ၾကားသိရသမ်ွ

မွေးဖွားပြီးချင်းခနမှာပဲ မိဘတွေကို ရယ်ပြခဲ့တဲ့ ကလေးငယ် အွန်လိုင်းမှာ နာမည်ကြီးနေ . . .

Written by Aung Lay

မွေးကင်းစ ကလေးငယ်တွေဟာ မွေးပြီးပြီးခြင်း ငိုကြပါတယ်။ ကလေးတွေဟာ မိခင်ဗိုက်ထဲမှာ ရှိစဉ် အပြင်က စကားသံတွေကို ကြားနိုင်သလို၊ မွေးဖွားပြီးတာနဲ့ အမြင်အာရုံကိုရရှိတတ်ကြပါတယ်။

အမြင်အာရုံတွေ၊ အကြားအာရုံတွေကို ခံစားနိုင်ပေမယ့်လည်း၊ စိတ်ခံစားချက်တွေမရှိကြတာတော့အမှန်ပါပဲ။သို့ပေ့မယ် လက်ရှိ လူမှုကွန်ယက်မှာ တော်တော်လေး ပြန့်နှံ့နေတဲ့ သတင်းတစ်ပုဒ်ရှိပါတယ်။ ဒါကတော့ မွေးကင်းစ ကလေးငယ်ဟာ မိဘတွေကို ပြုံးပြနေတဲ့ ကလေးငယ်လေး တစ်ယောက်အကြောင်းပါပဲ။

ဘရာဇီးနိုင်ငံ ရီယိုဒီဂျေနယိုးမှာ နေထိုင်တဲ့ အန်တိုနယ်လာနဲ့ ဗလာဘီရိုတိုပဟာ သမီးလေးကို မွေးဖွားခဲ့ကြပါတယ်။ ဒီသမီးလေးဟာ မွေးပြီးပြီးခြင်းပဲ မိဘတွေကို ရီပြခဲ့ပါတယ်။

အဆိုပါ သမီးငယ်လေးရဲ့ ဖြစ်ရပ်လေးကို သုံးသပ်သူ တချို့ကတော့ သူမ မိခင်ဗိုက်ထဲမှာ ရှိစဉ် ဖခင်ရဲ့ အသံကို အမြဲတမ်းကြားနေရပြီး၊ မိခင် ဝမ်းအတွင်းမှာ ထွက်လာစဉ် ဖခင်ရဲ့ မျက်နှာကို မြင်ရပြီး ရင်းနှီးနေတဲ့ အသံဖြစ်လို့ ရီပြလိုက်တာလို့ ဆိုကြပါတယ်။

ဖခင်ဟာ သူ့ရဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်စဉ် ဇနီးသည် ဝမ်းဗိုက်နားကပ်ပြီး သမီးလေးကို စကားတွေ နေ့တိုင်းပြောဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဇနီးသည် ကိုယ်ဝန် ၆ လ လောက်ကတည်းက နေ့စဉ်မပြတ်ပြောခဲ့တာလို့ဆိုပါတယ်။အဆိုပါ အကြောင်းအရာလေးကိုတော့ ဖခင်ဖြစ်သူရဲ့ တွစ်တာအကောင့်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။

ဖခင်ဖြစ်သူကလည်း မွေးကင်းစ သမီးလေးပြုံးပြတဲ့ ပုံလေးကို ရရှိခဲ့ပြီး၊ ကလေးငယ်လေးဟာ သူ့အသံကို ကြားတာနဲ့ ချက်ခြင်းပြုံးပြနေတာကိုတွေ့လို့ ယခုလို မျှဝေခဲ့တာလို့ဆိုပါတယ်။ချစ်ဖို့ကောင်းတဲ့ ကလေးလေးရဲ့ ပုံလေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေလိုက်ပါတယ်နော်…….

Zawgyi

ေမြးကင္းစ ကေလးငယ္ေတြဟာ ေမြးၿပီးၿပီးျခင္း ငိုၾကပါတယ္။ ကေလးေတြဟာ မိခင္ဗိုက္ထဲမွာ ရွိစဥ္ အျပင္က စကားသံေတြကို ၾကားႏိုင္သလို၊ ေမြးဖြားၿပီးတာနဲ႔ အျမင္အာ႐ုံကိုရရွိတတ္ၾကပါတယ္။

အျမင္အာ႐ုံေတြ၊ အၾကားအာ႐ုံေတြကို ခံစားႏိုင္ေပမယ့္လည္း၊ စိတ္ခံစားခ်က္ေတြမရွိၾကတာေတာ့အမွန္ပါပဲ။သို႔ေပ့မယ္ လက္ရွိ လူမႈကြန္ယက္မွာ ေတာ္ေတာ္ေလး ျပန႔္ႏွံ႔ေနတဲ့ သတင္းတစ္ပုဒ္ရွိပါတယ္။ ဒါကေတာ့ ေမြးကင္းစ ကေလးငယ္ဟာ မိဘေတြကို ၿပဳံးျပေနတဲ့ ကေလးငယ္ေလး တစ္ေယာက္အေၾကာင္းပါပဲ။

ဘရာဇီးႏိုင္ငံ ရီယိုဒီေဂ်နယိုးမွာ ေနထိုင္တဲ့ အန္တိုနယ္လာနဲ႔ ဗလာဘီ႐ိုတိုပဟာ သမီးေလးကို ေမြးဖြားခဲ့ၾကပါတယ္။ ဒီသမီးေလးဟာ ေမြးၿပီးၿပီးျခင္းပဲ မိဘေတြကို ရီျပခဲ့ပါတယ္။

အဆိုပါ သမီးငယ္ေလးရဲ႕ ျဖစ္ရပ္ေလးကို သုံးသပ္သူ တခ်ိဳ႕ကေတာ့ သူမ မိခင္ဗိုက္ထဲမွာ ရွိစဥ္ ဖခင္ရဲ႕ အသံကို အၿမဲတမ္းၾကားေနရၿပီး၊ မိခင္ ဝမ္းအတြင္းမွာ ထြက္လာစဥ္ ဖခင္ရဲ႕ မ်က္ႏွာကို ျမင္ရၿပီး ရင္းႏွီးေနတဲ့ အသံျဖစ္လို႔ ရီျပလိုက္တာလို႔ ဆိုၾကပါတယ္။

ဖခင္ဟာ သူ႔ရဲ႕ အမ်ိဳးသမီး ကိုယ္ဝန္ေဆာင္စဥ္ ဇနီးသည္ ဝမ္းဗိုက္နားကပ္ၿပီး သမီးေလးကို စကားေတြ ေန႔တိုင္းေျပာျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဇနီးသည္ ကိုယ္ဝန္ ၆ လ ေလာက္ကတည္းက ေန႔စဥ္မျပတ္ေျပာခဲ့တာလို႔ဆိုပါတယ္။အဆိုပါ အေၾကာင္းအရာေလးကိုေတာ့ ဖခင္ျဖစ္သူရဲ႕ တြစ္တာအေကာင့္မွာ မွ်ေဝခဲ့တာျဖစ္ပါတယ္။

ဖခင္ျဖစ္သူကလည္း ေမြးကင္းစ သမီးေလးၿပဳံးျပတဲ့ ပုံေလးကို ရရွိခဲ့ၿပီး၊ ကေလးငယ္ေလးဟာ သူ႔အသံကို ၾကားတာနဲ႔ ခ်က္ျခင္းၿပဳံးျပေနတာကိုေတြ႕လို႔ ယခုလို မွ်ေဝခဲ့တာလို႔ဆိုပါတယ္။ခ်စ္ဖို႔ေကာင္းတဲ့ ကေလးေလးရဲ႕ ပုံေလးေတြကို ပရိတ္သတ္ႀကီးအတြက္ မွ်ေဝလိုက္ပါတယ္ေနာ္…….

Credit

About the author

Aung Lay

Leave a Comment