အေမ့အိမ္မွာ ခိုနားေနတုန္း မီတာစာ႐ြက္ေရာက္လာေတာ့ “အေမ သားခဏေပးအုန္း တြက္ၾကည့္ဦးမယ္” ဆိုၿပီး ေတာင္းယူလိုက္တယ္။ အရင္ မတ္လတုန္းက သုံးစြဲတဲ့ယူနစ္စုစုေပါင္းက ၁၂၀ ယူနစ္၊ အခုဧၿပီလက်ေတာ့ သုံးစြဲယူနစ္က ၃၄၉ ယူနစ္၊ ယူနစ္က ပိုမ်ားလာေတာ့ ဟုတ္မွဟုတ္ရဲ႕လားဆိုၿပီး မီတာစာ႐ြက္မွာပါတဲ့ ယခုလဖတ္ခ်က္ကို ၾကည့္လိုက္တယ္။ ၁၀၈၆ တဲ့။ ၿပီးေတာ့ မီတာဆီ သြားၾကည့္လိုက္တယ္။ ၁၁၀၀ ေတာင္ေက်ာ္ေနၿပီ။ အင္း ဟုတ္ၿပီ ဒါဆို ယူနစ္တြက္တာ မွန္တယ္ေပါ့။
ဒါနဲ႔ေဆာင္ရမယ့္ေငြပမာဏကိုၾကည့္လိုက္ေတာ့ သုံးေသာင္းေက်ာ္။ “အေမ သုံးေသာင္းေက်ာ္က်တယ္ဗ်” လို႔ လွမ္းေျပာလိုက္ေတာ့ “ဟဲ့ အရင္လေတြက တစ္ေသာင္းေက်ာ္ပဲ ေပးရတာ၊ ဟုတ္ရဲ႕လား စစ္စမ္းပါဦး” လို႔ေျပာေတာ့ မီတာစာ႐ြက္ႀကီးကိုင္ၿပီး ေဘာပင္နဲ႔ေအဖိုးစာ႐ြက္ယူၿပီး တြက္ခ်က္မႈႀကီး စလိုက္တယ္။
သုံးစြဲယူနစ္က ၃၄၉ ႏိုင္ငံေတာ္က ကင္းလြတ္ခြင့္ေပးတာက ၁၅၀ ယူနစ္၊ အဲဒီေတာ့ ငါတို႔ေဆာင္ရမွာက ၁၉၉ ယူနစ္ဖိုးပဲ (ဒီအထိ ထုတ္ျပန္ခ်က္ကို ေသခ်ာမဖတ္ရေသးဘူး၊ ယူနစ္ ၁၅၀ ကင္းလြတ္ခြင့္ရမယ္ဆိုၿပီးေတာ့ပဲသိထားတာ)။ ၁၉၉ ယူနစ္ဖိုးဆိုရင္ ဘယ္ေလာက္က်မလဲဆိုၿပီး ပုံေတြဘာေတြဆြဲၿပီး တြက္ၾကည့္တယ္ (သခ်ၤာကမကြၽမ္းလို႔)။
အေျဖထြက္လာေတာ့ ေဆာင္ရမယ့္ေငြပမာဏက ၁၇၄၃၀ က်ပ္၊ မီတာစာ႐ြက္မွာေရးထားတာက ၃၆၆၇၅ က်ပ္၊ ဟင္ ဘာလို႔ကြာေနတာပါလိမ့္ဆိုၿပီး မီတာစာ႐ြက္မွာပါတဲ့ တြက္ခ်က္မႈကို ေသခ်ာလိုက္ဖတ္ၾကည့္လိုက္ရတယ္။
ေတြ႕ပါၿပီဗ်ာ။ ယူနစ္ ၁၅၀ ကင္းလြတ္ခြင့္ဆိုတာက ထည့္မတြက္တာမဟုတ္ဘူးဗ်။ အဲဒီ ၁၅၀ ကိုပါ ထည့္တြက္တာ။ ၿပီးေတာ့မွ ကင္းလြတ္ခြင့္ဆိုၿပီး ၁၁၅၀၀ က်ပ္ကို ႏုတ္ေပးတာ။ ပိုဆိုးေစတာက ယူနစ္၁၅၀ ကို တြက္ခ်က္မႈမွာ ထည့္သြင္းလိုက္တာေၾကာင့္ ၁၅၀ ထက္ပိုသုံးမိတဲ့အိမ္ေတြဟာ ပိုသုံးမိတဲ့ တစ္ယူနစ္တိုင္း ၁၂၀ က်ပ္ႏႈန္းနဲ႔ ေဆာင္ေပေတာ့ပဲ။
အေမက “ဟဲ့ တြက္တာၿပီးၿပီလား၊ ႐ုံးကတြက္တာမွန္ရဲ႕လား” လို႔ လွမ္းေမးေတာ့ “ဟုတ္ မွန္ေတာ့မွန္ပါတယ္အေမေရ…ဒါေပမယ့္ဗ်ာ” ဆိုၿပီး ေအာင့္သက္သက္နဲ႔ ေျဖလိုက္ရတယ္။ ေနာက္အခါဆိုရင္ ကင္းလြတ္ခြင့္လို႔မ်ား ေျပာလာရင္ လူႀကီးမင္းတို႔ရဲ႕ကင္းလြတ္ခြင့္ အဓိပၸာယ္နဲ႔ ျပည္သူေတြရဲ႕ ကင္းလြတ္ခြင့္အဓိပၸာယ္အခ်င္းခ်င္း အရင္ဆုံးညႇိႏႈိင္းၾကရေအာင္လို႔ ျပန္ေျပာရမယ့္ကိန္းပဲ။ အခုေတာ့ ေအာင့္သက္သက္ျဖစ္ရတဲ့ ကင္းလြတ္ခြင့္ႀကီးေပါ့ဗ်ာ။
Zaw Thurein Tun
Unicode
အမေ့အိမ်မှာ ခိုနားနေတုန်း မီတာစာရွက်ရောက်လာတော့ “အမေ သားခဏပေးအုန်း တွက်ကြည့်ဦးမယ်” ဆိုပြီး တောင်းယူလိုက်တယ်။ အရင် မတ်လတုန်းက သုံးစွဲတဲ့ယူနစ်စုစုပေါင်းက ၁၂၀ ယူနစ်၊ အခုဧပြီလကျတော့ သုံးစွဲယူနစ်က ၃၄၉ ယူနစ်၊ ယူနစ်က ပိုများလာတော့ ဟုတ်မှဟုတ်ရဲ့လားဆိုပြီး မီတာစာရွက်မှာပါတဲ့ ယခုလဖတ်ချက်ကို ကြည့်လိုက်တယ်။ ၁၀၈၆ တဲ့။ ပြီးတော့ မီတာဆီ သွားကြည့်လိုက်တယ်။ ၁၁၀၀ တောင်ကျော်နေပြီ။ အင်း ဟုတ်ပြီ ဒါဆို ယူနစ်တွက်တာ မှန်တယ်ပေါ့။
ဒါနဲ့ဆောင်ရမယ့်ငွေပမာဏကိုကြည့်လိုက်တော့ သုံးသောင်းကျော်။ “အမေ သုံးသောင်းကျော်ကျတယ်ဗျ” လို့ လှမ်းပြောလိုက်တော့ “ဟဲ့ အရင်လတွေက တစ်သောင်းကျော်ပဲ ပေးရတာ၊ ဟုတ်ရဲ့လား စစ်စမ်းပါဦး” လို့ပြောတော့ မီတာစာရွက်ကြီးကိုင်ပြီး ဘောပင်နဲ့အေဖိုးစာရွက်ယူပြီး တွက်ချက်မှုကြီး စလိုက်တယ်။
သုံးစွဲယူနစ်က ၃၄၉ နိုင်ငံတော်က ကင်းလွတ်ခွင့်ပေးတာက ၁၅၀ ယူနစ်၊ အဲဒီတော့ ငါတို့ဆောင်ရမှာက ၁၉၉ ယူနစ်ဖိုးပဲ (ဒီအထိ ထုတ်ပြန်ချက်ကို သေချာမဖတ်ရသေးဘူး၊ ယူနစ် ၁၅၀ ကင်းလွတ်ခွင့်ရမယ်ဆိုပြီးတော့ပဲသိထားတာ)။ ၁၉၉ ယူနစ်ဖိုးဆိုရင် ဘယ်လောက်ကျမလဲဆိုပြီး ပုံတွေဘာတွေဆွဲပြီး တွက်ကြည့်တယ် (သင်္ချာကမကျွမ်းလို့)။
အဖြေထွက်လာတော့ ဆောင်ရမယ့်ငွေပမာဏက ၁၇၄၃၀ ကျပ်၊ မီတာစာရွက်မှာရေးထားတာက ၃၆၆၇၅ ကျပ်၊ ဟင် ဘာလို့ကွာနေတာပါလိမ့်ဆိုပြီး မီတာစာရွက်မှာပါတဲ့ တွက်ချက်မှုကို သေချာလိုက်ဖတ်ကြည့်လိုက်ရတယ်။
တွေ့ပါပြီဗျာ။ ယူနစ် ၁၅၀ ကင်းလွတ်ခွင့်ဆိုတာက ထည့်မတွက်တာမဟုတ်ဘူးဗျ။ အဲဒီ ၁၅၀ ကိုပါ ထည့်တွက်တာ။ ပြီးတော့မှ ကင်းလွတ်ခွင့်ဆိုပြီး ၁၁၅၀၀ ကျပ်ကို နုတ်ပေးတာ။ ပိုဆိုးစေတာက ယူနစ်၁၅၀ ကို တွက်ချက်မှုမှာ ထည့်သွင်းလိုက်တာကြောင့် ၁၅၀ ထက်ပိုသုံးမိတဲ့အိမ်တွေဟာ ပိုသုံးမိတဲ့ တစ်ယူနစ်တိုင်း ၁၂၀ ကျပ်နှုန်းနဲ့ ဆောင်ပေတော့ပဲ။
အမေက “ဟဲ့ တွက်တာပြီးပြီလား၊ ရုံးကတွက်တာမှန်ရဲ့လား” လို့ လှမ်းမေးတော့ “ဟုတ် မှန်တော့မှန်ပါတယ်အမေရေ…ဒါပေမယ့်ဗျာ” ဆိုပြီး အောင့်သက်သက်နဲ့ ဖြေလိုက်ရတယ်။ နောက်အခါဆိုရင် ကင်းလွတ်ခွင့်လို့များ ပြောလာရင် လူကြီးမင်းတို့ရဲ့ကင်းလွတ်ခွင့် အဓိပ္ပာယ်နဲ့ ပြည်သူတွေရဲ့ ကင်းလွတ်ခွင့်အဓိပ္ပာယ်အချင်းချင်း အရင်ဆုံးညှိနှိုင်းကြရအောင်လို့ ပြန်ပြောရမယ့်ကိန်းပဲ။ အခုတော့ အောင့်သက်သက်ဖြစ်ရတဲ့ ကင်းလွတ်ခွင့်ကြီးပေါ့ဗျာ။
Zaw Thurein Tun