Cele News

ဒါရိုက်တာကိုပြည့်ဝ(ပန်းဝေသီ)အတွက် ကျန်းမာရေးထောက်ပံ့ငွေသွားရောက် လှူဒါန်းပေးခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံ

Written by Aung Lay

ပရိသတ်ရဲ့အချစ်တော် တက္ကသိုလ်ဂွမ်းပုံကတော့ အောင်မြင်တဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်ရှေ့မှာ နှစ်ပေါင်းများစွာ မားမားမတ်မတ်ရပ်တည်ခဲ့သူပါ။ သာယာဖြောင့်ဖြူးတဲ့အိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားပြီး မကြာခဏဆိုသလိုလည်း အလှူအတန်းလုပ်လေ့ရှိသူပါ။

ဒီတစ်ခေါက်မှာတော့ မကြာသေးခင်ကမှ ကျန်းမာရေးအခြေအနေကြောင့် အိပ်ရာထဲလှဲနေရတဲ့ ဒါရိုက်တာကိုပြည့်ဝ(ပန်းဝေသီ) အတွက် တတ်နိုင်သမျှ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။

ကိုပြည့်ဝ(ပန်းဝေသီ) အတွက် ကျန်းမာရေးထောက်ပံ့ငွေ တစ်သိန်းလှူဒါန်းပေးခဲ့ပြီး “အကို အမြန်ဆုံးသက်သာပျောက်ကင်းပြီး အနုပညာအလုပ်တွေ အမြန်ဆုံးပြန်လည်လုပ်ကိုင်နှိုင်ပါစေနော်” လို့ ဆုတောင်းကာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

ဒါရိုက်တာကိုပြည့်ဝ(ပန်းဝေသီ)ကတော့ ဇာတ်ကားကောင်းများစွာရိုက်ကူးထားတဲ့ ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်သလို ရုပ်ရှင်သရုပ်ဆောင်တိုင်းက လေးစားချစ်ခင်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် တတ်နိုင်သမျှလာရောက်ကူညီပေးကြတာကိုလည်း တွေ့မြင်ရမှာပါ။

ဒီနေ့မှာတော့ တက္ကသိုလ်ဂွမ်းပုံက သွားရောက်ကူညီလှူဒါန်းပေးခဲ့တာမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Zawgyi

ပရိသတ္ရဲ႕အခ်စ္ေတာ္ တကၠသိုလ္ဂြမ္းပုံကေတာ့ ေအာင္ျမင္တဲ့ ဇာတ္ပို႔ဇာတ္ရံသ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ပရိသတ္ေရွ႕မွာ ႏွစ္ေပါင္းမ်ားစြာ မားမားမတ္မတ္ရပ္တည္ခဲ့သူပါ။ သာယာေျဖာင့္ျဖဴးတဲ့အိမ္ေထာင္ေရးကိုလည္း ပိုင္ဆိုင္ထားၿပီး မၾကာခဏဆိုသလိုလည္း အလႉအတန္းလုပ္ေလ့ရွိသူပါ။

ဒီတစ္ေခါက္မွာေတာ့ မၾကာေသးခင္ကမွ က်န္းမာေရးအေျခအေနေၾကာင့္ အိပ္ရာထဲလွဲေနရတဲ့ ဒါ႐ိုက္တာကိုျပည့္ဝ(ပန္းေဝသီ) အတြက္ တတ္ႏိုင္သမွ် သြားေရာက္လႉဒါန္းေပးခဲ့ေၾကာင္း မွ်ေဝခဲ့ပါတယ္။

ကိုျပည့္ဝ(ပန္းေဝသီ) အတြက္ က်န္းမာေရးေထာက္ပံ့ေငြ တစ္သိန္းလႉဒါန္းေပးခဲ့ၿပီး “အကို အျမန္ဆုံးသက္သာေပ်ာက္ကင္းၿပီး အႏုပညာအလုပ္ေတြ အျမန္ဆုံးျပန္လည္လုပ္ကိုင္ႏႈိင္ပါေစေနာ္” လို႔ ဆုေတာင္းကာ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ မွ်ေဝခဲ့ပါတယ္။

ဒါ႐ိုက္တာကိုျပည့္ဝ(ပန္းေဝသီ)ကေတာ့ ဇာတ္ကားေကာင္းမ်ားစြာ႐ိုက္ကူးထားတဲ့ ဒါ႐ိုက္တာေကာင္းတစ္ေယာက္ျဖစ္သလို ႐ုပ္ရွင္သ႐ုပ္ေဆာင္တိုင္းက ေလးစားခ်စ္ခင္တဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ တတ္ႏိုင္သမွ်လာေရာက္ကူညီေပးၾကတာကိုလည္း ေတြ႕ျမင္ရမွာပါ။

ဒီေန႔မွာေတာ့ တကၠသိုလ္ဂြမ္းပုံက သြားေရာက္ကူညီလႉဒါန္းေပးခဲ့တာမို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – တကၠသိုလ္ဂြမ္းပုံ, Cele Gabar

About the author

Aung Lay

Leave a Comment