News

ထီအရောင်းစာရေးမှားပေးတဲ့ ထီလက်မှတ်ကနေ ဒေါ်လာ ၂ သန်းဆုပေါက်ခဲ့သူ

Written by Aung Lay

ထီပေါက်မှ ထီလက်မှတ်ပျောက်တတ်ကြသူတွေ ရှိသလို ထီမှားထိုးပြီး ထီဆုကြီးသွားတာလည်း ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဒက်ထရိုက် မြို့ဆင်ခြေဖုံးက လူတစ်ယောက်ဟာ ထီလက်မှတ်မှားယွင်းရရှိခဲ့ပါတယ်။ ဒါပေမဲ့ အမှားကောင်းဖြစ်သွားပြီး အဲဒီထီလက်မှတ်ကနေ ထီ ၂ သန်းဆု ပေါက်သွားခဲ့ပါတယ်။

မီရှီဂန်ထီဌာနရဲ့အဆိုအရ အဲဒီလူဟာ မီရှီဂန်ပြည်နယ်၊ Eastpointe က ဂတ်စ်ဆိုင်တစ်ခုမှာ ကားဘီးတာယာလေထိုးဖို့ ရောက်ရှိလာခဲ့ပါတယ်။ သူဟာအကြွေလိုတာကြောင့် Lucky 7 ရဲ့ ၁၀ ဒေါ်လာတန်ထီလက်မှတ်ကို ဝယ်ယူခဲ့ပါတယ်။

ကံကောင်းချင်တော့ ထီအရောင်းစာရေးက သူ့ကို ၁၀ ဒေါ်လာတန်အစား ၂၀ ဒေါ်လာတန် ထီလက်မှတ်ကို မှားပေးလိုက်ပါတယ်။ အရောင်းစာရေး က ပြန်လည်ပေးမယ်လို့ပြောပေမဲ့လည်း တစ်စုံတစ်ရာက သူ့ကို ဒီထီလက်မှတ်ပြန်မလဲဖို့ တိုက်တွန်းနေသလိုခံစားရတာကြောင့် ပြန်မလဲတော့ဘဲ ၂၀ တန်ထီကိုပဲ ထိုးခဲ့ပါတယ်။

သူ့အတွက်ကံကောင်းချင်တော့ ထီလက်မှတ်က ဒေါ်လာ ၂ သန်းဆု ပေါက်ခဲ့ပါတယ်။ ကံတရားက သူ့ကို မျက်နှာသာပေးလိုက်တာပါပဲ။အသက် ၅၇ နှစ်လောက်အရွယ်ရှိတဲ့ အဆိုပါထီဆုရှင်ရဲ့ နာမည်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

သူဟာ ဒေါ်လာ ၂ သန်းအပြည့်ရမယ့် annuity payment အစား ဒေါ်လာ ၁.၃ သန်းဝန်းကျင်ကို တစ်လုံးတစ်ခဲတည်း ရရှိမယ့် one-time lump sum payment ကို ဆုအဖြစ် ရွေးချယ်ရယူခဲ့ ပါတယ်။ သူ့အနေနဲ့ အဲဒီဆုငွေနဲ့ အိမ်အသစ်တစ်လုံးဝယ်ယူမှာဖြစ်ပြီး ကျန်တဲ့ငွေကိုတော့ စုဆောင်းထားမယ်လို့ ဆိုပါတယ်။

Zawgyi

ထီေပါက္မွ ထီလက္မွတ္ေပ်ာက္တတ္ၾကသူေတြ ရွိသလို ထီမွားထိုးၿပီး ထီဆုႀကီးသြားတာလည္း ရွိပါတယ္။ အေမရိကန္ျပည္ေထာင္စု၊ ဒက္ထ႐ိုက္ ၿမိဳ႕ဆင္ေျခဖုံးက လူတစ္ေယာက္ဟာ ထီလက္မွတ္မွားယြင္းရရွိခဲ့ပါတယ္။ ဒါေပမဲ့ အမွားေကာင္းျဖစ္သြားၿပီး အဲဒီထီလက္မွတ္ကေန ထီ ၂ သန္းဆု ေပါက္သြားခဲ့ပါတယ္။

မီရွီဂန္ထီဌာနရဲ႕အဆိုအရ အဲဒီလူဟာ မီရွီဂန္ျပည္နယ္၊ Eastpointe က ဂတ္စ္ဆိုင္တစ္ခုမွာ ကားဘီးတာယာေလထိုးဖို႔ ေရာက္ရွိလာခဲ့ပါတယ္။ သူဟာအေႂကြလိုတာေၾကာင့္ Lucky 7 ရဲ႕ ၁၀ ေဒၚလာတန္ထီလက္မွတ္ကို ဝယ္ယူခဲ့ပါတယ္။

ကံေကာင္းခ်င္ေတာ့ ထီအေရာင္းစာေရးက သူ႔ကို ၁၀ ေဒၚလာတန္အစား ၂၀ ေဒၚလာတန္ ထီလက္မွတ္ကို မွားေပးလိုက္ပါတယ္။ အေရာင္းစာေရး က ျပန္လည္ေပးမယ္လို႔ေျပာေပမဲ့လည္း တစ္စုံတစ္ရာက သူ႔ကို ဒီထီလက္မွတ္ျပန္မလဲဖို႔ တိုက္တြန္းေနသလိုခံစားရတာေၾကာင့္ ျပန္မလဲေတာ့ဘဲ ၂၀ တန္ထီကိုပဲ ထိုးခဲ့ပါတယ္။

သူ႔အတြက္ကံေကာင္းခ်င္ေတာ့ ထီလက္မွတ္က ေဒၚလာ ၂ သန္းဆု ေပါက္ခဲ့ပါတယ္။ ကံတရားက သူ႔ကို မ်က္ႏွာသာေပးလိုက္တာပါပဲ။အသက္ ၅၇ ႏွစ္ေလာက္အ႐ြယ္ရွိတဲ့ အဆိုပါထီဆုရွင္ရဲ႕ နာမည္ကိုေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး။

သူဟာ ေဒၚလာ ၂ သန္းအျပည့္ရမယ့္ annuity payment အစား ေဒၚလာ ၁.၃ သန္းဝန္းက်င္ကို တစ္လုံးတစ္ခဲတည္း ရရွိမယ့္ one-time lump sum payment ကို ဆုအျဖစ္ ေ႐ြးခ်ယ္ရယူခဲ့ ပါတယ္။ သူ႔အေနနဲ႔ အဲဒီဆုေငြနဲ႔ အိမ္အသစ္တစ္လုံးဝယ္ယူမွာျဖစ္ၿပီး က်န္တဲ့ေငြကိုေတာ့ စုေဆာင္းထားမယ္လို႔ ဆိုပါတယ္။

Credit

About the author

Aung Lay

Leave a Comment