MASK နဲ႔ ဒဏ္ေၾကး”.. အျပင္ထြက္ၾကရာတြင္ လူတိုငး္ MASK တပ္ဆင္ၾကရန္ႏွင့္ မတပ္ဆင္ပါက ဒဏ္ေၾကးေငြေပးေဆာင္ၾကရမည္ျဖစ္ေၾကာင္း ေၾကျငာခ်က္ေတြ ထြက္လာပါတယ္…
MASK တပ္ဆင္ျခင္းသည္ COVID-19 ေရာဂါျပန့္ပြားမွုကို ထိထိေရာက္ေရာက္ကာကြြယ္ႏိုင္ေၾကာင္း အားလံုးက လက္ခံလာခ်ိန္မွာ ကိုယ္စီကိုယ္ငွလိုက္နာၾကရမွာျဖစ္ပါတယ္…
MASK တပ္ဆင္ဖို႔ရာ ေငြေရးေၾကးေရးကပါလာသျဖင့္ အခက္အခဲရွိသူမ်ားရွိနိုင္ပါတယ္.. MASK မဝယ္နိုင္လို႔ ဒဏ္ေၾကးေၾကာက္လို႔ MASK တစ္ခုထဲကို လက္ေျပာင္းလက္လႊဲ လူအမ်ားတပ္ဆင္ျခင္းသည္ VIRUS ပိုမိုကူးစက္ျပန့္ပြားမႈကို ျဖစ္ေစႏိုင္ပါတယ္…
MASK လွဴဒါန္းမႈမ်ားမွာ တစ္ခါသံုး MASK မ်ားကို အေတြ႔မ်ားပါတယ္.. တစ္ခါသံုးကိုၾကာၾကာသံုးႏိုင္ဖို႔ အၾကံျပဳပါရေစ.. အိမ္ျပန္ေရာက္တာနဲ႔ အိမ္ေပါက္ဝမွာဘဲ MASK ကိုျဖဳတ္ ပံုထဲပါတဲ႔အတိုင္းအကၤ်ီခ်ိတ္မွာခ်ိတ္ ဆပ္ျပာေရျဖန္းလိုက္ပါ.. ငါးမိနစ္ေလာက္ထားျပီး ေရသန့္သန့္နဲ႔ ဆပ္ျပာေရစင္ေအာင္ျဖန္းေပးပါ.. သန့္ရွင္းစင္ၾကယ္သြားတဲ႔အခါ ေနအပူခ်ိန္ရ ေလရတဲ႔ေနရာမွာ လွန္းထားပါ.. ေျခာက္ေသြ႔သြားတဲ႔အခါ အေပါက္အျပဲ ရွိမရွိစစ္ေဆးျပီး ေကာင္းပါက ဆက္သံုးလို့ရပါျပီ…
ဆပ္ျပာေရ ျဖန္းစရာဗူးမရွိရင္ ဆပ္ျပာေရမွာ ငါးမိနစ္ခန္႔စိမ္ျခင္း္ ေရသန့္သန့္ျဖင့္ေဆးျခင္းနဲ႔ အစားထိုးႏိုင္ပါတယ္.. ညွစ္ျခင္း ပြတ္တိုက္ျခင္းမျပဳပါနဲ.. MASK အသားက ေရစိုစိုမွာ ပ်က္စီးလြယ္ပါတယ္…
သံုးျပီးသား MASK ကိုေဆးေၾကာမႈမရွိဘဲ အိမ္ထဲမွာျဖစ္သလိုထားျခင္းသည္ အိမ္တြင္းေနသူမ်ားပါေဘးျဖစ္ေစပါတယ္…
လႈဒါန္းသူမ်ားပိုကုသိုလ္ရေစဖို႔ မိမိက ခံႏိုင္ရည္ရွိျပီး ေသေဘးမေၾကာက္ေသာ္လည္း မိမိေၾကာင့္သက္ၾကီးရြယ္အိုမ်ားကေလးမ်ား ေဘးမျဖစ္ၾကေစဖို႔ ကူးစက္ျပန္႔ပြားလူသားမ်ားဒုကၡမျဖစ္ေစဖို႔ MASK ကိုစနစ္တက်တပ္ဆင္သံုးစြဲၾကပါစို႔လို႔ တိုက္တြန္းေမတၱာရပ္ခံပါရေစ…
Tin Aung
Unicode
MASK နဲ့ ဒဏ်ကြေး”.. အပြင်ထွက်ကြရာတွင် လူတိုင်း MASK တပ်ဆင်ကြရန်နှင့် မတပ်ဆင်ပါက ဒဏ်ကြေးငွေပေးဆောင်ကြရမည်ဖြစ်ကြောင်း ကြေငြာချက်တွေ ထွက်လာပါတယ်…
MASK တပ်ဆင်ခြင်းသည် COVID-19 ရောဂါပြန့်ပွားမှုကို ထိထိရောက်ရောက်ကာကွယ်နိုင်ကြောင်း အားလုံးက လက်ခံလာချိန်မှာ ကိုယ်စီကိုယ်ငှလိုက်နာကြရမှာဖြစ်ပါတယ်…
MASK တပ်ဆင်ဖို့ရာ ငွေရေးကြေးရေးကပါလာသဖြင့် အခက်အခဲရှိသူများရှိနိုင်ပါတယ်.. MASK မဝယ်နိုင်လို့ ဒဏ်ကြေးကြောက်လို့ MASK တစ်ခုထဲကို လက်ပြောင်းလက်လွှဲ လူအများတပ်ဆင်ခြင်းသည် VIRUS ပိုမိုကူးစက်ပြန့်ပွားမှုကို ဖြစ်စေနိုင်ပါတယ်…
MASK လှူဒါန်းမှုများမှာ တစ်ခါသုံး MASK များကို အတွေ့များပါတယ်.. တစ်ခါသုံးကိုကြာကြာသုံးနိုင်ဖို့ အကြံပြုပါရစေ.. အိမ်ပြန်ရောက်တာနဲ့ အိမ်ပေါက်ဝမှာဘဲ MASK ကိုဖြုတ် ပုံထဲပါတဲ့အတိုင်းအင်္ကျီချိတ်မှာချိတ် ဆပ်ပြာရေဖြန်းလိုက်ပါ.. ငါးမိနစ်လောက်ထားပြီး ရေသန့်သန့်နဲ့ ဆပ်ပြာရေစင်အောင်ဖြန်းပေးပါ.. သန့်ရှင်းစင်ကြယ်သွားတဲ့အခါ နေအပူချိန်ရ လေရတဲ့နေရာမှာ လှန်းထားပါ.. ခြောက်သွေ့သွားတဲ့အခါ အပေါက်အပြဲ ရှိမရှိစစ်ဆေးပြီး ကောင်းပါက ဆက်သုံးလို့ရပါပြီ…
ဆပ်ပြာရေ ဖြန်းစရာဗူးမရှိရင် ဆပ်ပြာရေမှာ ငါးမိနစ်ခန့်စိမ်ခြင်း ရေသန့်သန့်ဖြင့်ဆေးခြင်းနဲ့ အစားထိုးနိုင်ပါတယ်.. ညှစ်ခြင်း ပွတ်တိုက်ခြင်းမပြုပါနဲ.. MASK အသားက ရေစိုစိုမှာ ပျက်စီးလွယ်ပါတယ်…
သုံးပြီးသား MASK ကိုဆေးကြောမှုမရှိဘဲ အိမ်ထဲမှာဖြစ်သလိုထားခြင်းသည် အိမ်တွင်းနေသူများပါဘေးဖြစ်စေပါတယ်…
လှုဒါန်းသူများပိုကုသိုလ်ရစေဖို့ မိမိက ခံနိုင်ရည်ရှိပြီး သေဘေးမကြောက်သော်လည်း မိမိကြောင့်သက်ကြီးရွယ်အိုများကလေးများ ဘေးမဖြစ်ကြစေဖို့ ကူးစက်ပြန့်ပွားလူသားများဒုက္ခမဖြစ်စေဖို့ MASK ကိုစနစ်တကျတပ်ဆင်သုံးစွဲကြပါစို့လို့ တိုက်တွန်းမေတ္တာရပ်ခံပါရစေ…
Tin Aung