Cele News

ဒီရောဂါဆိုးကြီးပြီးသွားရင် မိသားစုနဲ့အတူ ကျန်းမာစွာခရီးတွေ အတူသွားချင်သေးတယ်ဆိုပြီး ရင်ဖွင့်လာတဲ့ ရွှေသမီး

Written by Aung Lay




Source-ရွှေသမီး

Unicode

ပရိသတ်ကြီး မင်းသမီးချောလေးရွှေသမီးကတော့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ပွင့်လင်းပြီး ချစ်စရာဟန်ပန်လေးတွေကြောင့် အချစ်တွေအချစ်ပိုနေရသူဆိုလဲမမှားပါဘူးနော်။သူမကတော့ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပီပြင်အောင် သရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ်ရင်ထဲရောက်ရှိခဲ့သူလေးဖြစ်ပါတယ်။

ရွှေသမီးကတော့ လတ်တလောမှာဖြစ်ပွားနေတဲ့ ကူးစက်ရောဂါပိုးတွေကြောင့် အလုပ်တွေရပ်နားထားပြီး မိသားစုနဲ့အတူအိမ်မှာပဲအနားယူနေတာပဲဖြစ်ပါတယ်။အိမ်မှာနေရတဲ့ အချိန်တွေမှာ ချစ်တဲ့ပရိသတ်တွေ အလွမ်းပြေအောင် သူမရဲ့ ပုံရိပ်လေးတွေ တင်ပေးခဲ့ပါသေးတယ်။အခုဆိုရင်တော့ ရွှေသမီးက ဒီရောဂါဆိုးကြီးပြီးသွားရင် သူလုပ်ချင်အရာလေးတွေကို ရင်ဖွင့်လာခဲ့ပါတယ်။

ရွှေသမီးကတော့ “မိသားစုနဲ့အတူ ကျန်းမာစွာ ခရီးတွေအတူသွားချင်သေးတယ် အားလုံးလဲရွှေ့လိုလေးတွေးပြီး ရွှေ့လိုဘဲအဲ့လိုအချိန်လေးတွေကို လွမ်းနေမယ်ထင်တယ် ဒီရောဂါဆိုးကြီးကို အားလုံးတက်ညီလက်ညီတိုက်ထုတ်ပြီး ဒီအချိန်လေးတွေဆီကိုအရောက်သွားကြရအောင်🙏မိမိကစ ကာကွယ်ခြင်းအားဖြင့် ရှေ့တန်းထွက်ကာကွယ်ကုသပေးနေသော ဆရာဝန်များ သူနာပြုများ ကျန်းမာရေးဝန်ထမ်းများအားလုံးကို ကူညီပေးကြရအောင်နော် ❤️အားလုံးလဲကပ်ရောဂါဘေးမှကင်းလွတ်၍ ကျန်းမာကြပါစေရှင့်🙏🙏🙏 (အဲ့တစ်ခေါက်လည်တုန်းက အကြီးဆုံးအစ်ကိုတော့မပါလိုက်ဘူး)”ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။

About the author

Aung Lay

Leave a Comment