Knowledge
”ကွမ်းယာကြိုက် တတ်သူ များ ကျောက်ကပ်ဆေး ဖို့ အတွက် မုန်လာဥဖြူ တစ်ဥ”
Written by Aung Lay
မုန်လာဥဖြူ တစ်လုံးနဲ့ ကျောက်ကပ် အလွယ်ဆေးကြမယ် ကျောက်ကပ်ရောင် သည်ဖြစ်စေ ကျောက်ကပ်ကျောက်တည်သည်ဖြစ်စေ ကျောက်ကပ်ကြောင့် ခါးနာ ခါးကိုက်ခြင်း နှူံးချိ အော့အန်ခြင်းများ အတွက်။
မုန်လာဥဖြူ တစ်လုံးကို သန့်စင် စွာဆေးကြောပြီး ရေအနည်းထည့်၍ ကြိတ်ချေပါ၊ အဖတ်များစစ်ထုတ်ပြီး အရည်ကိုသောက်လိုက်ပါ။
လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ
၎င်းကြိတ်ရည် ဝမ်းထဲဝင် သွားသည်နှင့် ခါးနာခါးကိုက်ယူပစ်သလိုပျောက်ကင်းသက်သာသွားမည်။
မုန်လာဥဖြူကြိတ်ရည် ဟာကျောက်ကပ်ကို ချက်ချင်းဆေးကြောပေးပါတယ်။ အူကျဝေဒနာရှင်များလည်းအသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် တစ်ပါတ် တစ်ခါ ကြိုတင်ကာကွယ်သော အားဖြင့် လူတိုင်းမုန်လာဥဖြူကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးခြင်းဖြင့် ကျောက်ကပ်ကို ဆေးကြောထိန်း သိမ်းသင့်ပါတယ်။
မုန်လာဥ အစိမ်း ကို သံပုရာသီးနှင့်နှပ်ပြီး အစိမ်းသုပ်သုပ်စားပါကပို၍ဆေးဘက်ဝင်ပါတယ်။
မုန်လာဥဖြူ စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက ကင်ဆာရောဂါမဖြစ်စေရန်ကာကွယ်ပေးတယ်။ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတယ်။ ကျောက်ကပ် ကျန်းမာစေတယ်။ သွေးပေါင်ချိန်ကို မှန်စေတယ်။ဝမ်း မှန်စေတယ်။
ကိုယ်အလေးချိန် ကျစေတယ် ။အသားအရည် စိုပြေ လှပစေတယ်။ အရွယ်တင ်နုပျိုစေတယ်။
အသုံးမပြုမီ ပိုးသတ်ဆေး ကင်းစင်အောင်သေချာ ဆေးကြော သန့်စင်ပေးရန် အထူး သတိပြုပါ။
ခရစ်ဒစ်
Zawgyi
ခရစ်ဒစ်
About the author
Aung Lay
Leave a Comment