မိုးလေဝသ

ဦး ထွန်းလွင် (မိုးလေဝသ)ပြောပြခဲ့ တဲ့ နေထီးေ ဆာင်းခြင်း (or) နေအိမ် ဖွဲ့ခြင်းဖြစ်ပေါ် ပုံ နဲ့ အယူအဆများ

Written by Aung Lay

ဦး ထွန်းလွင် (မိုးလေဝသ)ပြောပြခဲ့ တဲ့ နေထီးေ ဆာင်းခြင်း (or) နေအိမ် ဖွဲ့ခြင်းဖြစ်ပေါ် ပုံ နဲ့ အယူအဆများ

နေထီးဆောင်းခြင်း (or) နေအိမ်ဖွဲ့ခြင်း

နေထီးဆောင်းခြင်းကို Gr-eek ဘာသာစကားနဲ့ Halo လို့ ခေါ်ပါတယ်။ တကယ်တော့ Haloဟာ အမြင်ဆိုင်ရာဖြစ်စဉ် (Opt-ical Phenomena) တစ်ခုသာ ဖြစ်ပါတယ်။

အလင်းဆိုတာ ပြန်နိုင်တယ် (Reflection)၊ ယိုင် နိုင်တယ် (Refraction) ၊ ကွေ့နိုင် တယ် (Diffraction)၊ သန့်နိုင် တယ် (Rarefaction)၊ လွင့်စဉ် နိုင်တယ်

(Scattering)၊ ကွဲနိုင် တယ် (Dispersion)၊ အလင်း လှိုင်းထပ်နိုင်တယ် (Diffraction) စတဲ့ ဝိသေသဖြစ်စဉ်တွေ ရှိကြ ပါတယ်။

အချို့ဖြစ်စဉ်တွေကို လှိုင်း သဘာဝနဲ့ ရှင်းပြလို့ရတယ်။ အချို့သဘာဝတွေကတော့ အမှုန်သဘာဝနဲ့မှ ရှင်းပြလို့ရတယ်။ ဒါကြောင့် အလင်းဟာ တစ်ခါတစ်ရံမှာ လှိုင်းသဘာဝ ဆောင်ပြီး တစ်ခါတစ်ရံမှာတော့ အမှုန်သဘာဝဆောင်တယ်လို့ ဆိုပါတယ်။ဒါကို အလင်းရဲ့ ဒွိသဘာဝ (D-ualistic Nature of Light) လို့ ခေါ်ဝေါ်ကြပါတယ်။

ဒီလို သဘာဝရှိတဲ့ အလင်း တန်းတွေဟာ နေမှတစ်ဆင့် ကမ္ဘာဆီကို တိုးဝင်လာကြပါ တယ်။ အဲဒီအခါမှာ ကမ္ဘာ့လေ ထုကို ဖြတ်ကြရပါတယ်။ အဲဒီ အခါမှာ

ကမ္ဘာ့လေထုထဲမှာ ရှိနေ ကြတဲ့ ဖုန်အမှုန်(Dust)၊ ရေအ မှုန် (Water Drplets)၊ ရေပေါက် တွေ (Water Drops)၊ ရေခဲအ မှုန်တွေ (Ice Crystals) တွေကို

ဖြတ်သန်းကြတဲ့အခါ စောစောက ပြောခဲ့တဲ့ အလင်းပြန်တာ၊ ယိုင် တာစတဲ့ ဖြစ်စဉ်တွေ ဖြစ်ကြတဲ့ အခါ လူတွေအတွက် အမြင်အာ ရုံဆိုင်ရာဖြစ်စဉ်တွေ (Optical Phenomena) တွေ ဖြစ်လာကြ ရပါတယ်။

ဥပမာ-သက်တန့် (Rainbow)၊ ကောင်းကင်ပြာ၊ ကောင်းကင်နီ၊ တိမ်ပြာ၊ တိမ်နီ၊ တိမ်ဝါ၊နေထီးဆောင်း၊ လထီး ဆောင်း၊ တံလျှပ်၊ ကော်ရိုနာ၊ နေပုံပျက်ခြင်း၊ လပုံပျက်ခြင်း၊ နေ အစင်းများစွာနဲ့ လအစင်းများစွာ ထွက်ခြင်းစတဲ့ဖြစ်စဉ်တွေ ကမ္ဘာ ပေါ်မှာ တွေ့လာကြရပါတယ်။ အံ့သြရပ်သပ်ရှုမောဖွယ်ရာတွေ ချည်းပါပဲ။

နေထီးဆောင်းတာကို အ များဆုံးမြင်တွေ့ရတဲ့ ပုံသဏ္ဌာန် ကတော့ နေကိုဗဟိုပြုပြီး နေကို ဝန်းရံနေတဲ့ စက်ဝန်းသဏ္ဌာန် ကွင်းတွေကို မြင်တွေ့ကြရခြင်း ဖြစ်ပါတယ်။ အများအားဖြင့်

အဖြူရောင် အဆင်းရှိတဲ့ ကွင်း တွေကိုတွေ့ကြရပေမယ့် တစ်ခါ တစ်ရံတော့လည်း ကွင်းတွေကို အရောင်တွေခွဲခြား တွေ့မြင်ကြရ ပါတယ်။ အရောင်တွေခွဲခြား မြင် ရရင်တော့

အခြေခံအရောင် ခုနစ် မျိုးဖြစ်တဲ့ VIBGYOR (Violet, Indigo, Blue, Green, Yellow,Orange and Red) တွေက အစဉ်အတိုင်း တွေ့ကြရပါတယ်။ အ တွင်းဘက်အကျဆုံးမှာ

အနီရောင်ကို တွေ့ကြရပါတယ်။

တစ်ခါတစ်ရံတော့လည် နေ (သို့မဟုတ်) လရဲ့ အနီးအနား မှာ မတွေ့ရဘဲ ဆန့်ကျင်ဘက် ကောင်းကင်ပြင်မှာတွေ့ကြရပါ တယ်။ နေထီးဆောင်း (Halo) ဖြစ်စဉ်ဟာ နေရောင်ခြည်

အ လင်းတန်းက လေထဲမှာရှိနေတဲ့ အနား ခြောက်ဖက်ပါတဲ့ Hexa-gonal ရေခဲပုံဆောင်ခဲ (Ice Cry-stal) ကို ဖြတ်သန်းတဲ့အခါ အလင်းယိုင်ခြင်း (Refraction) ကြောင့်ဖြစ်ပေါ်လာရတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။

ဒါကြောင့် Halo ဖြစ်စဉ် ဖြစ် ပေါ်တဲ့အခါတိုင်း လေထဲမှာ ရေ ခဲပွင့်တွေ ရှိနေတာကြောင့် Halo တွေကို တိမ်မြင့်အမျိုးအစားဖြစ် တဲ့ Cirrostratus Cloud (Cs) တိမ်နဲ့

ဖြစ်ပေါ်လေ့ရှိပါတယ်။ Halo တွေမှာ 22.Halo 46.Halo ဆိုပြီး နှစ်မျိုးရှိရာ 22. Halo ကို နေ့ခင်းပိုင်း အချိန်အခါများတွင် တွေ့ရတတ်လေ့ရှိပြီး 46.Haloကိုတော့ နံနက်ခင်းနဲ့ ညနေစောင်းလို နေမြင့်ထောင့်နည်းတဲ့ ကာလတွေမှာတွေ့ရလေ့ ရှိပါတယ်။

ထူးခြားတာကတော့ Halo တွေကို နေ(သို့မဟုတ်) လတွေကို ဗဟိုပြုပြီး ဝန်းရံနေတဲ့ စက်ဝိုင်းများအဖြစ် တွေ့ကြရသလို လူ၊ သစ်ပင်၊ အဆောက်အအုံ၊ ဘုရားကျောင်းစတာတွေကိုလည်း ဗဟိုပြုပြီး ဝန်းရံနေတဲ့ စက်ဝိုင်းများအဖြစ်လည်း တွေ့ရတတ်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ အခါမှာ လူတွေရဲ့ ဘာသာရေးယုံကြည်မှုများ လွန်ကဲမှုများ ကြောင့် သဘာဝလွန်ဖြစ်စဉ်များ

(Super Natural Phen-omena) အဖြစ် ပြောဆိုလာတတ်ကြပါတယ်။

နေထီးဆောင်းရင်တော့ မကြာမီ မိုးရွာတတ်တယ်လို့ မိုးလေဝသခန့်မှန်းရေးမှာတော့ ယူဆထားကြောင်းပါ။

By ဦးထွန်းလွင် (မိုးလေဝသ)

မူရင်းဓာတ်ပုံပိုင်ရှင်များကို လေးစားစွာ ခရက်ဒစ်ပေးပါတယ်ခင်ဗျာ

Zawgyi

ဦး ထြန္းလြင္ (မိုးေလဝသ)ေျပာျပခဲ့ တဲ့ ေနထီးေ ဆာင္းျခင္း (or) ေနအိမ္ ဖြဲ႕ျခင္းျဖစ္ေပၚ ပုံ နဲ႔ အယူအဆမ်ား

ေနထီးေဆာင္းျခင္း (or) ေနအိမ္ဖြဲ႕ျခင္း

ေနထီးေဆာင္းျခင္းကို Gr-eek ဘာသာစကားနဲ႔ Halo လို႔ ေခၚပါတယ္။ တကယ္ေတာ့ Haloဟာ အျမင္ဆိုင္ရာျဖစ္စဥ္ (Opt-ical Phenomena) တစ္ခုသာ ျဖစ္ပါတယ္။

အလင္းဆိုတာ ျပန္နိုင္တယ္ (Reflection)၊ ယိုင္ နိုင္တယ္ (Refraction) ၊ ေကြ႕နိုင္ တယ္ (Diffraction)၊ သန႔္နိုင္ တယ္ (Rarefaction)၊ လြင့္စဥ္ နိုင္တယ္

(Scattering)၊ ကြဲနိုင္ တယ္ (Dispersion)၊ အလင္း လွိုင္းထပ္နိုင္တယ္ (Diffraction) စတဲ့ ဝိေသသျဖစ္စဥ္ေတြ ရွိၾက ပါတယ္။

အခ်ိဳ႕ျဖစ္စဥ္ေတြကို လွိုင္း သဘာဝနဲ႔ ရွင္းျပလို႔ရတယ္။ အခ်ိဳ႕သဘာဝေတြကေတာ့ အမႈန္သဘာဝနဲ႔မွ ရွင္းျပလို႔ရတယ္။ ဒါေၾကာင့္ အလင္းဟာ တစ္ခါတစ္ရံမွာ လွိုင္းသဘာဝ ေဆာင္ၿပီး တစ္ခါတစ္ရံမွာေတာ့ အမႈန္သဘာဝေဆာင္တယ္လို႔ ဆိုပါတယ္။ဒါကို အလင္းရဲ့ ဒြိသဘာဝ (D-ualistic Nature of Light) လို႔ ေခၚေဝၚၾကပါတယ္။

ဒီလို သဘာဝရွိတဲ့ အလင္း တန္းေတြဟာ ေနမွတစ္ဆင့္ ကမၻာဆီကို တိုးဝင္လာၾကပါ တယ္။ အဲဒီအခါမွာ ကမၻာ့ေလ ထုကို ျဖတ္ၾကရပါတယ္။ အဲဒီ အခါမွာ

ကမၻာ့ေလထုထဲမွာ ရွိေန ၾကတဲ့ ဖုန္အမႈန္(Dust)၊ ေရအ မႈန္ (Water Drplets)၊ ေရေပါက္ ေတြ (Water Drops)၊ ေရခဲအ မႈန္ေတြ (Ice Crystals) ေတြကို

ျဖတ္သန္းၾကတဲ့အခါ ေစာေစာက ေျပာခဲ့တဲ့ အလင္းျပန္တာ၊ ယိုင္ တာစတဲ့ ျဖစ္စဥ္ေတြ ျဖစ္ၾကတဲ့ အခါ လူေတြအတြက္ အျမင္အာ ႐ုံဆိုင္ရာျဖစ္စဥ္ေတြ (Optical Phenomena) ေတြ ျဖစ္လာၾက ရပါတယ္။

ဥပမာ-သက္တန႔္ (Rainbow)၊ ေကာင္းကင္ျပာ၊ ေကာင္းကင္နီ၊ တိမ္ျပာ၊ တိမ္နီ၊ တိမ္ဝါ၊ေနထီးေဆာင္း၊ လထီး ေဆာင္း၊ တံလၽွပ္၊ ေကာ္ရိုနာ၊ ေနပုံပ်က္ျခင္း၊ လပုံပ်က္ျခင္း၊ ေန အစင္းမ်ားစြာနဲ႔ လအစင္းမ်ားစြာ ထြက္ျခင္းစတဲ့ျဖစ္စဥ္ေတြ ကမၻာ ေပၚမွာ ေတြ႕လာၾကရပါတယ္။ အံ့ၾသရပ္သပ္ရႈေမာဖြယ္ရာေတြ ခ်ည္းပါပဲ။

ေနထီးေဆာင္းတာကို အ မ်ားဆုံးျမင္ေတြ႕ရတဲ့ ပုံသဏၭာန္ ကေတာ့ ေနကိုဗဟိုျပဳၿပီး ေနကို ဝန္းရံေနတဲ့ စက္ဝန္းသဏၭာန္ ကြင္းေတြကို ျမင္ေတြ႕ၾကရျခင္း ျဖစ္ပါတယ္။ အမ်ားအားျဖင့္

အျဖဴေရာင္ အဆင္းရွိတဲ့ ကြင္း ေတြကိုေတြ႕ၾကရေပမယ့္ တစ္ခါ တစ္ရံေတာ့လည္း ကြင္းေတြကို အေရာင္ေတြခြဲျခား ေတြ႕ျမင္ၾကရ ပါတယ္။ အေရာင္ေတြခြဲျခား ျမင္ ရရင္ေတာ့

အေျခခံအေရာင္ ခုနစ္ မ်ိဳးျဖစ္တဲ့ VIBGYOR (Violet, Indigo, Blue, Green, Yellow,Orange and Red) ေတြက အစဥ္အတိုင္း ေတြ႕ၾကရပါတယ္။ အ တြင္းဘက္အက်ဆုံးမွာ

အနီေရာင္ကို ေတြ႕ၾကရပါတယ္။

တစ္ခါတစ္ရံေတာ့လည္ ေန (သို႔မဟုတ္) လရဲ့ အနီးအနား မွာ မေတြ႕ရဘဲ ဆန႔္က်င္ဘက္ ေကာင္းကင္ျပင္မွာေတြ႕ၾကရပါ တယ္။ ေနထီးေဆာင္း (Halo) ျဖစ္စဥ္ဟာ ေနေရာင္ျခည္

အ လင္းတန္းက ေလထဲမွာရွိေနတဲ့ အနား ေျခာက္ဖက္ပါတဲ့ Hexa-gonal ေရခဲပုံေဆာင္ခဲ (Ice Cry-stal) ကို ျဖတ္သန္းတဲ့အခါ အလင္းယိုင္ျခင္း (Refraction) ေၾကာင့္ျဖစ္ေပၚလာရတဲ့ျဖစ္စဥ္ ျဖစ္ပါတယ္။

ဒါေၾကာင့္ Halo ျဖစ္စဥ္ ျဖစ္ ေပၚတဲ့အခါတိုင္း ေလထဲမွာ ေရ ခဲပြင့္ေတြ ရွိေနတာေၾကာင့္ Halo ေတြကို တိမ္ျမင့္အမ်ိဳးအစားျဖစ္ တဲ့ Cirrostratus Cloud (Cs) တိမ္နဲ႔

ျဖစ္ေပၚေလ့ရွိပါတယ္။ Halo ေတြမွာ 22.Halo 46.Halo ဆိုၿပီး ႏွစ္မ်ိဳးရွိရာ 22. Halo ကို ေန႔ခင္းပိုင္း အခ်ိန္အခါမ်ားတြင္ ေတြ႕ရတတ္ေလ့ရွိၿပီး 46.Haloကိုေတာ့ နံနက္ခင္းနဲ႔ ညေနေစာင္းလို ေနျမင့္ေထာင့္နည္းတဲ့ ကာလေတြမွာေတြ႕ရေလ့ ရွိပါတယ္။

ထူးျခားတာကေတာ့ Halo ေတြကို ေန(သို႔မဟုတ္) လေတြကို ဗဟိုျပဳၿပီး ဝန္းရံေနတဲ့ စက္ဝိုင္းမ်ားအျဖစ္ ေတြ႕ၾကရသလို လူ၊ သစ္ပင္၊ အေဆာက္အအုံ၊ ဘုရားေက်ာင္းစတာေတြကိုလည္း ဗဟိုျပဳၿပီး ဝန္းရံေနတဲ့ စက္ဝိုင္းမ်ားအျဖစ္လည္း ေတြ႕ရတတ္ျခင္းပဲ ျဖစ္ပါတယ္။ အဲဒီ အခါမွာ လူေတြရဲ့ ဘာသာေရးယုံၾကည္မႈမ်ား လြန္ကဲမႈမ်ား ေၾကာင့္ သဘာဝလြန္ျဖစ္စဥ္မ်ား

(Super Natural Phen-omena) အျဖစ္ ေျပာဆိုလာတတ္ၾကပါတယ္။

ေနထီးေဆာင္းရင္ေတာ့ မၾကာမီ မိုးရြာတတ္တယ္လို႔ မိုးေလဝသခန႔္မွန္းေရးမွာေတာ့ ယူဆထားေၾကာင္းပါ။

By ဦးထြန္းလြင္ (မိုးေလဝသ)

မူရင္းဓာတ္ပုံပိုင္ရွင္မ်ားကို ေလးစားစြာ ခရက္ဒစ္ေပးပါတယ္ခင္ဗ်ာ

About the author

Aung Lay

Leave a Comment