Knowledge

မြန်မာပြည်က လူတွေ မညီညွတ်တာ ကို ကမ္ဘာ ကတောင် သိနေပြီ..( ပါချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ )

Written by Aung Lay

မြန်မာပြည်က လူတွေ မညီညွတ်တာ ကို ကမ္ဘာ ကတောင် သိနေပြီ..( ပါချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ )

တလော က ဘုန်းကြီး ရန်ကုန် သွားတော့ “ Mahachulalongkorn University ” က ပါမောက္ခအ ဆင့် နိုင်ငံခြားသား အမျိုးသမီး တစ်ယောက် က ဘုန်းကြီး ကို ဘာမေးတုန်း ဆို တော့- “ အရှင်ဘုရား မြန်မာပြည် မှာ မြန်မာတွေ မ ညီညွတ် ဘူး ” လို့ ကြားတယ်တဲ့

ဘုန်းကြီးက ”အေး ဟုတ် တယ် ” လို့.. သူက “ ဘာကြောင့် လဲ ”တဲ့..

ဘုန်းကြီးက “ဘာကြောင့် မှ မဟုတ်ဘူး” လို့ “ တို့ လူမျိုးတွေ ရဲ့ သွေးသား ကြောင့်ဖြစ်တာ ”လို့ ဖြေလိုက်တယ်.. “မြန်မာ လူမျိုးတွေဟာ” “ one man show နဲ့ hero တွေ ချည်းပဲ ” လို့ အကုန် လုံး.. “ တစ်ကယ့် သူရဲကောင်းတွေပဲ ” လို့ မြန်မာပြည်က လူတွေက.. ဘယ်ကိစ္စပဲ လုပ်လုပ် one man show တစ်ကိုယ်ကောင်း လုပ်ကြတယ်.. စုပေါင်း လက်တွဲ လုပ် တဲ့ အကျင့် အင်မတန် မှ အားနည်း တယ်.. သူ့ထက်ငါ သာဖို့အတွက် ကြိုးစား ကြတယ် one man show ပေါ့ တစ်ယောက်ထဲ ကောင်းတာကို ပြချင် တယ်.. အဖွဲ့အသင်း နဲ့ အောင်မြင် တာ ကို မလိုချင်ကြဘူး.. တစ်ယောက်ထဲ ပဲ လုပ်ချင်ကြ တယ်..

“တို့ဆီမှာ က hero တွေ များတယ် ” လို့ အဲဒီလို ဖြေလိုက်တော့ သူက ရယ်နေ တယ်..

ဟုတ်တယ် ဒါဟာ မြတ်စွာ ဘုရားရှင် ကိုယ်တော် တိုင်ကလည်း ညီညွတ်မှု ကို အလေးထား ခဲ့တယ်.. မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပထမဆုံး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တည်ထောင်တဲ့ အချိန်မှာ နိုင်ငံတော် တံဆိပ် ထဲ မှာ ဘာပါ သလဲ ဆိုတော့ “ သမဂ္ဂါနံ တပေါ သုခေါ ” ဆိုတဲ့ စာတန်းလေး ပါတယ်နော်.. အဓိပ္ပါယ်က “ ညီညွတ် သူတို့၏ အကျင့်ဟာ ချမ်းသာကြောင်း ဖြစ် တယ် ” တဲ့..

ဒါပေမယ့် နောက်ပိုင်း မှာ အဲဒီစာတန်း ဟာ ပျောက်ပျက် သွားပြီ မရှိတော့ ဘူး.. ဒီတော့ တို့ဆီ မှာ ညီညွတ်မှု ဆိုတာ လိုတာ အမှ န်ပဲ.. ဒါပေမယ့် လူတွေက “နာနဆန်ဒ နာနက်ခန်တိတာ” “ စိတ်ဆန္ဒချင်း ဟာ မတူညီကြဘူး ” “ အတွေးတွေဟာ မတူကြဘူး ”.. မတူတဲ့ အတွေးတွေ ကို ပေါင်းစပ် ထားဖို့ရာ အတော်ခက်ခဲ ပါတယ်.. “one man show” “hero” ဆိုတဲ့ စိတ်ဓာတ်တွေ ရှိနေ လို့ကတော့ ပိုပြီးတော့ ခက် ခဲတာပေါ့..

ဒါကြောင့် ညီညွတ် မှဖြစ်မယ်…. ( ပါချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ )

Zawgyi









About the author

Aung Lay

Leave a Comment