ၾကားသိရသမ်ွ

ကျောင်းတွေ ပြန်ဖွင့်ရမယ်ဆိုတဲ့ “နိုင်ငံတော် အတိုင်ပင်ခံ” သို့ ဆရာမလေး ရဲ့ မေတ္တာရပ်ခံချက်

Written by Aung Lay

COVID-19 ကာကြယ္ေဆးေပၚသည့္အခ်ိန္အထိေက်ာင္းေတြက အၿမဲပိတ္ထားလို႔လည္းမရဘူး။ ေက်ာင္းေတြျပန္ဖြင့္ရမယ္ ဖြင့္တဲ့အခါက်ရင္ ကေလးေတြကို ခြာခြာထားဖို႔ဆိုရင္ ဒီႏိုင္ငံက ေက်ာင္းေတြက တစ္တန္းတစ္တန္းမွာဆိုရင္ ေက်ာင္းသူေက်ာင္းသားေတြမ်ားတယ္။ မ်ားတဲ့အခါက်ေတာ့ ကပ္ၿပီးေတာ့ ထိုင္က်တယ္။

အဲတာခြဲလိုက္မယ္ဆိုရင္ ဘယ္ႏွတန္းပိုလြယ္မလဲ။ အရင္တုန္းက တစ္တန္းထဲမွာဝင္တဲ့ ကေလးေတြကို သုံးတန္းေလာက္လိုမွာလား။ သုံးခန္းေလာက္လိုမွာလား။ အဲတာဘယ္ေလာက္ျမန္ျမန္ စီစဥ္ႏိုင္မလဲ။ ဒီဟာေတြ ဒီဟာေတြေပါ့ေနာ္။ အားလုံးစဥ္းစားရတာေပါ့။ စဥ္းစားတဲ့အခါက်ေတာ့ ေရတိုေရရွည္လည္း စဥ္းစားရတယ္။ ေနာက္ၿပီးေတာ့ ျဖစ္ႏိုင္ေျခကိုလည္း ထည့္ၿပီးတြက္ရတယ္။ ဒီကာကြယ္ေဆးက ျမန္ျမန္ရမွာ မဟုတ္ဘူးဆိုရင္ ေက်ာင္းေတြကျပန္ဖြင့္ရမွာပဲ ကာကြယ္ေဆးေပၚတဲ့ထိ ေက်ာင္းေစာင့္ဖို႔ဆိုတာေတာ့ မလြယ္ဘူး” ဟု ၎ကေျပာဆိုသည္။

လက္ရွိတြင္ COVID-19 ကာကြယ္ေဆးေပၚေပါက္ရန္အတြက္ ႏိုင္ငံေတာ္ေတာ္မ်ားက ႀကိဳးစားေနၾကၿပီး လာမည့္ ၂လေက်ာ္ကာလအတြင္းလူတြင္ စမ္းသပ္ထိုးရန္ လုပ္ေဆာင္သည္ကို ၾကားသိရေၾကာင္း၊ ထိုသို႔ ကာကြယ္ေဆး မေပၚေပါက္ေသးလွ်င္ လက္ရွိေနထိုင္ေနေသာ ပုံစံသစ္ျဖင့္ ဆက္လက္ေနထိုင္သြားရမည္ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ကဆက္လက္ေျပာဆိုသည္။

“ အိမ္က်ဥ္းက်ဥ္းထဲမွာေနရတယ္ဆိုရင္ အိမ္ခန္းေလးတစ္ခန္း ႏွစ္ခန္းထဲမွာပဲေနရတယ္။ မိသားစုက ၄၊၅ ေယာက္ရွိတယ္ဆိုရင္ ခြာခြာေနလို႔ဘယ္လိုေျပာမလဲ။ တစ္ေယာက္ကေနၿပီးေတာ့မ်ား အျပင္မွာထြက္ၿပီးေတာ့ အလုပ္လုပ္ရလို႔ ေရာဂါပိုးမ်ားရလာမလား စိုးရိမ္ေပမယ့္လည္း ဘယ္လိုလုပ္ သက္သက္ႀကီးသြားထားမလဲ။ ေနရာမွမရွိဘဲ အဲလိုလက္ေတြ႕မက်တဲ့ဟာေတြလည္း ရွိပါတယ္။ လက္ေတြ႕က်က် ခြာခြာမေနႏိုင္တဲ့ အေျခအေနမွာ ဘယ္လိုေနမလဲဆိုတာ အႀကီးဆုံးစိန္ေခၚမႈပဲ ဘယ္လိုပုံစံနဲ႔ စီစဥ္မလည္းေပါ့။ ေဈးကဆိုရင္ တစ္ခဏေနာ္။ အိမ္မွာေနရတာကၾကာတယ္” ဟု ၎ကေျပာဆိုသည္။

အတိုင္ပင္ခံက ေက်ာင္းတိုင္းမွာေက်ာင္းသားေတြျပည့္ေနတယ္ဆိုတာလည္းသိတယ္။လိုအပ္ခ်က္ေတြျဖည့္ေပးရမွာလည္းသိတယ္။ ေက်ာင္းလည္းျပန္ဖြင့္ခ်င္တယ္။

ဒီေတာ့ ဘယ္အရာက အဓိကလဲ။ ဘယ္အရာက သာမညလဲ။ဒါလည္းသိမွာပါ။

(၁)လူဦးေရမ်ားလို႔ SD အရႏွစ္ခ်ိန္ခြဲတက္မယ္ ဆိုပါေတာ့ မူလကိုက ႏွစ္ခ်ိန္ခြဲတက္ရတဲ့ ေက်ာင္း ဘယ္လိုသင္မလဲ။

(၂)တစ္ခ်ိန္ထဲတက္ရတဲ့ေက်ာင္း ႏွစ္ခ်ိန္ခြဲတက္လို႔ရပါၿပီတဲ့ ဘာသာစုံကိုႏွစ္ေယာက္၊သုံးေယာက္တည္း သင္ေနရတဲ့ ေက်ာင္းဆို ဆရာအရင္ျဖည့္တင္ဖို႔မလိုဘူးလား။

(၃) ဆရာေတြ ျပည့္စုံမက ပိုလွ်ံေနပါၿပီတဲ့ ႏွစ္ခ်ိန္ခြဲတဲ့အခါ ကေလးမ်ားလို႔စာသင္ခန္းမေလာက္ငရင္ ပုံမွန္ေက်ာင္းဖြင့္ရက္အမီ အပ္ခ်ေလာင္း ‌ေက်ာင္းေဆာင္သစ္ေဆာက္ႏိုင္မလား။ေဆာက္ႏိုင္ရင္ေရာ အရည္အေသြးမီပါ့မလား။

(၄) ကေလးေတြကို ေက်ာင္းဆင္း/တက္က်န္းမာေရး စစ္ေဆးေပးဖို႔အတြက္ကိုက်န္းမာေရးဌာနဝန္ထမ္း အလုံအေလာက္ ခ်ေပးႏိုင္မလား။တစ္ေယာက္ႏွစ္ေယာက္နဲ႔ဆို စစ္‌ေဆးတာနဲ႔ပဲ စာသင္ခ်ိန္ နည္းႏိုင္တာမို႔ အလုပ္မျဖစ္ပါဘူး။

(၅)ပုံမွန္ေက်ာင္းခ်ိန္ေတာင္ ဇြန္၊ဇူလိုင္ဆို ရာသီတုပ္ေကြးေၾကာင့္ ကေလးေတြေက်ာင္းပ်က္မ်ားလို႔ ေခၚခ်ိန္ျဖည့္ေပးရတာမို႔ မိဘေတြရဲ႕သံသယေၾကာင့္ က်န္းမာေရး ျပႆနာေပၚလာတဲ့အခါတာဝန္ခံ‌ေျဖရွင္းေပးႏိုင္ပါ့မလား။ကြၽန္မေတာ့ မေျဖရွင္းေပးႏိုင္ပါဘူး။

(၆)ေက်ာင္းစဖြင့္ရင္ မိုးရာသီျဖစ္တဲ့အတြက္ ကေလးအငယ္ေတြကို မိဘေတြက အခန္းထိပို႔ေဆာင္တာမ်ိဳးရွိပါတယ္။ ဒါကလည္းကေလးရဲ႕ပထမဆုံးနယ္ေျမစိမ္းကို သူနဲ႔အတူရင္းႏွီးေစတာမို႔ ႏွစ္ပါတ္ေလာက္က တားျမစ္လို႔အဆင္မေျပပါဘူး။ကေလးမိဘခ်င္းရဲ႕က်န္းမာေရးအ‌‌ေျခအ‌ေနကိုေရာထည့္တြက္ရမယ္မဟုတ္လား။

( ၇)အားလုံး အဆင္သင့္ျဖစ္ပါၿပီ ကေလး ဆိုတာ mask ကို အၿမဲတပ္ထားမယ္လို႔ အာမမခံႏိုင္ပါဘူး။Mask သိမ္းဖို႔ ဆိုတာကလည္း အေျပာလြယ္သေလာက္ အလုပ္ခက္ပါတယ္။တစ္ရက္လုပ္ တစ္ရက္စား မိဘဆိုပါစို႔Mask ေတာင္ဝယ္ေပးဖို႔ မနည္းအားထုတ္ရတယ္ဆို သိမ္းဆည္းဖို႔အတြက္ပါ
အားထုတ္ရမယ္ဆို ဝန္မပိဘူးလား။

(၈)အခမဲ့ပညာေရးလို႔ ေႂကြးေၾကာ္ထားတာမို႔ ေသခ်ာတယ္ mask ကိုလည္းအခမဲ့ျဖန႔္ေဝႏိုင္မွ ေရရွည္အတြက္ေကာင္းမယ္။စိတ္ခ်ရတယ္လို႔ေတာ့မေျပာပါဘူး။ျပန္ေလွ်ာ္လို႔ရတာ ေပးရင္လည္း ျဖစ္သလိုေလွ်ာ္တာမ်ိဳးဆို ပိုးမကင္းႏိုင္းတာမို႔ တစ္ေယာက္ကစOutbreak ျဖစ္လာမယ္ဆို ဘယ္သူကတာဝန္ခံမွာလဲ။

အေပၚမွာေရးထားတဲ့အခ်က္ေတြကကေလးေတြ အတြက္ေတြးထားတာေတြခ်ည္းပါပဲ ။ဆရာ၊ဆရာမေတြကလူႀကီးေတြဆိုေတာ့ မေတြးေတာ့ပါဘူး။

ၿပီးခဲ့တဲ့ရက္က mntv ကလာတဲ့ ပညာေရးေဆြးေႏြးမႈေလးမွာ မိခင္တစ္ဦးကဘာေျပာလဲဆိုေတာ့ ကာကြယ္ေဆးမေပၚမခ်င္း သူ႔ကေလးကို ေက်ာင္းကိုမပို႔ႏိုင္ပါဘူး တဲ့။သူ႔က‌ေလးအတြက္က်န္းမာေရးေလာက္ ဘာမွ အေရးမႀကီးပါဘူး တဲ့။

သူ မွန္တာေပါ့။ကိုယ္ဆိုလည္း မပို႔ဘူး။”အာေရာဂ် ပရမ လာဘ”ဆိုၿပီး ဘုရားေတာင္ေဟာထားေသးတယ္မဟုတ္လား။ဒါဆို မထားနဲ႔ေပါ့။ထားတဲ့ကေလးေတြပဲသင္ေပးမယ္ဆိုရင္ ဒီကေလးေတြကတန္းတူအခြင့္အေရးဆုံးရႈံးရမွာေပါ့။

ေနာက္တစ္ခု ဗီယက္နမ္ ႏိုင္ငံမွာေတာ့ေက်ာင္းေတြျပန္ဖြင့္ေနပါၿပီ။ဖြင့္မွာေပါ့ကူးစက္သူရာေက်ာ္နဲ႔ အေသအေပ်ာက္မရွိဘဲ ခုထိေတာင္ကူးစက္သူ အသစ္ကိုတစ္လဆိုတဲ့အခ်ိန္ထိ မရွိဘူးေလ။ဖြင့္တယ္ဆိုေပမယ့္ အားလုံးစနစ္တက်နဲ႔ေသခ်ာျပင္ဆင္ၿပီးမွ ဖြင့္တာ။

ေက်ာင္းအ‌ေျခအေန၊မိဘအ‌ေျခအေန၊ျပင္ဆင္ထားမႈ၊က်န္းမာေရးဝန္ထမ္း၊အားလုံးက ေရာဂါကင္းစင္ႏိုင္တဲ့ အေနအထားေတြခ်ည္းပဲဆိုတာ ကြၽန္မကိုယ္တိုင္သတင္းမွာၾကည့္လို႔သိတာပါ။

ဒီလို အျခားႏိုင္ငံကဖြင့္လို႔ ဖြင့္တာမ်ိဳးဆို ဒီမွာက အ‌ေျခေနအားလုံး လုံးဝမတူဘူးဆိုတာ သိၾကမွာပါ။

အိမ္က်ဥ္းေလးထဲ မိသားစုေတြ ႁပြတ္သိပ္ၿပီးေနလို႔ ကေလးကိုကူး ကေလးကေက်ာင္းကိုလာ ရာသီအဖ်ားနဲ႔ ဆင္တူလို႔ ေပါ့ဆမိရင္ သြားမွာပဲ။Silent အေျခအေနဆိုတာ ေနရာတိုင္းမွာရွိေနႏိုင္ပါတယ္။

ကြၽန္မက ဆရာမတစ္ေယာက္မို႔ စာသင္ႏွစ္တစ္ႏွစ္ကို ကေလးေတြအဖို႔ကုန္ဆုံးသြားမွာထက္ ကုန္ရႈံးသြားမွာ မလိုလားလို႔ပါ။ကြၽန္မလို အေတြးတူႏိုင္တဲ့အျခားဆရာေတြလည္းရွိၾကမယ္လို႔ ထင္ပါတယ္။အတိုင္ပင္ခံေလာက္လည္း ကြၽန္မဉာဏ္မက်ယ္တာမို႔ အေတြးတိမ္တယ္လို႔ျမင္တဲ့သူလည္းရွိၾကမွာပါ။

အတိုင္ပင္ခံေျပာသလို လက္ေတြ႕က်က်ခပ္ခြာခြာမေနႏိုင္တဲ့ အေျခအေနမ်ိဳးမွာေက်ာင္းေတြျပန္ဖြင့္ဖို႔ တာမစူေစခ်င္တာဟာ ကြၽန္မတစ္ေယာက္တည္းရဲ႕ေမတၱာရပ္ခံခ်က္ပါ။

ဟုတ္ကဲ့….ကြၽန္မျမသားသြင္ပါရွင္။

Unicode

COVID-19 ကာကွယ်ဆေးပေါ်သည့်အချိန်အထိကျောင်းတွေက အမြဲပိတ်ထားလို့လည်းမရဘူး။ ကျောင်းတွေပြန်ဖွင့်ရမယ် ဖွင့်တဲ့အခါကျရင် ကလေးတွေကို ခွာခွာထားဖို့ဆိုရင် ဒီနိုင်ငံက ကျောင်းတွေက တစ်တန်းတစ်တန်းမှာဆိုရင် ကျောင်းသူကျောင်းသားတွေများတယ်။ များတဲ့အခါကျတော့ ကပ်ပြီးတော့ ထိုင်ကျတယ်။

အဲတာခွဲလိုက်မယ်ဆိုရင် ဘယ်နှတန်းပိုလွယ်မလဲ။ အရင်တုန်းက တစ်တန်းထဲမှာဝင်တဲ့ ကလေးတွေကို သုံးတန်းလောက်လိုမှာလား။ သုံးခန်းလောက်လိုမှာလား။ အဲတာဘယ်လောက်မြန်မြန် စီစဉ်နိုင်မလဲ။ ဒီဟာတွေ ဒီဟာတွေပေါ့နော်။ အားလုံးစဉ်းစားရတာပေါ့။ စဉ်းစားတဲ့အခါကျတော့ ရေတိုရေရှည်လည်း စဉ်းစားရတယ်။ နောက်ပြီးတော့ ဖြစ်နိုင်ခြေကိုလည်း ထည့်ပြီးတွက်ရတယ်။ ဒီကာကွယ်ဆေးက မြန်မြန်ရမှာ မဟုတ်ဘူးဆိုရင် ကျောင်းတွေကပြန်ဖွင့်ရမှာပဲ ကာကွယ်ဆေးပေါ်တဲ့ထိ ကျောင်းစောင့်ဖို့ဆိုတာတော့ မလွယ်ဘူး” ဟု ၎င်းကပြောဆိုသည်။

လက်ရှိတွင် COVID-19 ကာကွယ်ဆေးပေါ်ပေါက်ရန်အတွက် နိုင်ငံတော်တော်များက ကြိုးစားနေကြပြီး လာမည့် ၂လကျော်ကာလအတွင်းလူတွင် စမ်းသပ်ထိုးရန် လုပ်ဆောင်သည်ကို ကြားသိရကြောင်း၊ ထိုသို့ ကာကွယ်ဆေး မပေါ်ပေါက်သေးလျှင် လက်ရှိနေထိုင်နေသော ပုံစံသစ်ဖြင့် ဆက်လက်နေထိုင်သွားရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကဆက်လက်ပြောဆိုသည်။

“ အိမ်ကျဉ်းကျဉ်းထဲမှာနေရတယ်ဆိုရင် အိမ်ခန်းလေးတစ်ခန်း နှစ်ခန်းထဲမှာပဲနေရတယ်။ မိသားစုက ၄၊၅ ယောက်ရှိတယ်ဆိုရင် ခွာခွာနေလို့ဘယ်လိုပြောမလဲ။ တစ်ယောက်ကနေပြီးတော့များ အပြင်မှာထွက်ပြီးတော့ အလုပ်လုပ်ရလို့ ရောဂါပိုးများရလာမလား စိုးရိမ်ပေမယ့်လည်း ဘယ်လိုလုပ် သက်သက်ကြီးသွားထားမလဲ။ နေရာမှမရှိဘဲ အဲလိုလက်တွေ့မကျတဲ့ဟာတွေလည်း ရှိပါတယ်။ လက်တွေ့ကျကျ ခွာခွာမနေနိုင်တဲ့ အခြေအနေမှာ ဘယ်လိုနေမလဲဆိုတာ အကြီးဆုံးစိန်ခေါ်မှုပဲ ဘယ်လိုပုံစံနဲ့ စီစဉ်မလည်းပေါ့။ ဈေးကဆိုရင် တစ်ခဏနော်။ အိမ်မှာနေရတာကကြာတယ်” ဟု ၎င်းကပြောဆိုသည်။

အတိုင်ပင်ခံက ကျောင်းတိုင်းမှာကျောင်းသားတွေပြည့်နေတယ်ဆိုတာလည်းသိတယ်။လိုအပ်ချက်တွေဖြည့်ပေးရမှာလည်းသိတယ်။ ကျောင်းလည်းပြန်ဖွင့်ချင်တယ်။

ဒီတော့ ဘယ်အရာက အဓိကလဲ။ ဘယ်အရာက သာမညလဲ။ဒါလည်းသိမှာပါ။

(၁)လူဦးရေများလို့ SD အရနှစ်ချိန်ခွဲတက်မယ် ဆိုပါတော့ မူလကိုက နှစ်ချိန်ခွဲတက်ရတဲ့ ကျောင်း ဘယ်လိုသင်မလဲ။

(၂)တစ်ချိန်ထဲတက်ရတဲ့ကျောင်း နှစ်ချိန်ခွဲတက်လို့ရပါပြီတဲ့ ဘာသာစုံကိုနှစ်ယောက်၊သုံးယောက်တည်း သင်နေရတဲ့ ကျောင်းဆို ဆရာအရင်ဖြည့်တင်ဖို့မလိုဘူးလား။

(၃) ဆရာတွေ ပြည့်စုံမက ပိုလျှံနေပါပြီတဲ့ နှစ်ချိန်ခွဲတဲ့အခါ ကလေးများလို့စာသင်ခန်းမလောက်ငရင် ပုံမှန်ကျောင်းဖွင့်ရက်အမီ အပ်ချလောင်း ‌ကျောင်းဆောင်သစ်ဆောက်နိုင်မလား။ဆောက်နိုင်ရင်ရော အရည်အသွေးမီပါ့မလား။

(၄) ကလေးတွေကို ကျောင်းဆင်း/တက်ကျန်းမာရေး စစ်ဆေးပေးဖို့အတွက်ကိုကျန်းမာရေးဌာနဝန်ထမ်း အလုံအလောက် ချပေးနိုင်မလား။တစ်ယောက်နှစ်ယောက်နဲ့ဆို စစ်‌ဆေးတာနဲ့ပဲ စာသင်ချိန် နည်းနိုင်တာမို့ အလုပ်မဖြစ်ပါဘူး။

(၅)ပုံမှန်ကျောင်းချိန်တောင် ဇွန်၊ဇူလိုင်ဆို ရာသီတုပ်ကွေးကြောင့် ကလေးတွေကျောင်းပျက်များလို့ ခေါ်ချိန်ဖြည့်ပေးရတာမို့ မိဘတွေရဲ့သံသယကြောင့် ကျန်းမာရေး ပြဿနာပေါ်လာတဲ့အခါတာဝန်ခံ‌ဖြေရှင်းပေးနိုင်ပါ့မလား။ကျွန်မတော့ မဖြေရှင်းပေးနိုင်ပါဘူး။

(၆)ကျောင်းစဖွင့်ရင် မိုးရာသီဖြစ်တဲ့အတွက် ကလေးအငယ်တွေကို မိဘတွေက အခန်းထိပို့ဆောင်တာမျိုးရှိပါတယ်။ ဒါကလည်းကလေးရဲ့ပထမဆုံးနယ်မြေစိမ်းကို သူနဲ့အတူရင်းနှီးစေတာမို့ နှစ်ပါတ်လောက်က တားမြစ်လို့အဆင်မပြေပါဘူး။ကလေးမိဘချင်းရဲ့ကျန်းမာရေးအ‌‌ခြေအ‌နေကိုရောထည့်တွက်ရမယ်မဟုတ်လား။

( ၇)အားလုံး အဆင်သင့်ဖြစ်ပါပြီ ကလေး ဆိုတာ mask ကို အမြဲတပ်ထားမယ်လို့ အာမမခံနိုင်ပါဘူး။Mask သိမ်းဖို့ ဆိုတာကလည်း အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။တစ်ရက်လုပ် တစ်ရက်စား မိဘဆိုပါစို့Mask တောင်ဝယ်ပေးဖို့ မနည်းအားထုတ်ရတယ်ဆို သိမ်းဆည်းဖို့အတွက်ပါ
အားထုတ်ရမယ်ဆို ဝန်မပိဘူးလား။

(၈)အခမဲ့ပညာရေးလို့ ကြွေးကြော်ထားတာမို့ သေချာတယ် mask ကိုလည်းအခမဲ့ဖြန့်ဝေနိုင်မှ ရေရှည်အတွက်ကောင်းမယ်။စိတ်ချရတယ်လို့တော့မပြောပါဘူး။ပြန်လျှော်လို့ရတာ ပေးရင်လည်း ဖြစ်သလိုလျှော်တာမျိုးဆို ပိုးမကင်းနိုင်းတာမို့ တစ်ယောက်ကစOutbreak ဖြစ်လာမယ်ဆို ဘယ်သူကတာဝန်ခံမှာလဲ။

အပေါ်မှာရေးထားတဲ့အချက်တွေကကလေးတွေ အတွက်တွေးထားတာတွေချည်းပါပဲ ။ဆရာ၊ဆရာမတွေကလူကြီးတွေဆိုတော့ မတွေးတော့ပါဘူး။

ပြီးခဲ့တဲ့ရက်က mntv ကလာတဲ့ ပညာရေးဆွေးနွေးမှုလေးမှာ မိခင်တစ်ဦးကဘာပြောလဲဆိုတော့ ကာကွယ်ဆေးမပေါ်မချင်း သူ့ကလေးကို ကျောင်းကိုမပို့နိုင်ပါဘူး တဲ့။သူ့က‌လေးအတွက်ကျန်းမာရေးလောက် ဘာမှ အရေးမကြီးပါဘူး တဲ့။

သူ မှန်တာပေါ့။ကိုယ်ဆိုလည်း မပို့ဘူး။”အာရောဂျ ပရမ လာဘ”ဆိုပြီး ဘုရားတောင်ဟောထားသေးတယ်မဟုတ်လား။ဒါဆို မထားနဲ့ပေါ့။ထားတဲ့ကလေးတွေပဲသင်ပေးမယ်ဆိုရင် ဒီကလေးတွေကတန်းတူအခွင့်အရေးဆုံးရှုံးရမှာပေါ့။

နောက်တစ်ခု ဗီယက်နမ် နိုင်ငံမှာတော့ကျောင်းတွေပြန်ဖွင့်နေပါပြီ။ဖွင့်မှာပေါ့ကူးစက်သူရာကျော်နဲ့ အသေအပျောက်မရှိဘဲ ခုထိတောင်ကူးစက်သူ အသစ်ကိုတစ်လဆိုတဲ့အချိန်ထိ မရှိဘူးလေ။ဖွင့်တယ်ဆိုပေမယ့် အားလုံးစနစ်တကျနဲ့သေချာပြင်ဆင်ပြီးမှ ဖွင့်တာ။

ကျောင်းအ‌ခြေအနေ၊မိဘအ‌ခြေအနေ၊ပြင်ဆင်ထားမှု၊ကျန်းမာရေးဝန်ထမ်း၊အားလုံးက ရောဂါကင်းစင်နိုင်တဲ့ အနေအထားတွေချည်းပဲဆိုတာ ကျွန်မကိုယ်တိုင်သတင်းမှာကြည့်လို့သိတာပါ။

ဒီလို အခြားနိုင်ငံကဖွင့်လို့ ဖွင့်တာမျိုးဆို ဒီမှာက အ‌ခြေနေအားလုံး လုံးဝမတူဘူးဆိုတာ သိကြမှာပါ။

အိမ်ကျဉ်းလေးထဲ မိသားစုတွေ ပြွတ်သိပ်ပြီးနေလို့ ကလေးကိုကူး ကလေးကကျောင်းကိုလာ ရာသီအဖျားနဲ့ ဆင်တူလို့ ပေါ့ဆမိရင် သွားမှာပဲ။Silent အခြေအနေဆိုတာ နေရာတိုင်းမှာရှိနေနိုင်ပါတယ်။

ကျွန်မက ဆရာမတစ်ယောက်မို့ စာသင်နှစ်တစ်နှစ်ကို ကလေးတွေအဖို့ကုန်ဆုံးသွားမှာထက် ကုန်ရှုံးသွားမှာ မလိုလားလို့ပါ။ကျွန်မလို အတွေးတူနိုင်တဲ့အခြားဆရာတွေလည်းရှိကြမယ်လို့ ထင်ပါတယ်။အတိုင်ပင်ခံလောက်လည်း ကျွန်မဉာဏ်မကျယ်တာမို့ အတွေးတိမ်တယ်လို့မြင်တဲ့သူလည်းရှိကြမှာပါ။

အတိုင်ပင်ခံပြောသလို လက်တွေ့ကျကျခပ်ခွာခွာမနေနိုင်တဲ့ အခြေအနေမျိုးမှာကျောင်းတွေပြန်ဖွင့်ဖို့ တာမစူစေချင်တာဟာ ကျွန်မတစ်ယောက်တည်းရဲ့မေတ္တာရပ်ခံချက်ပါ။

ဟုတ်ကဲ့….ကျွန်မမြသားသွင်ပါရှင်။

About the author

Aung Lay

Leave a Comment