ကိုယ့္အိုးနဲ႔ကိုယ့္ဆန္ တန္႐ုံေပါ့ဆိုတဲ့ ကိုယ့္ရဲ႕ေမြးသမိခင္ႀကီး ေျပာေျပာေနက်စကားေလး သြားသတိရမိတယ္။
ခု COVID ကပ္ဆိုးႀကီးဆိုက္ေတာ့ ကမာၻ႔ႏိုင္ငံအားလုံး ကိုယ့္နည္းကိုယ့္ဟန္နဲ႔၊ ကိုယ့္ႏိုင္ငံရဲ႕အေျခအေနနဲ႔ကိုက္ညီတဲ့နည္းလမ္းေတြနဲ႔ မွန္းဆၿပီးတိုက္ပြဲဝင္ၾကရတယ္။ မရႈမလွ ပိုးစိုးပက္စက္ရႈံးနိမ့္ၾကရတဲ့ႏိုင္ငံေတြရွိသလို၊ အေျခအေနသိပ္မပ်က္ဘဲ သာသာယာယာေရွ႕ဆက္ေနၾကတဲ့ႏိုင္ငံေတြလည္း ရွိၾကတာပဲ။
ကိုယ့္တကိုယ္တည္းအျမင္ေျပာရရင္ေတာ့ ကိုယ္ေတြႏိုင္ငံမွာလည္း ဒီကိစၥႀကီးအတြက္ ဘယ္လမ္းေ႐ြးရမလဲတိတိပပမသိဘဲ စမ္းတဝါးဝါးသြားေနၾကရပုံပဲ။ Totally Lock Down လုပ္ခ်လိုက္ရင္လည္း ေသခ်ာတယ္။ တိုင္းျပည္ပ်က္မွာပဲ။ မပူနဲ႔။ ေအးေဟ့၊ မေၾကာက္ၾကနဲ႔ ေနခ်င္သလိုေနၾက၊ သြားခ်င္သလိုသြားၾကဆိုလည္း ခ်ိန္ကိုက္ဗုံးေပါက္သလို ဝုန္းကနည္းထေပါက္ကြဲမွာပဲ။
ေရာဂါရဲ႕သေဘာသဘာဝကိုၾကည့္ရင္လည္း ကာကြယ္ေဆးရဖို႔ဆိုတာက အခ်ိန္အၾကာႀကီးေစာင့္ရဦးမယ္။ အဲ့ဒီေတာ့ Herd Immunity လို႔ေခၚတဲ့ လူထုအတြင္း မသိမသာကူးစက္ၿပီး ကိုယ္ခံအားတက္တဲ့အခ်ိန္ကိုေစာင့္ရမွာပဲ။
ဒီေနရာမွာ ျဖည္းျဖည္းခ်င္း စိတ္ေအးေအးထားၿပီးစဥ္းစားရမွာက ဒီေရာဂါကူးစက္ခံရသူတိုင္း လကၡဏာမျပၾကဘူး။ ၈၀% ေလာက္က ကူးၿပီးလို႔ကူးၿပီးမွန္းမသိေတာင္မသိၾကဘူး။ ကူးစက္ခံရၿပီး လကၡဏာျပသူတိုင္းကလည္း အေျခအေနအဆိုးႀကီးေတြမဟုတ္ၾကဘူး။ သာမန္ ဖ်ား၊ ေခ်ာင္းဆိုး၊ လည္ေခ်ာင္းနာ ဘာညာေလာက္ျဖစ္ၿပီး ျပန္ေကာင္းသြားၾကတယ္။ ရာခိုင္ႏႈန္းေတာ္ေတာ္နည္းတဲ့ပမာဏေလာက္ကပဲ ျပင္းထန္တဲ့ေရာဂါလကၡဏာေတြခံစားရတယ္။ အဲ့ဒီထဲကမွ အနည္းဆုံး(အနည္းဆုံး) အေရအတြက္ေလာက္ကပဲ အဖိတ္အစင္ရွိတယ္။ ဒါကလည္း အေထြအထူးေျပာေနစရာမလိုပါဘူး။ ေတာ္ေတာ္မ်ားမ်ားလည္း သိၾကၿပီးျဖစ္တယ္။
ေျပာခ်င္တာ Herd Immunity ဆိုတဲ့အေၾကာင္း။ အေပၚကေျပာခဲ့တဲ့ ကူးလို႔ကူးမွန္းေတာင္မသိဘဲ ေရာဂါကူးစက္ခံရၿပီးျပန္ေကာင္းသြားတဲ့သူေတြ။ သူတို႔မွာ ဒီေရာဂါအတြက္ Immune လို႔ေခၚတဲ့ ကိုယ္ခံအားရသြားတယ္။ သူတို႔ကို မကူးႏိုင္ေတာ့ဘူး။
အဲ့ဒီလို ကူးစက္ခံရၿပီး Immune ရသြားတဲ့လူအေရအတြက္ဟာ Total Population စုစုေပါင္းလူဦးေရရဲ႕ (အနည္းဆုံး) ၆၀% ေလာက္ရသြားရင္ လူထုအတြင္းေရာဂါကူးစက္မႈကသိသိသာသာေလ်ာ့က်သြားမယ္။ ျမန္မာႏိုင္ငံရဲ႕ လက္ရွိကူးစက္မႈႏႈန္းနဲ႔ဆို အဲ့ဒီ Herd Immunity ရဖို႔ ၂ႏွစ္ေလာက္ၾကာမယ္လို႔ ခန္႔မွန္းထားၾကတယ္။
ဆိုေတာ့ ကိုယ့္ႏိုင္ငံအေျခအေနနဲ႔ Totally Lock Down လုပ္ဖို႔ကေတာ့ ဘယ္လိုနည္းမွမျဖစ္ႏိုင္ဘူးဆိုတာ ထမင္းစားတဲ့သူတိုင္းနားလည္တယ္။ အခု Stay at home နဲ႔ေတာင္ ယြပိုးထိုးေနၾကတာ။ ကိုယ္ေတြက ေရွ႕ဆုံးက။
တာဝန္ရွိသူေတြအေနနဲ႔ကလည္း အဲ့ဒီအေျခအေနေလးကို လိုတိုးပိုေလွ်ာ့ ကစားေပးေနတယ္လို႔ျမင္မိတယ္။(ကိုယ့္ဘာသာကိုယ္ေတြးမိတဲ့ အျမင္ပါ) အဲ့ဒီဗ်ဴဟာက ခုခ်ိန္ထိေတာ့ အိုေကေနတယ္ေျပာရမယ္။ Positive ေတြ သိပ္မေတြ႕ေတာ့ဘူး။ အစုလိုက္အၿပဳံလိုက္ ကူးစက္ခံရတာ၊ အဖိတ္အစင္ျဖစ္တာေတြ သိပ္မၾကားရေသးဘူး။
ခုဆို Totally Lock down မဟုတ္ဘဲ၊ တဝက္တပ်က္ Lock down တာေတာင္ ၾကာလာေတာ့ မေနႏိုင္ၾကေတာ့ဘူး။ ထြက္လာၾကၿပီ။ ခါတိုင္းေလာက္နီးပါး လမ္းေပၚမွာလူေတြျပန္စည္လာၾကၿပီ။ ဒီထက္လည္း ထပ္ၾကာၾကာပိတ္ေလွာင္ထိန္းခ်ဳပ္ထားဖို႔က ကိုယ့္ႏိုင္ငံအေျခအေနအရ သိပ္မျဖစ္ႏိုင္ေတာ့ဘူး။ ေလွ်ာ့သင့္တာေတြ ေလွ်ာ့ေပးရေတာ့မယ္။
ဆိုေတာ့ အစုလိုက္အၿပဳံလိုက္ႀကီး ထမေပါက္ကြဲပါေစနဲ႔လို႔ပဲ ဆုေတာင္းရေတာ့မွာပဲ။ လက္ေဆး၊ Mask တပ္၊ ခပ္ခြါခြါေန၊ ေခ်ာင္းဆိုးရင္အုပ္ဆိုး စတာေတြကို ေပၚပင္ခဏမဟုတ္ဘဲ တကယ့္ Culture ႀကီး၊ လူ႔ယဥ္ေက်းမႈႀကီးျဖစ္ေအာင္ လုပ္ၾကရေတာ့မယ္။ ဒါအေရးအႀကီးဆုံးပဲ။
ကိုယ့္တေယာက္ခ်င္းစီ တေယာက္ခ်င္းစီက အဲ့ဒီလိုကာကြယ္မွသာ အားလုံးစိုးရိမ္ေနၾကတဲ့ ခ်ိန္ကိုဗုံးေပါက္ကြဲသလို ဝုန္းကနည္းထေပါက္မယ့္အေျခအေနကိုထိန္းသိမ္းႏိုင္ၾကမွာ။
အဲ့ဒီေတာ့ မိမိကစ ကာကြယ္ၾကပါဗ်ာ။
Okka Kyi Win
Unicode
ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်ရုံပေါ့ဆိုတဲ့ ကိုယ့်ရဲ့မွေးသမိခင်ကြီး ပြောပြောနေကျစကားလေး သွားသတိရမိတယ်။
ခု COVID ကပ်ဆိုးကြီးဆိုက်တော့ ကမ္ဘာ့နိုင်ငံအားလုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့၊ ကိုယ့်နိုင်ငံရဲ့အခြေအနေနဲ့ကိုက်ညီတဲ့နည်းလမ်းတွေနဲ့ မှန်းဆပြီးတိုက်ပွဲဝင်ကြရတယ်။ မရှုမလှ ပိုးစိုးပက်စက်ရှုံးနိမ့်ကြရတဲ့နိုင်ငံတွေရှိသလို၊ အခြေအနေသိပ်မပျက်ဘဲ သာသာယာယာရှေ့ဆက်နေကြတဲ့နိုင်ငံတွေလည်း ရှိကြတာပဲ။
ကိုယ့်တကိုယ်တည်းအမြင်ပြောရရင်တော့ ကိုယ်တွေနိုင်ငံမှာလည်း ဒီကိစ္စကြီးအတွက် ဘယ်လမ်းရွေးရမလဲတိတိပပမသိဘဲ စမ်းတဝါးဝါးသွားနေကြရပုံပဲ။ Totally Lock Down လုပ်ချလိုက်ရင်လည်း သေချာတယ်။ တိုင်းပြည်ပျက်မှာပဲ။ မပူနဲ့။ အေးဟေ့၊ မကြောက်ကြနဲ့ နေချင်သလိုနေကြ၊ သွားချင်သလိုသွားကြဆိုလည်း ချိန်ကိုက်ဗုံးပေါက်သလို ဝုန်းကနည်းထပေါက်ကွဲမှာပဲ။
ရောဂါရဲ့သဘောသဘာဝကိုကြည့်ရင်လည်း ကာကွယ်ဆေးရဖို့ဆိုတာက အချိန်အကြာကြီးစောင့်ရဦးမယ်။ အဲ့ဒီတော့ Herd Immunity လို့ခေါ်တဲ့ လူထုအတွင်း မသိမသာကူးစက်ပြီး ကိုယ်ခံအားတက်တဲ့အချိန်ကိုစောင့်ရမှာပဲ။
ဒီနေရာမှာ ဖြည်းဖြည်းချင်း စိတ်အေးအေးထားပြီးစဉ်းစားရမှာက ဒီရောဂါကူးစက်ခံရသူတိုင်း လက္ခဏာမပြကြဘူး။ ၈၀% လောက်က ကူးပြီးလို့ကူးပြီးမှန်းမသိတောင်မသိကြဘူး။ ကူးစက်ခံရပြီး လက္ခဏာပြသူတိုင်းကလည်း အခြေအနေအဆိုးကြီးတွေမဟုတ်ကြဘူး။ သာမန် ဖျား၊ ချောင်းဆိုး၊ လည်ချောင်းနာ ဘာညာလောက်ဖြစ်ပြီး ပြန်ကောင်းသွားကြတယ်။ ရာခိုင်နှုန်းတော်တော်နည်းတဲ့ပမာဏလောက်ကပဲ ပြင်းထန်တဲ့ရောဂါလက္ခဏာတွေခံစားရတယ်။ အဲ့ဒီထဲကမှ အနည်းဆုံး(အနည်းဆုံး) အရေအတွက်လောက်ကပဲ အဖိတ်အစင်ရှိတယ်။ ဒါကလည်း အထွေအထူးပြောနေစရာမလိုပါဘူး။ တော်တော်များများလည်း သိကြပြီးဖြစ်တယ်။
ပြောချင်တာ Herd Immunity ဆိုတဲ့အကြောင်း။ အပေါ်ကပြောခဲ့တဲ့ ကူးလို့ကူးမှန်းတောင်မသိဘဲ ရောဂါကူးစက်ခံရပြီးပြန်ကောင်းသွားတဲ့သူတွေ။ သူတို့မှာ ဒီရောဂါအတွက် Immune လို့ခေါ်တဲ့ ကိုယ်ခံအားရသွားတယ်။ သူတို့ကို မကူးနိုင်တော့ဘူး။
အဲ့ဒီလို ကူးစက်ခံရပြီး Immune ရသွားတဲ့လူအရေအတွက်ဟာ Total Population စုစုပေါင်းလူဦးရေရဲ့ (အနည်းဆုံး) ၆၀% လောက်ရသွားရင် လူထုအတွင်းရောဂါကူးစက်မှုကသိသိသာသာလျော့ကျသွားမယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိကူးစက်မှုနှုန်းနဲ့ဆို အဲ့ဒီ Herd Immunity ရဖို့ ၂နှစ်လောက်ကြာမယ်လို့ ခန့်မှန်းထားကြတယ်။
ဆိုတော့ ကိုယ့်နိုင်ငံအခြေအနေနဲ့ Totally Lock Down လုပ်ဖို့ကတော့ ဘယ်လိုနည်းမှမဖြစ်နိုင်ဘူးဆိုတာ ထမင်းစားတဲ့သူတိုင်းနားလည်တယ်။ အခု Stay at home နဲ့တောင် ယွပိုးထိုးနေကြတာ။ ကိုယ်တွေက ရှေ့ဆုံးက။
တာဝန်ရှိသူတွေအနေနဲ့ကလည်း အဲ့ဒီအခြေအနေလေးကို လိုတိုးပိုလျှော့ ကစားပေးနေတယ်လို့မြင်မိတယ်။(ကိုယ့်ဘာသာကိုယ်တွေးမိတဲ့ အမြင်ပါ) အဲ့ဒီဗျူဟာက ခုချိန်ထိတော့ အိုကေနေတယ်ပြောရမယ်။ Positive တွေ သိပ်မတွေ့တော့ဘူး။ အစုလိုက်အပြုံလိုက် ကူးစက်ခံရတာ၊ အဖိတ်အစင်ဖြစ်တာတွေ သိပ်မကြားရသေးဘူး။
ခုဆို Totally Lock down မဟုတ်ဘဲ၊ တဝက်တပျက် Lock down တာတောင် ကြာလာတော့ မနေနိုင်ကြတော့ဘူး။ ထွက်လာကြပြီ။ ခါတိုင်းလောက်နီးပါး လမ်းပေါ်မှာလူတွေပြန်စည်လာကြပြီ။ ဒီထက်လည်း ထပ်ကြာကြာပိတ်လှောင်ထိန်းချုပ်ထားဖို့က ကိုယ့်နိုင်ငံအခြေအနေအရ သိပ်မဖြစ်နိုင်တော့ဘူး။ လျှော့သင့်တာတွေ လျှော့ပေးရတော့မယ်။
ဆိုတော့ အစုလိုက်အပြုံလိုက်ကြီး ထမပေါက်ကွဲပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပဲ။ လက်ဆေး၊ Mask တပ်၊ ခပ်ခွါခွါနေ၊ ချောင်းဆိုးရင်အုပ်ဆိုး စတာတွေကို ပေါ်ပင်ခဏမဟုတ်ဘဲ တကယ့် Culture ကြီး၊ လူ့ယဉ်ကျေးမှုကြီးဖြစ်အောင် လုပ်ကြရတော့မယ်။ ဒါအရေးအကြီးဆုံးပဲ။
ကိုယ့်တယောက်ချင်းစီ တယောက်ချင်းစီက အဲ့ဒီလိုကာကွယ်မှသာ အားလုံးစိုးရိမ်နေကြတဲ့ ချိန်ကိုဗုံးပေါက်ကွဲသလို ဝုန်းကနည်းထပေါက်မယ့်အခြေအနေကိုထိန်းသိမ်းနိုင်ကြမှာ။
အဲ့ဒီတော့ မိမိကစ ကာကွယ်ကြပါဗျာ။