မိုးလေဝသ

လေဖိအားနည်းရပ်ဝန်း (၂) ရက် အတွင်း မုန်းတိုင်းငယ်အဖြစ် ရောက်ရှိနိုင်ကြောင်း မိုးဇလထုတ်ပြန်

Written by Aung Lay

ေလဖိအားနည္းရပ္ဝန္းႏွင့္ မိုးေလဝသ အေျခအေန…

(၂၀၂၀ ျပည့္ႏွစ္၊ ေမလ (၁၃) ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ (၁၄:၀၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္)

ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၃:၃၀) နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ကပၸလီပင္လယ္ျပင္ေတာင္ပိုင္းတို႔တြင္ ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚေနပါသည္။ အဆိုပါေလဖိအားနည္းရပ္ဝန္းသည္ ပိုမို အားေကာင္းလာကာ ေနာက္ (၄၈)နာရီအတြင္း မုန္တိုင္းငယ္ (Depression)အျဖစ္သို႔ ေရာက္ရွိ ၿပီးေနာက္၊ ကနဦးတြင္ အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားႏိုင္သည္ဟု ခန႔္မွန္းရပါသည္။

ယေန႔ညေနအထိ ခန္႔မွန္းခ်က္ကေတာ့ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)တို႔တြင္ ေနရာက်ဲက်ဲႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္ (ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္း)တို႔တြင္ ေနရာကြက္က်ား မိုးထစ္ ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္း(၈၀) ျဖစ္ပါသည္။ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ တိမ္အသင့္ အတင့္ ျဖစ္ထြန္းမည္။

ျမန္မာ့ပင္လယ္ျပင္တြင္ လႈိင္းအသင့္အတင့္ရွိမည္။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔တြင္ (၅)ေပမွ (၇)ေပခန႔္ ရွိႏိုင္ပါသည္။

ေနာက္(၂)ရက္အတြက္ ခန္႔မွန္းခ်က္ကေတာ့ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္ နယ္တို႔တြင္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါသည္။

ေနျပည္ေတာ္ႏွင့္ အနီးတစ္ဝိုက္အတြက္ ယေန႔ညေနအထိခန္႔မွန္းခ်က္။ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္။ ရန္ကုန္ၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္အတြက္ ယေန႔ညေနအထိခန္႔မွန္းခ်က္။ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္။ မႏၲေလးၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္အတြက္ ယေန႔ညေနအထိခန္႔မွန္းခ်က္။ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္။

မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန

Unicode

လေဖိအားနည်းရပ်ဝန်းနှင့် မိုးလေဝသ အခြေအနေ…

(၂၀၂၀ ပြည့်နှစ်၊ မေလ (၁၃) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်းလာကာ နောက် (၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိ ပြီးနောက်၊ ကနဦးတွင် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။

ယနေ့ညနေအထိ ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ် ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

About the author

Aung Lay

Leave a Comment