Cele News Video

သရုပ်ဆောင် အကယ်ဒမီ မေသန်းနု သီလရှင်ဝတ် သာသနာ့ ဘောင် ဝင်ရောက် (LIVE VIDEO)

Written by Aung Lay

သရုပ်ဆောင် အကယ်ဒမီ မေသန်းနု သီလရှင်ဝတ် သာသနာ့ ဘောင် ဝင်ရောက် (Live video)

သရုပ်ဆောင် အကယ်ဒမီ မေသန်းနုဟာ ဒီနေ့မှာ တော့ ဖောင်ကြီးက ဂွေးတောက်ကုန်း ကျေးရွာ သာဝဓမ္မဒါယာ သီလရှင်ကျောင်း မှာ သီလရှင်ဝတ်ပြီး သာသနာ့ဘောင် ဝင်ရောက်သွားပီဖြစ်ပါတယ်။

မကြာမီ အချိန်ကာကမှ ငွေကြေး အရှုပ်အရှင်းတွေကြောင့် ဒုက္ခရောက်ခဲ့ရပီ ယခုအခါမှာတော့ မိသားစုပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် နဲ့ ကောင်းမှုကုသိုလ်တွေ လုပ်နေကြတာ ကြည်နူးဝမ်းသာစရာပါ။

သုံးယောက်စလုံး လည်း အင်မတန် ပျော်ရွှင်ကြည်နူးနေကြပါတယ်။ သားဖြစ်သူမင်းသန့်မောင်မှလည်း ဗုဒ္ဓဘာသာကို အင်မတန်ယုံကြည်ကိုးကွယ်သူဖြစ်ပီး မိဘနှစ်ပါးအပေါ်မှာလည်း အရမ်းသိတတ်တဲ့ သားတစ်ယောက်ဖြစ်ပါတယ်။

မေသန်းနုတို့မိသားစု နဲ့အတူ ကောင်းမှုကုသိုလ်တွေပွားများပီး ပရိတ်သတ်ကြီးလည်း ကြည်နူးပီတိဖြစ်မိမှာပါ။ တိုတောင်းလှတဲ့ဘဝမှာ သံသရာအတွက် ကောင်းမှုကုသိုလ်တွေများများလုပ်ကြဖို့ လိုပါတယ်ဗျာ။ အားလုံး ကျန်းမာချမ်းသာကြပါစေ။

#သာဂိ

Zawgyi






 

#သာဂိ

About the author

Aung Lay

Leave a Comment