Cele News

သေဆုံးသွားပြီဖြစ်တဲ့ ဖခင်ရဲ့ မျက်နှာမှာ ရွှေချထားတာနဲ့ပက်သက်ပြီး ပြန်လည်ရှင်းပြခဲ့တဲ့ ကြည်ဖြူမန်းဝင်း

Written by Aung Lay

လူရွှင်တော်ကြီး မန်းဝင်းဟာ ဆီးချိုသွေးချိုရောဂါကြောင့် အမြင်အာရုံချို့တဲ့သွားပြီး ကျောက်ကပ် မကောင်းတော့တဲ့အတွက်လည်း ကျောက်ကပ်အမြဲဆေးခဲ့ရပါတယ်။ အဲဒီအပြင် ဖေဖော်ဝါရီလ အတွင်းကလည်း သတိလစ်မေ့မြောကာ အရေးပေါ် အခြေအနေကြောင့် အသက်လုခဲ့ရတဲ့အခြေအနေဖြစ်ခဲ့ပါသေးတယ်။ ဦးမန်းဝင်းကတော့ ကွယ်လွန်ချိန်မှာ အသက်(၇၈) နှစ်ရှိပါပြီ။

မန်းဝင်းကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူဟာ အငြိမ့်၊ ဇာတ်ပွဲပေါင်း များစွာတို့မှာ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသလူရွှင်တော်ကြီး သရုပ်ဆောင် မန်းဝင်းရဲ့ ဈာပနမှာ မိသားစုဝင်တွေက မျက်နှာကို ရွှေချပေးခဲ့ပါတယ်။အခုလို ရွှေချပေးခဲ့တဲ့အပေါ် သူ့ရဲ့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းက အခုလို ပြောပြလာပါတယ်။

” ရွှေချရခြင်းအကြောင်းရင်း ” ဖေကြီးဟာ လူတွေကို ရယ်မောပျော်ရွှင်အောင် ပြောခဲ့တာကြောင့် နှုတ်ခမ်းကို ရွှေချရခြင်းဖြစ်ပါတယ်။ဖေကြီးဟာ လူတွေကို ပြုံးရွှင်အောင် မျက်နှာကဖန်တီးခဲ့တာကြောင့် မျက်နှာကို ရွှေချရခြင်းဖြစ်ပါတယ်။ တပည့်သားမြေးတွေက ရွှေလိုတန်ဖိုးထား လေးစားချစ်ခင်ကြတာကြောင့် နောက်ဆုံးခရီးမှာ တယုတယ ရွှေချပေးရခြင်းဖြစ်ပါတယ်” ဆိုပြီးတော့ မန်းဝင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇူလိုင် ၁၅ ရက်နေ့ ညက သမီးဖြစ်သူ ကြည်ဖြူမန်းဝင်း ရေးသားထားတာ ဖြစ်ပါတယ်။

Zawgyi

လူ႐ႊင္ေတာ္ႀကီး မန္းဝင္းဟာ ဆီးခ်ိဳေသြးခ်ိဳေရာဂါေၾကာင့္ အျမင္အာ႐ုံခ်ိဳ႕တဲ့သြားၿပီး ေက်ာက္ကပ္ မေကာင္းေတာ့တဲ့အတြက္လည္း ေက်ာက္ကပ္အၿမဲေဆးခဲ့ရပါတယ္။ အဲဒီအျပင္ ေဖေဖာ္ဝါရီလ အတြင္းကလည္း သတိလစ္ေမ့ေျမာကာ အေရးေပၚ အေျခအေနေၾကာင့္ အသက္လုခဲ့ရတဲ့အေျခအေနျဖစ္ခဲ့ပါေသးတယ္။ ဦးမန္းဝင္းကေတာ့ ကြယ္လြန္ခ်ိန္မွာ အသက္(၇၈) ႏွစ္ရွိပါၿပီ။

မန္းဝင္းကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္နဲ႔ ပရိသတ္ေတြ စတင္သိရွိလာခဲ့တာပါ။ သူဟာ အၿငိမ့္၊ ဇာတ္ပြဲေပါင္း မ်ားစြာတို႔မွာ လူ႐ႊင္ေတာ္အျဖစ္ ကျပေဖ်ာ္ေျဖခဲ့သူျဖစ္ပါတယ္။ အဲဒီေနာက္ သ႐ုပ္ေဆာင္နဲ႔ ပတ္သက္ၿပီး ဗီဒီယို ဇာတ္ကားေပါင္းမ်ားစြာတို႔မွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့သူလည္း ျဖစ္ပါတယ္။ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားတာ ေတြ႕ရပါတယ္။

ကြယ္လြန္သြားၿပီျဖစ္တဲ့ ဟာသလူ႐ႊင္ေတာ္ႀကီး သ႐ုပ္ေဆာင္ မန္းဝင္းရဲ႕ ဈာပနမွာ မိသားစုဝင္ေတြက မ်က္ႏွာကို ေ႐ႊခ်ေပးခဲ့ပါတယ္။အခုလို ေ႐ႊခ်ေပးခဲ့တဲ့အေပၚ သူ႔ရဲ႕ သမီးျဖစ္သူ ၾကည္ျဖဴမန္းဝင္းက အခုလို ေျပာျပလာပါတယ္။

” ေ႐ႊခ်ရျခင္းအေၾကာင္းရင္း ” ေဖႀကီးဟာ လူေတြကို ရယ္ေမာေပ်ာ္႐ႊင္ေအာင္ ေျပာခဲ့တာေၾကာင့္ ႏႈတ္ခမ္းကို ေ႐ႊခ်ရျခင္းျဖစ္ပါတယ္။ေဖႀကီးဟာ လူေတြကို ၿပဳံး႐ႊင္ေအာင္ မ်က္ႏွာကဖန္တီးခဲ့တာေၾကာင့္ မ်က္ႏွာကို ေ႐ႊခ်ရျခင္းျဖစ္ပါတယ္။ တပည့္သားေျမးေတြက ေ႐ႊလိုတန္ဖိုးထား ေလးစားခ်စ္ခင္ၾကတာေၾကာင့္ ေနာက္ဆုံးခရီးမွာ တယုတယ ေ႐ႊခ်ေပးရျခင္းျဖစ္ပါတယ္” ဆိုၿပီးေတာ့ မန္းဝင္းရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ဇူလိုင္ ၁၅ ရက္ေန႔ ညက သမီးျဖစ္သူ ၾကည္ျဖဴမန္းဝင္း ေရးသားထားတာ ျဖစ္ပါတယ္။

About the author

Aung Lay

Leave a Comment