News

မြန်မာပြည်ဖွား အမေရိက န်စီးပွားရေးလုပ်ငန်း ရှင် မြင့်ဂျေကျော် ဒေဝါလီခံ ဖို့ လျှောက်ထား

Written by Aung Lay

မြန်မာပြည်ဖွား အမေရိက န်စီးပွားရေးလုပ်ငန်း ရှင် မြင့်ဂျေကျော် ဒေဝါလီခံ ဖို့ လျှောက်ထား

မြန် မာနိုင်ငံမှာ မွေးဖွားခဲ့ပြီး အမေရိကန်နိုင်ငံမှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်အဖြစ် ရပ်တည်ခဲ့သူတစ်ယောက် ဒေဝါလီခံဖို့ လျှောက်ထားခဲ့တယ်ဆိုတဲ့ သတင်းက အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ ဦးမြင့်ဂျေကျော် (Myint J. Kyaw)လို့ ခေါ်ကြတဲ့ ဂျက်ဖရေဝူ(Jeffrey Wu)ကို ၁၉၆၄ ခုနှစ်က မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ပြီး ၉ နှစ်သားအရွယ်မှာ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ်မှာ ဟောင်ကောင်စူပါမားကတ်(Hong Kong Supermarket)ကို စတင်တည်ထောင်ခဲ့ပြီး စီးပွားရေးခေတ်ကောင်းချိန်တုန်းက အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ တစ်ဘီလျံအထိ ချမ်းသာကြွယ်ဝခဲ့ပါတယ်။အသက် ၃၂ နှစ်အရွယ်မှာ ဟောင်ကောင်မင်းသမီး၊ အဆိုတော် ဗီရိုနီကာယစ်(Veronica Yip)ကို လက်ထပ်ခဲ့လို့ ဂျက်ဖရေဝူရဲ့နာမည်ကို အနုပညာအသိုင်းအဝိုင်းကပါ သတိထားမိလာခဲ့ပါတယ်။ ဗီရိုနီကာယစ်ဟာ ၁၉၈၅ ခုနှစ်က အာရှအလှမယ်ပြိုင်ပွဲမှာ ဒုတိယဆုရခဲ့ပြီး ညို့အားပြင်းတဲ့အခန်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ ဒါပေမဲ့ သူဟာ ဂျက်ဖရေဝူနဲ့ အိမ်ထောင်ကျပြီးနောက်မှာတော့ သရုပ်ဆောင်လောကကနေ အနားယူခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ အကြီးမားဆုံး အရှေ့တိုင်းကုန်ခြောက်ရောင်းဝယ်၊ ဖြန့်ဖြူးရေးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ Mon Chong Loong Trading Corp ကို ဂျက်ဖရေဝူက ပိုင်ဆိုင်တာပါ။ သူဟာ နယူးယော့ခ်မြို့ရဲ့ အိမ်ခြံမြေလုပ်ငန်းကြီးကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က တည်ဆောက်ခဲ့တဲ့ အခန်း ၉၉ ခန်းပါ ဗစ်တိုးရီးယားတာဝါဟာ ဂျက်ဖရေဝူရဲ့ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုဖြစ်ပြီး အခန်းတစ်ခန်းကို အမေရိကန်ဒေါ်လာ ၁ သန်းလောက်နဲ့ ရောင်းချနိုင်ခဲ့တာပါ။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အသွားအလာတွေ ကန့်သတ်လိုက်ချိန်မှာ ဂျက်ဖရေဝူရဲ့ စူပါမားကတ်တွေ ရောင်းအားကျဆင်းခဲ့သလို နှာခေါင်းစည်း၊ လက်အိတ်၊ တစ်သျှူးတွေကို ဈေးတင်ရောင်းခဲ့တဲ့အတွက် အမေရိကန်နိုင်ငံ စားသုံးသူနဲ့ အလုပ်သမားကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့ Hong Kong Supermarket ကို အမေရိကန်ဒေါ်လာ ၆၉၅၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။

အခုချိန်မှာတော့ ဂျက်ဖရေဝူဟာ ကိုယ်ရေးကိုယ်တာ ကြွေးမြီ အမေရိကန်ဒေါ်လာ ၄၈.၅ သန်း ပေးဖို့ရှိနေလို့ ဒေဝါလီခံဖို့ လျှောက်ထားခဲ့သလို အိမ်ခြံမြေကုမ္ပဏီ ၃ ခုကလည်း အမေရိကန်ဒေါ်လာ ၁၅.၃ သန်း ကြွေးမြီရှိနေလို့ အစိုးရရဲ့ စီမံခန့်ခွဲမှုခံယူဖို့ တင်ပြထားပါတယ်။ ဂျက်ဖရေဝူဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က နယူးယော့ခ်မြို့ အရှေ့ပိုင်းခရိုင် အမေရိကန်နိုင်ငံ ဒေဝါလီတရားရုံးမှာ ဒေဝါလီခံဖို့ လျှောက်ထားခဲ့တာပါ။ သူ့ရဲ့ကိုယ်ရေးကိုယ်တာ အကြွေးရှင်တွေထဲမှာ အမေရိကဘဏ် (Bank of America)လည်း ပါဝင်နေပြီး အမေရိကဘဏ်တစ်ခုတည်းက အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်ရဖို့ ရှိနေပါတယ်။

ဒါပေမဲ့ ဒေဝါလီခံရတာက ထင်သလောက် ဆိုးရွားတဲ့ကိစ္စမဟုတ်ဘူး၊ မိသားစုရဲ့နေ့စဉ်ဘဝကို သက်ရောက်မှုမရှိဘူး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တောင် အရင်တုန်းက မကြာခဏ ဒေဝါလီခံရဖူးတယ်လို့ ဗီရိုနီကာယစ်က ပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ လူမွဲအဖြစ်ခံယူမှုဥပဒေ အခန်း ၁၁ အရ ဒေဝါလီခံလိုက်တဲ့အခါ စီးပွားရေးဆိုင်ရာ ဘဏ္ဍာရေး ပြန်လည်တည်ဆောက်မှုလုပ်ခွင့်ရှိပြီး ကြွေးမြီတွေကို တဖြည်းဖြည်းချင်း ပြန်ပေးဆပ်နိုင်တယ်လို့ ခွင့်ပြုပေးထားပါတယ်။

Ref: South China Morning Post & Jaynestars ” Veronica Yip Admits to Husband’s Bankruptcy ”
Credit ရိုးရာလေး

Zawgyi

ျမန္မာျပည္ဖြား အေမရိက န္စီးပြားေရးလုပ္ငန္း ရွင္ ျမင့္ေဂ်ေက်ာ္ ေဒဝါလီခံ ဖို႔ ေလွ်ာက္ထားျမန္ မာႏိုင္ငံမွာ ေမြးဖြားခဲ့ၿပီး အေမရိကန္ႏိုင္ငံမွာ ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းရွင္အျဖစ္ ရပ္တည္ခဲ့သူတစ္ေယာက္ ေဒဝါလီခံဖို႔ ေလွ်ာက္ထားခဲ့တယ္ဆိုတဲ့ သတင္းက အံ့အားသင့္စရာျဖစ္ခဲ့ရပါတယ္။ ဦးျမင့္ေဂ်ေက်ာ္ (Myint J. Kyaw)လို႔ ေခၚၾကတဲ့ ဂ်က္ဖေရဝူ(Jeffrey Wu)ကို ၁၉၆၄ ခုႏွစ္က ျမန္မာႏိုင္ငံမွာ ေမြးဖြားခဲ့ၿပီး ၉ ႏွစ္သားအ႐ြယ္မွာ အေမရိကန္ႏိုင္ငံကို ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ပါတယ္။ ၁၉၈၁ ခုႏွစ္က ကယ္လီဖိုးနီးယားျပည္နယ္မွာ ေဟာင္ေကာင္စူပါမားကတ္(Hong Kong Supermarket)ကို စတင္တည္ေထာင္ခဲ့ၿပီး စီးပြားေရးေခတ္ေကာင္းခ်ိန္တုန္းက အသားတင္ပိုင္ဆိုင္မႈ အေမရိကန္ေဒၚလာ တစ္ဘီလ်ံအထိ ခ်မ္းသာႂကြယ္ဝခဲ့ပါတယ္။အသက္ ၃၂ ႏွစ္အ႐ြယ္မွာ ေဟာင္ေကာင္မင္းသမီး၊ အဆိုေတာ္ ဗီ႐ိုနီကာယစ္(Veronica Yip)ကို လက္ထပ္ခဲ့လို႔ ဂ်က္ဖေရဝူရဲ႕နာမည္ကို အႏုပညာအသိုင္းအဝိုင္းကပါ သတိထားမိလာခဲ့ပါတယ္။ ဗီ႐ိုနီကာယစ္ဟာ ၁၉၈၅ ခုႏွစ္က အာရွအလွမယ္ၿပိဳင္ပြဲမွာ ဒုတိယဆုရခဲ့ၿပီး ညိဳ႕အားျပင္းတဲ့အခန္းေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့သူပါ။ ဒါေပမဲ့ သူဟာ ဂ်က္ဖေရဝူနဲ႔ အိမ္ေထာင္က်ၿပီးေနာက္မွာေတာ့ သ႐ုပ္ေဆာင္ေလာကကေန အနားယူခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံရဲ႕ အႀကီးမားဆုံး အေရွ႕တိုင္းကုန္ေျခာက္ေရာင္းဝယ္၊ ျဖန႔္ျဖဴးေရးလုပ္ငန္းစုတစ္ခုျဖစ္တဲ့ Mon Chong Loong Trading Corp ကို ဂ်က္ဖေရဝူက ပိုင္ဆိုင္တာပါ။ သူဟာ နယူးေယာ့ခ္ၿမိဳ႕ရဲ႕ အိမ္ၿခံေျမလုပ္ငန္းႀကီးကိုလည္း ပိုင္ဆိုင္ခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္က တည္ေဆာက္ခဲ့တဲ့ အခန္း ၉၉ ခန္းပါ ဗစ္တိုးရီးယားတာဝါဟာ ဂ်က္ဖေရဝူရဲ႕ ေဆာက္လုပ္ေရးစီမံကိန္းတစ္ခုျဖစ္ၿပီး အခန္းတစ္ခန္းကို အေမရိကန္ေဒၚလာ ၁ သန္းေလာက္နဲ႔ ေရာင္းခ်ႏိုင္ခဲ့တာပါ။ ဒါေပမဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ အသြားအလာေတြ ကန႔္သတ္လိုက္ခ်ိန္မွာ ဂ်က္ဖေရဝူရဲ႕ စူပါမားကတ္ေတြ ေရာင္းအားက်ဆင္းခဲ့သလို ႏွာေခါင္းစည္း၊ လက္အိတ္၊ တစ္သွ်ဴးေတြကို ေဈးတင္ေရာင္းခဲ့တဲ့အတြက္ အေမရိကန္ႏိုင္ငံ စားသုံးသူနဲ႔ အလုပ္သမားကာကြယ္ေရးဝန္ႀကီးဌာနက သူ႔ရဲ႕ Hong Kong Supermarket ကို အေမရိကန္ေဒၚလာ ၆၉၅၀၀ ဒဏ္႐ိုက္ခဲ့ပါတယ္။

အခုခ်ိန္မွာေတာ့ ဂ်က္ဖေရဝူဟာ ကိုယ္ေရးကိုယ္တာ ေႂကြးၿမီ အေမရိကန္ေဒၚလာ ၄၈.၅ သန္း ေပးဖို႔ရွိေနလို႔ ေဒဝါလီခံဖို႔ ေလွ်ာက္ထားခဲ့သလို အိမ္ၿခံေျမကုမၸဏီ ၃ ခုကလည္း အေမရိကန္ေဒၚလာ ၁၅.၃ သန္း ေႂကြးၿမီရွိေနလို႔ အစိုးရရဲ႕ စီမံခန႔္ခြဲမႈခံယူဖို႔ တင္ျပထားပါတယ္။ ဂ်က္ဖေရဝူဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က နယူးေယာ့ခ္ၿမိဳ႕ အေရွ႕ပိုင္းခ႐ိုင္ အေမရိကန္ႏိုင္ငံ ေဒဝါလီတရား႐ုံးမွာ ေဒဝါလီခံဖို႔ ေလွ်ာက္ထားခဲ့တာပါ။ သူ႔ရဲ႕ကိုယ္ေရးကိုယ္တာ အေႂကြးရွင္ေတြထဲမွာ အေမရိကဘဏ္ (Bank of America)လည္း ပါဝင္ေနၿပီး အေမရိကဘဏ္တစ္ခုတည္းက အေမရိကန္ေဒၚလာ သန္း ၂၀ ေက်ာ္ရဖို႔ ရွိေနပါတယ္။

ဒါေပမဲ့ ေဒဝါလီခံရတာက ထင္သေလာက္ ဆိုး႐ြားတဲ့ကိစၥမဟုတ္ဘူး၊ မိသားစုရဲ႕ေန႔စဥ္ဘဝကို သက္ေရာက္မႈမရွိဘူး၊ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ေတာင္ အရင္တုန္းက မၾကာခဏ ေဒဝါလီခံရဖူးတယ္လို႔ ဗီ႐ိုနီကာယစ္က ေျပာပါတယ္။ အေမရိကန္ႏိုင္ငံရဲ႕ လူမြဲအျဖစ္ခံယူမႈဥပေဒ အခန္း ၁၁ အရ ေဒဝါလီခံလိုက္တဲ့အခါ စီးပြားေရးဆိုင္ရာ ဘ႑ာေရး ျပန္လည္တည္ေဆာက္မႈလုပ္ခြင့္ရွိၿပီး ေႂကြးၿမီေတြကို တျဖည္းျဖည္းခ်င္း ျပန္ေပးဆပ္ႏိုင္တယ္လို႔ ခြင့္ျပဳေပးထားပါတယ္။

Ref: South China Morning Post & Jaynestars ” Veronica Yip Admits to Husband’s Bankruptcy ”
Credit ႐ိုးရာေလး

About the author

Aung Lay

Leave a Comment