ၾကားသိရသမ်ွ

ရင်သားကြီး အောင် ခွဲစိတ်မှု ပြုလုပ်ရာမှ ဦးနှောက်ပျက် သွားတဲ့ မိန်းကလေး

Written by Aung Lay

ရင်သားကြီး အောင် ခွဲစိတ်မှု ပြုလုပ်ရာမှ ဦးနှောက်ပျက် သွားတဲ့ မိန်းကလေး

အသက် (၁၈) နှစ်အရွယ် ကောင်မလေးတစ်ယောက် ဟာ ရင်သား ခွဲစိတ်မှုပြုလုပ်ပြီးနောက်ပိုင်း ဆိုးဆိုးဝါးဝါး ဦးနှောက်ပျက်စီးမှု ဖြစ်သွားခဲ့ကြောင်း unilad သတင်းအရ သိရပါတယ်။ အခုဆိုရင် သူမရဲ့ မိသားစုဝင်တွေဟာ အဆင်အခြင်မဲ့ ခွဲစိတ်ခဲ့တဲ့ ဆရာဝန်တွေကို တရားစွဲ ထားပါတယ်။…

အမ်မာလင်းငုယင်အမည်ရတဲ့ အဆိုပါ ဆယ်ကျော်သက်လေးဟာ ရင်သားကြီးထွားအောင် ခွဲစိတ်ပြုပြင်ဖို့အတွက် ဒေါ်လာ (၆) ထောင် စုဆောင်းခဲ့တာပါ။ အမ်မာလင်းကို Greenwood Village မှ ဆရာဝန် ဂျော့ဖရေးကင်မ်က ၎င်းရဲ့ ကိုလိုရာဒို ပလတ်စတစ်ဆာဂျရီဆေးခန်းမှာ ခွဲစိတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အမ်မာလင်း ခွဲစိတ်မှုပြုမှာကို မိသားစုက သိပေမယ့် တစ်စုံ တစ်ရာ ပြောဆိုခြင်း မပြုခဲ့ပါဘူး။ “ကျွန်မက သူလုပ်ချင်တယ်ဆိုတော့လည်း လုပ်ပါစေပေါ့။ ကျွန်မသမီး ဒီလို ဖြစ်လိမ့်မယ်လို့ ကျွန်မ ဘယ်ထင်မလဲ။ သမီးက ဆယ်ကျော်သက်လေးပဲ ရှိသေးတာ…” လို့ စိတ်မကောင်းစွာ ဆိုပါတယ်။ ကံဆိုးစွာနဲ့ပဲ အမ်မာလင်းရဲ့ ခွဲစိတ်မှုဟာ အစီအစဉ်အတိုင်း ဖြစ်မလာခဲ့ပါဘူး။

တရားရုံးမှာ တင်ထားတဲ့ အမှုတွဲအရ အမ်မာလင်းကို သူနာပြု ရက်စ်မီကာဆိုသူက နေ့လည် (၂) နာရီအချိန်မှာ မေ့ဆေးပေးခဲ့ပါတယ်။ ပုံမှန် ဆို ခွဲစိတ်မှုဟာ (၂) နာရီသာ ကြာမှာဖြစ်ပေမယ့် ဆေးရုံက နေ့လည်ခင်းအထိ အချိန်ဆွဲထားခဲ့ပါတယ်။ မိခင်ဖြစ်သူက အချိန်တွေအရမ်းကြာလာလို့ စိုးရိမ်တဲ့အတွက် ဆေးရုံကို အကျိုးအကြောင်း မေးမြန်းခဲ့ပါတယ်။ဒီအခါ ဆရာဝန်ကင်မ် က သူမကို အခုလို ပြောပါတယ်။ “အားလုံး အဆင်ပြေပါတယ်။

လူနာရဲ့ နှလုံးခုန်နှုန်းက ကျကျနေလို့ ကျွန်တော်တို့ သိပ်ရှေ့မဆက်နိုင်တာပါ။ ဒါပေမယ့် လူနာက အဆင်ပြေပါတယ်။ အားလုံးအဆင်ပြေပါလိမ့်မယ်။ ကောင်မလေးက ငယ်လည်း ငယ်သေးတယ်။ ကျန်းလည်း ကျန်းမာတယ်။ အဆင်ပြေပါလိမ့်မယ်။ နိုးဖို့ အချိန်နည်းနည်းပဲ လိုနေတာပါ…”

ဆရာဝန်က အခုလို နှစ်သိမ့်ပေးပေမယ့် နောက်ကွယ်က အမှန်တရား ကတော့ ပိုပြီး ရှုပ်ထွေးလှပါတယ်။ ခွဲစိတ်ဖို့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အမ်မာလင်းဟာ ပထမအကြိမ် နှလုံးရပ်ခဲ့ပြီး နှလုံးပြန်ခုန်လာပါတယ်။ နောက်ထပ်တစ်ဖန် နှလုံးထပ် ရပ်သွားခဲ့ရာကနေ အာရုံကြောတွေပါ တုံ့ဆိုင်းသွားခဲ့ရတာ ဖြစ်ပါတယ်။

သူမခွဲစိတ်တဲ့ဆေးခန်းက သူမကို သတိပြန်လည်မလား ပြန်လည်မလားနဲ့ စောင့်နေရာက အရေးပေါ်ခေါ်ဖို့ (၅) နာရီကျော်ကြာသွားခဲ့တာပါ။ အမ်မာလင်းကို Littleton Adventist ဆေးရုံမှာ တင်ခဲ့ပါတယ်။ (၂၂) ရက်လောက်ကြာတော့မှ သတိလည်လာလို့ ပြန်လည်ထူထောင်ရေးဆေးရုံကို ပို့ထားရပါတယ်။ အခုဆိုရင် ကလေးမလေးဟာ သတိရရုံအဆင့် အခြေအနေ မှာပဲ ရှိနေပါသေးတယ်။ ကောင်မလေးဟာ စကားလည်း မပြောနိုင်တော့သလို လမ်းမလျှောက်နိုင်တော့ပါဘူး။

အစားလည်း ကိုယ်တိုင်မစားနိုင်သလို ကိုယ့်ကိုကိုယ်လည်း စောင့်ရှောက်မှုတွေ မပြုလုပ်နိုင်တော့ပါဘူး။ အမ်မာလင်း ရဲ့ မိခင်ဖြစ်သူကတော့ သူမသမီးလေးအပေါ်မှာ ရက်ရက်စက်စက် ပြုမူခဲ့တဲ့ ဆရာဝန်နဲ့ သူနာပြုတွေကို အမှန်တရားအတွက် ဖြေရှင်းချက်ထုတ်ပေးဖို့ ဆက်လက်တောင်းဆိုလျက် ရှိနေပါတယ်။

Credit to Original

Zawgyi

ရင္သားႀကီး ေအာင္ ခြဲစိတ္မႈ ျပဳလုပ္ရာမွ ဦးေႏွာက္ပ်က္ သြားတဲ့ မိန္းကေလး

အသက္ (၁၈) ႏွစ္အ႐ြယ္ ေကာင္မေလးတစ္ေယာက္ ဟာ ရင္သား ခြဲစိတ္မႈျပဳလုပ္ၿပီးေနာက္ပိုင္း ဆိုးဆိုးဝါးဝါး ဦးေႏွာက္ပ်က္စီးမႈ ျဖစ္သြားခဲ့ေၾကာင္း unilad သတင္းအရ သိရပါတယ္။ အခုဆိုရင္ သူမရဲ႕ မိသားစုဝင္ေတြဟာ အဆင္အျခင္မဲ့ ခြဲစိတ္ခဲ့တဲ့ ဆရာဝန္ေတြကို တရားစြဲ ထားပါတယ္။

အမ္မာလင္းငုယင္အမည္ရတဲ့ အဆိုပါ ဆယ္ေက်ာ္သက္ေလးဟာ ရင္သားႀကီးထြားေအာင္ ခြဲစိတ္ျပဳျပင္ဖို႔အတြက္ ေဒၚလာ (၆) ေထာင္ စုေဆာင္းခဲ့တာပါ။ အမ္မာလင္းကို Greenwood Village မွ ဆရာဝန္ ေဂ်ာ့ဖေရးကင္မ္က ၎ရဲ႕ ကိုလိုရာဒို ပလတ္စတစ္ဆာဂ်ရီေဆးခန္းမွာ ခြဲစိတ္ေပးခဲ့တာ ျဖစ္ပါတယ္။

အမ္မာလင္း ခြဲစိတ္မႈျပဳမွာကို မိသားစုက သိေပမယ့္ တစ္စုံ တစ္ရာ ေျပာဆိုျခင္း မျပဳခဲ့ပါဘူး။ “ကြၽန္မက သူလုပ္ခ်င္တယ္ဆိုေတာ့လည္း လုပ္ပါေစေပါ့။ ကြၽန္မသမီး ဒီလို ျဖစ္လိမ့္မယ္လို႔ ကြၽန္မ ဘယ္ထင္မလဲ။ သမီးက ဆယ္ေက်ာ္သက္ေလးပဲ ရွိေသးတာ…” လို႔ စိတ္မေကာင္းစြာ ဆိုပါတယ္။ ကံဆိုးစြာနဲ႔ပဲ အမ္မာလင္းရဲ႕ ခြဲစိတ္မႈဟာ အစီအစဥ္အတိုင္း ျဖစ္မလာခဲ့ပါဘူး။

တရား႐ုံးမွာ တင္ထားတဲ့ အမႈတြဲအရ အမ္မာလင္းကို သူနာျပဳ ရက္စ္မီကာဆိုသူက ေန႔လည္ (၂) နာရီအခ်ိန္မွာ ေမ့ေဆးေပးခဲ့ပါတယ္။ ပုံမွန္ ဆို ခြဲစိတ္မႈဟာ (၂) နာရီသာ ၾကာမွာျဖစ္ေပမယ့္ ေဆး႐ုံက ေန႔လည္ခင္းအထိ အခ်ိန္ဆြဲထားခဲ့ပါတယ္။ မိခင္ျဖစ္သူက အခ်ိန္ေတြအရမ္းၾကာလာလို႔ စိုးရိမ္တဲ့အတြက္ ေဆး႐ုံကို အက်ိဳးအေၾကာင္း ေမးျမန္းခဲ့ပါတယ္။ဒီအခါ ဆရာဝန္ကင္မ္ က သူမကို အခုလို ေျပာပါတယ္။ “အားလုံး အဆင္ေျပပါတယ္။

လူနာရဲ႕ ႏွလုံးခုန္ႏႈန္းက က်က်ေနလို႔ ကြၽန္ေတာ္တို႔ သိပ္ေရွ႕မဆက္ႏိုင္တာပါ။ ဒါေပမယ့္္ လူနာက အဆင္ေျပပါတယ္။ အားလုံးအဆင္ေျပပါလိမ့္မယ္။ ေကာင္မေလးက ငယ္လည္း ငယ္ေသးတယ္။ က်န္းလည္း က်န္းမာတယ္။ အဆင္ေျပပါလိမ့္မယ္။ ႏိုးဖို႔ အခ်ိန္နည္းနည္းပဲ လိုေနတာပါ…”

ဆရာဝန္က အခုလို ႏွစ္သိမ့္ေပးေပမယ့္ ေနာက္ကြယ္က အမွန္တရား ကေတာ့ ပိုၿပီး ရႈပ္ေထြးလွပါတယ္။ ခြဲစိတ္ဖို႔ သတ္မွတ္ထားတဲ့ အခ်ိန္အတြင္းမွာ အမ္မာလင္းဟာ ပထမအႀကိမ္ ႏွလုံးရပ္ခဲ့ၿပီး ႏွလုံးျပန္ခုန္လာပါတယ္။ ေနာက္ထပ္တစ္ဖန္ ႏွလုံးထပ္ ရပ္သြားခဲ့ရာကေန အာ႐ုံေၾကာေတြပါ တုံ႔ဆိုင္းသြားခဲ့ရတာ ျဖစ္ပါတယ္။

သူမခြဲစိတ္တဲ့ေဆးခန္းက သူမကို သတိျပန္လည္မလား ျပန္လည္မလားနဲ႔ ေစာင့္ေနရာက အေရးေပၚေခၚဖို႔ (၅) နာရီေက်ာ္ၾကာသြားခဲ့တာပါ။ အမ္မာလင္းကို Littleton Adventist ေဆး႐ုံမွာ တင္ခဲ့ပါတယ္။ (၂၂) ရက္ေလာက္ၾကာေတာ့မွ သတိလည္လာလို႔ ျပန္လည္ထူေထာင္ေရးေဆး႐ုံကို ပို႔ထားရပါတယ္။ အခုဆိုရင္ ကေလးမေလးဟာ သတိရ႐ုံအဆင့္ အေျခအေန မွာပဲ ရွိေနပါေသးတယ္။ ေကာင္မေလးဟာ စကားလည္း မေျပာႏိုင္ေတာ့သလို လမ္းမေလွ်ာက္ႏိုင္ေတာ့ပါဘူး။

အစားလည္း ကိုယ္တိုင္မစားႏိုင္သလို ကိုယ့္ကိုကိုယ္လည္း ေစာင့္ေရွာက္မႈေတြ မျပဳလုပ္ႏိုင္ေတာ့ပါဘူး။ အမ္မာလင္း ရဲ႕ မိခင္ျဖစ္သူကေတာ့ သူမသမီးေလးအေပၚမွာ ရက္ရက္စက္စက္ ျပဳမူခဲ့တဲ့ ဆရာဝန္နဲ႔ သူနာျပဳေတြကို အမွန္တရားအတြက္ ေျဖရွင္းခ်က္ထုတ္ေပးဖို႔ ဆက္လက္ေတာင္းဆိုလ်က္ ရွိေနပါတယ္။

Credit to Original

About the author

Aung Lay

Leave a Comment