Cele News

ရေရှားပါးနေတဲ့ ကျေးရွာတွေကို ရေသွားရောက် လှူဒါန်းခဲ့တဲ့ ကျော်သူ

Written by Aung Lay

မေကြးတိုင္း ေဒသႀကီးအတြင္းက ေက်း႐ြာေတြမွာ လႉခဲ့တာျဖစ္ပါတယ္။ဦးေက်ာ္သူ ဦးေဆာင္တဲ့ ” ေက်ာ္သူ ပရဟိတကြန္ယက္” ဟာ ေရရွားပါးမႈျဖစ္ေပၚေနတဲ့ ေနရာေဒသေတြမွာ ေရအလႉျပဳခဲ့တာ ေတြ႕ရပါတယ္။

ေက်ာ္သူ ပရဟိတကြန္ယက္ အေနနဲ႔ မေကြးတိုင္းေဒသႀကီးအတြင္းက ေရရွားပါးေနတဲ့ ဖန္ခါးပင္ေက်း႐ြာနဲ႔ အနီးအနားမွာရွိတဲ့ ေက်း႐ြာမ်ားကို ေရ ကုသိုလ္ျပဳခဲ့တယ္လို႔ သိရပါတယ္။” ေက်ာ္သူပရဟိတကြန္ယက္” ႏွင့္ ” ေက်ာ္သူပရဟိတသာသနာျပဳအဖြဲ႕” တို႔မွ

ေရရွားပါျပတ္လပ္လွ်က္ရွိေသာပဲခူးတိုင္းေဒသႀကီးအဆုံးရွိဖန္ခါးပင္ေက်း႐ြာ၊ မေကြးတိုင္းေဒသႀကီးအစ ေသာင္ကျပင္ေက်း႐ြာမ်ား သို႔ ယေန႔နံနက္ခင္းတြင္ ကေမာၻဇဘဏ္ ဥကၠဌႀကီးဦးေအာင္ကိုဝင္း၏

ကေမာၻဇ အနာဂါတ္ အလင္းတန္းျမန္မာေဖါင္ေဒးရွင္းအဖြဲ႕မွ လႉဒါန္းထားေသာ ေရသယ္ယာဥ္ႀကီးျဖင့္ေသာက္သုံးေရမ်ားသြားေရာက္လႉဒါန္းခဲ့ၾကပါသည္” ဆိုၿပီးေတာ့ ေမလ (၁၃) ရက္ေန႔ ညေန ၃ နာရီခြဲေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

ေရအလႉမွာ ပါဝင္ကူညီေပးခဲ့ၾကသူေတြကိုလည္း ဦးေက်ာ္သူက ေက်းဇူးတင္စကားဆိုထားပါတယ္။ ေရလႉခဲ့ရတဲ့ အက်ိဳးေၾကာင့္ ပီတိျဖစ္ရတယ္လို႔လည္း သူကေျပာပါတယ္။ ” ေရသယ္ယာဥ္အတြက္ဒီဇယ္ဆီလႉဒါန္းေပးၿပီးကိုယ္တိုင္လိုက္ပါကူညီေပးၾကေသာ

နဝေဒးတံတားရဲကင္းမွ ရဲေဘာ္မ်ားအားလည္း အထူးေက်းဇူးတင္ရွိကာ သာဓုသာဓုသာဓုေခၚဆိုလိုက္ပါသည္။ ပူျပင္းလွသည့္ေႏြရာသီတြင္ ေရျပတ္လတ္ေနေသာ မိဘျပည္သူသားသမီးငယ္ေလးမ်ား ေရရရွိ၍ေပ်ာ္႐ႊင္ဖြယ္မ်က္ႏွာေလးမ်ားကား ကြၽန္ေတာ္တို႔အဖို႔ မည္သည့္အရာႏွင့္မွ်မလဲႏိုင္ေသာ ပီတိ ကိုရရွိေစခဲ့ပါသည္” လို႔ ဆက္လက္ ေရးသားထားပါေသးတယ္။

ေက်ာ္သူဟာ COVID-19 ကာလမွာ ေရအခက္အခဲ၊ စားနပ္ရိကၡာ အခက္အခဲျဖစ္ေပၚေနတဲ့ ေနရာေဒသေတြကိုလည္း သြားေရာက္လႉဒါန္းခဲ့တာ ေတြ႕ရပါတယ္။ ဦးေက်ာ္သူ ဦးေဆာင္တဲ့ နာေရးကူညီမႈ အသင္း အဖြဲ႕သားေတြဟာ ေမလ (၁၂) ရက္ေန႔က

ေျမာက္ဒဂုံၿမိဳ႕နယ္ရွိ (၄၈)ရပ္ကြက္၊ ရွင္တရာလမ္းမွာရွိတဲ့ အိမ္ေထာင္စု(၂၀၀) အတြက္ စားနပ္ရိကၡာေတြ လႉဒါန္းခဲ့တာ ေတြ႕ရပါတယ္။ အဲဒီေနာက္ မီးေဘးအႏၲရာယ္ျဖစ္ေပၚလာပါကလည္း မီးသတ္အဖြဲ႕ေတြနဲ႔ အတူ နာကူ(မီးသတ္အဖြဲ႕) တို႔ကလည္း ေရသယ္ယာဥ္ တစ္စီးျဖင့္ သြားေရာက္ကူညီေပးခဲ့တယ္လို႔လည္း သိရပါတယ္။

ေက်ာ္သူဟာ ၂၀၀၇ခုႏွစ္ေနာက္ပိုင္းမွာ အႏုပညာအလုပ္ေတြရပ္နားခဲ့ၿပီး နာေရးကူညီမႈအသင္း နဲ႔ အတူ ေနာက္ထပ္ ပရဟိတ လုပ္ငန္းမ်ားစြာကိုလည္း တစိုက္မတ္မတ္ လုပ္ေဆာင္လာခဲ့တာ ေတြ႕ရပါတယ္။

အခုခ်ိန္မွာေတာ့ ကိုယ္ပိုင္႐ုပ္ရွင္ထုတ္လုပ္ေရးနဲ႔ အတူ ဒါ႐ိုက္တာ တစ္ေယာက္အျဖစ္ ႐ုပ္ရွင္ဇာတ္ကားေတြ၊ ဇာတ္လမ္းတြဲေတြ ႐ိုက္ကူးေနၿပီျဖစ္ပါတယ္။ သူဟာ ၁၉၈၄ခုႏွစ္ကစလို႔ “ခ်စ္ႀကိဳးေလးႏွစ္မွ်င္” ဇာတ္ကားနဲ႔ အႏုပညာေလာကထဲေရာက္ရွိလာခဲ့ၿပီး

ဇာတ္ကားေပါင္း ၂၀၀ေက်ာ္ ႐ိုက္ကူးခဲ့ကာ အႏုပညာေလာကတြင္ ေအာင္ျမင္တဲ့ အႏုပညာရွင္တစ္ဦးျဖစ္ခဲ့ပါတယ္။ ၁၉၉၄ခုႏွစ္မွာေတာ့ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုကို “တျပည္သူမေ႐ႊထား” ႐ုပ္ရွင္ဇာတ္ကားနဲ႔ ရရွိခဲ့ၿပီး ၂၀၀၃ခုႏွစ္ မွာေတာ့ အေကာင္းဆုံးဒါ႐ိုက္တာကို ”အေမ့ႏို႔ဖိုး” ႐ုပ္ရွင္ဇာတ္ကားနဲ႔ ရရွိထားသူ ျဖစ္ပါတယ္။

Unicode

မကွေးတိုင်း ဒေသကြီးအတွင်းက ကျေးရွာတွေမှာ လှူခဲ့တာဖြစ်ပါတယ်။ဦးကျော်သူ ဦးဆောင်တဲ့ ” ကျော်သူ ပရဟိတကွန်ယက်” ဟာ ရေရှားပါးမှုဖြစ်ပေါ်နေတဲ့ နေရာဒေသတွေမှာ ရေအလှူပြုခဲ့တာ တွေ့ရပါတယ်။

ကျော်သူ ပရဟိတကွန်ယက် အနေနဲ့ မကွေးတိုင်းဒေသကြီးအတွင်းက ရေရှားပါးနေတဲ့ ဖန်ခါးပင်ကျေးရွာနဲ့ အနီးအနားမှာရှိတဲ့ ကျေးရွာများကို ရေ ကုသိုလ်ပြုခဲ့တယ်လို့ သိရပါတယ်။” ကျော်သူပရဟိတကွန်ယက်” နှင့် ” ကျော်သူပရဟိတသာသနာပြုအဖွဲ့” တို့မှ

ရေရှားပါပြတ်လပ်လျှက်ရှိသောပဲခူးတိုင်းဒေသကြီးအဆုံးရှိဖန်ခါးပင်ကျေးရွာ၊ မကွေးတိုင်းဒေသကြီးအစ သောင်ကပြင်ကျေးရွာများ သို့ ယနေ့နံနက်ခင်းတွင် ကမ္ဘောဇဘဏ် ဥက္ကဌကြီးဦးအောင်ကိုဝင်း၏

ကမ္ဘောဇ အနာဂါတ် အလင်းတန်းမြန်မာဖေါင်ဒေးရှင်းအဖွဲ့မှ လှူဒါန်းထားသော ရေသယ်ယာဉ်ကြီးဖြင့်သောက်သုံးရေများသွားရောက်လှူဒါန်းခဲ့ကြပါသည်” ဆိုပြီးတော့ မေလ (၁၃) ရက်နေ့ ညနေ ၃ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ရေအလှူမှာ ပါဝင်ကူညီပေးခဲ့ကြသူတွေကိုလည်း ဦးကျော်သူက ကျေးဇူးတင်စကားဆိုထားပါတယ်။ ရေလှူခဲ့ရတဲ့ အကျိုးကြောင့် ပီတိဖြစ်ရတယ်လို့လည်း သူကပြောပါတယ်။ ” ရေသယ်ယာဉ်အတွက်ဒီဇယ်ဆီလှူဒါန်းပေးပြီးကိုယ်တိုင်လိုက်ပါကူညီပေးကြသော

နဝဒေးတံတားရဲကင်းမှ ရဲဘော်များအားလည်း အထူးကျေးဇူးတင်ရှိကာ သာဓုသာဓုသာဓုခေါ်ဆိုလိုက်ပါသည်။ ပူပြင်းလှသည့်နွေရာသီတွင် ရေပြတ်လတ်နေသော မိဘပြည်သူသားသမီးငယ်လေးများ ရေရရှိ၍ပျော်ရွှင်ဖွယ်မျက်နှာလေးများကား ကျွန်တော်တို့အဖို့ မည်သည့်အရာနှင့်မျှမလဲနိုင်သော ပီတိ ကိုရရှိစေခဲ့ပါသည်” လို့ ဆက်လက် ရေးသားထားပါသေးတယ်။

ကျော်သူဟာ COVID-19 ကာလမှာ ရေအခက်အခဲ၊ စားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ်နေတဲ့ နေရာဒေသတွေကိုလည်း သွားရောက်လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်း အဖွဲ့သားတွေဟာ မေလ (၁၂) ရက်နေ့က

မြောက်ဒဂုံမြို့နယ်ရှိ (၄၈)ရပ်ကွက်၊ ရှင်တရာလမ်းမှာရှိတဲ့ အိမ်ထောင်စု(၂၀၀) အတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါကလည်း မီးသတ်အဖွဲ့တွေနဲ့ အတူ နာကူ(မီးသတ်အဖွဲ့) တို့ကလည်း ရေသယ်ယာဉ် တစ်စီးဖြင့် သွားရောက်ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။

ကျော်သူဟာ ၂၀၀၇ခုနှစ်နောက်ပိုင်းမှာ အနုပညာအလုပ်တွေရပ်နားခဲ့ပြီး နာရေးကူညီမှုအသင်း နဲ့ အတူ နောက်ထပ် ပရဟိတ လုပ်ငန်းများစွာကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့တာ တွေ့ရပါတယ်။

အခုချိန်မှာတော့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေပြီဖြစ်ပါတယ်။ သူဟာ ၁၉၈၄ခုနှစ်ကစလို့ “ချစ်ကြိုးလေးနှစ်မျှင်” ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး

ဇာတ်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးခဲ့ကာ အနုပညာလောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ၁၉၉၄ခုနှစ်မှာတော့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို “တပြည်သူမရွှေထား” ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာကို ”အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။

About the author

Aung Lay

Leave a Comment