လည္း အေျခခံပညာဦးစီးဌာနအေနျဖင့္ ျဖစ္နိုင္ေျခရွိသည့္အေျခအေနအေပၚမွာ အေကာင္းဆုံးျဖစ္ေအာင္ေဆာင္ရြက္ေပးေနၿပီး ကေလးမ်ား၏ သင္ၾကားသင္ယူမႈကာလမ်ားကို ပုံမွန္အတိုင္းျဖစ္ေအာင္ ပညာေရးဝန္ႀကီးဌာန၏လမ္းညႊန္ခ်က္ႏွင့္အညီေဆာင္ရြက္ေနေၾကာင္း သိရသည္။
ျမန္မာတိုင္းစ္ မွ အမ်ားအတြက္ ကူးယူေဖာ္ၿပ အပ္ပါသည္။ ဆရာေဇာ္လင္းဦး
Unicode
နိုင်ငံတော်ကချမှတ်ထား သည့်သတ်မှတ်ချက်များ ကိုမေလ ၁၅ရက်နေ့ နောက်ပိုင်းတွင် ဖြေလျှော့ပေးမည်ဆိုပါက အခြေခံပညာကျောင်းများကို မူလကျောင်းဖွင့်ချိန် ဇွန်လ ၁ရက်နေ့ထက် ရက်အနည်းငယ်နောက်ကျပြီးမှ ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက မေ ၁၀ရက်တွင် မြန်မာတိုင်းမ်ကို ပြောသည်။
၎င်းက “ကျွန်တော်တို့လုပ်တဲ့လုပ်ငန်းတွေက စလုပ်ခွင့်ရပြီ ဆိုရင်တောင်မှ နှစ်ပတ် နဲ့ပြီးဖို့ဆိုတာနည်းနည်းခက်နိုင်တယ်၊ ဒါကြောင့်မို့ မူလအတိုင်းဖွင့်ချင်လည်း ဖွင့်နိုင်မယ်မူလထက်နောက်ကျပြီးမှလည်းဖွင့်နိုင်ပါတယ်။
ဥပမာ နှစ်ပတ်နောက်ကျမယ် တစ်ပတ်နောက်ကျမယ် တို့ သုံးပတ်နောက်ကျမယ် တို့ ဒါတွေကတော့လုပ်ငန်းပေါ်မှာမူတည်ပြီးတော့ ဗဟိုကော်မတီရဲ့လမ်းညွှန်ချက်ပေါ်မှာမူတည်ပြီးဆောင်ရွက်သွားဖို့လုပ်နေပါတယ်” ဟု ပြောသည်။
ကျောင်းများ ပြန်လည်ဖွင့်လှစ်မည် ဆိုပါကလည်း ယခင်း အတိုင်းဖွင့်လှစ်၍ မရဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က သတ်မှတ်ချက်များဖြစ်သည့် နှာခေါင်းစည်းတပ်ဆင်ခြင်း တစ်ဦးနှင့်တစ်ဦးသတ်မှတ်ထားသည့် အကွာအဝေးအတိုင်းနေထိုင်စေခြင်း စသည့်အချက်များနှင့် ကိုက်ညီအောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။
ဦးကိုလေးဝင်းက “ ဖွင့်ရင်တောင်မှ ဒီအတိုင်းကြီးပဲ အရင်တုန်း ကလည်း ပုံမှန်အတိုင်းကြီးဖွင့်လို့မရပါဘူး။ကော်မတီရဲ့ ညွှန်ကြားချက်တွေလိုက်နာရဦးမှာဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတိုင်း နှာခေါင်းစည်းတပ်ရမယ်ဆိုတာမျိုးဖြစ်မယ်။
နောက်တစ်ခု Social Distancing ပေါ့။ အနည်းဆုံး ၆ ပေကွာ သို့မဟုတ် ၃ပေကွာဆိုတဲ့ အချက်တွေ လုပ်ဖို့လိုပါမယ်”ဟု ပြောသည်။
ယင်းအတွက်လည်းကြိုတင်လုပ်ဆောင်မှုများပြုလုပ် သည့်အနေဖြင့် ကျောင်းသားကျောင်းသူများကို နှာခေါင်းစည်းများနှင့် Face Shield များပေးနိုင်ရေး ဆောင်ရွက်နေကြောင်းနှင့် ကျောင်းချိန်များကိုလည်း ယခင်တစ်ချိန် ကျောင်းများ နှစ်ချိန်ခွဲတက် နိုင်ဖို့ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
၎င်းက“ကျောင်းသားနည်းတဲ့ကျောင်းလေးတွေရှိမယ်။ အဲဒီလိုကျောင်းလေးတွေ ကတော့ တစ်ချိန်ကျောင်းအနေနဲ့ ပဲသွားမယ်။ ကျောင်းသားများရင်တော့ Social Distancing အတွက် နှစ်သုတ် တက်နဲ့ သွားဖို့စီစဉ်နေတယ်။
နောက် ကလေးတွေ အတွက် ကတော့ နှာခေါင်းစည်းတွေပေါ့။ တစ်ခါသုံးတွေတော့ မပေးနိုင်ဘူး။ တစ်ခါသုံးပြီးနေ့တိုင်း နေ့ တိုင်းပေးနေဖို့အတွက်က တော့ကျွန်တော်တို့မှာ ပိုက်ဆံမရှိပါဘူး။
အဲဒီတော့ပြန်လျော်ပြီးသုံးလို့ရတဲ့ အဝတ် Mask လေးတွေကို ဒီဇိုင်းဆွဲပြီးတော့ အဲဒီ ဒီဇိုင်းကိုလုပ်ငန်းရှင်ကိုအပ်ပြီးတော့ ကျောင်းဖွင့်ချိန်အမီဝေနိုင်ဖို့အတွက်လုပ်နေတယ်။ နောက်တစ်ခုက Face Shield ပေါ့။
အထူးသဖြင့်တော့ကလေးတွေ အကုန်လုံးကို ဝေနိုင်ဖို့အတွက်လုပ်နေတယ်။ဆရာ ဆရာမတွေအတွက်ကလည်း လိုအပ်ရင်လုပ်ပေးသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ၏ မေလ ၁၅ရက်နေ့ မတိုင်မီထွက်ရှိလာမည့်ကော်မတီ ၏ သတင်းထုတ်ပြန်ချက်ပေါ်မူတည်ဆောင်ရွက်ရမည်ဖြစ်ပြီး အခြေခံကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ရမည်ဆိုပါက ချက်ချင်းပြန်လည်ဖွင့်လှစ်ခြင်း မျိုးဆောင်ရွက်၍မရပဲ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းအတွက် ပညာရေးဝန်ကြီးဌာန အနေနှင့် အဆင်သင့်ဖြစ်အောင်ဆောင်ရွက် နေကြောင်း ဦးကိုလေးဝင်းက ပြောသည်။
၎င်းက “ ကျောင်းဖွင့်ဖို့အတွက် ပြင်ဆင်ရမှာတွေက ၄တန်း ၈တန်း အောင်စာရင်းမထုတ်ရသေးဘူး။ ကျောင်းတွင်း စစ်တွေတောင်တချို့ အောင်စာရင်းမထုတ်ရသေးဘူး။ မပြီးသေးဘဲနဲ့ ကျန်နေတဲ့ကျောင်းတွင်းစစ်တွေကို ထပ်ပြီးတော့မှ အဖြေလွှာစစ်ဖို့ ကျန်နေတဲ့ ပြည်နယ်နဲ့တိုင်းအနည်းငယ်ကျန်နေသေးတယ်။အကုန်လုံးတော့ တော်တော်များများပြီးနေပြီ။
၄တန်း ၈တန်းက တချို့ ပြည်နယ်တိုင်းက ပြီးပြီ တချို့ ပြည်နယ်တိုင်းတွေက တစ်ဝက်လောက် ပဲကျန် တယ်။ ပြီးတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကလည်း အဖြေလွှာစစ်ဖို့လုပ်နေရင်း တန်းလန်းပဲ ရပ်လိုက်တာ ဖြစ်တဲ့အတွက်အဲဒါကလည်းပြန်ပြီးတော့ ကုတ်လုပ်တာတို့ အဖြေလွှာစစ်ဆေးတာတို့ အောင်စာရင်းအတွက်ပြင်ဆင်ရဦးမယ်။ အဲဒါတွေပြီးမှ ကျောင်းကဖွင့်နိုင် မှာဖြစ်ပါတယ်” ဟု ပြောသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာစစ်ဆေးခြင်း လုပ်ငန်းများကို ပုံမှန်အားဖြင့်ဧပြီလ ၁ ရက်နေ့ စတင်စစ် ဆေးချိန် မှ အောင်စာရင်းထွက်ချိန်အထိ တစ်လခွဲလောက်အချိန်ယူဆောင်ရွက်လေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင် ပိုမိုမြန်ဆန်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ဆိုသည်။
၎င်းက ”အခုအခြေအနေအရဆိုရင် ခါတိုင်းပုံမှန် ၁၀တန်းအောင်စာရင်းကို ထုတ်နိုင်ဖို့လုပ်တာထက်ပိုပြီးတော့ မြန်အောင်လုပ်ရမှာပေါ့။ အရင်တုန်းကတော့အေးဆေးလုပ်လို့ရတယ်။အခုတော့မရဘူး။နောက်တစ်ခုက ကိုဗစ်-၁၉ရဲ့ ကန့်သတ်ချက်တွေအတိုင်းလိုက်နာဆောင်ရွက် သွားဖို့လိုသလို မူလနှုန်းထက်တော့မြန်အောင်လည်း လုပ်ရမယ်။ဘာဖြစ်လို့လဲဆိုရင်ကျောင်းဖွင့်ရက်အများကြီးနောက်ကျသွားမှာလည်းစိုးတယ်” ဟု ပြောသည်။
ယင်းအပြင် ဗဟိုကော်မတီက လက်ရှိထုတ်ပြန်ထားသည့် ကြေညာချက် လမ်းညွှန်ချက်များကိုသက်တမ်းတိုး လိုက်မည်ဆိုပါက အခြေခံပညာကျောင်းများကို ဇွန်လ အတွင်းဖွင့်လှစ်နိုင်ရန် အခက်အခဲရှိနိုင်ကြောင်းကိုလည်း ဦးကိုလေးဝင်းက ဆိုသည်။
ယခုအခါ ကျောင်းဖွင့်ချိန်များနှင့် ပတ်သက်၍ အမျိုးမျိုးပြောဆိုဝေဖန်မှုများ ရှိနေသော်လည်း အခြေခံပညာဦးစီးဌာနအနေဖြင့် ဖြစ်နိုင်ခြေရှိသည့်အခြေအနေအပေါ်မှာ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးနေပြီး ကလေးများ၏ သင်ကြားသင်ယူမှုကာလများကို ပုံမှန်အတိုင်းဖြစ်အောင် ပညာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာတိုင်းစ်မှ အများအတွက် ကူးယူဖော်ပြ အပ်ပါသည်။ ဆရာဇော်လင်းဦး