News

တက္ကသိုလ်တွေ မှာ သင်ကြားရေး ကို အွန်လိုင်းစနစ် နဲ့ စတင်နိုင်ရန် စီစဉ်နေ

Written by Aung Lay

တက္ကသိုလ်တွေ မှာ သင်ကြားရေး ကို အွန်လိုင်းစနစ် နဲ့ စတင်နိုင်ရန် စီစဉ်နေ

ကျောင်းတွေကိုတော့ ညွှန်ကြား ထားပြီးဖြစ်ပါတယ်။ COVID ကြောင့် ယခုနှစ်မှာ တက္ကသိုလ်ကျောင်းတွေရဲ့ ပညာသင်ကြားမှုပုံစံကို အွန်လိုင်းသင်ကြားရေးစနစ်နဲ့ လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ ကျောင်းသားတွေအနေနဲ့လည်း ပညာသင်ကြားမှု အခွင့်အရေးကို မဆုံးရှုံးစေရန်အတွက် အခုလိုစီစဉ်နေတာဖြစ်ပြီး အွန်လိုင်းသင်ကြားရေးစနစ်အတွက် တက္ကသိုလ်ကျောင်းတွေကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ အဆင့်မြင့်ပညာဦးစီးဌာနကနေ ညွှန်ကြားမှုတွေလည်း လုပ် ထားပါပြီ။ ကျောင်းသားတွေရဲ့ ပညာရေးအတွက်ကလည်းမဖြစ်မနေပြန်ဖွင့်ရမယ်၊ ကိုဗစ်အတွက်လည်းစိုးရိမ်မှုတွေရှိနေတော့ အခုလိုလုပ်ဖို့စီစဉ်တာပါ။ ဒီစနစ်ကိုလုပ်ဖို့ ဆရာ၊ဆရာတွေအနေနဲ့လည်း အွန်လိုင်းက သင်ကြားမယ့်ပုံစံတွေနဲ့ သင်ခန်းစာတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ ညွှန်ကြားထားတာတွေရှိတယ်။

အွန်လိုင်းက သင်တယ်ဆိုတာက အခက်အခဲတွေတော့ ရှိလာနိုင်တယ်။ အင်တာနက်လိုင်းမကောင်းတဲ့ဒေသတွေအတွက်ဆိုရင်တော့ ကျောင်းသားတွေအတွက် သင်ကြားမယ့်စာတွေကို memory stick တွေပေးပြီး လုပ်ဖို့တွေကိုတော့ စီစဉ် ထားတယ်”လို့ အဆင့်မြင့်ပညာဦးစီးဌာနမှ ဒေါက်တာသိန်းဝင်းက ပြောပါတယ်။အွန်လိုင်း စနစ်သင်ကြားဖို့အတွက် တက္ကသိုလ်၊ကောလိပ်ကျောင်းတွေမှာ အင်တာနက်တွေတပ်ဖို့လိုအပ်သလို ကျောင်းသားကျောင်းသူတွေရဲ့ လိုအပ်တဲ့ အချက်အလက်တွေ ကိုလည်း စုဆောင်းထားဖို့လို အပ်ပါတယ်။ လက်ရှိမှာတော့ ညွှန်ကြားထားတဲ့ အဆင့်သာရှိသေးတဲ့ အတွက်ပြင်ဆင်မှုတွေမလုပ်ရသေးဘူးလို့ မြစ်ကြီးနား တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ပြောပါတယ်။

“ကျွန်တော်တို့ကျောင်းတွေကိုက အွန်လိုင်းသင်ကြားရေး နဲ့ ပတ်သက်ပြီး ပြင်ဆင်ထားဖို့ ညွှန်ကြားထားတဲ့အဆင့်ပဲရှိသေးတယ်။ အကောင်အထည်မဖော်ရသေရဘူးပေါ့နော်။ တကယ်လို့သာ ဒီအစီအစဉ်တိုင်းလုပ်မယ်ဆို ကျွန်တော်တို့ဘက်က ကျောင်းသားမိဘတွေရဲ့သဘောထား ကျောင်းသား ကျောင်းသူတွေရဲ့ သဘောထားတွေလည်းရှိပါသေးတယ်။ လုပ်ရမှာတွေတော့အများကြီးပေါ့”လို့ ဒေါက်တာအောင်ဝင်းကပြောပါတယ်။လက်ရှိမှာ တက္ကသိုလ်ပညာရေးစနစ်ကို အွန်လိုင်းက သင်ကြားဖို့ စီစဉ်ထားဆဲသာဖြစ်ပြီး ဆရာ၊ဆရာမတွေ ရဲ့ သဘောထားကို ကောက်ခံသွားဦးမယ်လို့လည်းသိရပါတယ်။ ဇူလိုင်လ (၂၁)ရက်နေ့မှာတော့ တာဝန်ရှိသူတွေနဲ့ တက္ကသိုလ် ဆရာ၊ဆရာမများအဖွဲ့အစည်းများနဲ့တွေ့ဆုံပြီး သဘောထား တောင်းခံခြင်းတွေနဲ့ လိုအပ်တာတွေကို ဆွေးနွေး သွားမယ်လို့ သိရပါတယ်။

Credit Duwun

Zawgyi

တကၠသိုလ္ေတြ မွာ သင္ၾကားေရး ကို အြန္လိုင္းစနစ္ နဲ႔ စတင္ႏိုင္ရန္ စီစဥ္ေနေက်ာင္းေတြကိုေတာ့ ၫႊန္ၾကား ထားၿပီးျဖစ္ပါတယ္။ COVID ေၾကာင့္ ယခုႏွစ္မွာ တကၠသိုလ္ေက်ာင္းေတြရဲ႕ ပညာသင္ၾကားမႈပုံစံကို အြန္လိုင္းသင္ၾကားေရးစနစ္နဲ႔ လုပ္ေဆာင္သြားဖို႔ စီစဥ္ေနတယ္လို႔သိရပါတယ္။ ေက်ာင္းသားေတြအေနနဲ႔လည္း ပညာသင္ၾကားမႈ အခြင့္အေရးကို မဆုံးရႈံးေစရန္အတြက္ အခုလိုစီစဥ္ေနတာျဖစ္ၿပီး အြန္လိုင္းသင္ၾကားေရးစနစ္အတြက္ တကၠသိုလ္ေက်ာင္းေတြကိုလည္း ႀကိဳတင္ျပင္ဆင္ထားဖို႔ အဆင့္ျမင့္ပညာဦးစီးဌာနကေန ၫႊန္ၾကားမႈေတြလည္း လုပ္ ထားပါၿပီ။ ေက်ာင္းသားေတြရဲ႕ ပညာေရးအတြက္ကလည္းမျဖစ္မေနျပန္ဖြင့္ရမယ္၊ ကိုဗစ္အတြက္လည္းစိုးရိမ္မႈေတြရွိေနေတာ့ အခုလိုလုပ္ဖို႔စီစဥ္တာပါ။ ဒီစနစ္ကိုလုပ္ဖို႔ ဆရာ၊ဆရာေတြအေနနဲ႔လည္း အြန္လိုင္းက သင္ၾကားမယ့္ပုံစံေတြနဲ႔ သင္ခန္းစာေတြကို ႀကိဳတင္ျပင္ဆင္ထားၾကဖို႔ ၫႊန္ၾကားထားတာေတြရွိတယ္။

အြန္လိုင္းက သင္တယ္ဆိုတာက အခက္အခဲေတြေတာ့ ရွိလာႏိုင္တယ္။ အင္တာနက္လိုင္းမေကာင္းတဲ့ေဒသေတြအတြက္ဆိုရင္ေတာ့ ေက်ာင္းသားေတြအတြက္ သင္ၾကားမယ့္စာေတြကို memory stick ေတြေပးၿပီး လုပ္ဖို႔ေတြကိုေတာ့ စီစဥ္ ထားတယ္”လို႔ အဆင့္ျမင့္ပညာဦးစီးဌာနမွ ေဒါက္တာသိန္းဝင္းက ေျပာပါတယ္။အြန္လိုင္း စနစ္သင္ၾကားဖို႔အတြက္ တကၠသိုလ္၊ေကာလိပ္ေက်ာင္းေတြမွာ အင္တာနက္ေတြတပ္ဖို႔လိုအပ္သလို ေက်ာင္းသားေက်ာင္းသူေတြရဲ႕ လိုအပ္တဲ့ အခ်က္အလက္ေတြ ကိုလည္း စုေဆာင္းထားဖို႔လို အပ္ပါတယ္။ လက္ရွိမွာေတာ့ ၫႊန္ၾကားထားတဲ့ အဆင့္သာရွိေသးတဲ့ အတြက္ျပင္ဆင္မႈေတြမလုပ္ရေသးဘူးလို႔ ျမစ္ႀကီးနား တကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာေအာင္ဝင္းက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ေက်ာင္းေတြကိုက အြန္လိုင္းသင္ၾကားေရး နဲ႔ ပတ္သက္ၿပီး ျပင္ဆင္ထားဖို႔ ၫႊန္ၾကားထားတဲ့အဆင့္ပဲရွိေသးတယ္။ အေကာင္အထည္မေဖာ္ရေသရဘူးေပါ့ေနာ္။ တကယ္လို႔သာ ဒီအစီအစဥ္တိုင္းလုပ္မယ္ဆို ကြၽန္ေတာ္တို႔ဘက္က ေက်ာင္းသားမိဘေတြရဲ႕သေဘာထား ေက်ာင္းသား ေက်ာင္းသူေတြရဲ႕ သေဘာထားေတြလည္းရွိပါေသးတယ္။ လုပ္ရမွာေတြေတာ့အမ်ားႀကီးေပါ့”လို႔ ေဒါက္တာေအာင္ဝင္းကေျပာပါတယ္။လက္ရွိမွာ တကၠသိုလ္ပညာေရးစနစ္ကို အြန္လိုင္းက သင္ၾကားဖို႔ စီစဥ္ထားဆဲသာျဖစ္ၿပီး ဆရာ၊ဆရာမေတြ ရဲ႕ သေဘာထားကို ေကာက္ခံသြားဦးမယ္လို႔လည္းသိရပါတယ္။ ဇူလိုင္လ (၂၁)ရက္ေန႔မွာေတာ့ တာဝန္ရွိသူေတြနဲ႔ တကၠသိုလ္ ဆရာ၊ဆရာမမ်ားအဖြဲ႕အစည္းမ်ားနဲ႔ေတြ႕ဆုံၿပီး သေဘာထား ေတာင္းခံျခင္းေတြနဲ႔ လိုအပ္တာေတြကို ေဆြးေႏြး သြားမယ္လို႔ သိရပါတယ္။

Credit Duwun

About the author

Aung Lay

Leave a Comment