Video ထူးဆန်းထွေလာ

ဝိဉာဉ်များ နဲ့ စကားပြောကြား ပီး ချန် နယ် တစ်ခုမှ လို က်လွှင့်ခဲ့ တဲ့ အကြားအမြင်ဆရာမကို ကျန်ရစ်သူမိသားစုက တရားစွဲ (ရုပ်/သံ)

Written by Aung Lay

သေပြီးနောက်၄၉ရက် အကြာသေရွာပြန်ဆိုပြီး အကြားအမြင်ဆရာမနှင့်အဖွဲ့တရားစွဲခံရ

ထိုင်းနိုင်ငံမှာ အက်စ်စီးဒင့်ဖြစ်ပြီးဇက်ကျိုးကာ သေဆုံးသွားတဲ့အမျိုးသမီးဟာ ၄၉ ရက်အကြာမှာ ပြန်လည်အသက်ရှင်သန်လာပြီးနောက် ဝိဉာဉ်များနဲ့ ဆက်သွယ်မှုရကာThe Real Ghost Channel အဖြစ် ထုတ်လွှင့်သည့်ရုပ်သံလိုင်းတရားစွဲခံထားရ

ယခုတစ်လော ထိုင်းနိုင်ငံရဲ့လူမှုကွန်ယက်စက်မျက်နှာမှာရော ၊ ရုပ်သံ သတင်းလိုင်းတွေမှာ နာမည်ကြီးနေပြီး လူထုအကြားမှာအငြင်းပွားစရာဖြစ်စဉ်တစ်ခုကတော့ ငယ်စဉ်က အက်စ်စီးဒင့်ဖြစ်ပြီး ဇက်ကျိုး ၊ ခြေကျိုးလက်ကျိုးကာသေဆုံးသွားခဲ့တဲ့ အသက်

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ
၁၃/၁၄ နှစ် အမျိုးသမီးငယ်ဟာ ၄၉ ရက်ကြာပြီးနောက် လူသေအခန်း ကနေပြန်လည်ရှင်သန်လာပြီး ဆေးရုံမှာ ၃ လအကြာဆေးကုသမှုခံယူနေစဉ်မှာဘဲ စိတ်စွမ်းအားတွေထူဆန်းစွာရရှိပြီး ဝိဉာဉ်များနဲ့အဆက်အသွယ်ရကာ အပြန်အလှန်စကားတွေပြောဆိုနိုင်ခဲ့တဲ့အတွက် သူမကိုယ်သူမ အံ့ဩခဲ့ တယ်လို့ဆိုပါတယ်..

လက်ရှိအသက် (၃၁) နှစ်အရွယ် အကြားအမြင်ဆရာမ ရိန်နူးဟာ ၄၉ ရက်တာသေဆုံးနေတဲ့အချိန် သူမရဲ့ဝိဉာဉ်ဟာ ငရဲပြည်နဲ့နတ်ပြည်တွေအထိ ရောက်ရှိသွားခဲ့ပြီး ဆရာသမားတစ်ယောက်နဲ့ဆုံခဲ့ကာ လူ့ဘဝကိုပြန်လည်ရောက်ရှိခဲ့တာလို့ဆိုပါတယ်..

အဲ့ဒီနောက်သူမ ဟာအကြားအမြင်ရရှိခဲ့ပြီး နာမည်ကြီးဗေဒင်ဆရာမ တစ်ယောက်အဖြစ်နေရာယူလာခဲ့ပြီး သူမထံရောက်ရှိလာတဲ့သူတွေရဲ့ အတိတ်ဘဝကဘာတွေဖြစ်ခဲ့တယ် ၊ ဘယ်ဘဝကလာခဲ့တယ် ဆိုတာကအစပြောဆိုနိုင်ပြီး ဘဝတစ်ပါးပြောင်းသွားခဲ့ကြ

တဲ့သူတွေပါ ဘယ်ဘဝကိုရောက်ရှိနေတယ်ဆိုတာကအစပြောဆိုနိုင်ခဲ့တာကြောင့် နာမည်ကြီးလာပြီး ” The Real Ghost Channel ” 👻 👻 ရုပ်သံလိုင်းကနေ မကျွတ်မလွတ်တဲ့အဆောက်အဦးတွေ ၊ အထင်ကရသမိုင်းဝင်အဆောက်အဦးနဲ့ ရုပ်ထုတွေမှာ Kinect Sensor ကင်မရာနဲ့ ဝိဉာဉ်များနဲ့စကားပြောခြင်း ရိုက်ကူးရေး အစီအစဉ်တွေကို တိုက်ရိုက် ရိုက်ကူး Live လွှင့်ခဲ့ကြပါတယ် ။

မကျွတ်မလွတ်ကြတဲ့ သရဲပြိတ္တာတွေရှိနိုင်တဲ့အထင်နဲ့ နတ်စင်တွေ ၊ နာမည်ကြီးတဲ့အဆောက်အဦအဟောင်းနဲ့ အခြားနေရာတွေမှာ 📽️ Projector Inference Sensor နဲ့ဝိဉာဉ်လိုက်ဖမ်းပြီး အကြားအမြင်ဆရာမ ရိန်နူးနဲ့အပြန်အလှန်ပြောဆိုကြပါတယ် ။

အဆိုးဆုံးကတော့ အယုဒ္ဒယမြို့မှာရှိတဲ့ သမိုင်းဝင် သူရဲကောင်းတစ်ချို့ရဲ့ ရုပ်ထုတွေမှာ Ghost Channel မှရိုက်ကူးတင်ဆက်တဲ့အစီအစဉ်မှာ ဝိဉာဉ်တွေထဲမှာ မကျွတ်မလွတ်သေးတဲ့ သူရဲကောင်းတစ်ချို့ရဲ့ ဝိဉာဉ်တွေနဲ့ သူမတွေ့ဆုံစကားပြောခွင့်ရခဲ့ပြီး

မကျွတ်မလွတ်တဲ့ပြိတ္တာဘဝအဖြစ်ရှိနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီး အများပြည်သူ တစ်ချို့ရဲ့ပြစ်တင်ရှုံ့ချမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ် ၊ ပို၍ဆိုးတာကတော့ နာမည်ကြီးကျောင်းအုပ်တစ်ဦးဟာ သေဆုံးသွားပြီးနောက်ကျောင်းရဲ့ရံပုံငွေတွေကို ခိုးယူ

သုံးစွဲမိခဲ့ခြင်းကြောင့် ပြိတ္တာဘဝကိုရောက်ရှိနေတယ်လို့ ဝိဉာဉ်မှ ဝမ်းနည်းစွာသူမအား ထွင့်ဟဝန်ခံ ပြောပြခဲ့တယ်လို့ ပြောကြားခဲ့ခြင်း ကြောင့်ကျန်ရစ်သူမိသားစုအသိုင်းအဝိုင်းက ” Ghost Channel ” အား ဂုဏ်သိက္ခာညှိုးနွမ်းမှု ၊ အသရေဖျက်မှုဖြင့် တရားစွဲဆိုထားကြပါတယ် ။

သူမဟာ တစ်ကမ္ဘာလုံးကဝိဉာဉ်တွေနဲ့လည်းဘာသာစကားတစ်မျိုးတည်းနဲ့ဆက်သွယ်ပြောဆိုပြီး မြင်တွေ့နိုင်စွမ်းရှိပြီး ဝိဉာဉ်ဘာသာစကားဟာ တစ်မျိုးထဲဖြစ်

သတင်းဌာနတော်တော်များများကတော့ သူမငယ်ငယ်တုန်းက ဘယ်မှာအက်စ်စီးဒင့်ဖြစ်ပြီး ဘယ်ဆေးရုံမှာ ၄၉ ရက်အကြာ တက်ရောက်ကုသခဲ့သလဲ ? သေဆုံးနေစဉ် ၄၉ ရက်အကြာဆေးရုံမှာထားတဲ့ ရုပ်အလောင်းကိုမည်သည့်ဆွေမျိုးအသိုင်းအဝိုင်းမှ

လာရောက်မသယ်ထုတ်ကြဘူးလား ? မပုတ်မသိုးတဲ့ဆေးမထိုးကြဘူးလား ? ဆိုတဲ့မေးခွန်းများစွာကိုမေးမြန်းရာမှာ သူမအနေနဲ့မမှတ်မိဘူးဟုဆိုပါတယ် ။ အက်စီဒင့်ဖြစ်ပြီး လည်ပင်းနဲ့ခြေလက်တွေကျိုးခဲ့တဲ့အတွက်ဆေးရုံမှာ ၃ လအကြာကုသမှုခံယူခဲ့တာဘဲမှတ်မိကြောင်း ၊ ။

သူမကဟာငယ်စဉ်ကချို့တဲ့စွာနေခဲ့ရပြီး ဝိဉာဉ်လောကကိုအယုံအကြည်မရှိခဲ့သူတစ်ယောက်လို့လည်းဆိုပါတယ် ၊ ရဟန်းသံဃာတစ်ချို့ကတော့ အဲ့ဒီအဖွဲ့ကို ဘုန်းကြီးကျောင်းထဲဝင်ခွင့်မပြုကြပါဘူး ၊ ဆရာမ ရိန်းနူး ယာနထေ့ပ် ( ခေါ် ) နန်းစူရပဖာ

ကရုတ်ထောင်း သည်လက်ရှိ အသက် ၃၁ နှစ်အရွယ်ရှိပြီး ပထုန်ဌာနီခရိုင် နောင်စူအား ( หนองเสือ ) မြို့နယ်မှာနေထိုင်ခဲ့ဖူးသူဖြစ်ပါတယ် ၊ သူမရဲ့ သဘာဝလွန်စိတ်ပါဝါအရ ဝိဉာဉ်တွေကိုမြင်ရခြင်း မမြင်ရခြင်းဟာ သက်သေ အထောက်အထား မပြနိုင်ဘဲ စကရင်မှာပေါ်လာတဲ့ အရုပ်ပုံသဏ္ဍန်လှုပ်ရှားမှုကို ကြည့်ပြီး ဒါဟာ ဘယ်သူဘယ်ဝါရဲ့ ဝိဉာဉ်ဖြစ်တယ် ဆိုပြီး ယုတ္တိမရှိဘဲ အများပြည်သူကိုလိမ်လည်နေတာဖြစ်တယ်လို့စွပ်စွဲမှုတွေရှိနေခဲ့ပါတယ် ။

သူမအနေနဲ့ ဘယ်မှာအက်စီးဒင့်ဖြစ်ပြီး ဘယ်ဆေးရုံ မှာ သေဆုံးခဲ့သလဲ ? သေရွာကပြန်လာစဉ် ၃ လအကြာကျိုးသွားတဲ့ဇက်နဲ့ကျန်တဲ့ခြေလက်တွေကို ပကတိကောင်းလောတဲ့အထိ ဆေးကုသတဲ့မှတ်တမ်းတွေကိုတော့ ယခုထိလက်ဆုပ်လက်ကိုင်မပြနိုင်သေးပါဘူး ။ မူရင်းရေးသားသူကို လေးစားစွာခရက်ဒစ်ပေးပါသည်။

crd SiThu Maung

Zawgyi


















 

crd SiThu Maung

About the author

Aung Lay

Leave a Comment