Funny

ဆရာမ တစ်ဦးဖြစ်ပြီး ကိုယ်သင်တဲ့ ကလေးတစ်ယောက်အပေါ် သေချာ နားလည်နိုင်စွမ်းမရှိအောင် ညံ့ဖျင်းမှုကြောင့် ကိုယ်တိုင်ပြန်တောင်းပန်လိုက်ရတဲ့ ဆရာမတစ်ဦးရဲ့အဖြစ်

Written by Aung Lay

ကျွန်မက ဘွဲ့ရတာ မကြာသေးတဲ့ မှုလတန်းပြ ဆရာမတစ်ဦးပါ။ ကျွန်မသင်တဲ့ အတန်းမှာ မျောက်လောင်း ၃၆ယောက် ရှိတယ်။ အဲဒီ မျောက်လောင်းလေးတွေ ဗြောင်းဆန်အောင် ဆော့တဲ့အချိန်၊ သင်္ခန်းစာတွေ မလုပ်တဲ့အချိန်၊ ပြောစကား နားမထောင်တဲ့ အချိန်ဆိုရင် ဆရာမ အလုပ်ကို ရွေးမိတာ မှားပြီလားလို့ စိတ်ဓာတ်ကျပြီး ကျွန်မ နောင်တရတတ်တယ်။ ဒါပေမဲ့ သူတို့ရဲ့ အပြစ်ကင်းစင်တဲ့ အပြုံးတွေကို မြင်ရင် အဲဒီနောင်တတွေက အဝေးကို လွှင့်ထွက်သွားပြန်ရော။ ဒီကလေးတွေကို ကျွန်မသံယောဇဉ် ရှိသလို ဒီဆရာမ အလုပ်ကိုလည်း ကျွန်မ တန်ဖိုးထားမြတ်နိုးတယ်။

“မောင်ဝေယံ” လို့ခေါ်တဲ့ ကလေးတစ်ယောက်က ကျွန်မကို ခေါင်းတော်တော်ကိုက်စေတယ်။ ပေးလိုက်တဲ့ အိမ်စာတိုင်း ပြီးအောင်မလုပ်တဲ့အပြင် စာမေးပွဲတိုင်းမှာ ရမှတ်က ၂၀ အောက်ချည်းပဲ။ အုပ်ထိန်းသူ လက်မှတ်ထိုးရမဲ့ နေရာမှာ အမြဲတမ်း ဗလာဖြစ်နေတတ်ပြီး ထီးထီးနေတတ်တဲ့ သူ့ကြောင့် ကျွန်မ စိတ်ပူပြီး စိုးရိမ်ခဲ့မိတယ်။ မှုလတန်းပဲ ရှိသေးတဲ့ အရွယ်မှာ ဒီလောက်ညံ့နေရင် နောင်ဘယ်လို ရှေ့ဆက်လျှောက်မလဲ… ၊ ကလေးတစ်ယောက် ရှင်သန်ကြီးထွားဖို့အတွက် အခြေခံက စပြီး သင်ပေးရတဲ့ ဆရာမက အဓိက ကျတယ်။ နာနာရိုက်မှ အိုးကောင်းရ ဆိုသလို သူကလေး လူတော်လူကောင်းဖြစ်အောင် ကျွန်မမှာ တာဝန်အများကြီးရှိနေပါတယ်။

🎼အိမ်စာ မလုပ်ခဲ့လို့ သူ့ကို အပြစ်ပေးလဲ မထူးခဲ့ဘူး။ ဆူလဲ မတိုးတက်ခဲ့ဘူး။ ကျွန်မ ဆိုဆုံးမလိုက်တဲ့ စကားတိုင်းကို “ဟုတ်ကဲ့ ဆရာမ” ဆိုပြီး သူက ခေါင်းညိတ်ထောက်ခံတယ်။ ဒါပေမဲ့ အိမ်စာကို ပုံမှန် မလုပ်မြဲ၊ စာမေးပွဲတွေ ကျမြဲပါပဲ။ ဒီကလေးကို ဘယ်လို သွန်သင်မှ ဖြစ်ထွန်းမယ်ဆိုတဲ့ အကြံကို ကျွန်မ နည်းနည်းမှ မထုတ်နိုင်ခဲ့ဘူး။

🎼“မင်္ဂလာပါ ဆရာမ၊ ကျေးဇူးတင်ပါတယ် ဆရာမ”

“အေး..အေး.. အိမ်ကို ဖြောင့်ဖြောင့်ပြန်ကြနော်။ အိမ်စာလုပ်ခဲ့ကြဖို့ မမေ့နဲ့နော်။ ခေါင်းစဉ်က “ကျွန်တော်၏ မိသားစု” အားလုံး မှတ်မိကြတယ်နော်”

“မှတ်မိပါတယ် ဆရာမ” ကလေးတွေ ပြိုင်တူအော်ရင်း တာက လွှတ်လိုက်တဲ့ ရေလို တဝုန်းဝုန်းနဲ့ အခန်းအပြင်ကို တိုးဝှေ့လို့ ထွက်သွားကြတယ်။

“ မောင်ဝေယံ ဆရာမဆီ ခဏလာခဲ့ဦး” လွယ်အိတ်ကို ကောက်လွယ်ပြီး အိမ်ပြန်ဖို့ ပြင်နေတဲ့ သူ့ကို ကျွန်မ ခေါ်လိုက်တယ်။

“ ဟုတ်ကဲ့ ဆရာမ” လက်လေးပိုက်လို့ တရိုတသေ ကျွန်မဆီ သူရောက်လာခဲ့တယ်။

🎼“ပေးလိုက်တဲ့ အိမ်စာကို မနက်ဖြန် တင်ရမယ်နော်။ အရင်တစ်ပတ်က ဆွဲခိုင်းလိုက်တဲ့ ပုံလည်း မတင်သေးဘူး။ မြန်မြန်ဆွဲပြီး တင်နော်. ကြားလား မောင်ဝေယံ”

“ ဟုတ္ကဲ့ ဆရာမ”

🎼အဲဒီ တစ်ခွန်းပါပဲ။ သူ့ဆီက အဲဒီစကားကို ကျွန်မ ဘယ်နှကြိမ်မြောက် ကြားခဲ့ပြီလဲ မရေမတွက်နိုင်တော့ပါဘူး။ “ဟုတ်ကဲ့ ဆရာမ” လို့ ဖြေလိုက်တိုင်း သူ့မျက်နှာဟာ တကယ့်လိမ္မာပြီး ပြောစကားကို နားထောင်တဲ့ ကလေးတစ်ယောက်လိုပဲ အပြစ်ကင်းစင်လို့နေတယ်။ ဒါပေမဲ့ ကျွန်မသိလိုက်တယ်။ ပေးလိုက်တဲ့ အိမ်စာတွေရဲ့ ပြီးနိုင်ချေဟာ “ဟုတ်ကဲ့” ဆိုတဲ့ ကတိရဲ့နောက်မှာ ရာခိုင်နှုန်း နည်းနည်းလေးပဲရှိတယ်ဆိုတာ။ ကျွန်မကို ပြုံးပြပြီး အခန်းထဲက တရိုတသေ ထွက်သွားတဲ့ သူ့နောက်ကျောကို ငေးကြည့်ပြီး ကျွန်မ သက်ပြင်းချမိတယ်။ တကယ်တော့ မောင်ဝေယံက အိမ်စာတွေ နောက်ကျမှတင်တတ်ပေမဲ့ လိမ္မာသိတတ်တဲ့ ကလေးတစ်ဦးပါ။ ဒီတစ်ခေါက်တော့ ပေးလိုက်တဲ့ သင်္ခန်းစာတွေကို သူအချိန်မီ တင်နိုင်ပါစေလို့သာ ကျွန်မဆုတောင်းလိုက်ပါတယ်။

🎼“အိမ်စာတွေ လုပ်လာကြပြီလား ကလေးတို့… စာအုပ်ကို ခုံပေါ်တင်ထားလိုက်ကြ.. အတန်းခေါင်းဆောင် လိုက်သိမ်းလိုက်မယ်။ တလက်စထဲ ဘယ်သူတွေ မတင်သေးလဲဆိုတာ ဆရာမကို မှတ်ထားပေးပါ”

“ကျွန်တော်တို့ တင်လိုက်ပြီ ဆရာမ”

“ဆရာမ မောင်ဝေယံ မတင်ဘူးခင်ဗျာ”

“မောင်ဝေယံ”

“ဟုတ္ကဲ့ ဆရာမ”

🎼“မနေ့က ဆရာမ သေချာမှာလိုက်တယ် မဟုတ်လား။ ဘာလို့ ပြီးအောင် မလုပ်ခဲ့တာလဲ။ အတန်းနောက်မှာ သွားရပ်နေစမ်း” ကျွန်မ အပြောကို သူခေါင်းငုံ့ပြီး နားထောင်နေပေမဲ့ ဘာဆင်ခြေမှ မပေးခဲ့သလို စိတ်ဆိုး ဝမ်းနည်းဟန်လည်း မပြခဲ့ဘူး။

“ဟုတ်ကဲ့ ဆရာမ” လို့ ထုံးစံအတိုင်း ဖြေပြီး အတန်းနောက်မှာ တိတ်တဆိတ်သွားရပ်လို့ နေတယ်။

“သင်္ချာစာအုပ်ထုတ်ပြီး စာမျက်နှာ ၆၄ ကို ဖွင့်လိုက်ကြ” မောင်ဝေယံကို တစ်ချက်ကြည့်ပြီး ကျွန်မ စာစသင်လိုက်တယ်။ ကလေးတိုင်းက စိတ်ပါလက်ပါ ကျောက်သင်ပုန်းကို စူးစိုက်ကြည့်နေကြပေမဲ့ မောင်ဝေယံတော့ မပါခဲ့ပါဘူး။

🎼ကျောင်းဆင်းမှ ရုတ်တရက်ရွာချလာတဲ့ မိုးကြောင့် ထီးမပါတဲ့ ကျောင်းသား တော်တော်များများက ကျောင်းဝ ဆင်ဝင်အောက်မှာ မိုးအတိတ်ကို စောင့်နေကြတယ်။ ဖုန်းရုံမှာလည်း ကျောင်းသားတွေ တန်းစီလို့ အိမ်ကို လာကြိုဖို့ ဖုန်းဆက်နေကြတယ်။ ကျောင်းသားတွေကြားမှာ မောင်ဝေယံကို ကျွန်မ တွေ့လိုက်မိတယ်။ သူ့အလှည့်ရောက်ဖို့ တစ်ယောက်ပဲလိုလို့ ကျွန်မလည်း သူ့အပြုအမှုတွေကို အကဲခတ်ဖို့ ရပ်ကြည့်နေလိုက်တယ်။ သူ့အလှည့်ရောက်တော့ ဖုန်းခပေးပြီး ဖုန်းနံပါတ်ကို နှိပ်မယ်လုပ်ပြီးခါမှ ဖုန်းကို ကောက်ခါငင်ခါ ချလိုက်တယ်။ ပြီးတော့ ခေါင်းငိုက်စိုက်ပြီး မိုးရေထဲ လျှောက်သွားလိုက်တယ်။

🎼သူ့အပြုအမှုကို မြင်တော့ ကျွန်မ အံ့သြသွားတယ်။ ဘာဖြစ်လို့ပါလိမ့်… ထီးကို အမြန်ဖွင့်ပြီး သူ့နောက် ကျွန်မ အပြေးလိုက်ခဲ့တယ်။

“ မောင်ဝေယံ .. ဘာဖြစ်တာလဲ.. အိမ်ကို ဖုန်းဆက်ပြီး လာမကြိုခိုင်းဘူးလား” ထီးမိုးပေးပြီး သူရှေ့မှာ ဒူးထောက်ချရင်း ကျွန်မ မေးလိုက်တယ်။

“ရတယ် ဆရာမ၊ ကျွန်တော်ဘာသာ ပြန်လိုက်မယ်”

“မိုးတွေ ဒီလောက်ကြီးနေတာ၊ ဖျားလိုက်မယ်။ လာခဲ့ ဆရာမ လိုက်ပို့မယ်”

“ကိစ္စမရှိဘူး ဆရာမ၊ ကျွန်တော့်အိမ်က ကျောင်းရှေ့မှာတင် ခဏလေးဆို ရောက်ပြီ”

“ဆရာမမှာ ကားပါတယ်။ ဒီထီးယူသွားလိုက် သေချာပြန်ဦးနော်” စိုနေတဲ့ သူ့ခေါင်းကို ကျွန်မပွတ်သပ်ပြီး ပြောလိုက်တယ်။

🎼“ကျေးဇူးတင်ပါတယ် ဆရာမ” ထီးကို လှမ်းယူပြီး ကျွန်မကို ပြုံးပြရင်း မိုးရေထဲ သူတိုးဝင်သွားတယ်။

အပြန်လမ်းရဲ့ မိုးသဲထဲမှာ ကားကို ဂရုတစိုက်မောင်းရင်း လမ်းထက်ဝက်ရောက်တော့ ကျွန်မရဲ့ ဖုန်း နားနေခန်းမှာ ကျန်ခဲ့တာကို သတိရမိလိုက်တယ်။ မေ့တတ်တဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း ဖုန်းပြန်ယူဖို့ ကားကို ပြန်ကွေ့လိုက်တယ်။ ကားရှေ့မှန်ပေါ်က သဲသဲမည်းမည်းကျလာတဲ့ မိုးရေတွေကို ရေသုတ်တံက အဆက်မပြတ် ဖယ်ရှားလို့နေတယ်။ မီးပွိုင့်တစ်ခုမှာ ကျွန်မ ရပ်စောင့်နေတုန်း ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို မိုးရေထဲမှာ ကျွန်မ မြင်လိုက်မိတယ်။ မောင်ဝေယံပါလား… ခြံဝင်းတစ်ခုထဲ သော့ဖွင့်ပြီး သူဝင်သွားတာကို တွေ့လိုက်တယ်။

🎼“သူ ဒီမှာနေတာလား.. သူ့အိမ်က ကျောင်းရှေ့မှာဆို” ကျွန်မ တအံ့တသြ အသံတိတ် ရေရွတ်လိုက်မိတယ်။
ကျောင်းနဲ့ နှစ်ကီလိုမီတာလောက် ဝေးတဲ့ အိမ်ကို မိုးရွာထဲမှာ အသက်(၆)နှစ်အရွယ် ကလေးတစ်ယောက်က လှမ်းလျှောက်ပြန်ရတယ်ဆိုတော့ ကျွန်မ ဝမ်းနည်းသွားမိတယ်။ အိမ်က ကျောင်းရှေ့မှာတင်လို့ ဘာကြောင့် ကျွန်မကို သူလိမ်ခဲ့ပါလိမ့်… ကျွန်မကို ကြောက်လို့လား… ကျွန်မ လိုက်ပို့မှာကို အားနာလို့လား…

“ပြမ်..ပြမ်…”

မီးစိမ်းလို့ နောက်က တီးလိုက်တဲ့ ကားဟွန်းသံကြောင့် ကျွန်မ အတွေးစကိုဖြတ်ပြီး လီဗာကို ဖိနင်းလိုက်တယ်။

🎼“ဝင်ခွင့်ပြုပါ ဆရာမ”

“ ဟော … မောင်ဝေယံ လာခဲ့”

“ဆရာမကို ထီးပြန်လာပေးတာ ကျေးဇူးတင်ပါတယ် ဆရာမ”

ငှားသွားတဲ့ထီးကို ပြန်ပေးဖို့ သူအမှတ်ရတတ်နေပြီး ပေးလိုက်တဲ့ အိမ်စာကိုကျတော့ ဘာလို့ အမှတ်မရတတ်တာလဲလို့ တရိုတသေ လှမ်းပေးလိုက်တဲ့ ထီးကို ယူရင်း ကျွန်မ တွေးလိုက်မိတယ်။

“ မောင်ဝေယံ ဆရာမ တစ်ခုမေးစရာရှိလို့။ မောင်ဝေယံရဲ့ အိမ်က ကျောင်းရှေ့မှာပဲဆို”

ခေါင်းငုံ့နှုတ်ဆိတ်နေတဲ့ သူ့ကို ကြည့်ပြီး အလိမ်ပေါ်သွားမှန်း ကျွန်မသိလိုက်တယ်။

“ကိစ္စမရှိဘူး မောင်ဝေယံ အမှန်အတိုင်းပြော ဆရာမ အပြစ်မပေးပါဘူး”

“ဟုတ်ကဲ့ ဆရာမ မနေ့က ကျွန်တော်လိမ်ပြောမိတာပါ”

“ဆရာမကို ဘာဖြစ်လို့ လိမ်ရတာလဲ”

“ဆရာမ လိုက်ပို့မယ်ဆိုလို့ ကျွန်တော် အားနာလို့ပါ”

ကြည့်စမ်း… အသက်နဲ့ မလိုက်အောင် ဖြေလိုက်တာ သူ့အဖြေက ကျွန်မတောင် ထင်မှတ်မထားဘူး။

“အားမနာပါနဲ့ လမ်းကြုံနေတာပဲ.. နောက်တစ်ခါ ဆရာမကို မလိမ်ရဘူးနော်”

“ဟုတ္ကဲ့ ဆရာမ”

“ကောင်းပြီ.. စာသင်ခန်းထဲ ပြန်တော့ အိမ်စာတွေ လုပ်ခဲ့ဖို့ မမေ့နဲ့ဦးနော်”

“ဟုတ္ကဲ့ ဆရာမ”

လှည့်ထွက်သွားတဲ့ သူ့ကို ငေးရင်း “ မကောင်းတဲ့ အကျင့်တွေကို ပြင်လိုက်ရင် ဒီကလေးကတော့ ပြောစရာ မရှိအောင်ကို လှပပြည့်စုံသွားမှာပဲ” လို့ တွေးလိုက်မိတယ်။

“ဆရာမ.. ဆရာမ”

လှည့်ကြည့်လိုက်တော့ စာအုပ်တစ်အုပ်ကို ကိုင်ပြီး မြူးနေတဲ့ ပုံစံနဲ့ အပြေးတစ်ပိုင်း လာနေတဲ့ မောင်ဝေယံကို ကျွန်မတွေ့လိုက်တယ်။

“ဆရာမ.. ကျွန်တော် အိမ်စာပြမလို့”

“ဟာ.. တကယ်လား.. ကြည့်စမ်း…အိမ်စာ တကယ်လုပ်ခဲ့ပြီ။ လိမ္မာလိုက်တာ.. လာ.. ဆရာမ ဆုချမယ်”

အိတ်ထဲက ချိုချဉ်တစ်လုံးကို ယူပြီး သူ့ကို ကျွန်မ ကမ်းပေးလိုက်တယ်။

“ကျေးဇူးတင်ပါတယ် ဆရာမ” ဝမ်းသာအားရနဲ့ ချိုချဉ်ကို အင်္ကျီအိတ်ကပ်ထဲ သေချာထည့်ပြီး ကျွန်မကို သူပြုံးပြတယ်။

🎼ကျွန်မလည်း ဝမ်းသာမိပါတယ်။ အိမ်စာတွေကို အချိန်ဆွဲလုပ်နေရာက ဖြေးဖြေးမှန်မှန်နဲ့ သူလုပ်လာတတ်တာကို ကျွန်မသတိထားလိုက်မိတယ်။ သူအိမ်စာတင်တဲ့အတွက် ဒီနေ့တစ်နေ့လုံး ကျွန်မ ပျော်နေမိတယ်။ ကွေးကွေးကောက်ကောက် ရေးထားတဲ့ လက်ရေးနဲ့ ခဲဖျက်ရာ အထပ်ထပ် ဖျက်ထားတဲ့ သူ့စာတွေကို ကျွန်မ ချက်ချင်းဖတ်ကြည့်လိုက်တယ်။

“ကျွန်တော်၏ မိသားစု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ အကြောင်းအရာက ရှင်းရှင်းလေး…..

🎼“ကျွန်တော့်မှာ မိသားစု သုံးဦးရှိတယ်။ ဖေဖေ၊ မေမေနဲ့ ကျွန်တော်ဖြစ်တယ်။ ဖေဖေက အရမ်းခန့်သလို မေမေလည်း အရမ်းချောပါတယ်။ ဖေဖေက နေ့တိုင်း ပင်ပင်ပန်းပန်း အလုပ်လုပ်ရသလို ကျွန်တော်ကလည်း နေ့တိုင်း ပင်ပင်ပန်းပန်း ကျောင်းတက်ရတယ်။ မေမေက ကံအကောင်းဆုံးပေါ့။ နေ့တိုင်း အိမ်မှာပဲနေပြီး ကျွန်တော်နဲ့ ဖေဖေပြန်အလာကို စောင့်နေရုံပါပဲ။ တစ်ခါတလေ မေမေ့ကို ကျွန်တော်အရမ်းအားကျတယ်။ ကျွန်တော့်သူငယ်ချင်းတွေရဲ့ မိဘက မကြာခဏ ရန်ဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော့် ဖေဖေနဲ့ မေမေက တစ်ခါမှ ရန်မဖြစ်ကြဘူး။

တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ မိသားစုဟာ အမြဲ ပျော်ရွှင်နေတယ်။ သင့်မြတ်နေတယ်။ ကျောင်းပိတ်ရက်တွေဆိုရင် ဖေဖေ၊ မေမေတို့နဲ့ ဗီဒီယို ကြည့်ရတာကို ကျွန်တော်အရမ်းကြိုက်တယ်။ ဖေဖေက အလုပ်များလို့ ကျွန်တော်နဲ့အတူ အမြဲတမ်း အပြင်ထွက် မကစားနိုင်ဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ အခုလို အတူတူနေရတာကိုပဲ ကျွန်တော်ပျော်တယ်။ ဖေဖေနဲ့ မေမေကို ကျွန်တော် အရမ်းချစ်တယ်”

ဖတ်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိတယ်။ ကျောင်းတက်ရတာကို ပင်ပန်းတယ်ထင်ပြီး အိမ်မှာနေတဲ့ အမေ့ကို အားကျတယ်လို့ ပြောတဲ့ သူ့ကို အိမ်ရှင်မ တာဝန်ဟာ ပိုပင်ပန်းတဲ့အကြောင်း ကျွန်မ ပြောပြဦးမယ်။ ရိုးရှင်းတဲ့ သူ့စာကို ဖတ်ကြည့်ခြင်းအားဖြင့် သူဟာ ပျော်ရွှင်စရာ မိသားစုက ပေါက်ဖွားလာမှန်း ပိုသိသာစေတယ်။

🎼“ဆရာမ.. ဆရာမ.. ရန်ဖြစ်နေကြပြီ” လို့ အော်လိုက်တဲ့ ကျောင်းသူတစ်ယောက်ရဲ့ အသံက မောင်ဝေယံရဲ့ စာကို ဖတ်ပြီး ဝမ်းသာနေတဲ့ ကျွန်မရဲ့စိတ်ကို ကြက်ပျောက် ငှက်ပျောက် ပျောက်သွားစေတယ်။ ကလေးတွေ ရန်ဖြစ်မှာကို ကျွန်မ အကြောက်ဆုံးပါ။ ခိုက်မိပြီး သွေးထွက်လာတဲ့ ဒဏ်ရာတွေ၊ ရောင်လာတဲ့ ဒဏ်ရာတွေကို အုပ်ထိန်းသူတွေ နားလည်အောင် ရှင်းပြရတဲ့အလုပ်ကို ကျွန်မ အကြောက်ဆုံးပါ။ ရန်ဖြစ်တဲ့ နေရာကို ကျွန်မ အပြေးလေး သွားလိုက်တယ်။

“ ဝေယံ… အောင်အောင် ရန်ဖြစ်တာကို ရပ်လိုက်စမ်း” ကျွန်မ အော်သံကို ကြားတော့ လုံးထွေးနေသူနှစ်ယောက် ချက်ချင်းရပ်တန့်သွားတယ်။

“ ဘာဖြစ်လို့ ရန်ဖြစ်တာလဲ”

“သူ့ ကျွန်တော့်ကို အရင်ထိုးလို့ ဆရာမ”

“ဝေယံ ဘာဖြစ်လို့ အောင်အောင်ကို ထိုးရတာလဲ”

“ဆရာမ ပေးထားတဲ့ ကျွန်တော့်ချိုချဉ်ကို သူလုလို့ .. ပြန်ပေးဖို့ ကျွန်တော်တောင်းတော့ သူမပေးဘူး”

“ဘာပဲဖြစ်ဖြစ် နောက်ဆို ရန်မဖြစ်ရဘူး ကြားလား… အောင်အောင်လည်းမှတ်ထား .. သူတစ်ပါး ပစ္စည်းကို လျှောက်မယူရဘူး ကြားလား…အချင်းချင်း လက်ဆွဲနှုတ်ဆက်ပြီး တောင်းပန်ကြ”

အမြဲတမ်း တစ်ယောက်တည်း ထီးထီးနေတတ်တဲ့၊ လူတွေနဲ့ အရောမဝင်တတ်တဲ့ မောင်ဝေယံတစ်ယောက် ချိုချဉ်လေး တစ်လုံးကြောင့် လူတွေနဲ့ ရန်ဖြစ်ခဲ့တယ်။ အဲဒီချိုချဉ်ဟာ သူ့အတွက် တော်တော် တန်ဖိုးကြီးနေပုံရတယ်။

ကျောင်းဆင်းတော့ ဆင်ဝင်အောက်မှာ ရပ်နေတဲ့ သူ့ကို ကျွန်မတွေ့လိုက်ပြန်တယ်။….

“မောင်ဝေယံ ဘယ်သူကို စောင့်နေတာလဲ”

“ကျွန်တော့်ဖေဖေ လာကြိုမယ် ပြောလို့ ဖေဖေကို စောင့်နေတာ”

“အော်.. မောင်ဝေယံ မိဘအစည်းအဝေးဖိတ်စာကို လက်မှတ်ထိုးခိုင်းထားတာ မောင်ဝေယံ ပြန်မပေးသေးဘူးနော်။ မနက်ဖြန် ယူခဲ့ရင် ဆရာမ ချိုချဉ်တစ်ထုပ် ဆုချမယ်” ချိုချဉ်တစ်လုံးကြောင့် ရန်ဖြစ်တဲ့ အခွင့်အရေးကို ကျွန်မယူလိုက်တယ်။

“တကယ်လား ဆရာမ” သူ့မျက်လုံးလေး ဝင်းခနဲ့ဖြစ်သွားတယ်။

“တကယ်ပေါ့”

“ကျွန်တော် တကယ်ယူခဲ့မယ်”

“ကြည့်စမ်း.. ဆရာမ ချိုချဉ်တောင်ယူခဲ့တယ်။ မင်းက ဖိတ်စာကို မေ့ခဲ့ပြန်ပြီ”

“ကျွန်တော် တကယ်မေ့ခဲ့လို့ပါ ဆရာမ”

“ဒါဆို မင်းချိုချဉ်မစားရတော့ဘူး။ အရင်ပတ်က သင်္ခန်းစာတွေ ပြီးအောင်လုပ်ရင် ဆရာမ ဒီချိုချဉ်တွေနဲ့ ဆုချမယ်”
“ဟုတ္ကဲ့ ဆရာမ”

နားနေခန်းကို ရောက်တော့ အစည်းအဝေးတက်ဖို့ လူတွေကို စာရင်းပြုရင်း မောင်ဝေယံရဲ့ မိဘတွေ အစည်းအဝေး တက်နိုင် မတက်နိုင်ကို မေးဖို့ မေ့ခဲ့တယ်။သူ့စာထဲမှာ မေမေက နေ့တိုင်းအိမ်မှာ ရှိတယ်ဆိုလို့ သူ့အိမ်ကို ဖုန်းဆက်မေးဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ သုံး လေးကြိမ်ဆက်ပေမဲ့ ဖုန်းသာမြည်ပြီး လာကိုင်တဲ့လူ မရှိခဲ့ဘူး။

ခုတစ်လော ကျွန်မရဲ့ ချိုချဉ်အစွမ်းကြောင့် မောင်ဝေယံ စာတွေကို မှန်မှန်လိုက်လုပ်လာတယ်။ ကျွန်မ ဝမ်းသာမိပါတယ်။ သူ့ကို တော်ကြောင်း လိမ္မာကြောင်း ချီးကျူးမိရင် သူ့မျက်နှာပေါ်မှာ ပျော်ရွှင်တဲ့ အပြုံးတွေ၊ အားရတဲ့ အပြုံးတွေနဲ့ လင်းလက်လို့ သွားတယ်။

“ဆရာမ .. ဆရာမ.. မောင်ဝေယံ တော်တော်ထူးဆန်းတယ်”

တစ်နေ့မှာ အတန်းထဲက ကလေးမတစ်ယောက် ကျွန်မကို အဲဒီလို ပြောလာပါတယ်။ ကျွန်မ နားမလည်စွာနဲ့ “ဘာဖြစ်တာလဲ.. မောင်ဝေယံ ဘာလုပ်ပြန်ပြီလဲ”
“သူ့အမေဆီ ဖုန်းဆက်နေတာ တွေ့လို့”

“သူ့အမေဆီ ဖုန်းဆက်တာများ ဘာများထူးဆန်းနေလို့လဲ”

“သူပြောတဲ့ စကားတွေက ထူးဆန်းနေတာ ဆရာမ”

“သူဘာတွေပြောလို့လဲ”

“ သူက… မေမေ.. ဒီနေ့သား ကျောင်းစာ လေ့ကျင့်ခန်းတွေလုပ်လို့ ဆရာမက သားကို ချိုချဉ်ဆုချတယ် သိလား မေမေတဲ့။ ဒါကို ဖုန်းဆက်ပြီး ပြောနေသေးတယ်။ အိမ်ရောက်မှ ပြောလဲ ရရဲ့သားနဲ့နော် ဆရာမ”

“ဟုတ်တယ်..ဟုတ်တယ်… အိမ်ရောက်မှ ပြောတော့ ဘာဖြစ်လဲနော်”

“ဆရာမ.. သူ့အမေဆီ ဒီလို ဖုန်းဆက်တာ သားလဲ ခဏခဏ မြင်ဖူးတယ်”

ကျောင်းသားတွေက တစ်ယောက်တစ်ပေါက် ဝိုင်းထောက်ခံကြတယ်။

“ မောင်ဝေယံက သူ့အမေကို ဝမ်းသာစေချင်လို့ ကျောင်းမဆင်းခင်ဆက်လိုက်တာ ဖြစ်မှာပေါ့။ သူလည်း သားတို့ သမီးတို့လို လိမ္မာပါတယ်။ အိမ်စာတွေ၊ သင်္ခန်းစာတွေ နောက်ကျမှ တင်တတ်ပေမဲ့ သူ့မှာလည်း သူ့ကောင်းကွက်တွေ ရှိပါတယ်။ ကဲ..ကဲ အားလုံး ချစ်ချစ်ခင်ခင်နေကြနော်”

ကျောင်းသားတွေ အားလုံး မောင်ဝေယံရဲ့ အပြုအမှုကို သံသယမဖြစ်စေချင်ပါဘူး။ ထီးထီးနေတတ်ပြီး လူတွေနဲ့ အပြောအဆိုနည်းတဲ့ သူ့ကို ကျွန်မအချိန်တွေယူပြီး အကောင်းဖက်ကို တဖြေးဖြေး သင်ယူနေတုန်းမှာ သူ့ကြောင့် ဘာပြဿနာမှ ထပ်မတက်စေချင်ပါဘူး။

စက်တင်ဘာ ၂၈ရက်နေ့။ ဒီနေ့က ကျွန်မအတွက် ဆရာမဘဝရဲ့ ပထမဦးဆုံးသော “ဆရာများနေ့” ဖြစ်တယ်။ ကျွန်မရဲ့ စိတ်တွေ ကြည်လင် လန်းဆန်းလို့နေတယ်။

“ဆရာများနေ့မှာ ပျော်ရွှင်ပါစေ ဆရာမ.. ဆရာမ ဒါသမီး ကိုယ်တိုင် လုပ်ထားတဲ့ ကတ်ကလေး”

“ဆရာမအတွက် ဒါသမီးတို့ခြံက နှင်းဆီပန်း”

“ဆရာမ သားမှာလည်း ရှိသေးတယ်”

“ဆရာမ အထဲမွာ ဘာထုပ္ထားသလဲ သိလား”

ကျွန်မ ပတ်ပတ်လည်မှာ ကျောင်းသားတွေက တစ်ယောက်တစ်ပေါက် ဝိုင်းအော်ပြီး သူ့တို့ ကိုယ်တိုင်လုပ်ထားတဲ့ ကတ်လေးတွေ၊ လက်ဆောင်ပစ္စည်းတွေကို ကျွန်မအတွက် ယူလာခဲ့ကြတယ်။ ကျွန်မ မျက်ဝန်းမှာ မျက်ရည်ဥလေးတွေ သီခိုနေတယ်။ အပြစ်ကင်းစင်ပြီး လိမ္မာတဲ့ သူတို့ရဲ့ စေတနာ မေတ္တာတွေက ကျွန်မရဲ့ ပင်ပန်းမှု ဒဏ်ကို အဝေးသို့ လွင့်စင်စေခဲ့တယ်။

“ဆရာမ ရန်ဖြစ်နေကြတယ်”

ကျောင်းသူတစ်ဦးရဲ့ အော်သံကြောင့် ကျွန်မရဲ့ ပျော်ရွှင်မှုတွေ ကြာကြာမခံလိုက်ပါဘူး။ ရန်ဖြစ်တဲ့ နေရာကို ကျွန်မ အပြေးလေး သွားလိုက်တယ်။ မမျှော်လင့်တဲ့ မြင်ကွင်းတစ်ခုက ကျွန်မကို ဆီးကြိုနေပါတယ်။ ကျောင်းသားတစ်ယောက်က မောင်ဝေယံရဲ့ ခြေရင်းမှာ ဝပ်လဲလို့.. မောင်ဝေယံရဲ့ ပုံစံက ဒေါသအရမ်းထွက်နေတဲ့ နွားရိုင်းတစ်ကောင်လို့ အသက်ကို ခပ်ပြင်းပြင်းရှုလို့နေတယ်။

“ဘယ်သူအရင် ရန်စတာလဲ ဆရာမကို ပြောစမ်း”

“သူ…” ကျောင်းသားအားလုံးရဲ့ လက်ညိုးက မောင်ဝေယံဖက်ကို ဦးတည်လို့။

“မောင်ဝေယံ ဘာဖြစ်လို့ ဒီလောက်ရန်ဖြစ်ချင်နေတာလဲ .. ပြောစမ်း” ကျွန်မရဲ့ အသံက လိုအပ်တာထပ် ပိုကျယ်နေမိတယ်။

“ခေါင်းမော့ပြီး ဆရာမကို ပြောစမ်း”

“ကျွန်တော့် မေမေဆီ ဖုန်းဆက်တာကို သူခိုးနားထောင်လို့”

မျက်ရည်တွေ ပါးပြင်ပေါ် တစ်ပေါက်ပေါက်ကျရင်း သူက ပြန်ဖြေတယ်။ သူမျက်ရည်ကျတာကို ကျွန်မတစ်ခါမှ မမြင်ဖူးခဲ့ဘူး။ အိမ်စာမလုပ်လို့၊ သင်္ခန်းစာတွေ မလုပ်လို့ ကျွန်မသူ့ကို အပြစ်ပေးခဲ့ပေမဲ့ သူလုံးဝ မငိုခဲ့ပါဘူး။ အခုမှ ဘာကြောင့် သူမျက်ရည်တွေက အတားအဆီးမရှိ တောက်တောက်ကျနေပါလိမ့်..

“ဖုန်းနားထောင်တာကို ရန်ဖြစ်ရသလား.. ဒီနေရာမှာ ကျောင်းသားတွေ အများကြီးပဲ ဒါကို ခိုးနားထောင်တယ်လို့ မခေါ်ဘူး သိလား.. မောင်ဝေယံ”

ကျွန်မ အပြောကို သူခေါင်းညိတ်ပြီးလည်း မထောက်ခံ၊ ခေါင်းခါပြီးလည်း မငြင်းဆန်ခဲ့ဘူး။ မျက်ရည်တွေသာ သူ့ပါးပေါ် အဆက်မပြတ်စီးကျလို့နေတယ်။

“ကဲ .. အားလုံး အတန်းထဲ ဝင်ကြ.. အောင်အောင်လည်း နောက်ဆို တစ်ခြားလူ ဖုန်းဆက်နေရင် ခိုးနားမထောင်ရဘူး ကြားလား”

ကျောင်းသားတွေ အတန်းထဲ ဝင်ကြတော့ အတန်းအပြင်ဖက်မှာ ကျွန်မနဲ့ မောင်ဝေယံနှစ်ယောက်တည်း ကျန်နေခဲ့တယ်။ သူနဲ့ ကျွန်မ စကားကောင်းကောင်း ပြောချင်သေးတယ်။ ဘာကြောင့်မှန်းမသိ သူ့ကို တစ်ခြားကျောင်းသားတွေထက် ကျွန်မပို သံယောဇဉ်ဖြစ်မိတယ်။

“ဆရာမ ဒါ ကျွန်တော် မတင်ရသေးတဲ့ ပုံပါ” မျက်ရည်တွေကို သုတ်ရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ စာအုပ်ကို ကောက်ယူပြီး ကျွန်မကို လှမ်းပေးလိုက်တယ်။

“ တပည့်တွေ လေ့ကျင့်ခန်း မှန်မှန်လုပ်ပြီး မှန်မှန်တင်ရင် ဆရာမအရမ်းဝမ်းသာတယ် သိလား မောင်ဝေယံ။

ဆရာမ မင်းကို သဘောကျတယ်။ လိမ္မာစေချင်တယ်။ ဒါပေမဲ့ တစ်ခါတလေ မင်းကြောင့် ဆရာမ စိတ်ဓာတ်တော်တော်ကျမိတယ် သိလား။ မင်းလိမ္မာတယ်ဆိုတာ ဆရာမ သိတယ်။ ဒီနေ့လို ကိစ္စသေးသေး မွှားမွှားလေးနဲ့ မင်းရန်မဖြစ်သင့်ဘူး သိလား”

“ သူ့ ကျွန်တော့်ကို လှောင်လို့”

“လှောင်လို့? သူက ဘယ်လို လှောင်လို့လဲ”

“မေမေနဲ့ ကျွန်တော် စကားပြောတာကို သူလှောင်တယ်” ပြောရင်း မျက်ရည်တွေက စီးကျလို့ လာပြန်တယ်။

“မောင်ဝေယံက မေမေနဲ့ ဘာတွေ ပြောခဲ့လို့လဲ.. ဆရာမကို ပြောပြ”

သူခေါင်းကို ငုံ့လိုက်တယ်။ ကျွန်မကို သူ့မေမေနဲ့ ပြောတဲ့ စကားတွေ သိပ်ပြောပြချင်ပုံ မပေါ်ဘူး။

“ဆရာမ မင်းကို မလှောင်ဘူး။ ရယ်လည်း မရယ်ဘူး ဟုတ်ပြီလား”

တအောင့်နေတော့ သူ့မေမေကို ပြောခဲ့တဲ့ စကားတွေကို ကျွန်မကို အစအဆုံး ရွတ်ပြပါတယ်။

“မေမေ.. သိလား.. ခုတစ်လော သား ဆရာမပေးတဲ့ လေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်လို့ ဆရာမက သားကို တော်ကြောင်းချီးကျူးတယ်။ ဆရာမက သားကို ချိုချဉ်တွေ ဆုချတယ် မေမေ။ ဒီနေ့လည်း ဆရာမဆွဲခိုင်းတဲ့ ပုံကို သားတင်မလို့။ ဒီပုံကို ဆရာမ ဆွဲခိုင်းတာ ကြာနေပြီ။ ခေါင်းစဉ်က “ကျွန်တော်၏ မေမေ”ဆိုလို့ သားက မေမေ့ပုံကို မဆွဲတတ်လို့ မတင်ဖြစ်ခဲ့ဘူး။ မေမေ.. မေမေ့ကို သားအရမ်းလွမ်းတယ် မေမေ။

မေမေ ဘယ်အချိန်အထိ အိပ်နေဦးမလဲ မေမေ။ ဘယ်အချိန်ကျမှ မျက်လုံးဖွင့်ပြီး သားကိုကြည့်မလဲ မေမေ။ ဒီနေ့က ဆရာများနေ့တဲ့ မေမေ။ မေမေ့အတွက် ဖေဖေနေ့တိုင်းပေးတဲ့ နှင်းဆီပန်းတွေကို ကြည့်ပြီး ဆရာမလည်း မိန်းကလေးဖြစ်တဲ့အတွက် နှင်းဆီပန်းကြိုက်မယ် ထင်ပြီး ဆရာမအတွက် ဖေဖေကို နှင်းဆီပန်းတွေ ပိုဝယ်ခိုင်းလိုက်သေးတယ်။ မေမေ စိတ်မဆိုးပါနဲ့နော် မေမေ”

ပြောပြောဆိုဆို မောင်ဝေယံက လွယ်အိတ်ထဲမှာ ဖိလို့ ပုံပျက်ပြီး ပြားချပ်နေတဲ့ နှင်းဆီပန်းတစ်ပွင့်ကို ယူပြီး ကျွန်မကို ကမ်းပေးပါတယ်။

“ ဆရာများနေ့မှာ ပျော်ရွှင်ပါစေ ဆရာမ”

ကျွန်မနှုတ်ခမ်းက ဘာသံမှ ထွက်မလာနိုင်အောင် ဝမ်းနည်းပြီး ကျွန်မငိုမိပါတယ်။

“သူက ကျွန်တော့်ကို အရူးလို့ ပြောသေးတယ်ဆရာမ။ သူက ပြောတယ် ကျွန်တော့်မေမေက သေပြီတဲ့။ နောက်ဆို ကျွန်တော် ရန်မဖြစ်တော့ပါဘူး ဆရာမ”

ကျွန်မသူ့ကို ရင်ခွင်ထဲ တင်းတင်းလေး ထွေးပွေ့ထားလိုက်မိတယ်။ နှလုံးတွေ အသဲတွေ ကွဲကြေမတတ် ကျွန်မငိုမိခဲ့တယ်။ အဖေက စားဝတ်နေရေးအတွက် ရုန်းကန်၊ အထိန်းအကွပ်မဲ့တဲ့ အမေ မရှိတာတောင် သူက ဒီလောက် သိတတ် လိမ္မာနေတယ်။ အမေအသက်ရှင်နေဆဲလို့ မှတ်ယူပြီး အမေနဲ့ ဖုန်းပြောနေတဲ့ သူ့ရဲ့ ပုံရိပ်တွေ၊ သေဆုံးသွားတဲ့ အမေ့ကို ပုံဖော်ပြီး ရေးခဲ့တဲ့ သူ့ရဲ့ခံစားချက်တွေက ကျွန်မရင်ထဲ စူးစူးနစ်နစ် ထိုးဝင်လာခဲ့တယ်။

“ မောင်ဝေယံကို ဆရာမ တောင်းပန်ပါတယ်ကွယ်”

ရင်ထဲ နင့်နေအောင် ကျွန်မ ပြောမိပါတယ်။ ဆရာမ တစ်ဦးဖြစ်တဲ့ ကျွန်မက ကိုယ်သင်တဲ့ ကလေးတစ်ယောက်အပေါ် သေချာ နားလည်နိုင်စွမ်းမရှိအောင် ကျွန်မညံခဲ့တယ်။

တစ်နေ့လုံး ဝမ်းနည်းစိတ်ကို ကျွန်မ ထိန်းမရခဲ့ဘူး။ မောင်ဝေယံကို ဖက်ပြီး ဘယ်လောက်ကြာကြာ ငိုခဲ့ မိမှန်း ကျွန်မ မသိဘူး။ ညနေ အိမ်ပြန်ရောက်လို့ တပည့်တွေရဲ့ သင်္ခန်းစာတွေကို စစ်ဆေးတော့ မောင်ဝေယံဆွဲထားတဲ့ ပုံက ကျွန်မကို ထပ်တစ်ဖန် ဝမ်းနည်း မျက်ရည်ကျစေပြန်တယ်။ သူဆွဲထားတဲ့ ပုံက စားပွဲတစ်လုံး၊ စားပွဲပေါ်မှာ အမျိုးသမီးပုံ ထည့်ထားတဲ့ မှန်ဘောင်တစ်ခု၊ မှန်ဘောင်ရဲ့ ဘေးတစ်ဖက် တစ်ချက်စီမှာ နီရဲတဲ့ နှင်းဆီပန်းတွေ ထိုးထည့်ထားတဲ့ ပန်းအိုးလေး နှစ်လုံး …. ကျွန်မ မင်နီနဲ့ အမှတ်ခြစ်ပြီး ပုံရဲ့ အောက်ဆုံးထောင့်မှာ အမှတ်ပေးလိုက်မိပါတယ်။ ၁၀၀ မှတ်…..

အင်တာနက်ပေါ်တွင် ဖတ်ရှူမိသော ပုံပြင်တစ်ပုဒ်အား ဇာတ်လမ်းဆင် ရေးဖွဲ့ခံစားသည်။

နိုင်းနိုင်းစနေ

သံလွင်အိပ်မက်မဂ္ဂဇင်း အမှတ်(၁၁)တွင် ဖော်ပြပြီး

ရေးသားသူ……. နိုင်းနိုင်းစနေ

#Credit မူရင်းရေးသူ

Zawgyi

ကၽြန္မက ဘြဲ႕ရတာ မၾကာေသးတဲ့ မႈလတန္းၿပ ဆရာမတစ္ဦးပါ။ ကၽြန္မသင္တဲ့ အတန္းမွာ ေမ်ာက္ေလာင္း ၃၆ေယာက္ ရွိတယ္။ အဲဒီ ေမ်ာက္ေလာင္းေလးေတြ ေျဗာင္းဆန္ေအာင္ ေဆာ့တဲ့အခ်ိန္၊ သခၤန္းစာေတြ မလုပ္တဲ့အခ်ိန္၊ ေျပာစကား နားမေထာင္တဲ့ အခ်ိန္ဆိုရင္ ဆရာမ အလုပ္ကို ေရြးမိတာ မွားၿပီလားလို႔ စိတ္ဓာတ္က်ၿပီး ကၽြန္မ ေနာင္တရတတ္တယ္။ ဒါေပမဲ့ သူတို႔ရဲ့ အျပစ္ကင္းစင္တဲ့ အျပဳံးေတြကို ျမင္ရင္ အဲဒီေနာင္တေတြက အေဝးကို လႊင့္ထြက္သြားျပန္ေရာ။ ဒီကေလးေတြကို ကၽြန္မသံေယာဇဥ္ ရွိသလို ဒီဆရာမ အလုပ္ကိုလည္း ကၽြန္မ တန္ဖိုးထားျမတ္နိုးတယ္။

“ေမာင္ေဝယံ” လို႔ေခၚတဲ့ ကေလးတစ္ေယာက္က ကၽြန္မကို ေခါင္းေတာ္ေတာ္ကိုက္ေစတယ္။ ေပးလိုက္တဲ့ အိမ္စာတိုင္း ၿပီးေအာင္မလုပ္တဲ့အျပင္ စာေမးပြဲတိုင္းမွာ ရမွတ္က ၂၀ ေအာက္ခ်ည္းပဲ။ အုပ္ထိန္းသူ လက္မွတ္ထိုးရမဲ့ ေနရာမွာ အျမဲတမ္း ဗလာျဖစ္ေနတတ္ၿပီး ထီးထီးေနတတ္တဲ့ သူ႔ေၾကာင့္ ကၽြန္မ စိတ္ပူၿပီး စိုးရိမ္ခဲ့မိတယ္။ မႈလတန္းပဲ ရွိေသးတဲ့ အရြယ္မွာ ဒီေလာက္ညံ့ေနရင္ ေနာင္ဘယ္လို ေရွ႕ဆက္ေလၽွာက္မလဲ… ၊ ကေလးတစ္ေယာက္ ရွင္သန္ႀကီးထြားဖို႔အတြက္ အေျခခံက စၿပီး သင္ေပးရတဲ့ ဆရာမက အဓိက က်တယ္။ နာနာရိုက္မွ အိုးေကာင္းရ ဆိုသလို သူကေလး လူေတာ္လူေကာင္းျဖစ္ေအာင္ ကၽြန္မမွာ တာဝန္အမ်ားႀကီးရွိေနပါတယ္။

🎼အိမ္စာ မလုပ္ခဲ့လို႔ သူ႔ကို အျပစ္ေပးလဲ မထူးခဲ့ဘူး။ ဆူလဲ မတိုးတက္ခဲ့ဘူး။ ကၽြန္မ ဆိုဆုံးမလိုက္တဲ့ စကားတိုင္းကို “ဟုတ္ကဲ့ ဆရာမ” ဆိုၿပီး သူက ေခါင္းညိတ္ေထာက္ခံတယ္။ ဒါေပမဲ့ အိမ္စာကို ပုံမွန္ မလုပ္ျမဲ၊ စာေမးပြဲေတြ က်ျမဲပါပဲ။ ဒီကေလးကို ဘယ္လို သြန္သင္မွ ျဖစ္ထြန္းမယ္ဆိုတဲ့ အႀကံကို ကၽြန္မ နည္းနည္းမွ မထုတ္နိုင္ခဲ့ဘူး။

🎼“မဂၤလာပါ ဆရာမ၊ ေက်းဇူးတင္ပါတယ္ ဆရာမ”

“ေအး..ေအး.. အိမ္ကို ေျဖာင့္ေျဖာင့္ျပန္ၾကေနာ္။ အိမ္စာလုပ္ခဲ့ၾကဖို႔ မေမ့နဲ႔ေနာ္။ ေခါင္းစဥ္က “ကၽြန္ေတာ္၏ မိသားစု” အားလုံး မွတ္မိၾကတယ္ေနာ္”

“မွတ္မိပါတယ္ ဆရာမ” ကေလးေတြ ၿပိဳင္တူေအာ္ရင္း တာက လႊတ္လိုက္တဲ့ ေရလို တဝုန္းဝုန္းနဲ႔ အခန္းအျပင္ကို တိုးေဝွ႕လို႔ ထြက္သြားၾကတယ္။

“ ေမာင္ေဝယံ ဆရာမဆီ ခဏလာခဲ့ဦး” လြယ္အိတ္ကို ေကာက္လြယ္ၿပီး အိမ္ျပန္ဖို႔ ျပင္ေနတဲ့ သူ႔ကို ကၽြန္မ ေခၚလိုက္တယ္။

“ ဟုတ္ကဲ့ ဆရာမ” လက္ေလးပိုက္လို႔ တရိုတေသ ကၽြန္မဆီ သူေရာက္လာခဲ့တယ္။

🎼“ေပးလိုက္တဲ့ အိမ္စာကို မနက္ျဖန္ တင္ရမယ္ေနာ္။ အရင္တစ္ပတ္က ဆြဲခိုင္းလိုက္တဲ့ ပုံလည္း မတင္ေသးဘူး။ ျမန္ျမန္ဆြဲၿပီး တင္ေနာ္. ၾကားလား ေမာင္ေဝယံ”

“ ဟုတၠဲ့ ဆရာမ”

🎼အဲဒီ တစ္ခြန္းပါပဲ။ သူ႔ဆီက အဲဒီစကားကို ကၽြန္မ ဘယ္ႏွႀကိမ္ေျမာက္ ၾကားခဲ့ၿပီလဲ မေရမတြက္နိုင္ေတာ့ပါဘူး။ “ဟုတ္ကဲ့ ဆရာမ” လို႔ ေျဖလိုက္တိုင္း သူ႔မ်က္ႏွာဟာ တကယ့္လိမၼာၿပီး ေျပာစကားကို နားေထာင္တဲ့ ကေလးတစ္ေယာက္လိုပဲ အျပစ္ကင္းစင္လို႔ေနတယ္။ ဒါေပမဲ့ ကၽြန္မသိလိုက္တယ္။ ေပးလိုက္တဲ့ အိမ္စာေတြရဲ့ ၿပီးနိုင္ေခ်ဟာ “ဟုတ္ကဲ့” ဆိုတဲ့ ကတိရဲ့ေနာက္မွာ ရာခိုင္ႏႈန္း နည္းနည္းေလးပဲရွိတယ္ဆိုတာ။ ကၽြန္မကို ျပဳံးျပၿပီး အခန္းထဲက တရိုတေသ ထြက္သြားတဲ့ သူ႔ေနာက္ေက်ာကို ေငးၾကည့္ၿပီး ကၽြန္မ သက္ျပင္းခ်မိတယ္။ တကယ္ေတာ့ ေမာင္ေဝယံက အိမ္စာေတြ ေနာက္က်မွတင္တတ္ေပမဲ့ လိမၼာသိတတ္တဲ့ ကေလးတစ္ဦးပါ။ ဒီတစ္ေခါက္ေတာ့ ေပးလိုက္တဲ့ သခၤန္းစာေတြကို သူအခ်ိန္မီ တင္နိုင္ပါေစလို႔သာ ကၽြန္မဆုေတာင္းလိုက္ပါတယ္။

🎼“အိမ္စာေတြ လုပ္လာၾကၿပီလား ကေလးတို႔… စာအုပ္ကို ခုံေပၚတင္ထားလိုက္ၾက.. အတန္းေခါင္းေဆာင္ လိုက္သိမ္းလိုက္မယ္။ တလက္စထဲ ဘယ္သူေတြ မတင္ေသးလဲဆိုတာ ဆရာမကို မွတ္ထားေပးပါ”

“ကၽြန္ေတာ္တို႔ တင္လိုက္ၿပီ ဆရာမ”

“ဆရာမ ေမာင္ေဝယံ မတင္ဘူးခင္ဗ်ာ”

“ေမာင္ေဝယံ”

“ဟုတၠဲ့ ဆရာမ”

🎼“မေန႔က ဆရာမ ေသခ်ာမွာလိုက္တယ္ မဟုတ္လား။ ဘာလို႔ ၿပီးေအာင္ မလုပ္ခဲ့တာလဲ။ အတန္းေနာက္မွာ သြားရပ္ေနစမ္း” ကၽြန္မ အေျပာကို သူေခါင္းငုံ႔ၿပီး နားေထာင္ေနေပမဲ့ ဘာဆင္ေျခမွ မေပးခဲ့သလို စိတ္ဆိုး ဝမ္းနည္းဟန္လည္း မျပခဲ့ဘူး။

“ဟုတ္ကဲ့ ဆရာမ” လို႔ ထုံးစံအတိုင္း ေျဖၿပီး အတန္းေနာက္မွာ တိတ္တဆိတ္သြားရပ္လို႔ ေနတယ္။

“သခၤ်ာစာအုပ္ထုတ္ၿပီး စာမ်က္ႏွာ ၆၄ ကို ဖြင့္လိုက္ၾက” ေမာင္ေဝယံကို တစ္ခ်က္ၾကည့္ၿပီး ကၽြန္မ စာစသင္လိုက္တယ္။ ကေလးတိုင္းက စိတ္ပါလက္ပါ ေက်ာက္သင္ပုန္းကို စူးစိုက္ၾကည့္ေနၾကေပမဲ့ ေမာင္ေဝယံေတာ့ မပါခဲ့ပါဘူး။

🎼ေက်ာင္းဆင္းမွ ႐ုတ္တရက္ရြာခ်လာတဲ့ မိုးေၾကာင့္ ထီးမပါတဲ့ ေက်ာင္းသား ေတာ္ေတာ္မ်ားမ်ားက ေက်ာင္းဝ ဆင္ဝင္ေအာက္မွာ မိုးအတိတ္ကို ေစာင့္ေနၾကတယ္။ ဖုန္း႐ုံမွာလည္း ေက်ာင္းသားေတြ တန္းစီလို႔ အိမ္ကို လာႀကိဳဖို႔ ဖုန္းဆက္ေနၾကတယ္။ ေက်ာင္းသားေတြၾကားမွာ ေမာင္ေဝယံကို ကၽြန္မ ေတြ႕လိုက္မိတယ္။ သူ႔အလွည့္ေရာက္ဖို႔ တစ္ေယာက္ပဲလိုလို႔ ကၽြန္မလည္း သူ႔အျပဳအမႈေတြကို အကဲခတ္ဖို႔ ရပ္ၾကည့္ေနလိုက္တယ္။ သူ႔အလွည့္ေရာက္ေတာ့ ဖုန္းခေပးၿပီး ဖုန္းနံပါတ္ကို ႏွိပ္မယ္လုပ္ၿပီးခါမွ ဖုန္းကို ေကာက္ခါငင္ခါ ခ်လိုက္တယ္။ ၿပီးေတာ့ ေခါင္းငိုက္စိုက္ၿပီး မိုးေရထဲ ေလၽွာက္သြားလိုက္တယ္။

🎼သူ႔အျပဳအမႈကို ျမင္ေတာ့ ကၽြန္မ အံ့ၾသသြားတယ္။ ဘာျဖစ္လို႔ပါလိမ့္… ထီးကို အျမန္ဖြင့္ၿပီး သူ႔ေနာက္ ကၽြန္မ အေျပးလိုက္ခဲ့တယ္။

“ ေမာင္ေဝယံ .. ဘာျဖစ္တာလဲ.. အိမ္ကို ဖုန္းဆက္ၿပီး လာမႀကိဳခိုင္းဘူးလား” ထီးမိုးေပးၿပီး သူေရွ႕မွာ ဒူးေထာက္ခ်ရင္း ကၽြန္မ ေမးလိုက္တယ္။

“ရတယ္ ဆရာမ၊ ကၽြန္ေတာ္ဘာသာ ျပန္လိုက္မယ္”

“မိုးေတြ ဒီေလာက္ႀကီးေနတာ၊ ဖ်ားလိုက္မယ္။ လာခဲ့ ဆရာမ လိုက္ပို႔မယ္”

“ကိစၥမရွိဘူး ဆရာမ၊ ကၽြန္ေတာ့္အိမ္က ေက်ာင္းေရွ႕မွာတင္ ခဏေလးဆို ေရာက္ၿပီ”

“ဆရာမမွာ ကားပါတယ္။ ဒီထီးယူသြားလိုက္ ေသခ်ာျပန္ဦးေနာ္” စိုေနတဲ့ သူ႔ေခါင္းကို ကၽြန္မပြတ္သပ္ၿပီး ေျပာလိုက္တယ္။

🎼“ေက်းဇူးတင္ပါတယ္ ဆရာမ” ထီးကို လွမ္းယူၿပီး ကၽြန္မကို ျပဳံးျပရင္း မိုးေရထဲ သူတိုးဝင္သြားတယ္။

အျပန္လမ္းရဲ့ မိုးသဲထဲမွာ ကားကို ဂ႐ုတစိုက္ေမာင္းရင္း လမ္းထက္ဝက္ေရာက္ေတာ့ ကၽြန္မရဲ့ ဖုန္း နားေနခန္းမွာ က်န္ခဲ့တာကို သတိရမိလိုက္တယ္။ ေမ့တတ္တဲ့ ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္ရင္း ဖုန္းျပန္ယူဖို႔ ကားကို ျပန္ေကြ႕လိုက္တယ္။ ကားေရွ႕မွန္ေပၚက သဲသဲမည္းမည္းက်လာတဲ့ မိုးေရေတြကို ေရသုတ္တံက အဆက္မျပတ္ ဖယ္ရွားလို႔ေနတယ္။ မီးပြိဳင့္တစ္ခုမွာ ကၽြန္မ ရပ္ေစာင့္ေနတုန္း ရင္းႏွီးေနတဲ့ ပုံရိပ္တစ္ခုကို မိုးေရထဲမွာ ကၽြန္မ ျမင္လိုက္မိတယ္။ ေမာင္ေဝယံပါလား… ၿခံဝင္းတစ္ခုထဲ ေသာ့ဖြင့္ၿပီး သူဝင္သြားတာကို ေတြ႕လိုက္တယ္။

🎼“သူ ဒီမွာေနတာလား.. သူ႔အိမ္က ေက်ာင္းေရွ႕မွာဆို” ကၽြန္မ တအံ့တၾသ အသံတိတ္ ေရရြတ္လိုက္မိတယ္။
ေက်ာင္းနဲ႔ ႏွစ္ကီလိုမီတာေလာက္ ေဝးတဲ့ အိမ္ကို မိုးရြာထဲမွာ အသက္(၆)ႏွစ္အရြယ္ ကေလးတစ္ေယာက္က လွမ္းေလၽွာက္ျပန္ရတယ္ဆိုေတာ့ ကၽြန္မ ဝမ္းနည္းသြားမိတယ္။ အိမ္က ေက်ာင္းေရွ႕မွာတင္လို႔ ဘာေၾကာင့္ ကၽြန္မကို သူလိမ္ခဲ့ပါလိမ့္… ကၽြန္မကို ေၾကာက္လို႔လား… ကၽြန္မ လိုက္ပို႔မွာကို အားနာလို႔လား…

“ျပမ္..ျပမ္…”

မီးစိမ္းလို႔ ေနာက္က တီးလိုက္တဲ့ ကားဟြန္းသံေၾကာင့္ ကၽြန္မ အေတြးစကိုျဖတ္ၿပီး လီဗာကို ဖိနင္းလိုက္တယ္။

🎼“ဝင္ခြင့္ျပဳပါ ဆရာမ”

“ ေဟာ … ေမာင္ေဝယံ လာခဲ့”

“ဆရာမကို ထီးျပန္လာေပးတာ ေက်းဇူးတင္ပါတယ္ ဆရာမ”

ငွားသြားတဲ့ထီးကို ျပန္ေပးဖို႔ သူအမွတ္ရတတ္ေနၿပီး ေပးလိုက္တဲ့ အိမ္စာကိုက်ေတာ့ ဘာလို႔ အမွတ္မရတတ္တာလဲလို႔ တရိုတေသ လွမ္းေပးလိုက္တဲ့ ထီးကို ယူရင္း ကၽြန္မ ေတြးလိုက္မိတယ္။

“ ေမာင္ေဝယံ ဆရာမ တစ္ခုေမးစရာရွိလို႔။ ေမာင္ေဝယံရဲ့ အိမ္က ေက်ာင္းေရွ႕မွာပဲဆို”

ေခါင္းငုံ႔ႏႈတ္ဆိတ္ေနတဲ့ သူ႔ကို ၾကည့္ၿပီး အလိမ္ေပၚသြားမွန္း ကၽြန္မသိလိုက္တယ္။

“ကိစၥမရွိဘူး ေမာင္ေဝယံ အမွန္အတိုင္းေျပာ ဆရာမ အျပစ္မေပးပါဘူး”

“ဟုတ္ကဲ့ ဆရာမ မေန႔က ကၽြန္ေတာ္လိမ္ေျပာမိတာပါ”

“ဆရာမကို ဘာျဖစ္လို႔ လိမ္ရတာလဲ”

“ဆရာမ လိုက္ပို႔မယ္ဆိုလို႔ ကၽြန္ေတာ္ အားနာလို႔ပါ”

ၾကည့္စမ္း… အသက္နဲ႔ မလိုက္ေအာင္ ေျဖလိုက္တာ သူ႔အေျဖက ကၽြန္မေတာင္ ထင္မွတ္မထားဘူး။

“အားမနာပါနဲ႔ လမ္းၾကဳံေနတာပဲ.. ေနာက္တစ္ခါ ဆရာမကို မလိမ္ရဘူးေနာ္”

“ဟုတၠဲ့ ဆရာမ”

“ေကာင္းၿပီ.. စာသင္ခန္းထဲ ျပန္ေတာ့ အိမ္စာေတြ လုပ္ခဲ့ဖို႔ မေမ့နဲ႔ဦးေနာ္”

“ဟုတၠဲ့ ဆရာမ”

လွည့္ထြက္သြားတဲ့ သူ႔ကို ေငးရင္း “ မေကာင္းတဲ့ အက်င့္ေတြကို ျပင္လိုက္ရင္ ဒီကေလးကေတာ့ ေျပာစရာ မရွိေအာင္ကို လွပျပည့္စုံသြားမွာပဲ” လို႔ ေတြးလိုက္မိတယ္။

“ဆရာမ.. ဆရာမ”

လွည့္ၾကည့္လိုက္ေတာ့ စာအုပ္တစ္အုပ္ကို ကိုင္ၿပီး ျမဴးေနတဲ့ ပုံစံနဲ႔ အေျပးတစ္ပိုင္း လာေနတဲ့ ေမာင္ေဝယံကို ကၽြန္မေတြ႕လိုက္တယ္။

“ဆရာမ.. ကၽြန္ေတာ္ အိမ္စာျပမလို႔”

“ဟာ.. တကယ္လား.. ၾကည့္စမ္း…အိမ္စာ တကယ္လုပ္ခဲ့ၿပီ။ လိမၼာလိုက္တာ.. လာ.. ဆရာမ ဆုခ်မယ္”

အိတ္ထဲက ခ်ိဳခ်ဥ္တစ္လုံးကို ယူၿပီး သူ႔ကို ကၽြန္မ ကမ္းေပးလိုက္တယ္။

“ေက်းဇူးတင္ပါတယ္ ဆရာမ” ဝမ္းသာအားရနဲ႔ ခ်ိဳခ်ဥ္ကို အကၤ်ီအိတ္ကပ္ထဲ ေသခ်ာထည့္ၿပီး ကၽြန္မကို သူျပဳံးျပတယ္။

🎼ကၽြန္မလည္း ဝမ္းသာမိပါတယ္။ အိမ္စာေတြကို အခ်ိန္ဆြဲလုပ္ေနရာက ေျဖးေျဖးမွန္မွန္နဲ႔ သူလုပ္လာတတ္တာကို ကၽြန္မသတိထားလိုက္မိတယ္။ သူအိမ္စာတင္တဲ့အတြက္ ဒီေန႔တစ္ေန႔လုံး ကၽြန္မ ေပ်ာ္ေနမိတယ္။ ေကြးေကြးေကာက္ေကာက္ ေရးထားတဲ့ လက္ေရးနဲ႔ ခဲဖ်က္ရာ အထပ္ထပ္ ဖ်က္ထားတဲ့ သူ႔စာေတြကို ကၽြန္မ ခ်က္ခ်င္းဖတ္ၾကည့္လိုက္တယ္။

“ကၽြန္ေတာ္၏ မိသားစု” ဆိုတဲ့ ေခါင္းစဥ္နဲ႔ ေရးထားတဲ့ အေၾကာင္းအရာက ရွင္းရွင္းေလး…..

🎼“ကၽြန္ေတာ့္မွာ မိသားစု သုံးဦးရွိတယ္။ ေဖေဖ၊ ေမေမနဲ႔ ကၽြန္ေတာ္ျဖစ္တယ္။ ေဖေဖက အရမ္းခန႔္သလို ေမေမလည္း အရမ္းေခ်ာပါတယ္။ ေဖေဖက ေန႔တိုင္း ပင္ပင္ပန္းပန္း အလုပ္လုပ္ရသလို ကၽြန္ေတာ္ကလည္း ေန႔တိုင္း ပင္ပင္ပန္းပန္း ေက်ာင္းတက္ရတယ္။ ေမေမက ကံအေကာင္းဆုံးေပါ့။ ေန႔တိုင္း အိမ္မွာပဲေနၿပီး ကၽြန္ေတာ္နဲ႔ ေဖေဖျပန္အလာကို ေစာင့္ေန႐ုံပါပဲ။ တစ္ခါတေလ ေမေမ့ကို ကၽြန္ေတာ္အရမ္းအားက်တယ္။ ကၽြန္ေတာ့္သူငယ္ခ်င္းေတြရဲ့ မိဘက မၾကာခဏ ရန္ျဖစ္တတ္တယ္လို႔ ၾကားဖူးပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ့္ ေဖေဖနဲ႔ ေမေမက တစ္ခါမွ ရန္မျဖစ္ၾကဘူး။

တစ္ေယာက္ကို တစ္ေယာက္ အရမ္းခ်စ္ၾကတယ္။ ဒါေၾကာင့္ ကၽြန္ေတာ့္ရဲ့ မိသားစုဟာ အျမဲ ေပ်ာ္ရႊင္ေနတယ္။ သင့္ျမတ္ေနတယ္။ ေက်ာင္းပိတ္ရက္ေတြဆိုရင္ ေဖေဖ၊ ေမေမတို႔နဲ႔ ဗီဒီယို ၾကည့္ရတာကို ကၽြန္ေတာ္အရမ္းႀကိဳက္တယ္။ ေဖေဖက အလုပ္မ်ားလို႔ ကၽြန္ေတာ္နဲ႔အတူ အျမဲတမ္း အျပင္ထြက္ မကစားနိုင္ဘူး။ ဒါေပမဲ့ ကိစၥမရွိပါဘူး။ အခုလို အတူတူေနရတာကိုပဲ ကၽြန္ေတာ္ေပ်ာ္တယ္။ ေဖေဖနဲ႔ ေမေမကို ကၽြန္ေတာ္ အရမ္းခ်စ္တယ္”

ဖတ္ၿပီး ကၽြန္မ အသံထြက္ ရယ္လိုက္မိတယ္။ ေက်ာင္းတက္ရတာကို ပင္ပန္းတယ္ထင္ၿပီး အိမ္မွာေနတဲ့ အေမ့ကို အားက်တယ္လို႔ ေျပာတဲ့ သူ႔ကို အိမ္ရွင္မ တာဝန္ဟာ ပိုပင္ပန္းတဲ့အေၾကာင္း ကၽြန္မ ေျပာျပဦးမယ္။ ရိုးရွင္းတဲ့ သူ႔စာကို ဖတ္ၾကည့္ျခင္းအားျဖင့္ သူဟာ ေပ်ာ္ရႊင္စရာ မိသားစုက ေပါက္ဖြားလာမွန္း ပိုသိသာေစတယ္။

🎼“ဆရာမ.. ဆရာမ.. ရန္ျဖစ္ေနၾကၿပီ” လို႔ ေအာ္လိုက္တဲ့ ေက်ာင္းသူတစ္ေယာက္ရဲ့ အသံက ေမာင္ေဝယံရဲ့ စာကို ဖတ္ၿပီး ဝမ္းသာေနတဲ့ ကၽြန္မရဲ့စိတ္ကို ၾကက္ေပ်ာက္ ငွက္ေပ်ာက္ ေပ်ာက္သြားေစတယ္။ ကေလးေတြ ရန္ျဖစ္မွာကို ကၽြန္မ အေၾကာက္ဆုံးပါ။ ခိုက္မိၿပီး ေသြးထြက္လာတဲ့ ဒဏ္ရာေတြ၊ ေရာင္လာတဲ့ ဒဏ္ရာေတြကို အုပ္ထိန္းသူေတြ နားလည္ေအာင္ ရွင္းျပရတဲ့အလုပ္ကို ကၽြန္မ အေၾကာက္ဆုံးပါ။ ရန္ျဖစ္တဲ့ ေနရာကို ကၽြန္မ အေျပးေလး သြားလိုက္တယ္။

“ ေဝယံ… ေအာင္ေအာင္ ရန္ျဖစ္တာကို ရပ္လိုက္စမ္း” ကၽြန္မ ေအာ္သံကို ၾကားေတာ့ လုံးေထြးေနသူႏွစ္ေယာက္ ခ်က္ခ်င္းရပ္တန႔္သြားတယ္။

“ ဘာျဖစ္လို႔ ရန္ျဖစ္တာလဲ”

“သူ႔ ကၽြန္ေတာ့္ကို အရင္ထိုးလို႔ ဆရာမ”

“ေဝယံ ဘာျဖစ္လို႔ ေအာင္ေအာင္ကို ထိုးရတာလဲ”

“ဆရာမ ေပးထားတဲ့ ကၽြန္ေတာ့္ခ်ိဳခ်ဥ္ကို သူလုလို႔ .. ျပန္ေပးဖို႔ ကၽြန္ေတာ္ေတာင္းေတာ့ သူမေပးဘူး”

“ဘာပဲျဖစ္ျဖစ္ ေနာက္ဆို ရန္မျဖစ္ရဘူး ၾကားလား… ေအာင္ေအာင္လည္းမွတ္ထား .. သူတစ္ပါး ပစၥည္းကို ေလၽွာက္မယူရဘူး ၾကားလား…အခ်င္းခ်င္း လက္ဆြဲႏႈတ္ဆက္ၿပီး ေတာင္းပန္ၾက”

အျမဲတမ္း တစ္ေယာက္တည္း ထီးထီးေနတတ္တဲ့၊ လူေတြနဲ႔ အေရာမဝင္တတ္တဲ့ ေမာင္ေဝယံတစ္ေယာက္ ခ်ိဳခ်ဥ္ေလး တစ္လုံးေၾကာင့္ လူေတြနဲ႔ ရန္ျဖစ္ခဲ့တယ္။ အဲဒီခ်ိဳခ်ဥ္ဟာ သူ႔အတြက္ ေတာ္ေတာ္ တန္ဖိုးႀကီးေနပုံရတယ္။

ေက်ာင္းဆင္းေတာ့ ဆင္ဝင္ေအာက္မွာ ရပ္ေနတဲ့ သူ႔ကို ကၽြန္မေတြ႕လိုက္ျပန္တယ္။

“ေမာင္ေဝယံ ဘယ္သူကို ေစာင့္ေနတာလဲ”

“ကၽြန္ေတာ့္ေဖေဖ လာႀကိဳမယ္ ေျပာလို႔ ေဖေဖကို ေစာင့္ေနတာ”

“ေအာ္.. ေမာင္ေဝယံ မိဘအစည္းအေဝးဖိတ္စာကို လက္မွတ္ထိုးခိုင္းထားတာ ေမာင္ေဝယံ ျပန္မေပးေသးဘူးေနာ္။ မနက္ျဖန္ ယူခဲ့ရင္ ဆရာမ ခ်ိဳခ်ဥ္တစ္ထုပ္ ဆုခ်မယ္” ခ်ိဳခ်ဥ္တစ္လုံးေၾကာင့္ ရန္ျဖစ္တဲ့ အခြင့္အေရးကို ကၽြန္မယူလိုက္တယ္။

“တကယ္လား ဆရာမ” သူ႔မ်က္လုံးေလး ဝင္းခနဲ႔ျဖစ္သြားတယ္။

“တကယ္ေပါ့”

“ကၽြန္ေတာ္ တကယ္ယူခဲ့မယ္”

“ၾကည့္စမ္း.. ဆရာမ ခ်ိဳခ်ဥ္ေတာင္ယူခဲ့တယ္။ မင္းက ဖိတ္စာကို ေမ့ခဲ့ျပန္ၿပီ”

“ကၽြန္ေတာ္ တကယ္ေမ့ခဲ့လို႔ပါ ဆရာမ”

“ဒါဆို မင္းခ်ိဳခ်ဥ္မစားရေတာ့ဘူး။ အရင္ပတ္က သခၤန္းစာေတြ ၿပီးေအာင္လုပ္ရင္ ဆရာမ ဒီခ်ိဳခ်ဥ္ေတြနဲ႔ ဆုခ်မယ္”
“ဟုတၠဲ့ ဆရာမ”

နားေနခန္းကို ေရာက္ေတာ့ အစည္းအေဝးတက္ဖို႔ လူေတြကို စာရင္းျပဳရင္း ေမာင္ေဝယံရဲ့ မိဘေတြ အစည္းအေဝး တက္နိုင္ မတက္နိုင္ကို ေမးဖို႔ ေမ့ခဲ့တယ္။သူ႔စာထဲမွာ ေမေမက ေန႔တိုင္းအိမ္မွာ ရွိတယ္ဆိုလို႔ သူ႔အိမ္ကို ဖုန္းဆက္ေမးဖို႔ ကၽြန္မဆုံးျဖတ္လိုက္တယ္။ သုံး ေလးႀကိမ္ဆက္ေပမဲ့ ဖုန္းသာျမည္ၿပီး လာကိုင္တဲ့လူ မရွိခဲ့ဘူး။

ခုတစ္ေလာ ကၽြန္မရဲ့ ခ်ိဳခ်ဥ္အစြမ္းေၾကာင့္ ေမာင္ေဝယံ စာေတြကို မွန္မွန္လိုက္လုပ္လာတယ္။ ကၽြန္မ ဝမ္းသာမိပါတယ္။ သူ႔ကို ေတာ္ေၾကာင္း လိမၼာေၾကာင္း ခ်ီးက်ဴးမိရင္ သူ႔မ်က္ႏွာေပၚမွာ ေပ်ာ္ရႊင္တဲ့ အျပဳံးေတြ၊ အားရတဲ့ အၿပံဳးေတြနဲ႔ လင္းလက္လို႔ သြားတယ္။

“ဆရာမ .. ဆရာမ.. ေမာင္ေဝယံ ေတာ္ေတာ္ထူးဆန္းတယ္”

တစ္ေန႔မွာ အတန္းထဲက ကေလးမတစ္ေယာက္ ကၽြန္မကို အဲဒီလို ေျပာလာပါတယ္။ ကၽြန္မ နားမလည္စြာနဲ႔ “ဘာျဖစ္တာလဲ.. ေမာင္ေဝယံ ဘာလုပ္ျပန္ၿပီလဲ”
“သူ႔အေမဆီ ဖုန္းဆက္ေနတာ ေတြ႕လို႔”

“သူ႔အေမဆီ ဖုန္းဆက္တာမ်ား ဘာမ်ားထူးဆန္းေနလို႔လဲ”

“သူေျပာတဲ့ စကားေတြက ထူးဆန္းေနတာ ဆရာမ”

“သူဘာေတြေျပာလို႔လဲ”

“ သူက… ေမေမ.. ဒီေန႔သား ေက်ာင္းစာ ေလ့က်င့္ခန္းေတြလုပ္လို႔ ဆရာမက သားကို ခ်ိဳခ်ဥ္ဆုခ်တယ္ သိလား ေမေမတဲ့။ ဒါကို ဖုန္းဆက္ၿပီး ေျပာေနေသးတယ္။ အိမ္ေရာက္မွ ေျပာလဲ ရရဲ့သားနဲ႔ေနာ္ ဆရာမ”

“ဟုတ္တယ္..ဟုတ္တယ္… အိမ္ေရာက္မွ ေျပာေတာ့ ဘာျဖစ္လဲေနာ္”

“ဆရာမ.. သူ႔အေမဆီ ဒီလို ဖုန္းဆက္တာ သားလဲ ခဏခဏ ျမင္ဖူးတယ္”

ေက်ာင္းသားေတြက တစ္ေယာက္တစ္ေပါက္ ဝိုင္းေထာက္ခံၾကတယ္။

“ ေမာင္ေဝယံက သူ႔အေမကို ဝမ္းသာေစခ်င္လို႔ ေက်ာင္းမဆင္းခင္ဆက္လိုက္တာ ျဖစ္မွာေပါ့။ သူလည္း သားတို႔ သမီးတို႔လို လိမၼာပါတယ္။ အိမ္စာေတြ၊ သခၤန္းစာေတြ ေနာက္က်မွ တင္တတ္ေပမဲ့ သူ႔မွာလည္း သူ႔ေကာင္းကြက္ေတြ ရွိပါတယ္။ ကဲ..ကဲ အားလုံး ခ်စ္ခ်စ္ခင္ခင္ေနၾကေနာ္”

ေက်ာင္းသားေတြ အားလုံး ေမာင္ေဝယံရဲ့ အျပဳအမႈကို သံသယမျဖစ္ေစခ်င္ပါဘူး။ ထီးထီးေနတတ္ၿပီး လူေတြနဲ႔ အေျပာအဆိုနည္းတဲ့ သူ႔ကို ကၽြန္မအခ်ိန္ေတြယူၿပီး အေကာင္းဖက္ကို တေျဖးေျဖး သင္ယူေနတုန္းမွာ သူ႔ေၾကာင့္ ဘာျပႆနာမွ ထပ္မတက္ေစခ်င္ပါဘူး။

စက္တင္ဘာ ၂၈ရက္ေန႔။ ဒီေန႔က ကၽြန္မအတြက္ ဆရာမဘဝရဲ့ ပထမဦးဆုံးေသာ “ဆရာမ်ားေန႔” ျဖစ္တယ္။ ကၽြန္မရဲ့ စိတ္ေတြ ၾကည္လင္ လန္းဆန္းလို႔ေနတယ္။

“ဆရာမ်ားေန႔မွာ ေပ်ာ္ရႊင္ပါေစ ဆရာမ.. ဆရာမ ဒါသမီး ကိုယ္တိုင္ လုပ္ထားတဲ့ ကတ္ကေလး”

“ဆရာမအတြက္ ဒါသမီးတို႔ၿခံက ႏွင္းဆီပန္း”

“ဆရာမ သားမွာလည္း ရွိေသးတယ္”

“ဆရာမ အထဲမြာ ဘာထုပၴားသလဲ သိလား”

ကၽြန္မ ပတ္ပတ္လည္မွာ ေက်ာင္းသားေတြက တစ္ေယာက္တစ္ေပါက္ ဝိုင္းေအာ္ၿပီး သူ႔တို႔ ကိုယ္တိုင္လုပ္ထားတဲ့ ကတ္ေလးေတြ၊ လက္ေဆာင္ပစၥည္းေတြကို ကၽြန္မအတြက္ ယူလာခဲ့ၾကတယ္။ ကၽြန္မ မ်က္ဝန္းမွာ မ်က္ရည္ဥေလးေတြ သီခိုေနတယ္။ အျပစ္ကင္းစင္ၿပီး လိမၼာတဲ့ သူတို႔ရဲ့ ေစတနာ ေမတၱာေတြက ကၽြန္မရဲ့ ပင္ပန္းမႈ ဒဏ္ကို အေဝးသို႔ လြင့္စင္ေစခဲ့တယ္။

“ဆရာမ ရန္ျဖစ္ေနၾကတယ္”

ေက်ာင္းသူတစ္ဦးရဲ့ ေအာ္သံေၾကာင့္ ကၽြန္မရဲ့ ေပ်ာ္ရႊင္မႈေတြ ၾကာၾကာမခံလိုက္ပါဘူး။ ရန္ျဖစ္တဲ့ ေနရာကို ကၽြန္မ အေျပးေလး သြားလိုက္တယ္။ မေမၽွာ္လင့္တဲ့ ျမင္ကြင္းတစ္ခုက ကၽြန္မကို ဆီးႀကိဳေနပါတယ္။ ေက်ာင္းသားတစ္ေယာက္က ေမာင္ေဝယံရဲ့ ေျခရင္းမွာ ဝပ္လဲလို႔.. ေမာင္ေဝယံရဲ့ ပုံစံက ေဒါသအရမ္းထြက္ေနတဲ့ ႏြားရိုင္းတစ္ေကာင္လို႔ အသက္ကို ခပ္ျပင္းျပင္းရႈလို႔ေနတယ္။

“ဘယ္သူအရင္ ရန္စတာလဲ ဆရာမကို ေျပာစမ္း”

“သူ…” ေက်ာင္းသားအားလုံးရဲ့ လက္ညိဳးက ေမာင္ေဝယံဖက္ကို ဦးတည္လို႔။

“ေမာင္ေဝယံ ဘာျဖစ္လို႔ ဒီေလာက္ရန္ျဖစ္ခ်င္ေနတာလဲ .. ေျပာစမ္း” ကၽြန္မရဲ့ အသံက လိုအပ္တာထပ္ ပိုက်ယ္ေနမိတယ္။

“ေခါင္းေမာ့ၿပီး ဆရာမကို ေျပာစမ္း”

“ကၽြန္ေတာ့္ ေမေမဆီ ဖုန္းဆက္တာကို သူခိုးနားေထာင္လို႔”

မ်က္ရည္ေတြ ပါးျပင္ေပၚ တစ္ေပါက္ေပါက္က်ရင္း သူက ျပန္ေျဖတယ္။ သူမ်က္ရည္က်တာကို ကၽြန္မတစ္ခါမွ မျမင္ဖူးခဲ့ဘူး။ အိမ္စာမလုပ္လို႔၊ သခၤန္းစာေတြ မလုပ္လို႔ ကၽြန္မသူ႔ကို အျပစ္ေပးခဲ့ေပမဲ့ သူလုံးဝ မငိုခဲ့ပါဘူး။ အခုမွ ဘာေၾကာင့္ သူမ်က္ရည္ေတြက အတားအဆီးမရွိ ေတာက္ေတာက္က်ေနပါလိမ့္..

“ဖုန္းနားေထာင္တာကို ရန္ျဖစ္ရသလား.. ဒီေနရာမွာ ေက်ာင္းသားေတြ အမ်ားႀကီးပဲ ဒါကို ခိုးနားေထာင္တယ္လို႔ မေခၚဘူး သိလား.. ေမာင္ေဝယံ”

ကၽြန္မ အေျပာကို သူေခါင္းညိတ္ၿပီးလည္း မေထာက္ခံ၊ ေခါင္းခါၿပီးလည္း မျငင္းဆန္ခဲ့ဘူး။ မ်က္ရည္ေတြသာ သူ႔ပါးေပၚ အဆက္မျပတ္စီးက်လို႔ေနတယ္။

“ကဲ .. အားလုံး အတန္းထဲ ဝင္ၾက.. ေအာင္ေအာင္လည္း ေနာက္ဆို တစ္ျခားလူ ဖုန္းဆက္ေနရင္ ခိုးနားမေထာင္ရဘူး ၾကားလား”

ေက်ာင္းသားေတြ အတန္းထဲ ဝင္ၾကေတာ့ အတန္းအျပင္ဖက္မွာ ကၽြန္မနဲ႔ ေမာင္ေဝယံႏွစ္ေယာက္တည္း က်န္ေနခဲ့တယ္။ သူနဲ႔ ကၽြန္မ စကားေကာင္းေကာင္း ေျပာခ်င္ေသးတယ္။ ဘာေၾကာင့္မွန္းမသိ သူ႔ကို တစ္ျခားေက်ာင္းသားေတြထက္ ကၽြန္မပို သံေယာဇဥ္ျဖစ္မိတယ္။

“ဆရာမ ဒါ ကၽြန္ေတာ္ မတင္ရေသးတဲ့ ပုံပါ” မ်က္ရည္ေတြကို သုတ္ရင္း ၾကမ္းျပင္ေပၚ က်ေနတဲ့ စာအုပ္ကို ေကာက္ယူၿပီး ကၽြန္မကို လွမ္းေပးလိုက္တယ္။

“ တပည့္ေတြ ေလ့က်င့္ခန္း မွန္မွန္လုပ္ၿပီး မွန္မွန္တင္ရင္ ဆရာမအရမ္းဝမ္းသာတယ္ သိလား ေမာင္ေဝယံ။

ဆရာမ မင္းကို သေဘာက်တယ္။ လိမၼာေစခ်င္တယ္။ ဒါေပမဲ့ တစ္ခါတေလ မင္းေၾကာင့္ ဆရာမ စိတ္ဓာတ္ေတာ္ေတာ္က်မိတယ္ သိလား။ မင္းလိမၼာတယ္ဆိုတာ ဆရာမ သိတယ္။ ဒီေန႔လို ကိစၥေသးေသး မႊားမႊားေလးနဲ႔ မင္းရန္မျဖစ္သင့္ဘူး သိလား”

“ သူ႔ ကၽြန္ေတာ့္ကို ေလွာင္လို႔”

“ေလွာင္လို႔? သူက ဘယ္လို ေလွာင္လို႔လဲ”

“ေမေမနဲ႔ ကၽြန္ေတာ္ စကားေျပာတာကို သူေလွာင္တယ္” ေျပာရင္း မ်က္ရည္ေတြက စီးက်လို႔ လာျပန္တယ္။

“ေမာင္ေဝယံက ေမေမနဲ႔ ဘာေတြ ေျပာခဲ့လို႔လဲ.. ဆရာမကို ေျပာျပ”

သူေခါင္းကို ငုံ႔လိုက္တယ္။ ကၽြန္မကို သူ႔ေမေမနဲ႔ ေျပာတဲ့ စကားေတြ သိပ္ေျပာျပခ်င္ပုံ မေပၚဘူး။

“ဆရာမ မင္းကို မေလွာင္ဘူး။ ရယ္လည္း မရယ္ဘူး ဟုတ္ၿပီလား”

တေအာင့္ေနေတာ့ သူ႔ေမေမကို ေျပာခဲ့တဲ့ စကားေတြကို ကၽြန္မကို အစအဆုံး ရြတ္ျပပါတယ္။

“ေမေမ.. သိလား.. ခုတစ္ေလာ သား ဆရာမေပးတဲ့ ေလ့က်င့္ခန္းေတြကို မွန္မွန္လုပ္လို႔ ဆရာမက သားကို ေတာ္ေၾကာင္းခ်ီးက်ဴးတယ္။ ဆရာမက သားကို ခ်ိဳခ်ဥ္ေတြ ဆုခ်တယ္ ေမေမ။ ဒီေန႔လည္း ဆရာမဆြဲခိုင္းတဲ့ ပုံကို သားတင္မလို႔။ ဒီပုံကို ဆရာမ ဆြဲခိုင္းတာ ၾကာေနၿပီ။ ေခါင္းစဥ္က “ကၽြန္ေတာ္၏ ေမေမ”ဆိုလို႔ သားက ေမေမ့ပုံကို မဆြဲတတ္လို႔ မတင္ျဖစ္ခဲ့ဘူး။ ေမေမ.. ေမေမ့ကို သားအရမ္းလြမ္းတယ္ ေမေမ။

ေမေမ ဘယ္အခ်ိန္အထိ အိပ္ေနဦးမလဲ ေမေမ။ ဘယ္အခ်ိန္က်မွ မ်က္လုံးဖြင့္ၿပီး သားကိုၾကည့္မလဲ ေမေမ။ ဒီေန႔က ဆရာမ်ားေန႔တဲ့ ေမေမ။ ေမေမ့အတြက္ ေဖေဖေန႔တိုင္းေပးတဲ့ ႏွင္းဆီပန္းေတြကို ၾကည့္ၿပီး ဆရာမလည္း မိန္းကေလးျဖစ္တဲ့အတြက္ ႏွင္းဆီပန္းႀကိဳက္မယ္ ထင္ၿပီး ဆရာမအတြက္ ေဖေဖကို ႏွင္းဆီပန္းေတြ ပိုဝယ္ခိုင္းလိုက္ေသးတယ္။ ေမေမ စိတ္မဆိုးပါနဲ႔ေနာ္ ေမေမ”

ေျပာေျပာဆိုဆို ေမာင္ေဝယံက လြယ္အိတ္ထဲမွာ ဖိလို႔ ပုံပ်က္ၿပီး ျပားခ်ပ္ေနတဲ့ ႏွင္းဆီပန္းတစ္ပြင့္ကို ယူၿပီး ကၽြန္မကို ကမ္းေပးပါတယ္။

“ ဆရာမ်ားေန႔မွာ ေပ်ာ္ရႊင္ပါေစ ဆရာမ”

ကၽြန္မႏႈတ္ခမ္းက ဘာသံမွ ထြက္မလာနိုင္ေအာင္ ဝမ္းနည္းၿပီး ကၽြန္မငိုမိပါတယ္။

“သူက ကၽြန္ေတာ့္ကို အ႐ူးလို႔ ေျပာေသးတယ္ဆရာမ။ သူက ေျပာတယ္ ကၽြန္ေတာ့္ေမေမက ေသၿပီတဲ့။ ေနာက္ဆို ကၽြန္ေတာ္ ရန္မျဖစ္ေတာ့ပါဘူး ဆရာမ”

ကၽြန္မသူ႔ကို ရင္ခြင္ထဲ တင္းတင္းေလး ေထြးေပြ႕ထားလိုက္မိတယ္။ ႏွလုံးေတြ အသဲေတြ ကြဲေၾကမတတ္ ကၽြန္မငိုမိခဲ့တယ္။ အေဖက စားဝတ္ေနေရးအတြက္ ႐ုန္းကန္၊ အထိန္းအကြပ္မဲ့တဲ့ အေမ မရွိတာေတာင္ သူက ဒီေလာက္ သိတတ္ လိမၼာေနတယ္။ အေမအသက္ရွင္ေနဆဲလို႔ မွတ္ယူၿပီး အေမနဲ႔ ဖုန္းေျပာေနတဲ့ သူ႔ရဲ့ ပုံရိပ္ေတြ၊ ေသဆုံးသြားတဲ့ အေမ့ကို ပုံေဖာ္ၿပီး ေရးခဲ့တဲ့ သူ႔ရဲ့ခံစားခ်က္ေတြက ကၽြန္မရင္ထဲ စူးစူးနစ္နစ္ ထိုးဝင္လာခဲ့တယ္။

“ ေမာင္ေဝယံကို ဆရာမ ေတာင္းပန္ပါတယ္ကြယ္”

ရင္ထဲ နင့္ေနေအာင္ ကၽြန္မ ေျပာမိပါတယ္။ ဆရာမ တစ္ဦးျဖစ္တဲ့ ကၽြန္မက ကိုယ္သင္တဲ့ ကေလးတစ္ေယာက္အေပၚ ေသခ်ာ နားလည္နိုင္စြမ္းမရွိေအာင္ ကၽြန္မညံခဲ့တယ္။

တစ္ေန႔လုံး ဝမ္းနည္းစိတ္ကို ကၽြန္မ ထိန္းမရခဲ့ဘူး။ ေမာင္ေဝယံကို ဖက္ၿပီး ဘယ္ေလာက္ၾကာၾကာ ငိုခဲ့ မိမွန္း ကၽြန္မ မသိဘူး။ ညေန အိမ္ျပန္ေရာက္လို႔ တပည့္ေတြရဲ့ သခၤန္းစာေတြကို စစ္ေဆးေတာ့ ေမာင္ေဝယံဆြဲထားတဲ့ ပုံက ကၽြန္မကို ထပ္တစ္ဖန္ ဝမ္းနည္း မ်က္ရည္က်ေစျပန္တယ္။ သူဆြဲထားတဲ့ ပုံက စားပြဲတစ္လုံး၊ စားပြဲေပၚမွာ အမ်ိဳးသမီးပုံ ထည့္ထားတဲ့ မွန္ေဘာင္တစ္ခု၊ မွန္ေဘာင္ရဲ့ ေဘးတစ္ဖက္ တစ္ခ်က္စီမွာ နီရဲတဲ့ ႏွင္းဆီပန္းေတြ ထိုးထည့္ထားတဲ့ ပန္းအိုးေလး ႏွစ္လုံး …. ကၽြန္မ မင္နီနဲ႔ အမွတ္ျခစ္ၿပီး ပုံရဲ့ ေအာက္ဆုံးေထာင့္မွာ အမွတ္ေပးလိုက္မိပါတယ္။ ၁၀၀ မွတ္…..

အင္တာနက္ေပၚတြင္ ဖတ္ရႉမိေသာ ပုံျပင္တစ္ပုဒ္အား ဇာတ္လမ္းဆင္ ေရးဖြဲ႕ခံစားသည္။

နိုင္းနိုင္းစေန

သံလြင္အိပ္မက္မဂၢဇင္း အမွတ္(၁၁)တြင္ ေဖာ္ျပၿပီး

ေရးသားသူ……. နိုင္းနိုင္းစေန

#Credit မူရင္းေရးသူ

About the author

Aung Lay

Leave a Comment